နယူးမက္ကဆီကို ပြည်နယ်မှာ မွတ်စလင် ၄ ဦး အသတ်ခံရခြင်းကို အမုန်းတရားဖြစ်စေနိုင်တဲ့ရာဇဝတ်မှုအဖြစ် ဘိုင်ဒမ်က ရှုတ်ချ

725

ရောင်နီ (NP News) - သြဂုတ် ၈
နယူးမက္ကဆီကိုပြည်နယ်မှာ မွတ်ဆလင်အမျိုးသား ၄ ဦး သတ်ဖြတ်ခံရခြင်းဟာ အမုန်းတရားဖြစ်စေနိုင်တဲ့ ရာဇဝတ်မှုတစ်ခုဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒမ်က ရှုတ်ချခဲ့ပါတယ်။
“နယူးမက္ကဆီကိုပြည်နယ်၊ အလ်ဘူကွာကွယ်မြို့မှာ မွတ်စလင်လေးဦး အသတ်ခံရမှုကြောင့် ဒေါသထွက်ပြီး စိတ်မကောင်းဖြစ်မိပါတယ်။ ကျွန်တော်တို့ စုံစမ်းစစ်ဆေးမှု အပြည့်အစုံကိုစောင့်မျှော်နေဆဲဖြစ်ပြီး သေဆုံးသူတွေ ရဲ့မိသားစုတွေနဲ့အတူ ကျွန်တော့်ရဲ့ဆုတောင်းချက်တွေဟာ မွတ်ဆလင်အသိုက်အဝန်းနဲ့အတူ ခိုင်မာစွာ ရပ်တည် နေပါတယ်၊ ဒီမုန်းတီးဖွယ်တိုက်ခိုက်မှုတွေအတွက် အမေရိကမှာ နေရာမရှိဘူး” လို့ ဘိုင်ဒမ်က သြဂုတ်လ ၇ ရက်၊ တနင်္ဂနွေနေ့မှာ တွစ်တာမှ ပြောကြားခဲ့ပါတယ်။
နယူးမက္ကဆီကိုရဲ့အကြီးဆုံးမြို့ဖြစ်တဲ့ အလ်ဘူကွာကွယ် မှ ရဲတပ်ဖွဲ့များက ဒီအမှုဟာ ယမန်နှစ်က မွတ်စလင် ၃ ဦး လူသတ်ခံရမှုနဲ့ ဆက်စပ်နေတယ်လို့ သံသယရှိထားပြီး စုံစမ်းစစ်ဆေးနေကြောင်း သြဂုတ်လ ၆ ရက်၊ စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
နောက်ဆုံးအသတ်ခံရတဲ့ မွတ်ဆလင်တစ်ဦးရဲ့အလောင်းကို သြဂုတ်လ ၅ ရက်၊ သောကြာနေ့က ဒုက္ခသည် ကူညီ ရေး လူသာရန်မိသားစုဝန်ဆောင်မှုရုံးအနီးမှာ ညတွင်းချင်း ရှာဖွေတွေ့ရှိခဲ့ပြီး သေဆုံးသူ အမျိုးသား မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ထုတ်ခြင်းမပြုပေမယ့်လည်း ၎င်းဟာ အသက် ၂ဝ ကျော် မွတ်ဆလင်တစ်ဦးဖြစ်ကာ “တောင် အာရှဇာတိ” ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါလူသတ်မှုဟာ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ တောင်အာရှက မွတ်စလင်အမျိုးသား ၃ ဦး သီးခြားစီ သတ်ဖြတ် ခံရမှုနဲ့ဆက်နွယ်နေတယ်လို့ ယုံကြည်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားပါတယ်။ နယူးမက္ကဆီကို ပြည်နယ်အုပ်ချုပ် ရေးမှူး မစ်ရှလ်လီ လူဂျန် ဂရစ်ရှန်က သတ်ဖြတ်မှုအပေါ် ဒေါသထွက်ခဲ့ကာ "သည်းမခံနိုင်စရာ" ဖြစ်ကြောင်း ဆိုခဲ့ ပြီး စုံစမ်းစစ်ဆေးမှုတွင် အကူအညီပေးရန် နောက်ထပ်ပြည်နယ်ရဲအရာရှိများကို အလ်ဘူကာကွယ်သို့ စေလွှတ်ခဲ့ပါ တယ်။
အမေရိကန်နိုင်ငံရှိ အကြီးဆုံးမွတ်စလင်အရပ်ဘက်အခွင့်အရေးအဖွဲ့ဖြစ်တဲ့ American-Islamic Relations ကောင်စီက လူသတ်သမားများကို ဖမ်းဆီးဖို့အတွက် သတင်းပေးသူ မည်သူကိုမဆို ဒေါ်လာ ၁ဝဝဝဝ ဆုငွေ ချီးမြှင့်မှာဖြစ်ကြောင်း ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
https://www.aljazeera.com/news/2022/8/7/no-place-in-america-biden-denounces-killings-of-four-muslims?utm_campaign=trueAnthem%3A+Trending+Content&utm_medium=trueAnthem&utm_source=facebook

