“ဆီးနိတ်အရောက် - အသက်ပျောက်နေတဲ့ BURMA Act”

 1012

ပရမတ္တ ကိုဘမောင် (NP News) – သြဂုတ် ၁၂

အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပ‌ဒေကြမ်းမှာ ဘာတွေပါသလဲ။
BURMA Act of 2021 ဆိုတဲ့ ဥပဒေကြမ်းကို အမေရိကန် အထက်/အောက်လွှတ်တော်နှစ်ရပ်အတွင်းမှာ စတင် တင်သွင်းလာတာက ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ကတည်းကပါ။

အောက်လွှတ်တော်မှာ အဲဒီဥပ‌ဒေကြမ်းကို၊ ဥပဒေကြမ်းအမှတ် H.R.5497 - BURMA Act of 2021 လို့အမည်ပေးပြီး ဒီမိုကရက်တစ်ပါတီ အမတ်တွေ နဲ့ ရီပတ်ဘလီကန် အမတ်တွေ ဆွေးနွေးငြင်းခုံရင်း လပေါင်းများစွာ ကြာသွားခဲ့ပါတယ်။ ၂ဝ၂၂ ခုနှစ် ဧပြီလ ၆ ရက်ကျမှ အောက်လွှတ်တော်မှာ အတည်ပြု နိုင်ခဲ့တာပါ။ ဒါကြောင့် ဒီဥပဒေကို နောင်မှာ “Burma Unified through Rigorous Military Accountability Act of 2022” ဒါမှမဟုတ် “BURMA Act of 2022” လို့ ရည်ညွှန်းမှာပါ။

ဒီဥပဒေကြမ်းမှာ အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ပေါ်လစီထဲမှာ အဓိကကျတဲ့ အချက် (၄) ချက် ကို စုစည်းပြဌာန်းပေးထားတာဖြစ်ပါတယ်။ အဲဒါတွေက
(၁) တပ်မတော်ရဲ့ အခွန် ရလမ်းတွေကို ပိတ်ပင်အရေးယူမှု sanctions ပြုလုပ်ရေး၊
(၂) ဒီမိုကရေစီ လိုလားသူများရဲ့ လှုပ်ရှားမှုများကို ထောက်ပံ့ကူညီရေး၊
(၃) လူသားချင်းစာနာမှု အထောက်အပံ့တွေကို တရားဝင်ခွင့်ပြုရေးနဲ့
(၄) တပ်မတော်ရဲ့ ကြမ်းကြုတ်ရက်စက်မှုများအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိလာစေရေး ဆက်လက်လုပ် ဆောင်ရန် စတာတွေဖြစ်ပါတယ်။

ဥပဒေကြမ်းထဲမှာ အဓိကပါဝင်တဲ့အချက်က လာမယ့် (၅) နှစ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို ထောက်ပံ့ဖို့အတွက် ဒေါ်လာ သန်း (၄၅ဝ) ကို တရားဝင်ခွင့်ပြုဖို့ ဆိုတဲ့ အချက် ပါဝင်ပါတယ်။
ဥပဒေကြမ်းထဲမှာပါတဲ့ နောက်အရေးကြီးတဲ့တစ်ချက်က မြန်မာအစိုးရပိုင် ‌ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကုမ္ပဏီ MOGE ကိုဘယ်လို ပိတ်ပင်အရေးယူမှု sanctions တွေလုပ်မလဲဆိုတဲ့ ကျယ်ပြန့်ပြည့်စုံတဲ့ အစီရင်ခံစာတင်ပြဖို့ တောင်းဆိုထားပါတယ်။ ဒီလုပ်ငန်းက နစကအတွက် အဓိက ငွေကြေးရင်းမြစ်တစ်ခု ဖြစ်လို့ ပိတ်ဆို့အရေးယူချင်နေကြတာပါ။

ဒီအချက်က MOGE အပေါ် အီးယူခေါင်းဆောင်တဲ့ အရေးယူမှု အတိုင်းလိုက်လုပ်ဖို့ သမ္မတ ဘိုင်ဒန်ရဲ့ အစိုးရ အဖွဲ့အပေါ် ဖိအားတစ်ခု ထပ်ဖြစ်လာပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ သမ္မတ ဘိုင်ဒန် အစိုးရအနေနဲ့ ယခုထက်ထိ MOGE အပေါ် ဆန်ရှင် လုပ်ဖို့တိုက်တွန်းတာကို ငြင်းဆန်နေဆဲဖြစ်လို့ပါ။
ဒီဥပဒေကြမ်းကို မည်သည့် ပြင်ဆင်ချက်မှ မပြုလုပ်ဘဲ အောက်လွှတ်တော်က ဧပြီလ ၆ ရက်က အတည်ပြု လိုက်ပြီး ၇ ရက်မှာ အထက် လွှတ်တော်ကို ပေးပို့ခဲ့ပါတယ်။

