FIFA က အသစ်ပြန်လည်ကျင်းပတဲ့ FIFA World Cup ပြိုင်ပွဲရဲ့ ထူးခြားချက်များ

 664

ရဲထက် (NP News) - ဇွန် ၁ဝ

(၂၀၂၄-၂၀၂၅)ဘောလုံးရာသီ ဥရောပတိုက်ရဲ့ လူစိတ်ဝင်စားမှုအများဆုံး ဘောလုံးပြက္ခဒိန် တစ်ခု ကတော့ ပြီးဆုံးသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒီလိုအမှတ်ပေးလိဂ်ပြိုင်ပွဲတွေ ပြီးဆုံးသွားခဲ့ပြီးတဲ့နောက်မှာ တော့ ဖီဖာကနေ နှစ်စဉ်ကြီးမှူးကျင်းပတဲ့ FIFA World Cup 2025 ပြိုင်ပွဲဟာ အမေရိကန်နိုင်ငံမှာ ဇွန်လ (၁၅) ရက်ကစပြီး ယှဉ်ပြိုင်ကစားကြတော့မှာလည်း ဖြစ်ပါတယ်။ အရင်နှစ်တွေက FIFA World Cup ပြိုင်ပွဲကို ဥရောပချန်ပီယံလိဂ်ရရှိတဲ့အသင်းနဲ့ အာရှချန်ပီယံ ဒါမှမဟုတ်ရင် တောင်အမေရိက ချန်ပီယံစ တဲ့ ချန်ပီယံအသင်း လေးငါးသင်းလောက်သာ ယှဉ်ပြိုင်ပြီး ဗိုလ်လုပွဲကစားလေ့ရှိတဲ့ ဖလားပြိုင်ပွဲတစ်ခု လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ ဖီဖာက ကမ္ဘာ့ဖလားပြိုင်ပွဲပုံစံအတိုင်း ကလပ်အသင်းပေါင်း (၃၂) သင်းနဲ့ ပထမဆုံးအကြိမ် ကြီးမှူးကျင်းပမှာလည်း ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို စုစုပေါင်းတစ်လအတွင်း ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပြီး ဆုကြေးငွေကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့်သွားမှာလည်း ဖြစ်ပါ တယ်။ ဗိုလ်စွဲတဲ့အသင်းဟာ စတာလင်ပေါင် သန်း(၁၀ဝ)ကျော် ( အမေရိကန်ဒေါ်လာ (၁၂၅) )သန်းရရှိ မှာဖြစ်ပါတယ်။

ကလပ်အသင်းပေါင်း (၃၂)သင်းကို လေး သင်းတစ်အုပ်စုနဲ့ အုပ်စု(၈)အုပ်စုပါဝင်မှာဖြစ်ပြီး ဥရော ပ တိုက် UEFA ကို ကိုယ်စားပြုတဲ့အသင်း(၁၂)သင်းတောင်အမေရိက ကိုယ်စားပြုအသင်း(၆)သင်း၊ မြောက်အမေရိက ၊ central အမေရိကနဲ့ ကာရေဘီယံဒေသကို ကိုယ်စားပြုတဲ့အသင်း(၄)သင်း၊ သမုဒ္ဒရာ ပိုင်းဇုန်တွေကအသင်း(၁)သင်း ၊ အာရှတိုက်ကို ကိုယ်စားပြုတဲ့အသင်း(၄)သင်း၊ အာဖရိကန် ဒေသကို ကိုယ်စားပြုတဲ့အသင်း(၄)သင်းနဲ့ အိမ်ရှင်နိုင်ငံ(၁)သင်းတို့ဖြစ်ပြီး ဝင်ရောက်ကစားခွင့်ရတဲ့ အသင်းစုစု ပေါင်း(၃၂)သင်းနဲ့ ယှဉ်ပြိုင်ကစားသွားကြမှာလည်းဖြစ်ပါတယ်။

ဥရောပရဲ့ UEFA ကို ကိုယ်စားပြုတဲ့ အသင်း(၁၂)သင်းထဲမှာတော့ ချန်ပီယံအသင်းတွေ ဖြစ်တဲ့ အပြင် ဥရောပအသင်းကြီး အများဆုံးပါဝင်မှာဖြစ်ပြီး ဒီပြိုင်ပွဲမှာဗိုလ်စွဲဖို့ ရာခိုင်နှုန်းအများဆုံး အုပ်စု တစ်ခုလည်း ဖြစ်ပါတယ်။ ဒီအုပ်စုထဲမှာတော့ ရီးရဲလ်မက်ဒရစ် ၊ ချဲလ်ဆီး၊ မန်စီးတီး ၊ ဘာစီလိုနာ ၊ ဘိုင် ယန်မြူးနစ်၊ PSG ၊ အင်တာမီလန်၊ ပေါ်တို၊ ဘင်ဖီကာ၊ ဒေါ့မွန်၊ ဂျူဗင်တပ် ၊ အက်သလက်တီ ကိုမက် ဒရစ်တို့ပဲဖြစ်ပါတယ်။ ဒီအသင်းတွေက ချန် ပီယံလိဂ်နဲ့ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ ကစားခဲ့ကြတဲ့အသင်း ကြီးတွေဖြစ်ပြီး ဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပေးတဲ့အတွက်လည်း အမေရိကန်ဒေါ်လာ (၁၂ . ၈)သန်း ကနေ (၃၈.၁၉)သန်းအထိ အဆင့်သတ်မှတ်ချက်အတိုင်း ရရှိမှာလည်းဖြစ်ပါတယ်။ တောင်အမေရိက တိုက်ကို ကိုယ်စားပြုတဲ့အသင်းတွေကတော့ ဘရာဇီးနဲ့ အာဂျင်တီးနားနိုင်ငံကိုကိုယ်စားပြုတဲ့ အသင်း တွေဖြစ်ပြီး ဘရာဇီးကအသင်းတွေဖြစ်တဲ့ ပါးလ်မီးယပ်၊ ဖလာမင်ဂို၊ ဖလူမီနီနဲ့ အာဂျင်တီးနား အသင်း တွေဖြစ်တဲ့ ရေးဘားပလိတ်နဲ့ ဘိုဂါဂျူနီယာအသင်းတွေပဲ ဖြစ်ပါတယ်။ ဒီအသင်းတွေဟာ ဝင်ကြေး အဖြစ် အမေရိကန်ဒေါ်လာ (၁၅.၂၁)သန်း ရရှိမှာဖြစ်ပါတယ်။ မြောက်အမေရိက central အမေရိကနဲ့ ကာရေဘီယံဒေသကို ကိုယ်စားပြုတဲ့အသင်း (၄)သင်းကတော့ မက္ကဆီကိုနိုင်ငံက ကလပ် အသင်း(၃) သင်း ဝင်ခွင့်ရခဲ့ပြီး မွန်တာရီ၊ ပါချူကာနဲ့ LA FC တို့ဖြစ်ပြီး မေဂျာလိဂ်အသင်းအနေနဲ့ကတော့ ဆန်တယ် ဆောင်းပါးတို့ဖြစ်ပြီး ဆုကြေးငွေအနေနဲ့ အမေရိကန်ဒေါ်လာ (၉.၅၅)သန်းရရှိမှာဖြစ်ပါတယ်။ အာရှတိုက် ကို ကိုယ်စားပြုပြီး ဝင်ခွင့်ရတဲ့အသင်း(၄)သင်းကတော့ ဆော်ဒီပရိုလိဂ်ရဲ့ ထိပ်သီးကလပ် AL-HiLAL ၊ ဂျပန်ဂျေလိဂ် က အိုရာဝါ ရက်ဒိုင်း မွန်း ၊ UAE ကလပ် AL-ALI နဲ့ ကိုရီးယား ကိုယ်စားပြုကလပ် အိုလန် အိတ်ဒီအသင်းတို့ ဖြစ်ပြီး ဆု ကြေးငွေးအဖြစ် (၉.၅၅)သန်းကို ရရှိမှာလည်းဖြစ်ပါတယ်။ အာဖရိကန် ဒေသကို ကိုယ်စားပြုတဲ့အသင်း(၄)သင်းကတော့ အီဂျစ်ကလပ်အသင်းဖြစ်တဲ့ အာဖရိကန်ဂျိုင်းရက်စ်လို့ လူသိများတဲ့ AL-AHLY ၊ မော်ရိုကိုနိုင်ငံရဲ့ WAC အသင်း၊ တူနီးရှားနိုင်ငံ ကလပ်ဒီတူးနစ်၊ အာဖရိကနိုင်ငံ ကလပ် မောင့်မယ် လိုနီ ဆန်းဒေါင်းအသင်းတို့ဖြစ်ပြီး ဆုကြေးငွေအဖြစ် အမေရိကန်‌‌ဒေါ်လာ (၉.၅၅) သန်း ရရှိမှာလည်းဖြစ်ပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာအနေနဲ့ အာရှတိုက်ကို ကိုယ်စားပြုတဲ့ အသင်းတွေ ၊ အာဖရိကန်ကို ကိုယ်စားပြုတဲ့အသင်းတွေနဲ့ မြောက်အမေရိက central အမေရိကနဲ့ ကာ ရေဘီယံဒေသကို ကိုယ်စားပြုတဲ့အသင်းတွေကို အဆင့်အတန်းတစ်ခုတည်းမှာ သတ်မှတ်ထားတာ ကို တွေ့ရပါတယ်။ သမုဒ္ဒရာပိုင်း ဇုန်တွေက အသင်း(၁)သင်းကတော့ နယူးဇီလန် နိုင်ငံက ကလပ် အသင်း ဖြစ်တဲ့ အော့လန်းစီးတီး အသင်းဖြစ်ပြီး ဝင်ခွင့်ဆုကြေးငွေအဖြစ် (၃.၅)သန်းသာ ရရှိမှာလည်း ဖြစ်ပါ တယ်။ အိမ်ရှင်အမေရိကန်အသင်း တစ်သင်းအနေနဲ့ကတော့ လီယွန်နယ်မက်ဆီရဲ့အသင်းဖြစ်တဲ့ အင် တာ မိုင်ယာမီအသင်းတို့ပါဝင်မှာဖြစ်ပါတယ်။

