ပရီးမီးယားလိဂ်ရဲ့ တန်ကြေးအမြင့်ဆုံး ကစားသမား (၁၀) ယောက်

 424

ရဲထက် (NP News) - ဇူလိုင် ၄

၂၀၂၃ -၂၀၂၄ ဘောလုံးရာသီပြီးဆုံး သွားချိန်မှာ‌တော့ အပြိုင်အဆိုင်ဆိုသလို အသင်းကြီးတွေ ကြားမှာ ကစားသမား အပြောင်းအရွှေ့တွေကို ဆက်တိုက်မြင်တွေ့လာရပြီး အသင်းကြီးတွေအနေနဲ့ လည်း ကိုယ့်အသင်းက အ ကောင်းဆုံးကစားသမား တွေကိုလည်း အမြင့်ဆုံး တန်ကြေး သတ်မှတ်ထား ကြသလို စာချုပ်ဖျက်သိမ်းကြေးနဲ့တကွ ဖော်ပြခဲ့ကြပြီဖြစ်ပါတယ်။ ဒီနေ့မှာ ပရီးမီးယားလိဂ်ရဲ့ တန် ကြေးအရှိဆုံးနဲ့ ဈေးအကြီးဆုံး ကစားသမား (၁၀)ယောက်ကို ရွေးချယ်ဖော်ပြပေးသွားဖြစ်ပြီး ဒီကစား ကမားတွေရဲ့ တန်ကြေးတွေ ဘယ်လောက်အ ထိ မြင့်တက်ခဲ့သလဲနဲ့ ဘယ်လောက်အထိ ထိုက်တန်မှုရှိ သလဲဆိုတာကို ဖော်ပြပေးသွားမှာလည်းဖြစ်ပါတယ်။

(၁) အားလင်း ဟာလန်း (မန်စီးတီး)

ပထမဆုံးအနေနဲ့ ပရီးမီးယားလိဂ်ရဲ့ တန်ကြေးအရှိဆုံးနဲ့ ဈေးအကြီးဆုံးကစားသမားကတော့ မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး အာလင်းဟာလန်း ပဲဖြစ်ပါတယ်။ ဟာလန်းရဲ့ တန်ဖိုးဟာ ပြီးခဲ့တဲ့ရာသီ မှာ ယူရို သန်း(၂၀ဝ)အထိ မြင့်တက်ခဲ့ဖူးပြီး လက်ရှိ အချိန်မှာတော့ ယူရိုသန်း(၁၈၀)အထိ ပြန်လည် ကျ ဆင်းသွားပေမယ့်လည်း ပရီးမီးယားလိဂ်မှာတော့ ဈေးအကြီးဆုံးကစားသမားအဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ဟာလန်းရဲ့ အသက်အရွယ်၊ ဂိုးသွင်းကြမ်းမှုတွေနဲ့ ဂိုးသွင်းသေချာမှုတွေက လက်ရှိ ကမ္ဘာ ပေါ်မှာ အမ်ဘတ်ပီနဲ့ လမိုင်းယာမဲလ်တို့လို့ အကောင်းဆုံးကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ လည်း ဟာလန်းဟာ ပြီးခဲ့တဲ့ရာသီမှာ အသင်းနဲ့ ဆုဖလားတစ်လုံးမှမရရှိခဲ့သလို ခြေစွမ်းပိုင်းနဲ့ ဂိုးသွင်း စွမ်းရည်တွေပါ ကျဆင်းသွားခဲ့တာကြောင့် ယူရို သန်း(၁၈၀)နဲ့ ထိုက်တန်မှုရှိရဲ့လားဆိုတာကို ဒီရာသီမှာ စောင့်ကြည့်ရပါဦးမယ်။

(၂) ဘူကာရို ဆာကာ (အာဆင်နယ်)

ပရီးမီးယားလိဂ်မှာ ဒုတိယတန်ဖိုးအကြီးဆုံးကစားသမားကတော့ အာဆင်နယ်အသင်းရဲ့ အသက်သွေးကြောဖြစ်တဲ့ တောင်ပံတိုက်စစ်မှူး ဘူကာရို ဆာကာပဲဖြစ်ပါတယ်။ သူရဲ့တန်ကြေးဟာ ပြီးခဲ့တဲ့ ရာသီကအတိုင်း ယူရိုသန်း(၁၅၀)အထိရှိနေ တာကိုတွေ့ရပါတယ်။ ဆာကာဟာ အာဆင်နယ် အသင်းမှာ အကောင်းဆုံးကစားသမားဖြစ်တဲ့အပြင် အသင်းအတွက်လိုအပ်တဲ့ အဆုံးအဖြတ်ဂိုးတွေကို သွင်းဂိုးတွေကို သွင်းယူပေးနေတဲ့ လူငယ်ကစားသမား လေးဖြစ်ပြီး အကယ်ဒမီထွက် ကစားသမား ဘဝ ကနေ ပရီးမီးယားလိဂ်မှာ ဒုတိယတန်ဖိုးအကြီးဆုံးကစားသမားအဖြစ်ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်းနဲ့အတူ ဒီရာသီမှာ ဆုဖလား တစ်လုံးမှမရခဲ့သလို တစ်ဦးချင်းအောင်မြင်မှု လည်း မရခဲ့တာကြောင့် ယူရို သန်း(၁၅၀)နဲ့ ထိုက်တန်ရဲ့ လားဆိုတာကို ဆက်လက်စောင့်ကြည့်ရပါမယ်။

(၃) ဒီကလန်ရိုက် (အာဆင်နယ်)

