ပရီးမီးယားလိဂ်ပွဲစဉ်(၃)အပြီး ချန်ပီယံဆုကို ခြိမ်းခြောက်ဟန့်တားလာနိုင်တဲ့ အသင်း(၄)သင်း

 1129

ရဲထက် (NP News) - စက်တင်ဘာ ၅

ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲဟာ အကောင်းဆုံးသောအသင်းတွေ ပါဝင်ယှဉ်ပြိုင်နေတဲ့ လိဂ် တစ်ခုအဖြစ်သတ်မှတ်ထားလို့ရသလို ချန်ပီယံ လောင်းအသင်းတွေကလည်း ဘယ်အသင်းပါဆိုပြီး တစ်ထစ်ချပြောလို့မရလောက်တဲ့အထိ ပြိုင်ဆိုင်မှု ပြင်းထန်နိုင်ပြီး ပြင်သစ်လီဂူး၊ လာလီဂါ၊ ဘွန်းဒက် လီဂါနဲ့ အီတလီစီးရီးအေတို့လို နှစ်သင်း သုံးသင်းလောက်သာ ချန်ပီယံကို ခြိမ်းခြောက်နိုင်တာမဟုတ်ဘဲ ပရီးမီးယားလိဂ်မှာ‌တော့ ချန်ပီယံဆုကိုစိန်ခေါ်ဖို့ ထိုက်တန်တဲ့ခြေစွမ်းနဲ့ လူးစာရင်းတွေကိုပိုင်ဆိုင်ထား တဲ့အသင်းတွေဟာ (၅)သင်းထက်ပိုများနေတာကို တွေ့ရပါတယ်။ ဒါ့ပြင် အသင်းငယ်တွေရဲ့ ခြေစွမ်း ခြေစကလည်း အသင်းကြီးတွေကို ဒုက္ခကောင်းကောင်းပေးနိုင်တဲ့ ခြေစွမ်းခြေစမျိုးရှိတာကလည်း ပရီး မီးယားလိဂ်ရဲ့ အားသာချက်တစ်ခုအဖြစ်ရှိနေပါတယ်။ ဒါကြောင့် NP News ကနေ ပရီးမီးယားလိဂ် ပွဲ စဉ်(၃)အပြီး စောင့်ကြည့်ချင်စရာကောင်းပြီး ခြေစွမ်းပိုင်းနဲ့ ချန်ပီယံဆုယူမယ့်အသင်းဆိုတာထက် ချန်ပီ ယံ လောင်းတွေကိုတားဆီးမယ့် ခြေစွမ်းမျိုးကိုပြသခဲ့ကြတဲ့ အသင်း(၃)သင်းရဲ့ အလားအလာကို တင်ပြ ပေးသွားချင်ပါတယ်။