FIFA World Cup ပြိုင်ပွဲကို ချီးမြှင့်မယ့် ဆုကြေးငွေတွေကိုကြည့်လိုက်ရင် ရူးလောက်ချင်စရာ ကောင်းအောင် ပေးအပ်သွားမှာကိုတွေ့ရပြီး အုပ်စုအဆင့်မှာ အနိုင်ရတဲ့အသင်းဟာ တစ်ပွဲအနိုင်ရရင် အမေရိကန်ဒေါ်လာ (၂)သန်းရရှိမှာဖြစ်ပြီး သရေကျ ခဲ့ရင်လည်း အမေရိကန်ဒေါ်လာ(၁)သန်း ရရှိမှာဖြစ် ပါတယ်။ အုပ်စုအဆင့်ကနေ ကျွတ်ပြီး (၁၆)သင်း ရှုံးထွက် အဆင့်ကိုရောက်ခဲ့ရင် ဆုကြေးငွေအဖြစ် အမေရိကန် ဒေါ်လာ(၇.၅)သန်းရရှိမှာဖြစ်ပြီး ကွာတာဖိုင်နယ်ကို တက်ရောက်နိုင်တာနဲ့ ဆုကြေးငွေ အဖြစ် အမေရိကန်ဒေါ်လာ (၁၃.၁၂၅)သန်းရရှိမှာဖြစ်ပါတယ်။ ဆီမီးဖိုင်နယ်ဖြစ်တဲ့ အကြိုဗိုလ်လုပွဲကို ရောက်ရှိခဲ့မယ်ဆိုရင်တော့ ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ(၂၁)သန်းရရှိမှာဖြစ်ပြီး ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ပြီး ဖိုင်နယ်မှာ ကစားခွင့်ရရှိတဲ့ အသင်း(၂)သင်းဟာ အမေရိကန်ဒေါ်လာ သန်း (၃၀)စီ သတ်သတ်ရရှိမှာဖြစ်ပြီးတော့ ချန်ပီယံဖြစ်ပြီး ဗိုလ်စွဲတဲ့အသင်းကတော့ နောက်ထပ် အမေရိကန်ဒေါ် လာ သန်း(၄၀)ကို အပိုဆုအနေနဲ့ ဆုချီးမြှင့်ခံရဦးမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖီဖာရဲ့ FIFA World Cup 2025 ပြိုင်ပွဲတွေမှာ ချန်ပီယံအများဆုံး ရခဲ့တဲ့အသင်းတွေကတော့ ရီးရဲလ်မက်ဒရစ်အသင်းက ချန်ပီယံ(၅)ကြိမ် နဲ့ အများဆုံးရရှိထားပြီး ဘာစီလိုနာအသင်းက (၃)ကြိမ် ၊ ဘိုင်ယန်မြူးနစ်အသင်းက(၂)ကြိမ်နဲ့ တစ်ကြိမ် စီရရှိထားတဲ့အသင်းတွေကတော့ ချဲလ်ဆီး၊ လီဗာပူးလ်အပါအဝင် အသင်းအများစုကလည်း ချန်ပီယံ ဖြစ်ထားတာကိုတွေ့ရပါတယ်။ အစဉ်အလာအရ ဒီပြိုင်ပွဲမှာ လာလီဂါကလပ်အသင်းတွေက အကြိမ် အများဆုံးနဲ့ (၈)ကြိမ်အထိ ဗိုလ်စွဲထားတာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့က ရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ အုပ်စုအဆင့်ပွဲစဉ်တွေကို မဲခွဲဆုံးဖြတ်ခဲ့ပြီးပြီဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်မယ့်အသင်း (၃၂) သင်းရဲ့ ပွဲစဉ်တွေကို စောင့်ကြည့်သွားရဖို့လည်း ရှိနေပါတယ်။ အုပ်စုပွဲစဉ်တွေမှာတော့ အုပ်စု(၈)အုပ်စုမှာ အသင်းကြီးတစ်သင်းစီ ဥရောပကလပ် အသင်းကြီး တစ်သင်းစီပါဝင်နေတာကိုတွေ့ရပြီး အုပ်စု(B)မှာ အ သင်းကြီး (၂)သင်းဖြစ်တဲ့ PSG အသင်းနဲ့ အက်သလက်တီကိုအသင်းတို့ ပါဝင်နေတာကိုတွေ့ရမှာဖြစ်ပါ တယ်။ ဒါ့ပြင် အုပ်စု (C)မှာလည်း ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဘင်ဖီကာအသင်းတို့ ပါဝင်မှာဖြစ်ပြီး အုပ်စု (G)မှာတော့ မန်စီးတီး အသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ပါဝင်နေတာဖြစ်ပါတယ်။ ဒါကြောင့် အုပ်စု(B) ၊ အုပ်စု(C) ၊ အုပ်စု(G)တို့ကို မရဏအုပ်စုအဖြစ် သတ်မှတ်ထားလို့ရပါတယ်။ ကျန်တဲ့အုပ်စုအသီးသီးမှာ တော့ ဥရောပ အသင်းကြီး တစ်သင်းစီသာပါဝင်မှာဖြစ်ပြီး အုပ်စု(D) မှာ ချဲလ်ဆီးအသင်း ၊ အုပ်စု(E)မှာ အင်တာမီလန် ၊ အုပ်စု (F) မှာ ဒေါ့မွန်နဲ့ အုပ်စု (H)မှာတော့ ရီးရဲလ် မက်ဒရစ်အသင်းတို့ပါဝင်နေပြီး အုပ်စု (A)မှာ‌တော့ မက်ဆီရဲ့အသင်းဖြစ်တဲ့ အင်တာမိုင်ယာမီနဲ့ ပေါ်တိုအသင်းတို့ပါဝင်နေတာ ဖြစ်ပါ တယ်။ ဒီပြိုင်ပွဲကို ကမ္ဘာ့ဖလားကျင်းပတဲ့ ပုံစံအတိုင်း ကျင်းပသွားမှာ ဖြစ်တာကြောင့် အုပ်စုတစ်ခုချင်းစီ မှာ အသင်း(၂)သင်းသာ အုပ်စုကနေတက်ရောက်နိုင်ဖို့ အခွင့်အရေးရှိမှာဖြစ်ပါတယ်။ ဒါ့ပြင် အုပ်စုအဆင့် ကတက်ရင် တစ်ဖက်က အုပ်စုပထမနဲ့ အုပ်စုတစ်ဖက်က ဒုတိယရတဲ့အသင်းတွေက ထိပ်တိုက်ရင်ဆိုင် ရမှာ ဖြစ်တာကြောင့်လည်း ခြေစွမ်းကောင်းပြီး အမှတ်ပြည့်ရရှိနိုင်တဲ့ အသင်းတွေကတော့ အခြေအနေ ကောင်းသွားနိုင်တဲ့အနေအထားမျိုးဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ရေပန်းစားနေတဲ့အသင်းတွေကတော့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့အသင်း ကတော့ ဖီဖာချန်ပီယံဆုကို(၅)ကြိမ်အထိရရှိထားတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဖြစ်ပြီး ဒုတိယ နေရာမှာ တော့ မန်စီးတီးအသင်းက ရပ်တည်နေ ပါတယ်။ တတိယနေရာမှာတော့ ဘိုင်ယန်မြူးနစ်အသင်းက ရပ်တည်နေပြီး နောက်ထပ်အသင်းတွေ အနေနဲ့ ဘာစီလိုနာ၊ PSG ၊ ချဲလ်ဆီး၊ ဒေါ့မွန်၊ ဂျူဗင်တပ်၊ အက် သလက်တီကိုမက်ဒရစ်နဲ့ ဖလာမင်ကို အသင်းတွေက အစဉ်လိုက်ရပ်တည်နေတာကို တွေ့ရပါတယ်။

ဒီနှစ် FIFA World Cup 2025 ပြိုင်ပွဲရဲ့ ထူးခြားချက်အနေနဲ့ကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို နိုင်ငံ အသင်းတွေနဲ့ ကြည့်ရတာမျိုးမဟုတ်ဘဲ နိုင်ငံတွေရဲ့ ကလပ်အသင်းတွေအနေနဲ့ အားပေး ကြည့်ရှုရမှာ ဖြစ်တာ ကြောင့် မတူညီတဲ့ခံစားမှုနဲ့ ကမ္ဘာ့ ဖလားပြိုင်ပွဲကြီးကို ပြန်လည်ကြည့်ရှုခွင့်ရမှာဖြစ်တာ ကြောင့် ကလပ်အသင်းတွေရဲ့ ဒီရာသီပြိုင်ပွဲတွေ ပြီးဆုံးသွားချိန်မှာ စောင့်ကြည့်ချင်စရာ ပြိုင်ပွဲတစ်ခု ဖြစ်လာဖို့ရှိ နေပါတယ်။ ဒါ့ပြင် ဖီဖာရဲ့သမိုင်းတစ်လျှောက် ပထမဆုံးကျင်းပတဲ့ ပွဲဖြစ်တဲ့အတွက်လည်း ချန်ပီယံဆုကို ဆုဖလားအသစ်ပုံစံနဲ့ မြင်တွေ့ရမှာဖြစ်ပြီး ဆုကြေးငွေတွေကိုလည်း အဆင့်ဆင့်နဲ့ များစွာပေးထားတာ ကိုတွေ့ရပါတယ်။ နောက်ထပ် အနေနဲ့ကတော့ ကလပ်အသင်းတွေရဲ့ ဒီပြိုင်ပွဲအပေါ်ဘယ်လောက်အထိ အာရုံစိုက်ကစားသွားမလဲဆိုတာဖြစ်ပြီး ပြိုင်ပွဲပြီးဆုံးချိန်ဟာ ပရီးမီးယားလိဂ်နဲ့ လာလီဂါပြိုင်ပွဲတွေပြန်စ ဖို့ နှစ်ပတ်လောက်သာ လိုတာကြောင့် ဒီပြိုင်ပွဲအပေါ်မှာ အပြည့်အဝ အာရုံစိုက်သွားနိုင်မလားဆိုတာကို လည်း စောင့်ကြည့်ရဖို့ရှိနေပါတယ်။

အမေရိကန်နိုင်ငံကတော့ (၂၀၂၄) ခုနှစ်မှာ ကိုပါအမေရိက ပြိုင်ပွဲ ၊ (၂၀၂၅) မှာ FIFA World Cup ပြိုင်ပွဲအပြင် လာမယ့် (၂၀၂၆)မှာလည်း ပြိုင်ပွဲဝင်အသင်းပေါင်း(၄၈)သင်းပါတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကို အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတို့က ပူးပေါင်းကျင်းပသွားမှာဖြစ်ပြီး (၂၀၂၈) မှာတော့ LA မှာ အိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပမှာဖြစ်တဲ့အတွက် အမေရိကန်နိုင်ငံဟာ နိုင်ငံတကာပြိုင်ပွဲကြီးတွေကို ဆက်တိုက်ကျင်းပ ခွင့်ရရှိနေတာ ဖြစ်ပါတယ်။

ဒါကတော့ ဖီဖာကနေ အသစ်ပြန်လည် ကျင်းပတဲ့ FIFA World Cup 2025 ပြိုင်ပွဲရဲ့ ထူးခြား ချက်တွေကို ဖော်ပြပေးခဲ့တာဖြစ်ပြီး အဖွင့်ပွဲစဉ်ကိုတော့ လာမယ့် ဇွန်လ(၁၅)ရက်မှာ မက်ဆီရဲ့ အင်တာ မိုင်ယာမီအသင်းနဲ့ အာဖရိကန်ကလပ် ချန်ပီယံအသင်းဖြစ်တဲ့ အယ်အာလီအသင်းတို့ စတင် ယှဉ်ပြိုင် ကစားသွားကြမှာပဲဖြစ်တာကြောင့် မက်ဆီ ပါဝင်တဲ့ ကမ္ဘာ့ဖလားကလပ်ပြိုင်ပွဲကို စောင့်ကြည့် ရမှာဖြစ် ပေမယ့် ရော်နယ်ဒိုရဲ့ ကလပ်အသင်းကတော့ ယှဉ်ပြိုင်ခွင့်မရခဲ့တာကိုတွေ့ရတာကြောင့် မက်ဆီ ပါပြီး ရော်နယ်ဒိုမပါဝင်တဲ့ ကမ္ဘာ့ဖလားကလပ်ပြိုင်ပွဲကို ကြည့်ရှုရတော့မှာ ဖြစ်ပါတယ်။

zawgyi version
FIFA က အသစ္ျပန္လည္က်င္းပတဲ့ FIFA World Cup ၿပိဳင္ပြဲရဲ႕ ထူးျခားခ်က္မ်ား
ရဲထက္ (NP News) - ဇြန္ ၁ဝ

(၂၀၂၄-၂၀၂၅)ေဘာလုံးရာသီ ဥေရာပတိုက္ရဲ႕ လူစိတ္ဝင္စားမႈအမ်ားဆုံး ေဘာလုံးျပကၡဒိန္ တစ္ခု ကေတာ့ ၿပီးဆုံးသြားခဲ့ၿပီပဲျဖစ္ပါတယ္။ ဒီလိုအမွတ္ေပးလိဂ္ၿပိဳင္ပြဲေတြ ၿပီးဆုံးသြားခဲ့ၿပီးတဲ့ေနာက္မွာ ေတာ့ ဖီဖာကေန ႏွစ္စဥ္ႀကီးမႉးက်င္းပတဲ့ FIFA World Cup 2025 ၿပိဳင္ပြဲဟာ အေမရိကန္ႏိုင္ငံမွာ ဇြန္လ (၁၅) ရက္ကစၿပီး ယွဥ္ၿပိဳင္ကစားၾကေတာ့မွာလည္း ျဖစ္ပါတယ္။ အရင္ႏွစ္ေတြက FIFA World Cup ၿပိဳင္ပြဲကို