Zawgyi Version;
နယူးမကၠဆီကို ျပည္နယ္မွာ မြတ္စလင္ ၄ ဦး အသတ္ခံရျခင္းကို အမုန္းတရားျဖစ္ေစႏိုင္တဲ့ရာဇဝတ္မႈအျဖစ္ ဘိုင္ဒမ္က ရႈတ္ခ်
ေရာင္နီ (NP News) - ၾသဂုတ္ ၈
နယူးမကၠဆီကိုျပည္နယ္မွာ မြတ္ဆလင္အမ်ိဳးသား ၄ ဦး သတ္ျဖတ္ခံရျခင္းဟာ အမုန္းတရားျဖစ္ေစႏိုင္တဲ့ ရာဇဝတ္မႈတစ္ခုျဖစ္ေၾကာင္း အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒမ္က ရႈတ္ခ်ခဲ့ပါတယ္။
“နယူးမကၠဆီကိုျပည္နယ္၊ အလ္ဘူကြာကြယ္ၿမိဳ႕မွာ မြတ္စလင္ေလးဦး အသတ္ခံရမႈေၾကာင့္ ေဒါသထြက္ၿပီး စိတ္မေကာင္းျဖစ္မိပါတယ္။ ကြၽန္ေတာ္တို႔ စုံစမ္းစစ္ေဆးမႈ အျပည့္အစုံကိုေစာင့္ေမွ်ာ္ေနဆဲျဖစ္ၿပီး ေသဆုံးသူေတြ ရဲ႕မိသားစုေတြနဲ႔အတူ ကြၽန္ေတာ့္ရဲ႕ဆုေတာင္းခ်က္ေတြဟာ မြတ္ဆလင္အသိုက္အဝန္းနဲ႔အတူ ခိုင္မာစြာ ရပ္တည္ ေနပါတယ္၊ ဒီမုန္းတီးဖြယ္တိုက္ခိုက္မႈေတြအတြက္ အေမရိကမွာ ေနရာမရွိဘူး” လို႔ ဘိုင္ဒမ္က ၾသဂုတ္လ ၇ ရက္၊ တနဂၤေႏြေန႔မွာ တြစ္တာမွ ေျပာၾကားခဲ့ပါတယ္။
နယူးမကၠဆီကိုရဲ႕အႀကီးဆုံးၿမိဳ႕ျဖစ္တဲ့ အလ္ဘူကြာကြယ္ မွ ရဲတပ္ဖြဲ႕မ်ားက ဒီအမႈဟာ ယမန္ႏွစ္က မြတ္စလင္ ၃ ဦး လူသတ္ခံရမႈနဲ႔ ဆက္စပ္ေနတယ္လို႔ သံသယရွိထားၿပီး စုံစမ္းစစ္ေဆးေနေၾကာင္း ၾသဂုတ္လ ၆ ရက္၊ စေနေန႔မွာ ေျပာၾကားခဲ့ပါတယ္။
ေနာက္ဆုံးအသတ္ခံရတဲ့ မြတ္ဆလင္တစ္ဦးရဲ႕အေလာင္းကို ၾသဂုတ္လ ၅ ရက္၊ ေသာၾကာေန႔က ဒုကၡသည္ ကူညီ ေရး လူသာရန္မိသားစုဝန္ေဆာင္မႈ႐ုံးအနီးမွာ ညတြင္းခ်င္း ရွာေဖြေတြ႕ရွိခဲ့ၿပီး ေသဆုံးသူ အမ်ိဳးသား မည္သူမည္ဝါ ျဖစ္ေၾကာင္း ေဖာ္ထုတ္ျခင္းမျပဳေပမယ့္လည္း ၎ဟာ အသက္ ၂ဝ ေက်ာ္ မြတ္ဆလင္တစ္ဦးျဖစ္ကာ “ေတာင္ အာရွဇာတိ” ျဖစ္တယ္လို႔ သိရပါတယ္။
အဆိုပါလူသတ္မႈဟာ မၾကာေသးမီကျဖစ္ပြားခဲ့တဲ့ ေတာင္အာရွက မြတ္စလင္အမ်ိဳးသား ၃ ဦး သီးျခားစီ သတ္ျဖတ္ ခံရမႈနဲ႔ဆက္ႏြယ္ေနတယ္လို႔ ယုံၾကည္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားပါတယ္။ နယူးမကၠဆီကို ျပည္နယ္အုပ္ခ်ဳပ္ ေရးမႉး မစ္ရွလ္လီ လူဂ်န္ ဂရစ္ရွန္က သတ္ျဖတ္မႈအေပၚ ေဒါသထြက္ခဲ့ကာ "သည္းမခံႏိုင္စရာ" ျဖစ္ေၾကာင္း ဆိုခဲ့ ၿပီး စုံစမ္းစစ္ေဆးမႈတြင္ အကူအညီေပးရန္ ေနာက္ထပ္ျပည္နယ္ရဲအရာရွိမ်ားကို အလ္ဘူကာကြယ္သို႔ ေစလႊတ္ခဲ့ပါ တယ္။
အေမရိကန္ႏိုင္ငံရွိ အႀကီးဆုံးမြတ္စလင္အရပ္ဘက္အခြင့္အေရးအဖြဲ႕ျဖစ္တဲ့ American-Islamic Relations ေကာင္စီက လူသတ္သမားမ်ားကို ဖမ္းဆီးဖို႔အတြက္ သတင္းေပးသူ မည္သူကိုမဆို ေဒၚလာ ၁ဝဝဝဝ ဆုေငြ ခ်ီးျမႇင့္မွာျဖစ္ေၾကာင္း ကမ္းလွမ္းထားတယ္လို႔ သိရပါတယ္။
https://www.aljazeera.com/news/2022/8/7/no-place-in-america-biden-denounces-killings-of-four-muslims?utm_campaign=trueAnthem%3A+Trending+Content&utm_medium=trueAnthem&utm_source=facebook