စစ်ကိုင်းမြို့အတွင်း မိသားစုဝင် သုံးဦးအား သေနတ်ဖြင့်ပစ်သတ်ကာ နေအိမ်အား မီးရှို့ဖျက်ဆီးမှုဖြစ်ပွား

1148

NP News သြဂုတ် ၁၂
စစ်ကိုင်းမြို့အတွင်း မိသားစုဝင်သုံးဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့၍ နေအိမ်အားမီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၉ရက် ည ၁၁ နာရီခွဲအချိန်တွင် စစ်ကိုင်းမြို့နယ်၊ ချိုင်းကြီးရွာရှိ ဦးမြင့်ကြွယ်၏ နေအိမ်တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
အဆိုပါဖြစ်စဉ်မှာ ချိုင်းကြီးကျေးရွာရှိ ဦးမြင့်ကြွယ်၏ နေအိမ်အား အကြမ်းဖက်သမား ၂ဝ ဦးခန့်က ဝင်ရောက်၍ ဦးမြင့်ကြွယ်၏ဇနီးဖြစ်သူ ဒေါ်စန်းစန်းဌေး၊ သမီးဖြစ်သူ မဝင်းမုံနှင့် ဒေါ်စန်းစန်းဌေး၏ ဖခင်ဖြစ်သူ ဦးသန်းအေး တို့အား ၎င်းတို့၏နေအိမ်ဘေးတွင် သေနတ်ဖြင့် ပစ်ခတ်၍သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် ဒေါ်စန်းစန်းဌေး အပါအဝင် (၃) ဦးမှာ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ပြီး ဦးမြင့်ကြွယ် ၏နေအိမ်အား အကြမ်းဖက်များက မီးရှို့ဖျက်ဆီးခဲ့၍ နေအိမ်နှင့် အသုံးအဆောင်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ ကြောင်း ရဲတပ်ဖွဲ့မှ ဆိုထားသည်။
အလားတူ ညနေ ၆ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့၊ ထန်းကြီးကျေးရွာနေ ဦးစိုးလင်းသည် ရင်းတောကျေးရွာ တောင်ဘက်ရှိ ၎င်း၏လယ်မှ ဆိုင်ကယ်ဖြင့် ပြန်လာချိန်တွင် ထန်းတောကြီးကျေးရွာသွား မြေလမ်းပေါ်တွင် ဆိုင်ကယ်ဖြင့်စောင့်နေသော အကြမ်းဖက်သမား ၂ ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ မှ ပြောသည်။
၎င်းပစ်ခတ်မှုကြောင့် ဦးစိုးလင်း၏ ချိုစောင်း၊ ရင်အုံ၊ ဝမ်းဗိုက်တို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာ ၃ ချက်ရရှိကာ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။

Zawgyi Version;
စစ္ကိုင္းၿမိဳ႕အတြင္း မိသားစုဝင္ သုံးဦးအား ေသနတ္ျဖင့္ ပစ္သတ္ကာ ေနအိမ္အား မီးရႈိ႕ဖ်က္ဆီးမႈျဖစ္ပြား
NP News ၾသဂုတ္ ၁၂
စစ္ကိုင္းၿမိဳ႕အတြင္း မိသားစုဝင္သုံးဦးအား ေသနတ္ျဖင့္ ပစ္ခတ္ခဲ့၍ ေနအိမ္အားမီးရႈိ႕မႈ ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ၾသဂုတ္လ ၉ရက္ ည ၁၁ နာရီခြဲအခ်ိန္တြင္ စစ္ကိုင္းၿမိဳ႕နယ္၊ ခ်ိဳင္းႀကီး႐ြာရွိ ဦးျမင့္ႂကြယ္၏ ေနအိမ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ဆိုသည္။
အဆိုပါျဖစ္စဥ္မွာ ခ်ိဳင္းႀကီးေက်း႐ြာရွိ ဦးျမင့္ႂကြယ္၏ ေနအိမ္အား အၾကမ္းဖက္သမား ၂ဝ ဦးခန႔္က ဝင္ေရာက္၍ ဦးျမင့္ႂကြယ္၏ဇနီးျဖစ္သူ ေဒၚစန္းစန္းေဌး၊ သမီးျဖစ္သူ မဝင္းမုံႏွင့္ ေဒၚစန္းစန္းေဌး၏ ဖခင္ျဖစ္သူ ဦးသန္းေအး တို႔အား ၎တို႔၏ေနအိမ္ေဘးတြင္ ေသနတ္ျဖင့္ ပစ္ခတ္၍သတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ေျပာသည္။
အဆိုပါ ပစ္ခတ္မႈေၾကာင့္ ေဒၚစန္းစန္းေဌး အပါအဝင္ (၃) ဦးမွာ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ၿပီး ဦးျမင့္ႂကြယ္ ၏ေနအိမ္အား အၾကမ္းဖက္မ်ားက မီးရႈိ႕ဖ်က္ဆီးခဲ့၍ ေနအိမ္ႏွင့္ အသုံးအေဆာင္ပစၥည္းမ်ား မီးေလာင္ဆုံးရႈံးခဲ့ ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုထားသည္။
အလားတူ ညေန ၆ နာရီအခ်ိန္ခန႔္တြင္ စစ္ကိုင္းတိုင္း၊ ဝက္လက္ၿမိဳ႕၊ ထန္းႀကီးေက်း႐ြာေန ဦးစိုးလင္းသည္ ရင္းေတာေက်း႐ြာ ေတာင္ဘက္ရွိ ၎၏လယ္မွ ဆိုင္ကယ္ျဖင့္ ျပန္လာခ်ိန္တြင္ ထန္းေတာႀကီးေက်း႐ြာသြား ေျမလမ္းေပၚတြင္ ဆိုင္ကယ္ျဖင့္ေစာင့္ေနေသာ အၾကမ္းဖက္သမား ၂ ဦးက ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ မွ ေျပာသည္။
၎ပစ္ခတ္မႈေၾကာင့္ ဦးစိုးလင္း၏ ခ်ိဳေစာင္း၊ ရင္အုံ၊ ဝမ္းဗိုက္တို႔တြင္ က်ည္ေဖာက္ဝင္ဒဏ္ရာ ၃ ခ်က္ရရွိကာ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆက္လက္ထုတ္ျပန္ထားသည္။