ပရီးမီးယားလိဂ်ရဲ့ တန်ဖိုးအကြီးဆုံး ကစားသမားအဖြစ် နံပါတ်(၃)နေရာမှာ ရပ်တည်နေတဲ့ ကစားသမားကတော့ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဒီကလန်ရိုက်ပဲဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ခေါ်ယူခဲ့တဲ့ တန်ဖိုးအတိုင်းပဲ ဒီကလန်ရိုက်ဟာ ယူရို သန်း(၁၂၀)နဲ့ ပရီးမီးယား လိဂ်ရဲ့ တတိယတန်ဖိုးအကြီးဆုံး ကစားသမားအဖြစ် ရပ်တည်နေတာကိုတွေ့ရပါတယ်။ ဒီကလန်ရိုက် ဘယ်‌လောက်ကောင်းခဲ့သလဲဆိုတာကို ပြီးခဲ့ရာသီမှာ အထင်အရှားတွေ့မြင်ရမှာဖြစ်ပြီး အာဆင်နယ် အသင်းအတွက် ပြည်တွင်းမှာရော ဥရောပပြိုင်ပွဲတွေမှာပါ ခြေစွမ်းပြခဲ့တဲ့ ကစားသမားဖြစ်တဲ့အပြင် အဆုံးအဖြတ်သွင်းဂိုးတွေကိုပါ သွင်းယူပေးခဲ့တဲ့ ကစားသမားပဲဖြစ်ပါတယ်။

(၄) အီဆက် (နယူးကာဆယ်)

နယူးကာဆယ်အသင်းရဲ့ အဓိကတိုက် စစ်မှူး အီဆက်ကတော့ ပရီးမီးယားလိဂ်ရဲ့ တန်ဖိုး အကြီး ဆုံးကစားသမားအဖြစ် နံပါတ်(၄)နေရာမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ အီဆက်ဟာ ဒီနှစ်ရာသီမှာ ထင်ထား တာထက်ပိုပြီး ခြေစွမ်းပြတဲ့အပြင် နယူးကာဆယ်အသင်းရဲ့ အဓိကအရေးပါတဲ့ သွင်းဂိုး အဆုံးအဖြတ် တွေကိုလည်း သွင်းယူပေးခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ သူရဲ့တန်ကြေးဟာဆိုရင်လည်း ဒီကလန် ရိုက် နည်းတူ ယူရိုသန်း(၁၂၀)အထိရှိနေခဲ့ပြီး အသက် (၂၅)နှစ်ကျော်လာတဲ့ ကစားသမား တစ်ယောက် အကောင်းဆုံးအချိန်လို့ပြောလို့ရနေပြီး နောက်ထပ် (၂)နှစ်လောက်ကြာရင်တော့ သူရဲ့တန်ကြေးဟာ ကျဆင်းသွားနိုင်ဖို့ရှိနေပါတယ်။ ဒါကြောင့် အီဆက်ရဲ့တန်ဖိုးဟာ ယူရို သန်း(၁၂၀)နဲ့ ထိုက်တန်မှုရှိရဲ့လား ဆိုတာကို စောင့်ကြည့်ရမှာဖြစ် သလို ဒီရာသီမှာလည်း မနှစ်ကလိုခြေစွမ်းမျိုးပြသနိုင်မလားဆိုတဲ့ မေးခွန်းလည်းရှိနေပါတယ်။

(၅) ကိုးလ်ပါးမား (ချဲလ်ဆီး)

တန်ကြေးအရှိဆုံးအဖြစ် နံပါတ်(၅)နေရာမှာရှိနေတဲ့ ကစားသမားကတော့ ချဲလ်ဆီးအသင်းမှ ခြေစွမ်းကောင်းတွေကိုပြသထားနိုင်ခဲ့တဲ့ မန်စီးတီး အကယ်ဒမီထွက် ကိုးလ်ပါးမားပဲဖြစ်ပါတယ်။ ကိုးလ်း ပါးမားဟာ ပြီးခဲ့တဲ့ရာသီ ချဲလ်ဆီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်တစ်နေရာကိုရရှိခဲ့သလို ပါးမားသာ မရှိရင် ချဲလ်ဆီးအသင်းက သာမန်ခြေစွမ်းလောက်သာရှိခဲ့တဲ့အထိ ခြေစွမ်းပိုင်းကောင်းမွန်ခဲ့ပါတယ်။ ဒါပေမဲ့ လုံလောက်တဲ့စွမ်းဆောင်ရည်မျိုးကို မမြင် တွေ့ရဘဲ ချဲလ်ဆီးအသင်းကို စရောက်တဲ့ရာသီ ကလောက် သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေကိုတော့ မမြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ တန်ကြေးဟာ ပြီးခဲ့တဲ့ရာသီမှာ ယူရို သန်း(၁၃၀)အထိရှိခဲ့ပေမယ့် လက်ရှိအပြောင်းအရွှေ့ဈေးကွက်မှာတော့ ယူရို သန်း (၁၂၀)ကို ကျဆင်းသွားခဲ့တာဖြစ် ပါတယ်။ လက်ရှိအချိန်မှာလည်း ကိုးလ်ပါးမားရဲ့ စွမ်းဆောင်ရည်က ချဲလ်ဆီးအသင်းကို စရောက်ခဲ့တဲ့ ရာသီနဲ့နှိုင်းယှဉ်ရင် အများကြီးကွာဟနေတဲ့အပြင် အမေရိကန်မှာ ကျင်းပနေတဲ့ ဖီဖာကမ္ဘာ့ဖလားပြိုင် ပွဲမှာလည်း ပါးမားရဲ့စွမ်းဆောင်ရည်ဟာ သာမန် လောက်သာရှိနေ တာကြောင့် ယူရို သန်း (၁၂၀)တန်ဖိုးနဲ့ ထိုက်တန်မှုရှိရဲ့လားဆိုတာကို စောင့်ကြည့်ရပါဦးမယ်။