စပါးစ်

စပါးစ်အသင်းက ဒီရာသီမှာအစမှာ မထင်မှတ်ထားတဲ့ခြေစွမ်းတွေကို ပြသထားနိုင်တဲ့အသင်း ဖြစ်ပြီး နည်းပြသစ် သောမတ်ဖရန့်လက်ထက်မှာ အကောင်းဆုံးရာသီသစ်တစ်ခုကို စတင်နေပြီလို့လည်း ပြောလို့ရပါတယ်။ စပါးစ်အသင်းဟာ ရာသီအစမှာ ဘန်လေအသင်းကို (၃)ဂိုးပြတ်နဲ့ အနိုင်ရရှိထားသလို အစဉ်အဆက် မန်စီးတီးအသင်းနဲ့တွေ့တိုင်း ခြေစွမ်းပြနိုင်တဲ့ စပါးစ်အသင်းရဲ့ထုံးစံအတိုင်းပဲ အဝေးကွင်း မှာ မန်စီးတီးအသင်းကို (၂)ဂိုးပြတ်နဲ့ ထပ်မံအနိုင်ရခဲ့တာကိုတွေ့ရပါတယ်။ စပါးစ်အသင်း ရဲ့ထူးခြားချက် က နည်းပြသစ် သောမတ်ဖရန့်ရဲ့ အ ကွက်မြင်မှုတွေကြောင့်လို့ပြောလို့ရနေသလို ကစားကွက်ကို လိုသ လို လှည့်သုံးတတ်ပြီး အခွင့်ရတာနဲ့ ဂိုးအဖြစ် လျင်လျင်မြန်မြန်ပြောင်းလဲနိုင်တာကလည်း ကောင်းမွန်တဲ့ အချက်ဖြစ်ပါတယ်။ ပြောရရင် စပါးစ်အသင်းရဲ့ခြေစွမ်းကို ပရီးမီးယားလိဂ်ပွဲစဉ်တွေမစခင် PSG အသင်း နဲ့ Super Cup ဗိုလ်လုပွဲမှာပြသခဲ့တဲ့ခြေစွမ်းခြေစကိုကြည့်လိုက်ရင် စပါးစ်အသင်းရဲ့ အနေအထားဟာ ဒီ ရာသီမှာ အကောင်းဆုံးလုပ်ပြနိုင်မယ့်အပြင် အသင်းကြီးတွေကို ကောင်းကောင်းဒုက္ခပေး နိုင်မယ့် အသင်းအဖြစ် မြင်ချစ်ရာကောင်းနေပါ တယ်။ ဒါ့ပြင် အာဆင်နယ်အသင်းကိုလည်း ရာသီမစခင် ခြေစွမ်း ပွဲမှာ နိုင်ပွဲရခဲ့တာကိုလည်းတွေ့ရပါတယ်။ နည်းပြသစ် သောမတ်ဖရန့်ကလည်း ဘရန်းဖို့ဒ်အသင်းမှာ ကတည်းက ခံစစ်အသားပေးကစားတာ အရမ်းကောင်းတဲ့ နည်းပြတစ်ယောက်ဖြစ်တာကြောင့် စပါးစ် အသင်းရဲ့ လူစာရင်းနဲ့ကစားဟန်က ကွက်တိကျသွားနိုင်ပြီး ဒီထက်ပို‌ကောင်းလာဖို့ရှိနေတဲ့ အသင်း ဖြစ် ပါတယ်။ ဒါ့ပြင် ရာသီအစပွဲစဉ်မှာ မန်စီးတီးအသင်းကို ကျော်ဖြတ်ခဲ့ပြီးပြီဖြစ်တာကြောင့် နောက်ထပ် (၆) ပွဲလောက်က အသင်းငယ်တွေကိုသာ ရင်ဆိုင်ရမှာဖြစ်တာကြောင့် စပါးစ်အသင်းဟာ ဒီရာသီမှာ မဖြစ် မနေစောင့်ကြည့်ရမယ့်အသင်းဖြစ်ပြီး ချန်ပီယံဆုကို ခြိမ်းခြောက်ဖို့နဲ့ ဟန့်တားနိုင်ဖို့ကိုပါ ဦးတည်လာ နိုင်မယ့်အသင်းအဖြစ်ရှိနေပါတယ်။ ဒါပေမဲ့ လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲတွေ ကစားဖို့ရှိနေတဲ့ စပါးစ်အသင်းအတွက် နောက်ပိုင်းပွဲစဉ်တွေမှာ ကစားသမား အလုံအလောက်မရှိမှုနဲ့ ဒဏ်ရာ ပြဿနာ တွေကိုပါ ရင်ဆိုင်လာရရင်တော့ အသင်းက ဘယ်လိုဖြေရှင်းမလဲဆိုတာကို စောင့်ကြည့်သွားရဖို့ရှိနေ ပါတယ်။ လက်ရှိ စပါးစ်အသင်းရဲ့တိုက်စစ်ပိုင်းမှာလည်း ရီချာလီဆန်နဲ့ ဂျွန်ဆင်တို့ရဲ့အတွဲအဖက်က အလုပ်ဖြစ်နေပြီး တောင်ပံနှစ်ဖက်မှာလည်း အတိုးအလှုပ်ကောင်းတဲ့အပြင် စပါးစ်နည်းပြ သောမတ် ဖရန့်လက်ထက်မှာ အကောင်းဆုံးဖြစ်လာတဲ့ ပါပါဆာရဲ့ကွင်းလယ်အဖျက်က အလုပ်ဖြစ်နေပြီး တိုက်စစ် နဲ့ခံစစ်ကို ထိန်းထားပေးနိုင်တဲ့ခြေစွမ်းမျိုးဖြစ်ပါတယ်။ ခံစစ်ပိုင်းမှာဆိုရင်လည်း ရိုမဲရိုးနဲ့ ဗန်ဒီဗန်တို့သာ ဒဏ်ရာ မရခဲ့ရင် စပါးစ်အသင်းက တစ်သင်းလုံးစိတ်ချသွားရမယ့်ပုံစံမျိုးကိုမြင်တွေ့ရပြီး ကစားသမား သစ်တွေ ထပ်ရောက်လာခဲ့ရင်တော့ စပါးစ်အသင်းဟာလာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင်တစ်နေရာကို ခြိမ်းခြောက်လာနိုင်ဦးမှာဖြစ်သလို ချန်ပီယံဆုကိုပါ ခြိမ်းခြောက်လာနိုင်ဖို့ ရှိနေပါတယ်။