အထက်လွှတ်တော်ရောက် ဥပဒေကြမ်းရဲ့ အခြေအနေ
အထက်လွှတ်တော်မှာလည်း ဒီဥပဒေကြမ်းကို S.2937 - BURMA Act of 2021 အဖြစ်နဲ့ ၂ဝ၂၁ အောက်တိုဘာလ ၅ ရက်နေ့ကထဲက စတင် တင်သွင်းခဲ့တာပါ။ အဲဒီနေ့မှာဘဲ ဆီးနိတ် နိုင်ငံခြားဆက်ဆံရေးကော်မတီကို လွှဲအပ်ခဲ့ပြီးတဲ့နောက် ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး မည်သည့် လှုပ်ရှားမှုမျှ မရှိတော့တာကို တွေ့ရပါတယ်။

အဓိကအားဖြင့် အထက်လွှတ်တော်မှာရှိကြတဲ့ ဒီမိုကရက်တစ်ပါတီနဲ့ ရီပတ်ဘလီကန်ပါတီ နှစ်ပါတီက အမတ် တွေ အတူတကွ ထောက်ခံမှုမရကြလို့ဖြစ်ပါတယ်။ ၂ဝ၂၁ ခုနှစ်အောက်တိုဘာလ ၅ ရက်ကနေ၊ ၂ဝ၂၂ ခုနှစ် ဧပြီလ ၂၆ ရက်အထိ အထက်လွှတ်တော်မှာ ဒီမိုကရက်တစ်ပါတီက အမတ် ၂၇ ယောက်က ပူးတွဲထောက်ခံ တာလုပ်ကြပေမယ့် မည်သည့် ရီပတ်ဘလီကန် အမတ်တစ်ယောက်ကမျှ ထောက်ခံတာကိုမတွေ့ရပါဘူး။ လက်ရှိ (၁၁၇) ကြိမ်မြောက် ကွန်ဂရက်ရဲ့ ဆီးနိတ် အထက်လွှတ်တော်မှာ ရီပတ်ဘလီကန်ပါတီက အမတ် ၅ဝ ဦး ၊ ဒီမိုကရက်တစ်ပါတီက အမတ် ၄၈ ဦး နဲ့ တစ်သီးပုဂ္ဂလ အမတ် ၂ ဦးရှိပါတယ်။ ဒါကြောင့် ရီပတ်ဘလီကန် ပါတီရဲ့ ထောက်ခံမှု မရဘဲ ဒီ ဥပဒေကြမ်းဟာ အထက် လွှတ်တော်မှာ အတည်ပြုဖို့ မလွယ်ပါဘူး။ မစ်ချ် မက္ကော်နဲလ်ဟာ ရီပတ်ဘလီကန် ခေါင်းဆောင်တစ်ယောက်အနေနဲ့ သူ့ပါတီကအမတ်တွေ၊ ဒီဥပဒေကို မထောက်ခံဘဲ၊ စိတ်ပျက်သွားအောင် အလွယ်တကူလုပ်လို့ရပါတယ်။

မက္ကော်နဲလ်ဟာ အတိတ်ကာလ ၁၉၉ဝ ခုနှစ်တွေတုန်းက မြန်မာအစိုးရအပေါ် စီးပွားရေးအရ အ‌ရေးယူ ပိတ်ဆို့မှုတွေလုပ်ခဲ့ရာမှာ အဓိက ပုံဖော်သူနေရာက ပါဝင်ခဲ့တဲ့သူပါ။ ဒီလို ပုဂ္ဂိုလ်က ယခု ဥပဒေကြမ်းကို အထက်လွှတ်တော်က အတည်ပြုနိုင်အောင် တက်တက်ကြွကြွ မဆောင်ရွက်တာဟာ အကြောင်းတစ်ခုခုတော့ ရှိမှာဖြစ်ပါတယ်။