(၆) ရိုဒရီ (မန်စီးတီး)
ပရီးမီးယားလိဂ်ရဲ့ တန်ဖိုးအကြီးဆုံး ကစားသမားအဖြစ် နံပါတ်(၆)နေရာမှာ ရပ်တည်နေတဲ့ ကစားသမားကတော့ ပြီးခဲ့တဲ့ရာသီတစ်ခုလုံးအနားယူခဲ့ရတဲ့ မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကစား သမား ရိုဒရီ ပဲဖြစ်ပါတယ်။ ရိုဒရီ ဘာကြောင့် တန် ကြေးအမြင့်ဆုံးကစားသမားစာရင်းမှာ ပါဝင်လာခဲ့ သလဲဆို တဲ့အချက်ကိုပြောပါမယ်။ ရိုဒရီဟာ မန်စီး တီးအသင်း အောင်မြင်ခဲ့တဲ့ ပထမဆုံးချန်ပီယံ လိဂ်သမိုင်း ကြောင်းမှာ အဓိကထောက်တိုင်တစ်ခု ဖြစ်ခဲ့သလို မန်စီးတီးအသင်းနဲ့အတူ အဲဒီရာသီမှာ တစ်နှစ်တည်း ဖလား(၃)လုံးရယူပေးနိုင်ခဲ့တဲ့အပြင် မန်စီးတီးတစ်သင်းကို အဓိကမောင်းနှင်နေတဲ့ မရှိမဖြစ် ကစား သမားဆိုတဲ့ ခြေစွမ်းနဲ့ သူ့ရဲ့တန်ဖိုးတွေက လက်ရှိမန်စီးတီးအသင်း ကျဆင်းသွားရခြင်းရဲ့ အဓိက အချက် တွေလို့ ပြောလို့ရပါတယ်။ ဒါ့ပြင် ရိုဒရိုဟာ စပိန်အသင်းနဲ့အတူ ယူရို (၂၀၂၄) ဖလား ကိုရရှိခဲ့တဲ့အပြင် အဲဒီနှစ်အတွက် ဘလွန်ဒီအော ဆုကို ရယူနိုင်ခဲ့တဲ့ ကစားသမားကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရိုဒရီ ရဲ့တန်ကြေးကတော့ ပြီးခဲ့တဲ့ ရာသီက ယူရိုသန်း(၁၃၀)ရှိခဲ့ပေမယ့် လက်ရှိမှာတော့ ယူရို သန်း (၁၂၀) ရှိ နေပါတယ်။

(၇) မက်အလစ္စတာ (လီဗာပူးလ်)

နောက်ထပ် (၇)ယောက်မြောက် တန်ကြေးအမြင့်ဆုံးကသစားသမားကတော့ တန်ကြေးတွေ အဆမတန်မြင့်တက်လာတဲ့ လီဗာပူးလ်အသင်း ရဲ့ ကွင်းလယ်ကစားသမား မက်အလစ္စတာပဲဖြစ်ပါ တယ်။ မက်အလစ္စတာကို လီဗာပူးလ်အသင်းခေါ် ယူခဲ့စဉ်က ပေါင်(၃၅)သန်းဝန်းကျင်နဲ့သာခေါ်ယူနိုင် ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ゞင်းဟာ လီဗာပူးလ် အသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့အ ပြင် လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကို အတည် ငြိမ်ဆုံးနဲ့ အကောင်းဆုံးဘောလုံးပေးပို့မှုတွေနဲ့ သွင်းဂိုး ပါဝင်ပတ်သက်မှုတွေက မက်အလစ္စတာရဲ့ တန်ကြေးကို ဒီလောက်အထိမြင့်တက်စေခဲ့တာဖြစ်ပါတယ်။ သူရဲ့တန်ကြေးဟာ ပြီးခဲ့တဲ့ရာသီမှာ ယူရို သန်း(၉၀)အထိရှိခဲ့ပြီး လက်ရှိရာသီမှာတော့ ယူရို သန်း (၁၀ဝ) အထိ တန်ကြေး မြင့်တက်သွားခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီရာသီမှာ မက်အလစ္စတာရဲ့ စွမ်းဆောင်ရည် ကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပြီး ခြေစွမ်းပြခဲ့ရင် တန်ကြေး အနေအထားကလည်း မြင့်တက်လာ ဦးမှာ ဖြစ်ပါတယ်။

(၈) ဖီးလ်ဖိုဒန် (မန်စီးတီး)
မန်စီးတီးအသင်းရဲ့ အကယ်ဒမီထွက်ကစားသမားလေး ဖီးလ်ဖိုဒန်ဟာ မန်စီးတီးအသင်း အောင်မြင်ခဲ့ ချိန်မှာ ယူရိုသန်း (၁၅၀)လောက်အထိ တန် ကြေးရှိခဲ့တဲ့ ကစားသမား ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ယူရို သန်း (၁၀ဝ) ပဲ ရှိတော့တာကိုတွေ့ရပါတယ်။ ဒါဟာ ဖီးလ်ဖိုဒန်ရဲ့ ခြေစွမ်းပိုင်းနဲ့ တိုက်ရိုက်ပတ်သက်နေ သလို ပြီးခဲ့တဲ့ ရာသီက ၎င်းရဲ့ စွမ်းဆောင်ရည်တွေနဲ့လည်း အများ ကြီးသက်ဆိုင်နေပါတယ်။ ဖီးလ်ဖိုဒန် ရဲ့အသက်ဟာ (၂၅)နှစ်ကို ကျော်လာခဲ့ပြီဖြစ်တာကြောင့် ခြေစွမ်းပိုင်းကို အများကြီးပြင် ဆင်ဖို့လိုအပ်နေ ပြီလည်းဖြစ်ပါတယ်။ ဒီဘရိုင်းနေရာကို ဆက်ခံမယ့် တစ်ဦးတည်းသောကစားသမားအဖြစ် မန်စီးတီး အသင်းပရိသတ်တွေမျှော်လင့်နေတဲ့ ခြေစွမ်းမျိုးနဲ့ ပြန်လာနိုင်ဖို့လိုအပ်နေသလို ဒီထက်ပိုပြီး ခြေစွမ်း ပိုင်းကျဆင်းနေရင်တော့ ဖီးလ်ဖိုဒန်ရဲ့တန်ကြေးဟာ ဒီထက်ပိုပြီး ကျဆင်းလာနိုင်ခြေရှိနေပါတယ်။

