ရပ်နားထားသည့် နိုင်ငံပိုင်တာယာစက်ရုံ(သထုံ)နှင့် ဘိလပ်မြေစက်ရုံ(သရက်)တို့ကို PPP ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်ရန်ဖိတ်ခေါ်

1037

မျိုးကြီး (NP News) - သြဂုတ် ၈
ရပ်နားထားသည့် နိုင်ငံပိုင်တာယာစက်ရုံ(သထုံ)နှင့် ဘိလပ်မြေစက်ရုံ(သရက်)တို့ကို ပြည်တွင်း၊ ပြည်ပ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် PPP ပုံစံဖြင့် အကျိုးတူပူးပေါင်းဆောင်ရွက်သွားရန်ရှိကြောင်း သတင်းရရှိသည်။
အမှတ်(၂၁)အကြီးစားစက်ရုံ တာယာစက်ရုံ(သထုံ)အား ပြည်တွင်း၊ ပြည်ပမှ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် Public Private Partnership(PPP) ပုံစံဖြင့် ပူးပေါင်းဆောင် ရွက်နိုင်ရန်အတွက် စိတ်ပါဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာ(EoI)ကို စက်မှုဝန်ကြီးဌာနက ခေါ်ယူထားသည်။
ထို့ပြင် အမှတ်(၃၁)အကြီးစားစက်ရုံ ဘိလပ်မြေစက်ရုံ(သရက်)ကိုလည်း ပြည်ပမှပုဂ္ဂလိ ကရင်းနှီးမြှုပ်နှံသူများနှင့် Public Private Partnership(PPP) ပုံစံဖြင့် ပူးပေါင်းဆောင် ရွက်နိုင်ရန်အတွက် စိတ်ပါဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာ(EoI)ကို စက်မှုဝန်ကြီးဌာနက ဖိတ်ခေါ်ထားသည်။
“နိုင်ငံတော်အနေနဲ့ ရင်းနှီးမြှုပ်နှံမှု မလုပ်တော့ဘူး။ ပုဂ္ဂလိက ကဏ္ဍကို မြှင့်တင်ပေးတဲ့အနေနဲ့ ပုဂ္ဂလိကကနေ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေကို ဖိတ်ခေါ်တာပေါ့။ နိုင်ငံတော်နဲ့ အကျိူးတူပူးပေါင်းပြီးတော့ ဒီနေရာတွေမှာရှိတဲ့ ဒီစက်ရုံတွေမှာ နိုင်ငံတော် နဲ့ ပုဂ္ဂလိကနဲ့ အကျိုးတူပူးပေါင်းပြီးတော့ လုပ်ချင်တဲ့ဆန္ဒပေါ့ EoI ခေါ်တာပေါ့” ဟု စက်မှုဝန်ကြီးဌာ န၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်နိုင်ဦးက NP News ကိုပြောသည်။
အဆိုပါစက်ရုံနှစ်ရုံနှင့်ပတ်သက်၍ စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏ စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာကို ယခုနှစ် စက်တင်ဘာလ ၇ ရက်နောက်ဆုံးထားကာ နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာနသို့ ပေးပို့တင်ပြရမည်ဟု ကြေညာထားသည်။
လက်ရှိတွင် နိုင်ငံပိုင် တာယာစက်ရုံ(သထုံ)နှင့် ဘိလပ်မြေစက်ရုံ(သရက်)တို့သည် လုပ် ငန်းမလည်ပတ်ဘဲ ရပ်နားထားကြောင်း သိရသည်။