ချဲလ်ဆီး

ချဲလ်ဆီးအသင်းရဲ့ ဒီရာသီစုဖွဲ့မှုက အသင်းတိုင်းအတွက် သတိထားစရာတစ်ခုဖြစ်လာနေပြီး တိုက်စစ်ပိုင်းက သိသိသာသာပိုကောင်းလာ တာကိုတွေ့ရပါတယ်။ ပြီးခဲ့တဲ့ (၂၀၂၁)မှာ ချန်ပီယံလိဂ် ရရှိ ပြီးကတည်းက ချဲလ်ဆီးအသင်းဟာ နည်းပြ သောမတ်တူချယ်ကို ရုတ်တရက် ထုတ်ပယ်လိုက်တာ က နေစပြီး အသင်းရဲ့ကစားပုံရော ရလဒ်ပိုင်းတွေမှာပါ ကျဆင်းသွားခဲ့တဲ့ ချဲလ်ဆီးအသင်းအတွက် အကျ ပိုင်းကိုရောက်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ ဒါ့ပြင် နည်းပြ အပြောင်းအလဲတွေလည်း ဆက်တိုက်လုပ် ဆောင်ခဲ့တဲ့အပြင် ကစားသမားခေါ်ယူမှုတွေမှာလည်း စံချိန်တင်ပြောင်းရွှေ့ကြေးတွေနဲ့ခေါ်ယူခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့ဘဲ သုံးနှစ်အတွင်းမှာ ခြေစွမ်းပိုင်းမှာရော ရလဒ်ပိုင်းမှာပါ ဆိုးရွားသွားခဲ့ပါတယ်။ အဲဒီ နောက် နည်းပြသစ် အန်ဇိုမာရက်စကာလက်ထက်မှာတော့ အသစ်ခေါ်ယူခဲ့တဲ့ကစားသမားတွေနဲ့အတူ လူဟောင်းကစားသမားတွေဟာ အသင်းမှာအထိုင်ကျပြီး အကောင်း ဆုံးခြေစွမ်းတွေကို ရရှိပိုင်ဆိုင်နိုင်ခဲ့ ကြပါတယ်။ အဲဒီအထဲမှာ မဖြစ်မနေပါဝင်နေတဲ့ ကစားသမားတွေကတော့ ကိုးပါးလ်မား၊ အန်ဇိုဖာနန် ဒက်စ်နဲ့ ကိုင်စီဒို တို့ကို ချဲလ်ဆီးအသင်းရရှိလိုက်တာဟာ တကယ်ကို ကံကောင်းမှုတစ်ခုဖြစ်ခဲ့ပြီး ချဲလ်ဆီးအသင်းအတွက် ရွှေဖြစ်လာခဲ့တဲ့ ကစားသမားတွေလို့ဆိုနိုင်ပါတယ်။ နောက်ထပ် တစ်ချက် ကတော့ ဘရိုက်တန်အသင်းက ကစားသမားတွေဟာ ချဲလ်ဆီးအသင်းမှာ ခြေစွမ်းမပြနိုင်တာမျိုး မရှိသလို ခေါ်ယူခဲ့တဲ့ ကိုင်စီဒို၊ ကူကူရယ် လာ၊ ရောဘတ်ဆန်းချက်ဇ်နဲ့ ဂျာအိုပတ်ထရိုတို့ဟာ ချဲလ်ဆီး အသင်းမှာ Lineup ဝင်တဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ ဒါ့ပြင် ဒီရာသီမှာ ချဲလ်ဆီးအသင်းကို ရောက်ရှိ လာတဲ့ ဘရားဇီလ်သားနှစ်ယောက်ဖြစ်တဲ့ ဆန်းတို့စ်နဲ့ အက်စတာဗေးတို့ရဲ့ခြေစွမ်းပိုင်းကလည်း အားရ စရာကောင်းသလို ချဲလ်ဆီးအသင်းမှာ ဘရာ ဇီးလ်သားတွေအောင်မြင်ခဲ့တဲ့ အစဉ်အလာကောင်း ရှိခဲ့တာ ကြောင့် ဒီအစုအဖွဲ့ကိုခြုံကြည့်လိုက်ရင် ဒီရာသီမှာ ဆုဖလားတွေကိုရယူနိုင်မယ့်အနေအထားမျိုး မရောက်ခဲ့ရင်တောင် ချဲလ်ဆီးအသင်းကိုရင်ဆိုင်ရ မယ့်အသင်းကြီးတွေအတွက် သတိထားရမယ့်အ သင်းလို့ဆိုနိုင်ပါတယ်။ ချဲလ်ဆီးအသင်းမှာ အရင်က ကိုးလ်ပါးမားမပါဝင်လာရင် ကစားပုံမကောင်းသလို ဂိုးရရှိမှုနည်းပါးတာတွေကို ဒီရာသီမှာ အကောင်းဆုံး ပြင်ဆင်ပြီး ရှိတဲ့လူစာရင်းနဲ့ နိုင်ပွဲတစ်ပွဲဖော်ဆောင် လာနိုင်တာကိုလည်းတွေ့ရပါတယ်။ ဒါပေမဲ့ ချဲလ်ဆီး အသင်းရဲ့ခံစစ်ပိုင်းနဲ့ ဂိုးသမားနေရာကတော့ လို အပ်ချက်တွေများစွာရှိနေသေးပြီး ဗဟိုခံစစ်မှူးတစ်ဦးကို ခေါ်ယူဖို့လိုအပ်နေသလို ဂိုးသမားကောင်း တစ် ယောက်ကိုလည်း မဖြစ်မနေလိုအပ်နေတဲ့အနေအထားမျိုးဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးအသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်ပြိုင်ပွဲတွေအပြင် ပြည်တွင်း လိဂ်ပြိုင်ပွဲတွေမှာလည်း ချန်ပီယံဆုကို ခြိမ်းခြောက် ဟန့်တားနိုင်ဖို့ အလားအလာကောင်းတဲ့အသင်းဖြစ်ပါတယ်။

အာဆင်နယ်

အာဆင်နယ်အသင်းက ပြီးခဲ့တဲ့ (၃)နှစ် အတွင်းမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်(၂)နေရာကို သုံးနှစ်ဆက်တိုက်ရယူထားတဲ့အသင်းဖြစ်ပြီး ဒီ(၃)နှစ်အတွင်းမှာ ချန်ပီယံဆုကို ရရှိလုနီးပါးအထိ စွမ်း ဆောင်ပြထားနိုင်တဲ့အသင်းဖြစ်ပါတယ်။ အာ ဆင်နယ်အသင်းရဲ့ လက်ရှိလူစာရင်းမှာတော့ ပြီးခဲ့တဲ့ (၃) နှစ်အတွင်းကရှိခဲ့တဲ့ ကစားသမားတော်တော်များများမရှိတော့သလို ကစားသမား (၅)ယောက်လောက် သာ အဓိကလူစာရင်းမှာ ပါဝင်ကစားလာနိုင်တာကိုတွေ့ရပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ (၃)နှစ်အတွင်း နည်း ပြအာတီတာရဲ့ ဆုဖလားတစ်လုံးမှ မရရှိခဲ့ခြင်းအပေါ် မှာလည်း အာဆင်နယ်ပရိသတ်တွေအတွက် မကျေနပ်စရာဖြစ်ခဲ့ပါတယ်။ ဒီအချက်တွေကိုတော့ အာ ဆင်နယ်အသင်းဟာ ဒီရာသီမှာ အကောင်းဆုံး လူခေါ်ယူမှုအဖြစ် ဗစ်တာယောဂရက်နဲ့ ဇူးဘိုမာဒီအပြင် မက်ဒူရယ်ကေးတို့ကို ခေါ်ယူအားဖြည့်ထားတာ ကြောင့် အသင်းရဲ့ ကွင်းလယ်နဲ့တိုက်စစ်မှာ အချိတ် အဆက်ကောင်းသလို ဒီကလန်ရိုက် ၊ အိုဒီဂတ်တို့ရဲ့ အကွက်မြင်မှုတွေနဲ့ တောင်ပံနှစ်ဖက်က ဆာကာနဲ့ မက်ဒူရယ်ကေးတို့ အတိုးအလှုပ်တွေအပြင် တိုက်စစ် ပိုင်းမှာလည်း အဆုံးသတ်သေချာပြီး တိုးအားရုန်းအား ကောင်းတဲ့ ဗစ်တာယောဂရက်ရဲ့အဆုံးသတ်တွေ ကြောင့် အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကိုစိန်ခေါ်နိုင်ဖို့ အကောင်းဆုံး လူ စာရင်းတစ်ခုကို ပိုင်ဆိုင်နေပြီလို့ ပြောလို့ရနေပါ တယ်။ ဒါ့ပြင် တခြားအသင်းတွေထက် ပိုကောင်းတဲ့အ ချက်က နောက်တန်းခံစစ်ဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ခံစစ်ပိုင်းနဲ့ ဂိုးသမားတစ်နေရာက အကောင်းဆုံး အခြေအနေမျိုးကိုပိုင်ဆိုင်ထားတာပါ။ ဒါပေမဲ့ အာဆင်နယ်အသင်းအနေနဲ့တူညီတဲ့အမှားမျိုးထပ်လုပ် ခဲ့မယ်ဆိုရင်တော့ ရလဒ်ပိုင်းမှာ အရင်နှစ်တွေကလိုပဲ ဖြစ်နေဦးမှာသေချာနေပြီး အရေးကြီးတဲ့ပွဲစဉ်တွေ မှာ သေချာပေါက် နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်နိုင်နေမှသာ ချန်ပီယံဆုတွေကို စိန်ခေါ်ခြိမ်းခြောက်လာနိုင် ဖို့ရှိပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲတွေများပြားမှုနဲ့အတူ အဓိက ကစားသမားတွေ ဒဏ်ရာပြဿနာတွေနဲ့ ရင် ဆိုင်လာရချိန်မှာ အာဆင်နယ်အသင်းကနိုင်ပွဲတွေ ပျောက်တတ်တဲ့အကျင့်ရှိတာကြောင့် စောင့်ကြည့် ရဦးမယ့်အနေအထားမှာရှိနေပါတယ်။