(၉) မွိုက်ဆက် ကိုင်စီဒို (ချဲလ်ဆီး)

ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်မှာအ ကောင်းဆုံးခြေစွမ်းတွေနဲ့အတူ ဒီရာသီ ပွဲစဉ်(၃၈)ပွဲလုံးမှာ ပါဝင်ကစားပေးခဲ့တဲ့ မွိုက်ဆက်ကိုင်စီဒိုဟာ ပရီးမီးယားလိဂ်ရဲ့ တန်ဖိုးအကြီးဆုံးကစားသမားအဖြစ် နံပါတ်(၉)နေရာမှာ ရပ်တည်နေပါတယ်။ ကိုင်စီဒိုဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ် အဖျက်ကစားသမားဖြစ်ပြီး ၎င်းရဲ့အသက်အရွယ်နဲ့ စွမ်းဆောင်ရည်တွေအရ ဒီထက်ပိုပြီး တန်ကြေးမြင့် တက်လာဖို့ရှိနေပါတယ်။ ဒါပြင့် ကိုင်စီဒိုဟာ ချဲလ်ဆီးအသင်းရဲ့ ဒီရာသီအကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သလို အမေရိကန်နိုင်ငံမှာ ကျင်းပနေတဲ့ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ခြေစွမ်းပြ ကစားနေတဲ့ ကစားသမားကောင်းတစ်ယောက်ဖြစ် ပါတယ်။၎င်းရဲ့တန်ကြေးကတော့ ပြီးခဲ့တဲ့ရာသီမှာ ယူရို သန်း (၈၀)သန်းရှိခဲ့ပေမယ့် လက်ရှိမှာတော့ ယူ ရိုသန်း(၉၀)အထိ မြင့်တက်လာခဲ့ပြီဖြစ်သလို နောက်ထပ် လည်း တန်ဖိုးမြင့်လာနိုင်ခြေရှိနေပါတယ်။

(၁၀) မာတင် အိုဒီဂတ် (အာဆင်နယ်)

အိုဒီဂတ်ဟာ ပရီးမီးယားလိဂ်ရဲ့ တန်း ကြေးအမြင့်ဆုံးကစားသမားတွေထဲမှာ နံပါတ်(၁၀) နေရာ မှာ ရပ်တည်နေပေမယ့် ခြေစွမ်းပိုင်းတည်ငြိမ်မှုရှိတဲ့အပြင် ခေါင်း‌ဆောင်ကောင်းတစ်ယောက်ရဲ့ အရည် အသွေးအားလုံး သူ့မှာရှိနေတဲ့ ကစားသမား ဖြစ်ပါတယ်။ အိုဒီဂတ်ရဲ့ တန်ကြေးဟာ ပြီးခဲ့တဲ့ရာ သီမှာ ယူရို သန်း(၁၀ဝ)အထိရှိခဲ့ပြီး လက်ရှိမှာတော့ ယူရိုသန်း(၈၅)အထိ ကျဆင်းသွားခဲ့ပါတယ်။ ဒါဟာ အာဆင်နယ်အသင်းကို ဒီကလန်ရိုက် ရောက်ရှိလာမှု နဲ့အတူ ပြီးခဲ့တဲ့ရာသီမှာ အိုဒီဂတ်ရဲ့ စွမ်းဆောင် ရည်ကျ ဆင်းမှုတွေကပဲ တန်းကြေးတွေ ကျဆင်းသွားစေခဲ့တာဖြစ်ပါတယ်။ မာတင်အိုဒီဂတ်ရဲ့ အသက် အရွယ်ကလည်း (၂၆)နှစ်ကို ကျော်လွန်လာခဲ့ပြီဖြစ် တာကြောင့် လာမယ့်ရာသီမှာ ပုံမှန်ခြေစွမ်း ပြန် လည်ပြသနိုင်ခဲ့မယ်ဆိုရင်တော့ တန်ကြေးပြန်လည်မြင့်တက်လာဖို့ရှိနေပါတယ်။ လက်ရှိမှာတော့ ယူရို (၈၅)သန်းဆိုတဲ့ တန်ကြေးဟာ အိုဒီဂတ်နဲ့ ထိုက်တန် မှုရှိတယ်လို့ ပြောလို့ရပါတယ်။

zawgyi version
ပရီးမီးယားလိဂ္ရဲ႕ တန္ေၾကးအျမင့္ဆုံး ကစားသမား (၁၀) ေယာက္
ရဲထက္ (NP News) - ဇူလိုင္ ၄

၂၀၂၃ -၂၀၂၄ ေဘာလုံးရာသီၿပီးဆုံး သြားခ်ိန္မွာ‌ေတာ့ အၿပိဳင္အဆိုင္ဆိုသလို အသင္းႀကီးေတြ ၾကားမွာ ကစားသမား အေျပာင္းအေ႐ႊ႕ေတြကို ဆက္တိုက္ျမင္ေတြ႕လာရၿပီး အသင္းႀကီးေတြအေနနဲ႔ လည္း ကိုယ့္အသင္းက အ ေကာင္းဆုံးကစားသမား ေတြကိုလည္း အျမင့္ဆုံး တန္ေၾကး သတ္မွတ္ထား ၾကသလို စာခ်ဳပ္ဖ်က္သိမ္းေၾကးနဲ႔တကြ ေဖာ္ျပခဲ့ၾကၿပီျဖစ္ပါတယ္။ ဒီေန႔မွာ ပရီးမီးယားလိဂ္ရဲ႕ တန္ ေၾကးအရွိဆုံးနဲ႔ ေဈးအႀကီးဆုံး ကစားသမား (၁၀)ေယာက္ကို ေ႐ြးခ်ယ္ေဖာ္ျပေပးသြားျဖစ္ၿပီး ဒီကစား ကမားေတြရဲ႕ တန္ေၾကးေတြ ဘယ္ေလာက္အ ထိ ျမင့္တက္ခဲ့သလဲနဲ႔ ဘယ္ေလာက္အထိ ထိုက္တန္မႈရွိ သလဲဆိုတာကို ေဖာ္ျပေပးသြားမွာလည္းျဖစ္ပါတယ္။