zawgyi version
ရပ္နားထားသည့္ ႏိုင္ငံပိုင္တာယာစက္႐ုံ(သထုံ)ႏွင့္ ဘိလပ္ေျမစက္႐ုံ(သရက္)တို႔ကို PPP ပုံစံျဖင့္ ပူးေပါင္းေဆာင္႐ြက္ရန္ဖိတ္ေခၚ
မ်ိဳးႀကီး (NP News) - ၾသဂုတ္ ၈
ရပ္နားထားသည့္ ႏိုင္ငံပိုင္တာယာစက္႐ုံ(သထုံ)ႏွင့္ ဘိလပ္ေျမစက္႐ုံ(သရက္)တို႔ကို ျပည္တြင္း၊ ျပည္ပ ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံသူမ်ားႏွင့္ PPP ပုံစံျဖင့္ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္သြားရန္ရွိေၾကာင္း သတင္းရရွိသည္။
အမွတ္(၂၁)အႀကီးစားစက္႐ုံ တာယာစက္႐ုံ(သထုံ)အား ျပည္တြင္း၊ ျပည္ပမွ ပုဂၢလိကရင္းႏွီးျမႇဳပ္ႏွံသူမ်ားႏွင့္ Public Private Partnership(PPP) ပုံစံျဖင့္ ပူးေပါင္းေဆာင္ ႐ြက္ႏိုင္ရန္အတြက္ စိတ္ပါဝင္စားမႈေဖာ္ျပျခင္း အဆိုျပဳလႊာ(EoI)ကို စက္မႈဝန္ႀကီးဌာနက ေခၚယူထားသည္။
ထို႔ျပင္ အမွတ္(၃၁)အႀကီးစားစက္႐ုံ ဘိလပ္ေျမစက္႐ုံ(သရက္)ကိုလည္း ျပည္ပမွပုဂၢလိ ကရင္းႏွီးျမႇဳပ္ႏွံသူမ်ားႏွင့္ Public Private Partnership(PPP) ပုံစံျဖင့္ ပူးေပါင္းေဆာင္ ႐ြက္ႏိုင္ရန္အတြက္ စိတ္ပါဝင္စားမႈေဖာ္ျပျခင္း အဆိုျပဳလႊာ(EoI)ကို စက္မႈဝန္ႀကီးဌာနက ဖိတ္ေခၚထားသည္။
“ႏိုင္ငံေတာ္အေနနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈ မလုပ္ေတာ့ဘူး။ ပုဂၢလိက က႑ကို ျမႇင့္တင္ေပးတဲ့အေနနဲ႔ ပုဂၢလိကကေန ရင္းႏွီးျမႇဳပ္ႏွံခ်င္တဲ့သူေတြကို ဖိတ္ေခၚတာေပါ့။ ႏိုင္ငံေတာ္နဲ႔ အက်ိဴးတူပူးေပါင္းၿပီးေတာ့ ဒီေနရာေတြမွာရွိတဲ့ ဒီစက္႐ုံေတြမွာ ႏိုင္ငံေတာ္ နဲ႔ ပုဂၢလိကနဲ႔ အက်ိဳးတူပူးေပါင္းၿပီးေတာ့ လုပ္ခ်င္တဲ့ဆႏၵေပါ့ EoI ေခၚတာေပါ့” ဟု စက္မႈဝန္ႀကီးဌာ န၏ ေျပာေရးဆိုခြင့္ရွိသူ ဦးေအာင္ႏိုင္ဦးက NP News ကိုေျပာသည္။
အဆိုပါစက္႐ုံႏွစ္႐ုံႏွင့္ပတ္သက္၍ စိတ္ပါဝင္စားသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈေဆာင္႐ြက္လိုေသာ ျပည္တြင္း၊ ျပည္ပ ကုမၸဏီမ်ားအေနျဖင့္ ၎တို႔၏ စိတ္ဝင္စားမႈေဖာ္ျပျခင္းအဆိုျပဳလႊာကို ယခုႏွစ္ စက္တင္ဘာလ ၇ ရက္ေနာက္ဆုံးထားကာ ေနျပည္ေတာ္ရွိ စက္မႈဝန္ႀကီးဌာနသို႔ ေပးပို႔တင္ျပရမည္ဟု ေၾကညာထားသည္။
လက္ရွိတြင္ ႏိုင္ငံပိုင္ တာယာစက္႐ုံ(သထုံ)ႏွင့္ ဘိလပ္ေျမစက္႐ုံ(သရက္)တို႔သည္ လုပ္ ငန္းမလည္ပတ္ဘဲ ရပ္နားထားေၾကာင္း သိရသည္။