နော်တင်ဟမ် ဖောရက်စ်

နော်တင်ဟမ် ဖောရက်စ်အသင်းကတော့ ပြီးခဲ့တဲ့ရာသီမှာ ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာကို ရရှိ ထားသလို ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ကိုပါ ရယူနိုင်ဖို့အထိ အခွင့်အရေးရှိခဲ့တဲ့အသင်းလို့ ဆိုနိုင်ပါတယ်။ ဒါ့ပြင် အသင်းကြီးတွေဖြစ်တဲ့ လီဗားပူးလ်အသင်း၊ မန်ယူ၊ ချဲလ်ဆီးတို့ကို အကောင်းဆုံးခြေစွမ်းတွေနဲ့ အနိုင်ယူကျော်ဖြတ်နိုင်ခဲ့သလို ရာသီဝက်လောက်အထိ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး(၅)နေရာကို ဝင် ရောက်နိုင်ခဲ့တဲ့အသင်းလည်းဖြစ်ပါတယ်။ ဒီရာသီ မှာလည်း ကစားသမားအပြောင်းအလဲတွေလုပ် ဆောင်ထားသလို တိုက်စစ်နဲ့ကွင်းလယ်ပိုင်းတွေအပြင် ခံစစ်အင်အားလည်းပိုကောင်းလာတာကြောင့် အသင်းကြီးတွေကို ဒုက္ခပေးလာနိုင်တဲ့အသင်းအ ဖြစ်ရှိနေပါတယ်။ ဒါ့ပြင် နော်တင်ဟမ်ဖောရက်စ်အ သင်းက အခြားသော ပရီးမီးယားလိဂ်အသင်းတွေနဲ့ မတူတဲ့အချက်တစ်ခုက ကစားသမားကောင်းတစ် ယောက်တည်းအပေါ်မှာ ငွေကြေးအမြောက်အမြား ပေးပြီးဝယ်ယူလိုက်တာထက် လူငယ်ကစားသမားအ များစုကို ငွေကြေးအနည်းငယ်နဲ့ခေါ်ယူပြီး ပျိုးထောင်ပေးတဲ့အသင်းမျိုးဖြစ်ပါတယ်။ ပြောရရင် အနာဂတ် အတွက် ကြိုတင်‌လောင်းကြေးထပ်ထားတဲ့ ပုံစံမျိုးဖြစ် ပြီး လူငယ်ကစားသမားတွေနဲ့ ရှေ့ဆက်ပြီး အမြင့် ပျံ ဖို့လည်းရှိနေပါတယ်။ နည်းပြဖြစ်တဲ့ ဆန်းတို့စ်က လည်း ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာကို ရရှိအောင်စွမ်းဆောင်သွားမယ်လို့ပြောဆိုထားတာကြောင့် ဒီရာသီမှာ နော်တင်ဟမ်ဖောရက်စ်အသင်းရဲ့ ခြေစွမ်းကိုလည်း စောင့်ကြည်သွားရဖို့ရှိနေပါတယ်။