သူက မြန်မာ့ဒီမိုကရေစီအရေးအတွက် ခိုင်ခိုင်မာမာထောက်ခံနေပါတယ်လို့ အမြဲပြောလေ့ရှိပြီး၊ the National Defense Authorization Act (NDAA) ဆိုတဲ့ ဥပဒေမှာ ပြင်ဆင်ချက် ပြဌာန်းဖို့ နှစ်ပါတီကြိုးပမ်းလုပ်ဆောင်ခဲ့ တာကို မကြာခဏ ညွှန်ပြလေ့ရှိပါတယ်။ ဒီပြင်ဆင်ချက်က နစက ကိုပစ်မှတ်ထားပြီး ဒီမိုကရေစီအရေးလိုလား သူများကို ထောက်ခံအားပေးတဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်လို့ မကြာခဏပြောပြီး ချွေးသိပ်လေ့ရှိပါတယ်။

ဒါပေမဲ့ သူပြောတဲ့ စာနှစ်မျက်နှာသာရှိတဲ့ (NDAA amendment) အန်ဒီအေအေ ပြင်ဆင်ချက်ဆိုတာ the BURMA Act of 2021 ဆိုတဲ့ ဥပဒေကြမ်းနဲ့ နှိုင်းစာမယ်ဆိုရင် ဘာမျှမဖြစ်စလောက်ပါ။ ဒါကြောင့် မစ်ချ် မက္ကော် နယ်လ် အနေနဲ့ BURMA Act of 2021 ဥပဒေကြမ်း အတည်ပြုဖို့ လိုလိုလားလားမရှိဘူးဆိုတာ သိသာပါတယ်။ အခုဆိုရင် ဒီဥပဒေကြမ်း အထက်လွှတ်တော်ကို ရောက်တာ ၁ဝ လကျော်လာပါပြီ။ ဥပ‌ဒေကြမ်းဟာ လှုပ်ရှားတာ လုံးဝမတွေ့ရဘဲ သေနေသလိုဖြစ်နေပါပြီ။

အမေရိကန်နိုင်ငံရဲ့ ဥပဒေပြုမှုဖြစ်စဉ်မှာ အထက်အောက်လွှတ်တော် နှစ်ရပ်လုံးက အတည်ပြုပြီးတဲ့ ဥပဒေ ကြမ်းကို သမ္မတလက်မှတ်ရေးထိုးဖို့ ပေးပို့ရပါတယ်။ သမ္မတက လက်မှတ်ရေးထိုးပြီးမှ ဥပဒေက အာဏာသက် ‌ရောက်မှာဖြစ်ပါတယ်။ အကယ်၍ သမ္မတက သဘောမတူလို့ လက်မှတ်မထိုးငြင်းပယ်ခဲ့ရင် ဗီတိုနဲ့ ပယ်ချ တယ်လို့ ပြောနိုင်ပါတယ်။ အဲဒီအခါ ဥပဒေကြမ်းကို ကွန်ဂရက်ကိုပြန်ပို့ပြီး လွှတ်တော်တစ်ရပ်စီရဲ့ သုံးပုံနှစ်ပုံမဲနဲ့ သမ္မတရဲ့ ဗီတိုကို ပယ်ဖျက်နိုင်ပါတယ်။

အခုအချိန်မှာတော့ Burma Act 2021 (မူလ အမည်) ဟာ အမေရိကန် သမ္မတရဲ့ စားပွဲပေါ်ကို ရောက်ရှိဖို့ မလွယ်သေးပါကြောင်း။

Zawgyi Version;
“ဆီးနိတ္အေရာက္ - အသက္ေပ်ာက္ေနတဲ့ BURMA Act”
ပရမတၱ ကိုဘေမာင္ (NP News) – ၾသဂုတ္ ၁၂

ေအာက္လႊတ္ေတာ္က အတည္ျပဳလိုက္တဲ့ ဥပ‌ေဒၾကမ္းမွာ ဘာေတြပါသလဲ။
BURMA Act of 2021 ဆိုတဲ့ ဥပေဒၾကမ္းကို အေမရိကန္ အထက္/ေအာက္လႊတ္ေတာ္ႏွစ္ရပ္အတြင္းမွာ စတင္ တင္သြင္းလာတာက ၂ဝ၂၁ ခုႏွစ္ ေအာက္တိုဘာလ ၅ ရက္ေန႔ကတည္းကပါ။