ဥေရာပခ်န္ပီယံလိဂ္ရရွိတဲ့အသင္းနဲ႔ အာရွခ်န္ပီယံ ဒါမွမဟုတ္ရင္ ေတာင္အေမရိက ခ်န္ပီယံစ တဲ့ ခ်န္ပီယံအသင္း ေလးငါးသင္းေလာက္သာ ယွဥ္ၿပိဳင္ၿပီး ဗိုလ္လုပြဲကစားေလ့ရွိတဲ့ ဖလားၿပိဳင္ပြဲတစ္ခု လည္း ျဖစ္ပါတယ္။ ဒါေပမဲ့ ဒီႏွစ္မွာေတာ့ ဖီဖာက ကမာၻ႔ဖလားၿပိဳင္ပြဲပုံစံအတိုင္း ကလပ္အသင္းေပါင္း (၃၂) သင္းနဲ႔ ပထမဆုံးအႀကိမ္ ႀကီးမႉးက်င္းပမွာလည္း ျဖစ္ပါတယ္။ ဒီၿပိဳင္ပြဲကို စုစုေပါင္းတစ္လအတြင္း ယွဥ္ၿပိဳင္ကစားသြားၾကမွာျဖစ္ၿပီး ဆုေၾကးေငြကိုလည္း ထိုက္ထိုက္တန္တန္ ခ်ီးျမႇင့္သြားမွာလည္း ျဖစ္ပါ တယ္။ ဗိုလ္စြဲတဲ့အသင္းဟာ စတာလင္ေပါင္ သန္း(၁၀ဝ)ေက်ာ္ ( အေမရိကန္ေဒၚလာ (၁၂၅) )သန္းရရွိ မွာျဖစ္ပါတယ္။

ကလပ္အသင္းေပါင္း (၃၂)သင္းကို ေလး သင္းတစ္အုပ္စုနဲ႔ အုပ္စု(၈)အုပ္စုပါဝင္မွာျဖစ္ၿပီး ဥေရာ ပ တိုက္ UEFA ကို ကိုယ္စားျပဳတဲ့အသင္း(၁၂)သင္းေတာင္အေမရိက ကိုယ္စားျပဳအသင္း(၆)သင္း၊ ေျမာက္အေမရိက ၊ central အေမရိကနဲ႔ ကာေရဘီယံေဒသကို ကိုယ္စားျပဳတဲ့အသင္း(၄)သင္း၊ သမုဒၵရာ ပိုင္းဇုန္ေတြကအသင္း(၁)သင္း ၊ အာရွတိုက္ကို ကိုယ္စားျပဳတဲ့အသင္း(၄)သင္း၊ အာဖရိကန္ ေဒသကို ကိုယ္စားျပဳတဲ့အသင္း(၄)သင္းနဲ႔ အိမ္ရွင္ႏိုင္ငံ(၁)သင္းတို႔ျဖစ္ၿပီး ဝင္ေရာက္ကစားခြင့္ရတဲ့ အသင္းစုစု ေပါင္း(၃၂)သင္းနဲ႔ ယွဥ္ၿပိဳင္ကစားသြားၾကမွာလည္းျဖစ္ပါတယ္။

ဥေရာပရဲ႕ UEFA ကို ကိုယ္စားျပဳတဲ့ အသင္း(၁၂)သင္းထဲမွာေတာ့ ခ်န္ပီယံအသင္းေတြ ျဖစ္တဲ့ အျပင္ ဥေရာပအသင္းႀကီး အမ်ားဆုံးပါဝင္မွာျဖစ္ၿပီး ဒီၿပိဳင္ပြဲမွာဗိုလ္စြဲဖို႔ ရာခိုင္ႏႈန္းအမ်ားဆုံး အုပ္စု တစ္ခုလည္း ျဖစ္ပါတယ္။ ဒီအုပ္စုထဲမွာေတာ့ ရီးရဲလ္မက္ဒရစ္ ၊ ခ်ဲလ္ဆီး၊ မန္စီးတီး ၊ ဘာစီလိုနာ ၊ ဘိုင္ ယန္ျမဴးနစ္၊ PSG ၊ အင္တာမီလန္၊ ေပၚတို၊ ဘင္ဖီကာ၊ ေဒါ့မြန္၊ ဂ်ဴဗင္တပ္ ၊ အက္သလက္တီ ကိုမက္ ဒရစ္တို႔ပဲျဖစ္ပါတယ္။ ဒီအသင္းေတြက ခ်န္ ပီယံလိဂ္နဲ႔ယူ႐ိုပါလိဂ္ၿပိဳင္ပြဲေတြမွာ ကစားခဲ့ၾကတဲ့အသင္း ႀကီးေတြျဖစ္ၿပီး ဒီၿပိဳင္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ေပးတဲ့အတြက္လည္း အေမရိကန္ေဒၚလာ (၁၂ . ၈)သန္း ကေန (၃၈.၁၉)သန္းအထိ အဆင့္သတ္မွတ္ခ်က္အတိုင္း ရရွိမွာလည္းျဖစ္ပါတယ္။ ေတာင္အေမရိက တိုက္ကို ကိုယ္စားျပဳတဲ့အသင္းေတြကေတာ့ ဘရာဇီးနဲ႔ အာဂ်င္တီးနားႏိုင္ငံကိုကိုယ္စားျပဳတဲ့ အသင္း ေတြျဖစ္ၿပီး ဘရာဇီးကအသင္းေတြျဖစ္တဲ့ ပါးလ္မီးယပ္၊ ဖလာမင္ဂို၊ ဖလူမီနီနဲ႔ အာဂ်င္တီးနား အသင္း ေတြျဖစ္တဲ့ ေရးဘားပလိတ္နဲ႔ ဘိုဂါဂ်ဴနီယာအသင္းေတြပဲ ျဖစ္ပါတယ္။ ဒီအသင္းေတြဟာ ဝင္ေၾကး အျဖစ္ အေမရိကန္ေဒၚလာ (၁၅.