(၁) အားလင္း ဟာလန္း (မန္စီးတီး)

ပထမဆုံးအေနနဲ႔ ပရီးမီးယားလိဂ္ရဲ႕ တန္ေၾကးအရွိဆုံးနဲ႔ ေဈးအႀကီးဆုံးကစားသမားကေတာ့ မန္စီးတီးအသင္းရဲ႕ တိုက္စစ္မႉး အာလင္းဟာလန္း ပဲျဖစ္ပါတယ္။ ဟာလန္းရဲ႕ တန္ဖိုးဟာ ၿပီးခဲ့တဲ့ရာသီ မွာ ယူ႐ို သန္း(၂၀ဝ)အထိ ျမင့္တက္ခဲ့ဖူးၿပီး လက္ရွိ အခ်ိန္မွာေတာ့ ယူ႐ိုသန္း(၁၈၀)အထိ ျပန္လည္ က် ဆင္းသြားေပမယ့္လည္း ပရီးမီးယားလိဂ္မွာေတာ့ ေဈးအႀကီးဆုံးကစားသမားအျဖစ္ ရပ္တည္ေနတာပဲ ျဖစ္ပါတယ္။ ဟာလန္းရဲ႕ အသက္အ႐ြယ္၊ ဂိုးသြင္းၾကမ္းမႈေတြနဲ႔ ဂိုးသြင္းေသခ်ာမႈေတြက လက္ရွိ ကမာၻ ေပၚမွာ အမ္ဘတ္ပီနဲ႔ လမိုင္းယာမဲလ္တို႔လို႔ အေကာင္းဆုံးကစားသမားတစ္ေယာက္ျဖစ္ပါတယ္။ ဒါေပမဲ့ လည္း ဟာလန္းဟာ ၿပီးခဲ့တဲ့ရာသီမွာ အသင္းနဲ႔ ဆုဖလားတစ္လုံးမွမရရွိခဲ့သလို ေျခစြမ္းပိုင္းနဲ႔ ဂိုးသြင္း စြမ္းရည္ေတြပါ က်ဆင္းသြားခဲ့တာေၾကာင့္ ယူ႐ို သန္း(၁၈၀)နဲ႔ ထိုက္တန္မႈရွိရဲ႕လားဆိုတာကို ဒီရာသီမွာ ေစာင့္ၾကည့္ရပါဦးမယ္။

(၂) ဘူကာ႐ို ဆာကာ (အာဆင္နယ္)

ပရီးမီးယားလိဂ္မွာ ဒုတိယတန္ဖိုးအႀကီးဆုံးကစားသမားကေတာ့ အာဆင္နယ္အသင္းရဲ႕ အသက္ေသြးေၾကာျဖစ္တဲ့ ေတာင္ပံတိုက္စစ္မႉး ဘူကာ႐ို ဆာကာပဲျဖစ္ပါတယ္။ သူရဲ႕တန္ေၾကးဟာ ၿပီးခဲ့တဲ့ ရာသီကအတိုင္း ယူ႐ိုသန္း(၁၅၀)အထိရွိေန တာကိုေတြ႕ရပါတယ္။ ဆာကာဟာ အာဆင္နယ္ အသင္းမွာ အေကာင္းဆုံးကစားသမားျဖစ္တဲ့အျပင္ အသင္းအတြက္လိုအပ္တဲ့ အဆုံးအျဖတ္ဂိုးေတြကို သြင္းဂိုးေတြကို သြင္းယူေပးေနတဲ့ လူငယ္ကစားသမား ေလးျဖစ္ၿပီး အကယ္ဒမီထြက္ ကစားသမား ဘဝ ကေန ပရီးမီးယားလိဂ္မွာ ဒုတိယတန္ဖိုးအႀကီးဆုံးကစားသမားအျဖစ္ရပ္တည္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့ အာဆင္နယ္အသင္းနဲ႔အတူ ဒီရာသီမွာ ဆုဖလား တစ္လုံးမွမရခဲ့သလို တစ္ဦးခ်င္းေအာင္ျမင္မႈ လည္း မရခဲ့တာေၾကာင့္ ယူ႐ို သန္း(၁၅၀)နဲ႔ ထိုက္တန္ရဲ႕ လားဆိုတာကို ဆက္လက္ေစာင့္ၾကည့္ရပါမယ္။

(၃) ဒီကလန္႐ိုက္ (အာဆင္နယ္)

ပရီးမီးယားလိဂ္ရဲ႕ တန္ဖိုးအႀကီးဆုံး ကစားသမားအျဖစ္ နံပါတ္(၃)ေနရာမွာ ရပ္တည္ေနတဲ့ ကစားသမားကေတာ့ အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္ကစားသမား ဒီကလန္႐ိုက္ပဲျဖစ္ပါတယ္။ အာဆင္နယ္အသင္းက ေခၚယူခဲ့တဲ့ တန္ဖိုးအတိုင္းပဲ ဒီကလန္႐ိုက္ဟာ ယူ႐ို သန္း(၁၂၀)နဲ႔ ပရီးမီးယား လိဂ္ရဲ႕ တတိယတန္ဖိုးအႀကီးဆုံး ကစားသမားအျဖစ္ ရပ္တည္ေနတာကိုေတြ႕ရပါတယ္။ ဒီကလန္႐ိုက္ ဘယ္‌ေလာက္ေကာင္းခဲ့သလဲဆိုတာကို ၿပီးခဲ့ရာသီမွာ အထင္အရွားေတြ႕ျမင္ရမွာျဖစ္ၿပီး အာဆင္နယ္ အသင္းအတြက္ ျပည္တြင္းမွာေရာ ဥေရာပၿပိဳင္ပြဲေတြမွာပါ ေျခစြမ္းျပခဲ့တဲ့ ကစားသမားျဖစ္တဲ့အျပင္ အဆုံးအျဖတ္သြင္းဂိုးေတြကိုပါ သြင္းယူေပးခဲ့တဲ့ ကစားသမားပဲျဖစ္ပါတယ္။