Zawgyi Version:
ပရီးမီးယားလိဂ္ပြဲစဥ္(၃)အၿပီး ခ်န္ပီယံဆုကို ၿခိမ္းေျခာက္ဟန႔္တားလာႏိုင္တဲ့ အသင္း(၄)သင္း
ရဲထက္ (NP News) - စက္တင္ဘာ ၅
ဒီရာသီပရီးမီးယားလိဂ္ၿပိဳင္ပြဲဟာ အေကာင္းဆုံးေသာအသင္းေတြ ပါဝင္ယွဥ္ၿပိဳင္ေနတဲ့ လိဂ္ တစ္ခုအျဖစ္သတ္မွတ္ထားလို႔ရသလို ခ်န္ပီယံ ေလာင္းအသင္းေတြကလည္း ဘယ္အသင္းပါဆိုၿပီး တစ္ထစ္ခ်ေျပာလို႔မရေလာက္တဲ့အထိ ၿပိဳင္ဆိုင္မႈ ျပင္းထန္ႏိုင္ၿပီး ျပင္သစ္လီဂူး၊ လာလီဂါ၊ ဘြန္းဒက္ လီဂါနဲ႔ အီတလီစီးရီးေအတို႔လို ႏွစ္သင္း သုံးသင္းေလာက္သာ ခ်န္ပီယံကို ၿခိမ္းေျခာက္ႏိုင္တာမဟုတ္ဘဲ ပရီးမီးယားလိဂ္မွာ‌ေတာ့ ခ်န္ပီယံဆုကိုစိန္ေခၚဖို႔ ထိုက္တန္တဲ့ေျခစြမ္းနဲ႔ လူးစာရင္းေတြကိုပိုင္ဆိုင္ထား တဲ့အသင္းေတြဟာ (၅)သင္းထက္ပိုမ်ားေနတာကို ေတြ႕ရပါတယ္။ ဒါ့ျပင္ အသင္းငယ္ေတြရဲ႕ ေျခစြမ္း ေျခစကလည္း အသင္းႀကီးေတြကို ဒုကၡေကာင္းေကာင္းေပးႏိုင္တဲ့ ေျခစြမ္းေျခစမ်ိဳးရွိတာကလည္း ပရီး မီးယားလိဂ္ရဲ႕ အားသာခ်က္တစ္ခုအျဖစ္ရွိေနပါတယ္။ ဒါေၾကာင့္ NP News ကေန ပရီးမီးယားလိဂ္ ပြဲ စဥ္(၃)အၿပီး ေစာင့္ၾကည့္ခ်င္စရာေကာင္းၿပီး ေျခစြမ္းပိုင္းနဲ႔ ခ်န္ပီယံဆုယူမယ့္အသင္းဆိုတာထက္ ခ်န္ပီ ယံ ေလာင္းေတြကိုတားဆီးမယ့္ ေျခစြမ္းမ်ိဳးကိုျပသခဲ့ၾကတဲ့ အသင္း(၃)သင္းရဲ႕ အလားအလာကို တင္ျပ ေပးသြားခ်င္ပါတယ္။

စပါးစ္

စပါးစ္အသင္းက ဒီရာသီမွာအစမွာ မထင္မွတ္ထားတဲ့ေျခစြမ္းေတြကို ျပသထားႏိုင္တဲ့အသင္း ျဖစ္ၿပီး နည္းျပသစ္ ေသာမတ္ဖရန႔္လက္ထက္မွာ အေကာင္းဆုံးရာသီသစ္တစ္ခုကို စတင္ေနၿပီလို႔လည္း ေျပာလို႔ရပါတယ္။ စပါးစ္အသင္းဟာ ရာသီအစမွာ ဘန္ေလအသင္းကို (၃)ဂိုးျပတ္နဲ႔ အႏိုင္ရရွိထားသလို အစဥ္အဆက္ မန္စီးတီးအသင္းနဲ႔ေတြ႕တိုင္း ေျခစြမ္းျပႏိုင္တဲ့ စပါးစ္အသင္းရဲ႕ထုံးစံအတိုင္းပဲ အေဝးကြင္း မွာ မန္စီးတီးအသင္းကို (၂)ဂိုးျပတ္နဲ႔ ထပ္မံအႏိုင္ရခဲ့တာကိုေတြ႕ရပါတယ္။ စပါးစ္အသင္း ရဲ႕ထူးျခားခ်က္ က နည္းျပသစ္ ေသာမတ္ဖရန႔္ရဲ႕ အ ကြက္ျမင္မႈေတြေၾကာင့္လို႔ေျပာလို႔ရေနသလို ကစားကြက္ကို လိုသ လို လွည့္သုံးတတ္ၿပီး အခြင့္ရတာနဲ႔ ဂိုးအျဖစ္ လ်င္လ်င္ျမန္ျမန္ေျပာင္းလဲႏိုင္တာကလည္း ေကာင္းမြန္တဲ့ အခ်က္ျဖစ္ပါတယ္။ ေျပာရရင္ စပါးစ္အသင္းရဲ႕ေျခစြမ္းကို ပရီးမီးယားလိဂ္ပြဲစဥ္ေတြမစခင္ PSG အသင္း နဲ႔ Super Cup ဗိုလ္လုပြဲမွာျပသခဲ့တဲ့ေျခစြမ္းေျခစကိုၾကည့္လိုက္ရင္ စပါးစ္အသင္းရဲ႕ အေနအထားဟာ ဒီ ရာသီမွာ အေကာင္းဆုံးလုပ္ျပႏိုင္မယ့္အျပင္ အသင္းႀကီးေတြကို ေကာင္းေကာင္းဒုကၡေပး ႏိုင္မယ့္ အသင္းအျဖစ္ ျမင္ခ်စ္ရာေကာင္းေနပါ တယ္။ ဒါ့ျပင္ အာဆင္နယ္အသင္းကိုလည္း ရာသီမစခင္ ေျခစြမ္း ပြဲမွာ ႏိုင္ပြဲရခဲ့တာကိုလည္းေတြ႕ရပါတယ္။ နည္းျပသစ္ ေသာမတ္ဖရန႔္ကလည္း ဘရန္းဖို႔ဒ္အသင္းမွာ ကတည္းက ခံစစ္အသားေပးကစားတာ အရမ္းေကာင္းတဲ့ နည္းျပတစ္ေယာက္ျဖစ္တာေၾကာင့္ စပါးစ္ အသင္းရဲ႕ လူစာရင္းနဲ႔ကစားဟန္က ကြက္တိက်သြားႏိုင္ၿပီး ဒီထက္ပို‌ေကာင္းလာဖို႔ရွိေနတဲ့ အသင္း ျဖစ္ ပါတယ္။ ဒါ့ျပင္ ရာသီအစပြဲစဥ္မွာ မန္စီးတီးအသင္းကို ေက်ာ္ျဖတ္ခဲ့ၿပီးၿပီျဖစ္တာေၾကာင့္ ေနာက္ထပ္ (၆) ပြဲေလာက္က အသင္းငယ္ေတြကိုသာ ရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ စပါးစ္အသင္းဟာ ဒီရာသီမွာ မျဖစ္ မေနေစာင့္ၾကည့္ရမယ့္အသင္းျဖစ္ၿပီး ခ်န္ပီယံဆုကို ၿခိမ္းေျခာက္ဖို႔နဲ႔ ဟန႔္တားႏိုင္ဖို႔ကိုပါ ဦးတည္လာ ႏိုင္မယ့္အသင္းအျဖစ္ရွိေနပါတယ္။ ဒါေပမဲ့ လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြ ကစားဖို႔ရွိေနတဲ့ စပါးစ္အသင္းအတြက္ ေနာက္ပိုင္းပြဲစဥ္ေတြမွာ ကစားသမား အလုံအေလာက္မရွိမႈနဲ႔ ဒဏ္ရာ ျပႆနာ ေတြကိုပါ ရင္ဆိုင္လာရရင္ေတာ့ အသင္းက ဘယ္လိုေျဖရွင္းမလဲဆိုတာကို ေစာင့္ၾကည့္သြားရဖို႔ရွိေန ပါတယ္။ လက္ရွိ စပါးစ္အသင္းရဲ႕တိုက္စစ္ပိုင္းမွာလည္း ရီခ်ာလီဆန္နဲ႔ ဂြၽန္ဆင္တို႔ရဲ႕အတြဲအဖက္က အလုပ္ျဖစ္ေနၿပီး ေတာင္ပံႏွစ္ဖက္မွာလည္း အတိုးအလႈပ္ေကာင္းတဲ့အျပင္ စပါးစ္နည္းျပ ေသာမတ္ ဖရန႔္လက္ထက္မွာ အေကာင္းဆုံးျဖစ္လာတဲ့ ပါပါဆာရဲ႕ကြင္းလယ္အဖ်က္က အလုပ္ျဖစ္ေနၿပီး တိုက္စစ္ နဲ႔ခံစစ္ကို ထိန္းထားေပးႏိုင္တဲ့ေျခစြမ္းမ်ိဳးျဖစ္ပါတယ္။ ခံစစ္ပိုင္းမွာဆိုရင္လည္း ႐ိုမဲ႐ိုးနဲ႔ ဗန္ဒီဗန္တို႔သာ ဒဏ္ရာ မရခဲ့ရင္ စပါးစ္အသင္းက တစ္သင္းလုံးစိတ္ခ်သြားရမယ့္ပုံစံမ်ိဳးကိုျမင္ေတြ႕ရၿပီး ကစားသမား သစ္ေတြ ထပ္ေရာက္လာခဲ့ရင္ေတာ့ စပါးစ္အသင္းဟာလာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင္တစ္ေနရာကို ၿခိမ္းေျခာက္လာႏိုင္ဦးမွာျဖစ္သလို ခ်န္ပီယံဆုကိုပါ ၿခိမ္းေျခာက္လာႏိုင္ဖို႔ ရွိေနပါတယ္။

ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းရဲ႕ ဒီရာသီစုဖြဲ႕မႈက အသင္းတိုင္းအတြက္ သတိထားစရာတစ္ခုျဖစ္လာေနၿပီး တိုက္စစ္ပိုင္းက သိသိသာသာပိုေကာင္းလာ တာကိုေတြ႕ရပါတယ္။ ၿပီးခဲ့တဲ့ (၂၀၂၁)မွာ ခ်န္ပီယံလိဂ္ ရရွိ ၿပီးကတည္းက ခ်ဲလ္ဆီးအသင္းဟာ နည္းျပ ေသာမတ္တူခ်ယ္ကို ႐ုတ္တရက္ ထုတ္ပယ္လိုက္တာ က ေနစၿပီး အသင္းရဲ႕ကစားပုံေရာ ရလဒ္ပိုင္းေတြမွာပါ က်ဆင္းသြားခဲ့တဲ့ ခ်ဲလ္ဆီးအသင္းအတြက္ အက် ပိုင္းကိုေရာက္ခဲ့တယ္လို႔ဆိုႏိုင္ပါတယ္။ ဒါ့ျပင္ နည္းျပ အေျပာင္းအလဲေတြလည္း ဆက္တိုက္လုပ္ ေဆာင္ခဲ့တဲ့အျပင္ ကစားသမားေခၚယူမႈေတြမွာလည္း စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေတြနဲ႔ေခၚယူခဲ့ေပမယ့္ အလုပ္မျဖစ္ခဲ့ဘဲ သုံးႏွစ္အတြင္းမွာ ေျခစြမ္းပိုင္းမွာေရာ ရလဒ္ပိုင္းမွာပါ ဆိုး႐ြားသြားခဲ့ပါတယ္။ အဲဒီ ေနာက္ နည္းျပသစ္ အန္ဇိုမာရက္စကာလက္ထက္မွာေတာ့ အသစ္ေခၚယူခဲ့တဲ့ကစားသမားေတြနဲ႔အတူ လူေဟာင္းကစားသမားေတြဟာ အသင္းမွာအထိုင္က်ၿပီး အေကာင္း ဆုံးေျခစြမ္းေတြကို ရရွိပိုင္ဆိုင္ႏိုင္ခဲ့ ၾကပါတယ္။ အဲဒီအထဲမွာ မျဖစ္မေနပါဝင္ေနတဲ့ ကစားသမားေတြကေတာ့ ကိုးပါးလ္မား၊ အန္ဇိုဖာနန္ ဒက္စ္နဲ႔ ကိုင္စီဒို တို႔ကို ခ်ဲလ္ဆီးအသင္းရရွိလိုက္တာဟာ တကယ္ကို ကံေကာင္းမႈတစ္ခုျဖစ္ခဲ့ၿပီး ခ်ဲလ္ဆီးအသင္းအတြက္ ေ႐ႊျဖစ္လာခဲ့တဲ့ ကစားသမားေတြလို႔ဆိုႏိုင္ပါတယ္။ ေနာက္ထပ္ တစ္ခ်က္ ကေတာ့ ဘ႐ိုက္တန္အသင္းက ကစားသမားေတြဟာ ခ်ဲလ္ဆီးအသင္းမွာ ေျခစြမ္းမျပႏိုင္တာမ်ိဳး မရွိသလို ေခၚယူခဲ့တဲ့ ကိုင္စီဒို၊ ကူကူရယ္ လာ၊ ေရာဘတ္ဆန္းခ်က္ဇ္နဲ႔ ဂ်ာအိုပတ္ထ႐ိုတို႔ဟာ ခ်ဲလ္ဆီး အသင္းမွာ Lineup ဝင္တဲ့ ကစားသမားေတြ ျဖစ္ပါတယ္။ ဒါ့ျပင္ ဒီရာသီမွာ ခ်ဲလ္ဆီးအသင္းကို ေရာက္ရွိ လာတဲ့ ဘရားဇီလ္သားႏွစ္ေယာက္ျဖစ္တဲ့ ဆန္းတို႔စ္နဲ႔ အက္စတာေဗးတို႔ရဲ႕ေျခစြမ္းပိုင္းကလည္း အားရ စရာေကာင္းသလို ခ်ဲလ္ဆီးအသင္းမွာ ဘရာ ဇီးလ္သားေတြေအာင္ျမင္ခဲ့တဲ့ အစဥ္အလာေကာင္း ရွိခဲ့တာ ေၾကာင့္ ဒီအစုအဖြဲ႕ကိုၿခဳံၾကည့္လိုက္ရင္ ဒီရာသီမွာ ဆုဖလားေတြကိုရယူႏိုင္မယ့္အေနအထားမ်ိဳး မေရာက္ခဲ့ရင္ေတာင္ ခ်ဲလ္ဆီးအသင္းကိုရင္ဆိုင္ရ မယ့္အသင္းႀကီးေတြအတြက္ သတိထားရမယ့္အ သင္းလို႔ဆိုႏိုင္ပါတယ္။ ခ်ဲလ္ဆီးအသင္းမွာ အရင္က ကိုးလ္ပါးမားမပါဝင္လာရင္ ကစားပုံမေကာင္းသလို ဂိုးရရွိမႈနည္းပါးတာေတြကို ဒီရာသီမွာ အေကာင္းဆုံး ျပင္ဆင္ၿပီး ရွိတဲ့လူစာရင္းနဲ႔ ႏိုင္ပြဲတစ္ပြဲေဖာ္ေဆာင္ လာႏိုင္တာကိုလည္းေတြ႕ရပါတယ္။ ဒါေပမဲ့ ခ်ဲလ္ဆီး အသင္းရဲ႕ခံစစ္ပိုင္းနဲ႔ ဂိုးသမားေနရာကေတာ့ လို အပ္ခ်က္ေတြမ်ားစြာရွိေနေသးၿပီး ဗဟိုခံစစ္မႉးတစ္ဦးကို ေခၚယူဖို႔လိုအပ္ေနသလို ဂိုးသမားေကာင္း တစ္ ေယာက္ကိုလည္း မျဖစ္မေနလိုအပ္ေနတဲ့အေနအထားမ်ိဳးျဖစ္ပါတယ္။ ဒါေၾကာင့္ ခ်ဲလ္ဆီးအသင္းဟာ ဒီရာသီမွာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြအျပင္ ျပည္တြင္း လိဂ္ၿပိဳင္ပြဲေတြမွာလည္း ခ်န္ပီယံဆုကို ၿခိမ္းေျခာက္ ဟန႔္တားႏိုင္ဖို႔ အလားအလာေကာင္းတဲ့အသင္းျဖစ္ပါတယ္။