၂၁)သန္း ရရွိမွာျဖစ္ပါတယ္။ ေျမာက္အေမရိက central အေမရိကနဲ႔ ကာေရဘီယံေဒသကို ကိုယ္စားျပဳတဲ့အသင္း (၄)သင္းကေတာ့ မကၠဆီကိုႏိုင္ငံက ကလပ္ အသင္း(၃) သင္း ဝင္ခြင့္ရခဲ့ၿပီး မြန္တာရီ၊ ပါခ်ဴကာနဲ႔ LA FC တို႔ျဖစ္ၿပီး ေမဂ်ာလိဂ္အသင္းအေနနဲ႔ကေတာ့ ဆန္တယ္ ေဆာင္းပါးတို႔ျဖစ္ၿပီး ဆုေၾကးေငြအေနနဲ႔ အေမရိကန္ေဒၚလာ (၉.၅၅)သန္းရရွိမွာျဖစ္ပါတယ္။ အာရွတိုက္ ကို ကိုယ္စားျပဳၿပီး ဝင္ခြင့္ရတဲ့အသင္း(၄)သင္းကေတာ့ ေဆာ္ဒီပ႐ိုလိဂ္ရဲ႕ ထိပ္သီးကလပ္ AL-HiLAL ၊ ဂ်ပန္ေဂ်လိဂ္ က အိုရာဝါ ရက္ဒိုင္း မြန္း ၊ UAE ကလပ္ AL-ALI နဲ႔ ကိုရီးယား ကိုယ္စားျပဳကလပ္ အိုလန္ အိတ္ဒီအသင္းတို႔ ျဖစ္ၿပီး ဆု ေၾကးေငြးအျဖစ္ (၉.၅၅)သန္းကို ရရွိမွာလည္းျဖစ္ပါတယ္။ အာဖရိကန္ ေဒသကို ကိုယ္စားျပဳတဲ့အသင္း(၄)သင္းကေတာ့ အီဂ်စ္ကလပ္အသင္းျဖစ္တဲ့ အာဖရိကန္ဂ်ိဳင္းရက္စ္လို႔ လူသိမ်ားတဲ့ AL-AHLY ၊ ေမာ္႐ိုကိုႏိုင္ငံရဲ႕ WAC အသင္း၊ တူနီးရွားႏိုင္ငံ ကလပ္ဒီတူးနစ္၊ အာဖရိကႏိုင္ငံ ကလပ္ ေမာင့္မယ္ လိုနီ ဆန္းေဒါင္းအသင္းတို႔ျဖစ္ၿပီး ဆုေၾကးေငြအျဖစ္ အေမရိကန္‌‌ေဒၚလာ (၉.၅၅) သန္း ရရွိမွာလည္းျဖစ္ပါတယ္။ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ ဖီဖာအေနနဲ႔ အာရွတိုက္ကို ကိုယ္စားျပဳတဲ့ အသင္းေတြ ၊ အာဖရိကန္ကို ကိုယ္စားျပဳတဲ့အသင္းေတြနဲ႔ ေျမာက္အေမရိက central အေမရိကနဲ႔ ကာ ေရဘီယံေဒသကို ကိုယ္စားျပဳတဲ့အသင္းေတြကို အဆင့္အတန္းတစ္ခုတည္းမွာ သတ္မွတ္ထားတာ ကို ေတြ႕ရပါတယ္။ သမုဒၵရာပိုင္း ဇုန္ေတြက အသင္း(၁)သင္းကေတာ့ နယူးဇီလန္ ႏိုင္ငံက ကလပ္ အသင္း ျဖစ္တဲ့ ေအာ့လန္းစီးတီး အသင္းျဖစ္ၿပီး ဝင္ခြင့္ဆုေၾကးေငြအျဖစ္ (၃.၅)သန္းသာ ရရွိမွာလည္း ျဖစ္ပါ တယ္။ အိမ္ရွင္အေမရိကန္အသင္း တစ္သင္းအေနနဲ႔ကေတာ့ လီယြန္နယ္မက္ဆီရဲ႕အသင္းျဖစ္တဲ့ အင္ တာ မိုင္ယာမီအသင္းတို႔ပါဝင္မွာျဖစ္ပါတယ္။

FIFA World Cup ၿပိဳင္ပြဲကို ခ်ီးျမႇင့္မယ့္ ဆုေၾကးေငြေတြကိုၾကည့္လိုက္ရင္ ႐ူးေလာက္ခ်င္စရာ ေကာင္းေအာင္ ေပးအပ္သြားမွာကိုေတြ႕ရၿပီး အုပ္စုအဆင့္မွာ အႏိုင္ရတဲ့အသင္းဟာ တစ္ပြဲအႏိုင္ရရင္ အေမရိကန္ေဒၚလာ (၂)သန္းရရွိမွာျဖစ္ၿပီး သေရက် ခဲ့ရင္လည္း အေမရိကန္ေဒၚလာ(၁)သန္း ရရွိမွာျဖစ္ ပါတယ္။ အုပ္စုအဆင့္ကေန ကြၽတ္ၿပီး (၁၆)သင္း ရႈံးထြက္ အဆင့္ကိုေရာက္ခဲ့ရင္ ဆုေၾကးေငြအျဖစ္ အေမရိကန္ ေဒၚလာ(၇.၅)သန္းရရွိမွာျဖစ္ၿပီး ကြာတာဖိုင္နယ္ကို တက္ေရာက္ႏိုင္တာနဲ႔ ဆုေၾကးေငြ အျဖစ္ အေမရိကန္ေဒၚလာ (၁၃.