ရာသီအဖွင့်ပွဲစဉ်နှစ်ပွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ကစားသမားအသစ်များ ထပ်မံခေါ်ယူရန်တောင်းဆိုလိုက်သည့် မန်ယူနည်းပြ တန်ဟတ်

603

ဖြိုးခန့် (NP News) - သြဂုတ် ၁၄
မန်ယူအသင်းသည် ပရီးမီးယားလိဂ်ရာသီသစ်ကို ဆိုးရွားစွာ စတင်ခဲ့ပြီးနောက် နည်းပြအဲရစ်တန်ဟက်သည် လက်ရှိ နွေရာသီအပြောင်းအရွှေ့ကာလတွင် ကစားသမားအသစ်များထပ်မံခေါ်ယူလိုကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့သည်၊၊
မန်ယူအသင်းသည် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွင် ဘရိုက်တန်အသင်းကို ၂ ဂိုး - ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် သြဂုတ် (၁၃) ရက်နေ့တွင် ဘရန့်ဖို့ဒ်အသင်းကို (၄)ဂိုး- ဂိုးမရှိ ဖြင့် ထပ်မံရှုံးနိမ့်ခဲ့ကြောင်း သိရသည်၊၊
ဘရန့်ဖို့ဒ်အသင်းသည် ကွန်မြူနတီအားကစားကွင်းတွင် မန်ယူအသင်းနှင့်ယှဉ်ပြိုင်ကစားခဲ့ပြီး ပရိသတ်များ အံ့အား သင့်လောက်အောင် သွင်းဂိုး ၄ ဂိုးကို (၃၅) မိနစ်အတွင်း သွင်းယူနိုင်ခဲ့ကြောင်းသိရသည်၊၊ မန်ယူအသင်းတွင် လီဆန် ဒရိုမာတီနက်ဇ်၊ အဲရစ်ခ်ဆန်၊ တိုင်ရွဲလ်မာလာစီးယား တို့ကို ခေါ်ယူထားသော်လည်း ကစားသမားအသစ်များကို ထပ်မံခေါ်ယူရန် ဆန္ဒရှိနေကြောင်းသိရသည်။
နည်းပြတန်ဟက်က “ကျွန်တော်တို့ကစားသမားအသစ်တွေ ထပ်မံခေါ်ယူဖို့လိုအပ်တယ်ဆိုတာ သိသာနေပါပြီ။ ဒါပေမယ့် ကျွန်တော်အဲဒီအကြောင်းကို စဉ်းတောင်မစဉ်းစားချင်ပါဘူး။ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေ ပိုပြီး ရှိသင့်တယ်၊၊ ကောင်းမွန်တဲ့စတင်မှုတစ်ခုရဖို့ ကျွန်တော်မျှော်လင့်ထားခဲ့တာပါ၊၊ ကောင်းမွန်တဲ့အရာတွေကို မြင်တွေ့ရဖို့ ကျွန်တော်ယုံကြည်ထားပေမယ့် ပြီးခဲ့တဲ့ကစားပွဲ ၂ ပွဲလုံးက စိတ်ပျက်စရာပါပဲ” ဟု ဆိုသည်၊၊
နည်းပြသစ်တန်ဟက်သည် ကစားပွဲရလဒ်များနှင့်ပတ်သက်၍ ကျေနပ်အားရမှုမရှိကြောင်း၊ ကစားသမားများအနေ ဖြင့် ခြေစွမ်းပြမကစားနိုင်သည့်အတွက် ကိုယ့်တာဝန်ကိုယ်ယူသင့်ကြောင်း ပြောကြားခဲ့သည်၊၊