အာဆင္နယ္

အာဆင္နယ္အသင္းက ၿပီးခဲ့တဲ့ (၃)ႏွစ္ အတြင္းမွာ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ အဆင့္(၂)ေနရာကို သုံးႏွစ္ဆက္တိုက္ရယူထားတဲ့အသင္းျဖစ္ၿပီး ဒီ(၃)ႏွစ္အတြင္းမွာ ခ်န္ပီယံဆုကို ရရွိလုနီးပါးအထိ စြမ္း ေဆာင္ျပထားႏိုင္တဲ့အသင္းျဖစ္ပါတယ္။ အာ ဆင္နယ္အသင္းရဲ႕ လက္ရွိလူစာရင္းမွာေတာ့ ၿပီးခဲ့တဲ့ (၃) ႏွစ္အတြင္းကရွိခဲ့တဲ့ ကစားသမားေတာ္ေတာ္မ်ားမ်ားမရွိေတာ့သလို ကစားသမား (၅)ေယာက္ေလာက္ သာ အဓိကလူစာရင္းမွာ ပါဝင္ကစားလာႏိုင္တာကိုေတြ႕ရပါတယ္။ ဒါေပမဲ့ ၿပီးခဲ့တဲ့ (၃)ႏွစ္အတြင္း နည္း ျပအာတီတာရဲ႕ ဆုဖလားတစ္လုံးမွ မရရွိခဲ့ျခင္းအေပၚ မွာလည္း အာဆင္နယ္ပရိသတ္ေတြအတြက္ မေက်နပ္စရာျဖစ္ခဲ့ပါတယ္။ ဒီအခ်က္ေတြကိုေတာ့ အာ ဆင္နယ္အသင္းဟာ ဒီရာသီမွာ အေကာင္းဆုံး လူေခၚယူမႈအျဖစ္ ဗစ္တာေယာဂရက္နဲ႔ ဇူးဘိုမာဒီအျပင္ မက္ဒူရယ္ေကးတို႔ကို ေခၚယူအားျဖည့္ထားတာ ေၾကာင့္ အသင္းရဲ႕ ကြင္းလယ္နဲ႔တိုက္စစ္မွာ အခ်ိတ္ အဆက္ေကာင္းသလို ဒီကလန္႐ိုက္ ၊ အိုဒီဂတ္တို႔ရဲ႕ အကြက္ျမင္မႈေတြနဲ႔ ေတာင္ပံႏွစ္ဖက္က ဆာကာနဲ႔ မက္ဒူရယ္ေကးတို႔ အတိုးအလႈပ္ေတြအျပင္ တိုက္စစ္ ပိုင္းမွာလည္း အဆုံးသတ္ေသခ်ာၿပီး တိုးအား႐ုန္းအား ေကာင္းတဲ့ ဗစ္တာေယာဂရက္ရဲ႕အဆုံးသတ္ေတြ ေၾကာင့္ အာဆင္နယ္အသင္းဟာ ဒီရာသီမွာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကိုစိန္ေခၚႏိုင္ဖို႔ အေကာင္းဆုံး လူ စာရင္းတစ္ခုကို ပိုင္ဆိုင္ေနၿပီလို႔ ေျပာလို႔ရေနပါ တယ္။ ဒါ့ျပင္ တျခားအသင္းေတြထက္ ပိုေကာင္းတဲ့အ ခ်က္က ေနာက္တန္းခံစစ္ျဖစ္ၿပီး အာဆင္နယ္အသင္းရဲ႕ခံစစ္ပိုင္းနဲ႔ ဂိုးသမားတစ္ေနရာက အေကာင္းဆုံး အေျခအေနမ်ိဳးကိုပိုင္ဆိုင္ထားတာပါ။ ဒါေပမဲ့ အာဆင္နယ္အသင္းအေနနဲ႔တူညီတဲ့အမွားမ်ိဳးထပ္လုပ္ ခဲ့မယ္ဆိုရင္ေတာ့ ရလဒ္ပိုင္းမွာ အရင္ႏွစ္ေတြကလိုပဲ ျဖစ္ေနဦးမွာေသခ်ာေနၿပီး အေရးႀကီးတဲ့ပြဲစဥ္ေတြ မွာ ေသခ်ာေပါက္ ႏိုင္ပြဲတစ္ပြဲကို ေဖာ္ေဆာင္ႏိုင္ေနမွသာ ခ်န္ပီယံဆုေတြကို စိန္ေခၚၿခိမ္းေျခာက္လာႏိုင္ ဖို႔ရွိပါတယ္။ ဒါေပမဲ့ ၿပိဳင္ပြဲေတြမ်ားျပားမႈနဲ႔အတူ အဓိက ကစားသမားေတြ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ ဆိုင္လာရခ်ိန္မွာ အာဆင္နယ္အသင္းကႏိုင္ပြဲေတြ ေပ်ာက္တတ္တဲ့အက်င့္ရွိတာေၾကာင့္ ေစာင့္ၾကည့္ ရဦးမယ့္အေနအထားမွာရွိေနပါတယ္။