(၄) အီဆက္ (နယူးကာဆယ္)

နယူးကာဆယ္အသင္းရဲ႕ အဓိကတိုက္ စစ္မႉး အီဆက္ကေတာ့ ပရီးမီးယားလိဂ္ရဲ႕ တန္ဖိုး အႀကီး ဆုံးကစားသမားအျဖစ္ နံပါတ္(၄)ေနရာမွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။ အီဆက္ဟာ ဒီႏွစ္ရာသီမွာ ထင္ထား တာထက္ပိုၿပီး ေျခစြမ္းျပတဲ့အျပင္ နယူးကာဆယ္အသင္းရဲ႕ အဓိကအေရးပါတဲ့ သြင္းဂိုး အဆုံးအျဖတ္ ေတြကိုလည္း သြင္းယူေပးခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ သူရဲ႕တန္ေၾကးဟာဆိုရင္လည္း ဒီကလန္ ႐ိုက္ နည္းတူ ယူ႐ိုသန္း(၁၂၀)အထိရွိေနခဲ့ၿပီး အသက္ (၂၅)ႏွစ္ေက်ာ္လာတဲ့ ကစားသမား တစ္ေယာက္ အေကာင္းဆုံးအခ်ိန္လို႔ေျပာလို႔ရေနၿပီး ေနာက္ထပ္ (၂)ႏွစ္ေလာက္ၾကာရင္ေတာ့ သူရဲ႕တန္ေၾကးဟာ က်ဆင္းသြားႏိုင္ဖို႔ရွိေနပါတယ္။ ဒါေၾကာင့္ အီဆက္ရဲ႕တန္ဖိုးဟာ ယူ႐ို သန္း(၁၂၀)နဲ႔ ထိုက္တန္မႈရွိရဲ႕လား ဆိုတာကို ေစာင့္ၾကည့္ရမွာျဖစ္ သလို ဒီရာသီမွာလည္း မႏွစ္ကလိုေျခစြမ္းမ်ိဳးျပသႏိုင္မလားဆိုတဲ့ ေမးခြန္းလည္းရွိေနပါတယ္။

(၅) ကိုးလ္ပါးမား (ခ်ဲလ္ဆီး)

တန္ေၾကးအရွိဆုံးအျဖစ္ နံပါတ္(၅)ေနရာမွာရွိေနတဲ့ ကစားသမားကေတာ့ ခ်ဲလ္ဆီးအသင္းမွ ေျခစြမ္းေကာင္းေတြကိုျပသထားႏိုင္ခဲ့တဲ့ မန္စီးတီး အကယ္ဒမီထြက္ ကိုးလ္ပါးမားပဲျဖစ္ပါတယ္။ ကိုးလ္း ပါးမားဟာ ၿပီးခဲ့တဲ့ရာသီ ခ်ဲလ္ဆီးအသင္းမွာ ပုံမွန္ပြဲထြက္ခြင့္တစ္ေနရာကိုရရွိခဲ့သလို ပါးမားသာ မရွိရင္ ခ်ဲလ္ဆီးအသင္းက သာမန္ေျခစြမ္းေလာက္သာရွိခဲ့တဲ့အထိ ေျခစြမ္းပိုင္းေကာင္းမြန္ခဲ့ပါတယ္။ ဒါေပမဲ့ လုံေလာက္တဲ့စြမ္းေဆာင္ရည္မ်ိဳးကို မျမင္ ေတြ႕ရဘဲ ခ်ဲလ္ဆီးအသင္းကို စေရာက္တဲ့ရာသီ ကေလာက္ သြင္းဂိုးေတြနဲ႔ ဂိုးဖန္တီးမႈေတြကိုေတာ့ မျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ဒါေၾကာင့္ သူ႔ရဲ႕ တန္ေၾကးဟာ ၿပီးခဲ့တဲ့ရာသီမွာ ယူ႐ို သန္း(၁၃၀)အထိရွိခဲ့ေပမယ့္ လက္ရွိအေျပာင္းအေ႐ႊ႕ေဈးကြက္မွာေတာ့ ယူ႐ို သန္း (၁၂၀)ကို က်ဆင္းသြားခဲ့တာျဖစ္ ပါတယ္။ လက္ရွိအခ်ိန္မွာလည္း ကိုးလ္ပါးမားရဲ႕ စြမ္းေဆာင္ရည္က ခ်ဲလ္ဆီးအသင္းကို စေရာက္ခဲ့တဲ့ ရာသီနဲ႔ႏႈိင္းယွဥ္ရင္ အမ်ားႀကီးကြာဟေနတဲ့အျပင္ အေမရိကန္မွာ က်င္းပေနတဲ့ ဖီဖာကမာၻ႔ဖလားၿပိဳင္ ပြဲမွာလည္း ပါးမားရဲ႕စြမ္းေဆာင္ရည္ဟာ သာမန္ ေလာက္သာရွိေန တာေၾကာင့္ ယူ႐ို သန္း (၁၂၀)တန္ဖိုးနဲ႔ ထိုက္တန္မႈရွိရဲ႕လားဆိုတာကို ေစာင့္ၾကည့္ရပါဦးမယ္။