နည်းပြတန်ဟက်က “ဒါဟာ ကျွန်တော့်အတွက် ခက်ခဲပါတယ်၊၊ ကစားပွဲကို ဒီလိုမျိုးစတင်တဲ့လိုက်တဲ့အတွက် တကယ်ကို အံ့သြပါတယ်၊၊ ပွဲချိန် (၃၅) မိနစ်အတွင်းမှာ ၄ ဂိုးပေးခဲ့ရတယ်၊၊ အသင်းက ကစားသမားတွေဟာ ခြေစွမ်းပြ မကစားနိုင်ခဲ့တဲ့အတွက် ကိုယ့်တာဝန်ကိုယ်ယူသင့်ပါတယ်၊၊ ပရိသတ်တွေကိုတော့ တောင်းပန်ပါတယ်၊၊ ကျွန်တော်တို့စိတ်ပျက်အောင် လုပ်ခဲ့မိတာတောင် သူတို့က ကျွန်တော်တို့ကို ဆက်လက်အားပေးနေတုန်းပါပဲ၊၊ အသင်းတစ်သင်းအနေနဲ့ တစ်ဦးချင်းအနေနဲ့ ကိုယ့်တာဝန်ကိုယ်ယူသင့်ပါတယ်၊၊ ကျွန်တော်တို့မလုပ်နိုင်ခဲ့တဲ့နိုင်ပွဲနဲ့ ပတ်သက်ပြီးအရာတစ်ခုပါပဲ၊၊ ကျွန်တော်တို့ဟာ ယုံကြည်ချက်အပြည့်နဲ့ ကိုယ့်တာဝန်ကိုယ်ယူပြီး ခြေစွမ်းပြ ကစား နိုင်ဖို့လိုပါတယ်၊၊ အထူးသဖြင့် နည်းပြကတာဝန်အရှိဆုံးပါပဲ၊၊ ကျွန်တော့်မှာ အရာအားလုံးအတွက် တာဝန် အရှိဆုံးပါပဲ၊၊ ဒီနေ့ကျွန်တော်တို့ကစားခဲ့တဲ့ပုံစံက တကယ်ကို ဆိုးရွားလွန်းပါတယ်၊၊ ကျွန်တော်တို့ ထပ်ပြီးလေ့လာ ရမယ်။ သင်ယူရဦးမယ်ဆိုတာ သိသာပါတယ်၊၊ ဒါဟာ ကျွန်တော်တို့လုပ်ချင်တဲ့အဆင့်နဲ့ စံနှုန်းမျိုးမဟုတ်ပါဘူး” ဟု ဆိုသည်၊၊
https://www.goal.com/en/news/man-utd-need-players-ten-hag-requests-squad-help-brentford-nightmare/bltb1bb734277e78a9f

Zawgyi Version;
ရာသီအဖြင့္ပြဲစဥ္ႏွစ္ပြဲ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ကစားသမားအသစ္မ်ား ထပ္မံေခၚယူရန္ေတာင္းဆိုလိုက္သည့္ မန္ယူ နည္းျပ တန္ဟတ္
ၿဖိဳးခန႔္ (NP News) - ၾသဂုတ္ ၁၄
မန္ယူအသင္းသည္ ပရီးမီးယားလိဂ္ရာသီသစ္ကို ဆိုး႐ြားစြာ စတင္ခဲ့ၿပီးေနာက္ နည္းျပအဲရစ္တန္ဟက္သည္ လက္ရွိ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလတြင္ ကစားသမားအသစ္မ်ားထပ္မံေခၚယူလိုေၾကာင္း ရွင္းရွင္းလင္းလင္း ေျပာၾကားခဲ့သည္၊၊
မန္ယူအသင္းသည္ ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္တြင္ ဘ႐ိုက္တန္အသင္းကို ၂ ဂိုး - ၁ ဂိုးျဖင့္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ၾသဂုတ္ (၁၃) ရက္ေန႔တြင္ ဘရန႔္ဖို႔ဒ္အသင္းကို (၄)ဂိုး- ဂိုးမရွိ ျဖင့္ ထပ္မံရႈံးနိမ့္ခဲ့ေၾကာင္း သိရသည္၊၊
ဘရန႔္ဖို႔ဒ္အသင္းသည္ ကြန္ျမဴနတီအားကစားကြင္းတြင္ မန္ယူအသင္းႏွင့္ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ပရိသတ္မ်ား အံ့အား သင့္ေလာက္ေအာင္ သြင္းဂိုး ၄ ဂိုးကို (၃၅) မိနစ္အတြင္း သြင္းယူႏိုင္ခဲ့ေၾကာင္းသိရသည္၊၊ မန္ယူအသင္းတြင္ လီဆန္ ဒ႐ိုမာတီနက္ဇ္၊ အဲရစ္ခ္ဆန္၊ တိုင္႐ြဲလ္မာလာစီးယား တို႔ကို ေခၚယူထားေသာ္လည္း ကစားသမားအသစ္မ်ားကို ထပ္မံေခၚယူရန္ ဆႏၵရွိေနေၾကာင္းသိရသည္။