ေနာ္တင္ဟမ္ ေဖာရက္စ္

ေနာ္တင္ဟမ္ ေဖာရက္စ္အသင္းကေတာ့ ၿပီးခဲ့တဲ့ရာသီမွာ ယူ႐ိုပါလိဂ္ဝင္ခြင့္တစ္ေနရာကို ရရွိ ထားသလို ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိဖို႔ကိုပါ ရယူႏိုင္ဖို႔အထိ အခြင့္အေရးရွိခဲ့တဲ့အသင္းလို႔ ဆိုႏိုင္ပါတယ္။ ဒါ့ျပင္ အသင္းႀကီးေတြျဖစ္တဲ့ လီဗားပူးလ္အသင္း၊ မန္ယူ၊ ခ်ဲလ္ဆီးတို႔ကို အေကာင္းဆုံးေျခစြမ္းေတြနဲ႔ အႏိုင္ယူေက်ာ္ျဖတ္ႏိုင္ခဲ့သလို ရာသီဝက္ေလာက္အထိ အမွတ္ေပးဇယားရဲ႕ ထိပ္ဆုံး(၅)ေနရာကို ဝင္ ေရာက္ႏိုင္ခဲ့တဲ့အသင္းလည္းျဖစ္ပါတယ္။ ဒီရာသီ မွာလည္း ကစားသမားအေျပာင္းအလဲေတြလုပ္ ေဆာင္ထားသလို တိုက္စစ္နဲ႔ကြင္းလယ္ပိုင္းေတြအျပင္ ခံစစ္အင္အားလည္းပိုေကာင္းလာတာေၾကာင့္ အသင္းႀကီးေတြကို ဒုကၡေပးလာႏိုင္တဲ့အသင္းအ ျဖစ္ရွိေနပါတယ္။ ဒါ့ျပင္ ေနာ္တင္ဟမ္ေဖာရက္စ္အ သင္းက အျခားေသာ ပရီးမီးယားလိဂ္အသင္းေတြနဲ႔ မတူတဲ့အခ်က္တစ္ခုက ကစားသမားေကာင္းတစ္ ေယာက္တည္းအေပၚမွာ ေငြေၾကးအေျမာက္အျမား ေပးၿပီးဝယ္ယူလိုက္တာထက္ လူငယ္ကစားသမားအ မ်ားစုကို ေငြေၾကးအနည္းငယ္နဲ႔ေခၚယူၿပီး ပ်ိဳးေထာင္ေပးတဲ့အသင္းမ်ိဳးျဖစ္ပါတယ္။ ေျပာရရင္ အနာဂတ္ အတြက္ ႀကိဳတင္‌ေလာင္းေၾကးထပ္ထားတဲ့ ပုံစံမ်ိဳးျဖစ္ ၿပီး လူငယ္ကစားသမားေတြနဲ႔ ေရွ႕ဆက္ၿပီး အျမင့္ ပ်ံ ဖို႔လည္းရွိေနပါတယ္။ နည္းျပျဖစ္တဲ့ ဆန္းတို႔စ္က လည္း ဒီရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္တစ္ေနရာကို ရရွိေအာင္စြမ္းေဆာင္သြားမယ္လို႔ေျပာဆိုထားတာေၾကာင့္ ဒီရာသီမွာ ေနာ္တင္ဟမ္ေဖာရက္စ္အသင္းရဲ႕ ေျခစြမ္းကိုလည္း ေစာင့္ၾကည္သြားရဖို႔ရွိေနပါတယ္။

Related news

© 2021. All rights reserved.