ေအာက္လႊတ္ေတာ္မွာ အဲဒီဥပ‌ေဒၾကမ္းကို၊ ဥပေဒၾကမ္းအမွတ္ H.R.5497 - BURMA Act of 2021 လို႔အမည္ေပးၿပီး ဒီမိုကရက္တစ္ပါတီ အမတ္ေတြ နဲ႔ ရီပတ္ဘလီကန္ အမတ္ေတြ ေဆြးေႏြးျငင္းခုံရင္း လေပါင္းမ်ားစြာ ၾကာသြားခဲ့ပါတယ္။ ၂ဝ၂၂ ခုႏွစ္ ဧၿပီလ ၆ ရက္က်မွ ေအာက္လႊတ္ေတာ္မွာ အတည္ျပဳ ႏိုင္ခဲ့တာပါ။ ဒါေၾကာင့္ ဒီဥပေဒကို ေနာင္မွာ “Burma Unified through Rigorous Military Accountability Act of 2022” ဒါမွမဟုတ္ “BURMA Act of 2022” လို႔ ရည္ၫႊန္းမွာပါ။

ဒီဥပေဒၾကမ္းမွာ အေမရိကန္ႏိုင္ငံရဲ႕ ျမန္မာႏိုင္ငံအေပၚထားရွိတဲ့ ေပၚလစီထဲမွာ အဓိကက်တဲ့ အခ်က္ (၄) ခ်က္ ကို စုစည္းျပဌာန္းေပးထားတာျဖစ္ပါတယ္။ အဲဒါေတြက
(၁) တပ္မေတာ္ရဲ႕ အခြန္ ရလမ္းေတြကို ပိတ္ပင္အေရးယူမႈ sanctions ျပဳလုပ္ေရး၊
(၂) ဒီမိုကေရစီ လိုလားသူမ်ားရဲ႕ လႈပ္ရွားမႈမ်ားကို ေထာက္ပံ့ကူညီေရး၊
(၃) လူသားခ်င္းစာနာမႈ အေထာက္အပံ့ေတြကို တရားဝင္ခြင့္ျပဳေရးနဲ႔
(၄) တပ္မေတာ္ရဲ႕ ၾကမ္းၾကဳတ္ရက္စက္မႈမ်ားအတြက္ တာဝန္ယူမႈ တာဝန္ခံမႈရွိလာေစေရး ဆက္လက္လုပ္ ေဆာင္ရန္ စတာေတြျဖစ္ပါတယ္။

ဥပေဒၾကမ္းထဲမွာ အဓိကပါဝင္တဲ့အခ်က္က လာမယ့္ (၅) ႏွစ္အတြင္း လူသားခ်င္းစာနာေထာက္ထားမႈ အကူအညီနဲ႔ ဒီမိုကေရစီေရးလႈပ္ရွားသူေတြကို ေထာက္ပံ့ဖို႔အတြက္ ေဒၚလာ သန္း (၄၅ဝ) ကို တရားဝင္ခြင့္ျပဳဖို႔ ဆိုတဲ့ အခ်က္ ပါဝင္ပါတယ္။
ဥပေဒၾကမ္းထဲမွာပါတဲ့ ေနာက္အေရးႀကီးတဲ့တစ္ခ်က္က ျမန္မာအစိုးရပိုင္ ‌ေရနံနဲ႔ သဘာဝဓါတ္ေငြ႕ ကုမၸဏီ MOGE ကိုဘယ္လို ပိတ္ပင္အေရးယူမႈ sanctions ေတြလုပ္မလဲဆိုတဲ့ က်ယ္ျပန႔္ျပည့္စုံတဲ့ အစီရင္ခံစာတင္ျပဖို႔ ေတာင္းဆိုထားပါတယ္။ ဒီလုပ္ငန္းက နစကအတြက္ အဓိက ေငြေၾကးရင္းျမစ္တစ္ခု ျဖစ္လို႔ ပိတ္ဆို႔အေရးယူခ်င္ေနၾကတာပါ။

ဒီအခ်က္က MOGE အေပၚ အီးယူေခါင္းေဆာင္တဲ့ အေရးယူမႈ အတိုင္းလိုက္လုပ္ဖို႔ သမၼတ ဘိုင္ဒန္ရဲ႕ အစိုးရ အဖြဲ႕အေပၚ ဖိအားတစ္ခု ထပ္ျဖစ္လာပါလိမ့္မယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ သမၼတ ဘိုင္ဒန္ အစိုးရအေနနဲ႔ ယခုထက္ထိ MOGE အေပၚ ဆန္ရွင္ လုပ္ဖို႔တိုက္တြန္းတာကို ျငင္းဆန္ေနဆဲျဖစ္လို႔ပါ။
ဒီဥပေဒၾကမ္းကို မည္သည့္ ျပင္ဆင္ခ်က္မွ မျပဳလုပ္ဘဲ ေအာက္လႊတ္ေတာ္က ဧၿပီလ ၆ ရက္က အတည္ျပဳ လိုက္ၿပီး ၇ ရက္မွာ အထက္ လႊတ္ေတာ္ကို ေပးပို႔ခဲ့ပါတယ္။