နည္းျပတန္ဟက္က “ကြၽန္ေတာ္တို႔ကစားသမားအသစ္ေတြ ထပ္မံေခၚယူဖို႔လိုအပ္တယ္ဆိုတာ သိသာေနပါၿပီ။ ဒါေပမယ့္ ကြၽန္ေတာ္အဲဒီအေၾကာင္းကို စဥ္းေတာင္မစဥ္းစားခ်င္ပါဘူး။ ကြၽန္ေတာ္တို႔မွာ ကစားသမားေကာင္းေတြ ပိုၿပီး ရွိသင့္တယ္၊၊ ေကာင္းမြန္တဲ့စတင္မႈတစ္ခုရဖို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ထားခဲ့တာပါ၊၊ ေကာင္းမြန္တဲ့အရာေတြကို ျမင္ေတြ႕ရဖို႔ ကြၽန္ေတာ္ယုံၾကည္ထားေပမယ့္ ၿပီးခဲ့တဲ့ကစားပြဲ ၂ ပြဲလုံးက စိတ္ပ်က္စရာပါပဲ” ဟု ဆိုသည္၊၊
နည္းျပသစ္တန္ဟက္သည္ ကစားပြဲရလဒ္မ်ားႏွင့္ပတ္သက္၍ ေက်နပ္အားရမႈမရွိေၾကာင္း၊ ကစားသမားမ်ားအေန ျဖင့္ ေျခစြမ္းျပမကစားႏိုင္သည့္အတြက္ ကိုယ့္တာဝန္ကိုယ္ယူသင့္ေၾကာင္း ေျပာၾကားခဲ့သည္၊၊
နည္းျပတန္ဟက္က “ဒါဟာ ကြၽန္ေတာ့္အတြက္ ခက္ခဲပါတယ္၊၊ ကစားပြဲကို ဒီလိုမ်ိဳးစတင္တဲ့လိုက္တဲ့အတြက္ တကယ္ကို အံ့ၾသပါတယ္၊၊ ပြဲခ်ိန္ (၃၅) မိနစ္အတြင္းမွာ ၄ ဂိုးေပးခဲ့ရတယ္၊၊ အသင္းက ကစားသမားေတြဟာ ေျခစြမ္းျပ မကစားႏိုင္ခဲ့တဲ့အတြက္ ကိုယ့္တာဝန္ကိုယ္ယူသင့္ပါတယ္၊၊ ပရိသတ္ေတြကိုေတာ့ ေတာင္းပန္ပါတယ္၊၊ ကြၽန္ေတာ္တို႔စိတ္ပ်က္ေအာင္ လုပ္ခဲ့မိတာေတာင္ သူတို႔က ကြၽန္ေတာ္တို႔ကို ဆက္လက္အားေပးေနတုန္းပါပဲ၊၊ အသင္းတစ္သင္းအေနနဲ႔ တစ္ဦးခ်င္းအေနနဲ႔ ကိုယ့္တာဝန္ကိုယ္ယူသင့္ပါတယ္၊၊ ကြၽန္ေတာ္တို႔မလုပ္ႏိုင္ခဲ့တဲ့ႏိုင္ပြဲနဲ႔ ပတ္သက္ၿပီးအရာတစ္ခုပါပဲ၊၊ ကြၽန္ေတာ္တို႔ဟာ ယုံၾကည္ခ်က္အျပည့္နဲ႔ ကိုယ့္တာဝန္ကိုယ္ယူၿပီး ေျခစြမ္းျပ ကစား ႏိုင္ဖို႔လိုပါတယ္၊၊ အထူးသျဖင့္ နည္းျပကတာဝန္အရွိဆုံးပါပဲ၊၊ ကြၽန္ေတာ့္မွာ အရာအားလုံးအတြက္ တာဝန္ အရွိဆုံးပါပဲ၊၊ ဒီေန႔ကြၽန္ေတာ္တို႔ကစားခဲ့တဲ့ပုံစံက တကယ္ကို ဆိုး႐ြားလြန္းပါတယ္၊၊ ကြၽန္ေတာ္တို႔ ထပ္ၿပီးေလ့လာ ရမယ္။ သင္ယူရဦးမယ္ဆိုတာ သိသာပါတယ္၊၊ ဒါဟာ ကြၽန္ေတာ္တို႔လုပ္ခ်င္တဲ့အဆင့္နဲ႔ စံႏႈန္းမ်ိဳးမဟုတ္ပါဘူး” ဟု ဆိုသည္၊၊
https://www.goal.com/en/news/man-utd-need-players-ten-hag-requests-squad-help-brentford-nightmare/bltb1bb734277e78a9f