(၆) ႐ိုဒရီ (မန္စီးတီး)
ပရီးမီးယားလိဂ္ရဲ႕ တန္ဖိုးအႀကီးဆုံး ကစားသမားအျဖစ္ နံပါတ္(၆)ေနရာမွာ ရပ္တည္ေနတဲ့ ကစားသမားကေတာ့ ၿပီးခဲ့တဲ့ရာသီတစ္ခုလုံးအနားယူခဲ့ရတဲ့ မန္စီးတီးအသင္းရဲ႕ ကြင္းလယ္ကစား သမား ႐ိုဒရီ ပဲျဖစ္ပါတယ္။ ႐ိုဒရီ ဘာေၾကာင့္ တန္ ေၾကးအျမင့္ဆုံးကစားသမားစာရင္းမွာ ပါဝင္လာခဲ့ သလဲဆို တဲ့အခ်က္ကိုေျပာပါမယ္။ ႐ိုဒရီဟာ မန္စီး တီးအသင္း ေအာင္ျမင္ခဲ့တဲ့ ပထမဆုံးခ်န္ပီယံ လိဂ္သမိုင္း ေၾကာင္းမွာ အဓိကေထာက္တိုင္တစ္ခု ျဖစ္ခဲ့သလို မန္စီးတီးအသင္းနဲ႔အတူ အဲဒီရာသီမွာ တစ္ႏွစ္တည္း ဖလား(၃)လုံးရယူေပးႏိုင္ခဲ့တဲ့အျပင္ မန္စီးတီးတစ္သင္းကို အဓိကေမာင္းႏွင္ေနတဲ့ မရွိမျဖစ္ ကစား သမားဆိုတဲ့ ေျခစြမ္းနဲ႔ သူ႔ရဲ႕တန္ဖိုးေတြက လက္ရွိမန္စီးတီးအသင္း က်ဆင္းသြားရျခင္းရဲ႕ အဓိက အခ်က္ ေတြလို႔ ေျပာလို႔ရပါတယ္။ ဒါ့ျပင္ ႐ိုဒ႐ိုဟာ စပိန္အသင္းနဲ႔အတူ ယူ႐ို (၂၀၂၄) ဖလား ကိုရရွိခဲ့တဲ့အျပင္ အဲဒီႏွစ္အတြက္ ဘလြန္ဒီေအာ ဆုကို ရယူႏိုင္ခဲ့တဲ့ ကစားသမားေကာင္းတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ႐ိုဒရီ ရဲ႕တန္ေၾကးကေတာ့ ၿပီးခဲ့တဲ့ ရာသီက ယူ႐ိုသန္း(၁၃၀)ရွိခဲ့ေပမယ့္ လက္ရွိမွာေတာ့ ယူ႐ို သန္း (၁၂၀) ရွိ ေနပါတယ္။

(၇) မက္အလစၥတာ (လီဗာပူးလ္)

ေနာက္ထပ္ (၇)ေယာက္ေျမာက္ တန္ေၾကးအျမင့္ဆုံးကသစားသမားကေတာ့ တန္ေၾကးေတြ အဆမတန္ျမင့္တက္လာတဲ့ လီဗာပူးလ္အသင္း ရဲ႕ ကြင္းလယ္ကစားသမား မက္အလစၥတာပဲျဖစ္ပါ တယ္။ မက္အလစၥတာကို လီဗာပူးလ္အသင္းေခၚ ယူခဲ့စဥ္က ေပါင္(၃၅)သန္းဝန္းက်င္နဲ႔သာေခၚယူႏိုင္ ခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ゞင္းဟာ လီဗာပူးလ္ အသင္းနဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့အ ျပင္ လီဗာပူးလ္အသင္းရဲ႕ ကြင္းလယ္ကို အတည္ ၿငိမ္ဆုံးနဲ႔ အေကာင္းဆုံးေဘာလုံးေပးပို႔မႈေတြနဲ႔ သြင္းဂိုး ပါဝင္ပတ္သက္မႈေတြက မက္အလစၥတာရဲ႕ တန္ေၾကးကို ဒီေလာက္အထိျမင့္တက္ေစခဲ့တာျဖစ္ပါတယ္။ သူရဲ႕တန္ေၾကးဟာ ၿပီးခဲ့တဲ့ရာသီမွာ ယူ႐ို သန္း(၉၀)အထိရွိခဲ့ၿပီး လက္ရွိရာသီမွာေတာ့ ယူ႐ို သန္း (၁၀ဝ) အထိ တန္ေၾကး ျမင့္တက္သြားခဲ့ၿပီျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီရာသီမွာ မက္အလစၥတာရဲ႕ စြမ္းေဆာင္ရည္ ကို ဆက္လက္ေစာင့္ၾကည့္ရမွာျဖစ္ၿပီး ေျခစြမ္းျပခဲ့ရင္ တန္ေၾကး အေနအထားကလည္း ျမင့္တက္လာ ဦးမွာ ျဖစ္ပါတယ္။

(၈) ဖီးလ္ဖိုဒန္ (မန္စီးတီး)
မန္စီးတီးအသင္းရဲ႕ အကယ္ဒမီထြက္ကစားသမားေလး ဖီးလ္ဖိုဒန္ဟာ မန္စီးတီးအသင္း ေအာင္ျမင္ခဲ့ ခ်ိန္မွာ ယူ႐ိုသန္း (၁၅၀)ေလာက္အထိ တန္ ေၾကးရွိခဲ့တဲ့ ကစားသမား ျဖစ္ၿပီး လက္ရွိအခ်ိန္မွာေတာ့ ယူ႐ို သန္း (၁၀ဝ) ပဲ ရွိေတာ့တာကိုေတြ႕ရပါတယ္။ ဒါဟာ ဖီးလ္ဖိုဒန္ရဲ႕ ေျခစြမ္းပိုင္းနဲ႔ တိုက္႐ိုက္ပတ္သက္ေန သလို ၿပီးခဲ့တဲ့ ရာသီက ၎ရဲ႕ စြမ္းေဆာင္ရည္ေတြနဲ႔လည္း အမ်ား ႀကီးသက္ဆိုင္ေနပါတယ္။ ဖီးလ္ဖိုဒန္ ရဲ႕အသက္ဟာ (၂၅)ႏွစ္ကို ေက်ာ္လာခဲ့ၿပီျဖစ္တာေၾကာင့္ ေျခစြမ္းပိုင္းကို အမ်ားႀကီးျပင္ ဆင္ဖို႔လိုအပ္ေန ၿပီလည္းျဖစ္ပါတယ္။ ဒီဘ႐ိုင္းေနရာကို ဆက္ခံမယ့္ တစ္ဦးတည္းေသာကစားသမားအျဖစ္ မန္စီးတီး အသင္းပရိသတ္ေတြေမွ်ာ္လင့္ေနတဲ့ ေျခစြမ္းမ်ိဳးနဲ႔ ျပန္လာႏိုင္ဖို႔လိုအပ္ေနသလို ဒီထက္ပိုၿပီး ေျခစြမ္း ပိုင္းက်ဆင္းေနရင္ေတာ့ ဖီးလ္ဖိုဒန္ရဲ႕တန္ေၾကးဟာ ဒီထက္ပိုၿပီး က်ဆင္းလာႏိုင္ေျခရွိေနပါတယ္။