အထက္လႊတ္ေတာ္ေရာက္ ဥပေဒၾကမ္းရဲ႕ အေျခအေန
အထက္လႊတ္ေတာ္မွာလည္း ဒီဥပေဒၾကမ္းကို S.2937 - BURMA Act of 2021 အျဖစ္နဲ႔ ၂ဝ၂၁ ေအာက္တိုဘာလ ၅ ရက္ေန႔ကထဲက စတင္ တင္သြင္းခဲ့တာပါ။ အဲဒီေန႔မွာဘဲ ဆီးနိတ္ ႏိုင္ငံျခားဆက္ဆံေရးေကာ္မတီကို လႊဲအပ္ခဲ့ၿပီးတဲ့ေနာက္ ဒီဥပေဒၾကမ္းနဲ႔ ပတ္သက္ၿပီး မည္သည့္ လႈပ္ရွားမႈမွ် မရွိေတာ့တာကို ေတြ႕ရပါတယ္။

အဓိကအားျဖင့္ အထက္လႊတ္ေတာ္မွာရွိၾကတဲ့ ဒီမိုကရက္တစ္ပါတီနဲ႔ ရီပတ္ဘလီကန္ပါတီ ႏွစ္ပါတီက အမတ္ ေတြ အတူတကြ ေထာက္ခံမႈမရၾကလို႔ျဖစ္ပါတယ္။ ၂ဝ၂၁ ခုႏွစ္ေအာက္တိုဘာလ ၅ ရက္ကေန၊ ၂ဝ၂၂ ခုႏွစ္ ဧၿပီလ ၂၆ ရက္အထိ အထက္လႊတ္ေတာ္မွာ ဒီမိုကရက္တစ္ပါတီက အမတ္ ၂၇ ေယာက္က ပူးတြဲေထာက္ခံ တာလုပ္ၾကေပမယ့္ မည္သည့္ ရီပတ္ဘလီကန္ အမတ္တစ္ေယာက္ကမွ် ေထာက္ခံတာကိုမေတြ႕ရပါဘူး။ လက္ရွိ (၁၁၇) ႀကိမ္ေျမာက္ ကြန္ဂရက္ရဲ႕ ဆီးနိတ္ အထက္လႊတ္ေတာ္မွာ ရီပတ္ဘလီကန္ပါတီက အမတ္ ၅ဝ ဦး ၊ ဒီမိုကရက္တစ္ပါတီက အမတ္ ၄၈ ဦး နဲ႔ တစ္သီးပုဂၢလ အမတ္ ၂ ဦးရွိပါတယ္။ ဒါေၾကာင့္ ရီပတ္ဘလီကန္ ပါတီရဲ႕ ေထာက္ခံမႈ မရဘဲ ဒီ ဥပေဒၾကမ္းဟာ အထက္ လႊတ္ေတာ္မွာ အတည္ျပဳဖို႔ မလြယ္ပါဘူး။ မစ္ခ်္ မေကၠာ္နဲလ္ဟာ ရီပတ္ဘလီကန္ ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ သူ႔ပါတီကအမတ္ေတြ၊ ဒီဥပေဒကို မေထာက္ခံဘဲ၊ စိတ္ပ်က္သြားေအာင္ အလြယ္တကူလုပ္လို႔ရပါတယ္။

မေကၠာ္နဲလ္ဟာ အတိတ္ကာလ ၁၉၉ဝ ခုႏွစ္ေတြတုန္းက ျမန္မာအစိုးရအေပၚ စီးပြားေရးအရ အ‌ေရးယူ ပိတ္ဆို႔မႈေတြလုပ္ခဲ့ရာမွာ အဓိက ပုံေဖာ္သူေနရာက ပါဝင္ခဲ့တဲ့သူပါ။ ဒီလို ပုဂၢိဳလ္က ယခု ဥပေဒၾကမ္းကို အထက္လႊတ္ေတာ္က အတည္ျပဳႏိုင္ေအာင္ တက္တက္ႂကြႂကြ မေဆာင္႐ြက္တာဟာ အေၾကာင္းတစ္ခုခုေတာ့ ရွိမွာျဖစ္ပါတယ္။

သူက ျမန္မာ့ဒီမိုကေရစီအေရးအတြက္ ခိုင္ခိုင္မာမာေထာက္ခံေနပါတယ္လို႔ အၿမဲေျပာေလ့ရွိၿပီး၊ the National Defense Authorization Act (NDAA) ဆိုတဲ့ ဥပေဒမွာ ျပင္ဆင္ခ်က္ ျပဌာန္းဖို႔ ႏွစ္ပါတီႀကိဳးပမ္းလုပ္ေဆာင္ခဲ့ တာကို မၾကာခဏ ၫႊန္ျပေလ့ရွိပါတယ္။ ဒီျပင္ဆင္ခ်က္က နစက ကိုပစ္မွတ္ထားၿပီး ဒီမိုကေရစီအေရးလိုလား သူမ်ားကို ေထာက္ခံအားေပးတဲ့ အေျခခံအုတ္ျမစ္ျဖစ္တယ္လို႔ မၾကာခဏေျပာၿပီး ေခြၽးသိပ္ေလ့ရွိပါတယ္။

ဒါေပမဲ့ သူေျပာတဲ့ စာႏွစ္မ်က္ႏွာသာရွိတဲ့ (NDAA amendment) အန္ဒီေအေအ ျပင္ဆင္ခ်က္ဆိုတာ the BURMA Act of 2021 ဆိုတဲ့ ဥပေဒၾကမ္းနဲ႔ ႏႈိင္းစာမယ္ဆိုရင္ ဘာမွ်မျဖစ္စေလာက္ပါ။ ဒါေၾကာင့္ မစ္ခ်္ မေကၠာ္ နယ္လ္ အေနနဲ႔ BURMA Act of 2021 ဥပေဒၾကမ္း အတည္ျပဳဖို႔ လိုလိုလားလားမရွိဘူးဆိုတာ သိသာပါတယ္။ အခုဆိုရင္ ဒီဥပေဒၾကမ္း အထက္လႊတ္ေတာ္ကို ေရာက္တာ ၁ဝ လေက်ာ္လာပါၿပီ။ ဥပ‌ေဒၾကမ္းဟာ လႈပ္ရွားတာ လုံးဝမေတြ႕ရဘဲ ေသေနသလိုျဖစ္ေနပါၿပီ။

အေမရိကန္ႏိုင္ငံရဲ႕ ဥပေဒျပဳမႈျဖစ္စဥ္မွာ အထက္ေအာက္လႊတ္ေတာ္ ႏွစ္ရပ္လုံးက အတည္ျပဳၿပီးတဲ့ ဥပေဒ ၾကမ္းကို သမၼတလက္မွတ္ေရးထိုးဖို႔ ေပးပို႔ရပါတယ္။ သမၼတက လက္မွတ္ေရးထိုးၿပီးမွ ဥပေဒက အာဏာသက္ ‌ေရာက္မွာျဖစ္ပါတယ္။ အကယ္၍ သမၼတက သေဘာမတူလို႔ လက္မွတ္မထိုးျငင္းပယ္ခဲ့ရင္ ဗီတိုနဲ႔ ပယ္ခ် တယ္လို႔ ေျပာႏိုင္ပါတယ္။ အဲဒီအခါ ဥပေဒၾကမ္းကို ကြန္ဂရက္ကိုျပန္ပို႔ၿပီး လႊတ္ေတာ္တစ္ရပ္စီရဲ႕ သုံးပုံႏွစ္ပုံမဲနဲ႔ သမၼတရဲ႕ ဗီတိုကို ပယ္ဖ်က္ႏိုင္ပါတယ္။

အခုအခ်ိန္မွာေတာ့ Burma Act 2021 (မူလ အမည္) ဟာ အေမရိကန္ သမၼတရဲ႕ စားပြဲေပၚကို ေရာက္ရွိဖို႔ မလြယ္ေသးပါေၾကာင္း။

Picture

Ko Moe

12/08/2022 21:26

အမေရိကန်တွေများ တရုတ်ကြောက်တာနဲ့ရုရှားကြောက်တာ အီရန်ကြောက်တာ ဆော်ဒီ တူရကီကြောက်တာပဲ တတ်တာလေ။

Related news

© 2021. All rights reserved.