(၉) မြိဳက္ဆက္ ကိုင္စီဒို (ခ်ဲလ္ဆီး)

ခ်ဲလ္ဆီးအသင္းရဲ႕ ကြင္းလယ္မွာအ ေကာင္းဆုံးေျခစြမ္းေတြနဲ႔အတူ ဒီရာသီ ပြဲစဥ္(၃၈)ပြဲလုံးမွာ ပါဝင္ကစားေပးခဲ့တဲ့ မြိဳက္ဆက္ကိုင္စီဒိုဟာ ပရီးမီးယားလိဂ္ရဲ႕ တန္ဖိုးအႀကီးဆုံးကစားသမားအျဖစ္ နံပါတ္(၉)ေနရာမွာ ရပ္တည္ေနပါတယ္။ ကိုင္စီဒိုဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ကြင္းလယ္ အဖ်က္ကစားသမားျဖစ္ၿပီး ၎ရဲ႕အသက္အ႐ြယ္နဲ႔ စြမ္းေဆာင္ရည္ေတြအရ ဒီထက္ပိုၿပီး တန္ေၾကးျမင့္ တက္လာဖို႔ရွိေနပါတယ္။ ဒါျပင့္ ကိုင္စီဒိုဟာ ခ်ဲလ္ဆီးအသင္းရဲ႕ ဒီရာသီအေကာင္းဆုံး ကစားသမားဆုကို ရရွိခဲ့သလို အေမရိကန္ႏိုင္ငံမွာ က်င္းပေနတဲ့ ဖီဖာကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း ေျခစြမ္းျပ ကစားေနတဲ့ ကစားသမားေကာင္းတစ္ေယာက္ျဖစ္ ပါတယ္။၎ရဲ႕တန္ေၾကးကေတာ့ ၿပီးခဲ့တဲ့ရာသီမွာ ယူ႐ို သန္း (၈၀)သန္းရွိခဲ့ေပမယ့္ လက္ရွိမွာေတာ့ ယူ ႐ိုသန္း(၉၀)အထိ ျမင့္တက္လာခဲ့ၿပီျဖစ္သလို ေနာက္ထပ္ လည္း တန္ဖိုးျမင့္လာႏိုင္ေျခရွိေနပါတယ္။

(၁၀) မာတင္ အိုဒီဂတ္ (အာဆင္နယ္)

အိုဒီဂတ္ဟာ ပရီးမီးယားလိဂ္ရဲ႕ တန္း ေၾကးအျမင့္ဆုံးကစားသမားေတြထဲမွာ နံပါတ္(၁၀) ေနရာ မွာ ရပ္တည္ေနေပမယ့္ ေျခစြမ္းပိုင္းတည္ၿငိမ္မႈရွိတဲ့အျပင္ ေခါင္း‌ေဆာင္ေကာင္းတစ္ေယာက္ရဲ႕ အရည္ အေသြးအားလုံး သူ႔မွာရွိေနတဲ့ ကစားသမား ျဖစ္ပါတယ္။ အိုဒီဂတ္ရဲ႕ တန္ေၾကးဟာ ၿပီးခဲ့တဲ့ရာ သီမွာ ယူ႐ို သန္း(၁၀ဝ)အထိရွိခဲ့ၿပီး လက္ရွိမွာေတာ့ ယူ႐ိုသန္း(၈၅)အထိ က်ဆင္းသြားခဲ့ပါတယ္။ ဒါဟာ အာဆင္နယ္အသင္းကို ဒီကလန္႐ိုက္ ေရာက္ရွိလာမႈ နဲ႔အတူ ၿပီးခဲ့တဲ့ရာသီမွာ အိုဒီဂတ္ရဲ႕ စြမ္းေဆာင္ ရည္က် ဆင္းမႈေတြကပဲ တန္းေၾကးေတြ က်ဆင္းသြားေစခဲ့တာျဖစ္ပါတယ္။ မာတင္အိုဒီဂတ္ရဲ႕ အသက္ အ႐ြယ္ကလည္း (၂၆)ႏွစ္ကို ေက်ာ္လြန္လာခဲ့ၿပီျဖစ္ တာေၾကာင့္ လာမယ့္ရာသီမွာ ပုံမွန္ေျခစြမ္း ျပန္ လည္ျပသႏိုင္ခဲ့မယ္ဆိုရင္ေတာ့ တန္ေၾကးျပန္လည္ျမင့္တက္လာဖို႔ရွိေနပါတယ္။ လက္ရွိမွာေတာ့ ယူ႐ို (၈၅)သန္းဆိုတဲ့ တန္ေၾကးဟာ အိုဒီဂတ္နဲ႔ ထိုက္တန္ မႈရွိတယ္လို႔ ေျပာလို႔ရပါတယ္။

Related news

© 2021. All rights reserved.