၁၂၅)သန္းရရွိမွာျဖစ္ပါတယ္။ ဆီမီးဖိုင္နယ္ျဖစ္တဲ့ အႀကိဳဗိုလ္လုပြဲကို ေရာက္ရွိခဲ့မယ္ဆိုရင္ေတာ့ ဆုေၾကးေငြအျဖစ္ အေမရိကန္ေဒၚလာ(၂၁)သန္းရရွိမွာျဖစ္ၿပီး ဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ၿပီး ဖိုင္နယ္မွာ ကစားခြင့္ရရွိတဲ့ အသင္း(၂)သင္းဟာ အေမရိကန္ေဒၚလာ သန္း (၃၀)စီ သတ္သတ္ရရွိမွာျဖစ္ၿပီးေတာ့ ခ်န္ပီယံျဖစ္ၿပီး ဗိုလ္စြဲတဲ့အသင္းကေတာ့ ေနာက္ထပ္ အေမရိကန္ေဒၚ လာ သန္း(၄၀)ကို အပိုဆုအေနနဲ႔ ဆုခ်ီးျမႇင့္ခံရဦးမွာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဖီဖာရဲ႕ FIFA World Cup 2025 ၿပိဳင္ပြဲေတြမွာ ခ်န္ပီယံအမ်ားဆုံး ရခဲ့တဲ့အသင္းေတြကေတာ့ ရီးရဲလ္မက္ဒရစ္အသင္းက ခ်န္ပီယံ(၅)ႀကိမ္ နဲ႔ အမ်ားဆုံးရရွိထားၿပီး ဘာစီလိုနာအသင္းက (၃)ႀကိမ္ ၊ ဘိုင္ယန္ျမဴးနစ္အသင္းက(၂)ႀကိမ္နဲ႔ တစ္ႀကိမ္ စီရရွိထားတဲ့အသင္းေတြကေတာ့ ခ်ဲလ္ဆီး၊ လီဗာပူးလ္အပါအဝင္ အသင္းအမ်ားစုကလည္း ခ်န္ပီယံ ျဖစ္ထားတာကိုေတြ႕ရပါတယ္။ အစဥ္အလာအရ ဒီၿပိဳင္ပြဲမွာ လာလီဂါကလပ္အသင္းေတြက အႀကိမ္ အမ်ားဆုံးနဲ႔ (၈)ႀကိမ္အထိ ဗိုလ္စြဲထားတာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔က ရရွိခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာ အုပ္စုအဆင့္ပြဲစဥ္ေတြကို မဲခြဲဆုံးျဖတ္ခဲ့ၿပီးၿပီျဖစ္ၿပီး ပါဝင္ယွဥ္ၿပိဳင္မယ့္အသင္း (၃၂) သင္းရဲ႕ ပြဲစဥ္ေတြကို ေစာင့္ၾကည့္သြားရဖို႔လည္း ရွိေနပါတယ္။ အုပ္စုပြဲစဥ္ေတြမွာေတာ့ အုပ္စု(၈)အုပ္စုမွာ အသင္းႀကီးတစ္သင္းစီ ဥေရာပကလပ္ အသင္းႀကီး တစ္သင္းစီပါဝင္ေနတာကိုေတြ႕ရၿပီး အုပ္စု(B)မွာ အ သင္းႀကီး (၂)သင္းျဖစ္တဲ့ PSG အသင္းနဲ႔ အက္သလက္တီကိုအသင္းတို႔ ပါဝင္ေနတာကိုေတြ႕ရမွာျဖစ္ပါ တယ္။ ဒါ့ျပင္ အုပ္စု (C)မွာလည္း ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ဘင္ဖီကာအသင္းတို႔ ပါဝင္မွာျဖစ္ၿပီး အုပ္စု (G)မွာေတာ့ မန္စီးတီး အသင္းနဲ႔ ဂ်ဴဗင္တပ္အသင္းတို႔ပါဝင္ေနတာျဖစ္ပါတယ္။ ဒါေၾကာင့္ အုပ္စု(B) ၊ အုပ္စု(C) ၊ အုပ္စု(G)တို႔ကို မရဏအုပ္စုအျဖစ္ သတ္မွတ္ထားလို႔ရပါတယ္။ က်န္တဲ့အုပ္စုအသီးသီးမွာ ေတာ့ ဥေရာပ အသင္းႀကီး တစ္သင္းစီသာပါဝင္မွာျဖစ္ၿပီး အုပ္စု(D) မွာ ခ်ဲလ္ဆီးအသင္း ၊ အုပ္စု(E)မွာ အင္တာမီလန္ ၊ အုပ္စု (F) မွာ ေဒါ့မြန္နဲ႔ အုပ္စု (H)မွာေတာ့ ရီးရဲလ္ မက္ဒရစ္အသင္းတို႔ပါဝင္ေနၿပီး အုပ္စု (A)မွာ‌ေတာ့ မက္ဆီရဲ႕အသင္းျဖစ္တဲ့ အင္တာမိုင္ယာမီနဲ႔ ေပၚတိုအသင္းတို႔ပါဝင္ေနတာ ျဖစ္ပါ တယ္။ ဒီၿပိဳင္ပြဲကို ကမာၻ႔ဖလားက်င္းပတဲ့ ပုံစံအတိုင္း က်င္းပသြားမွာ ျဖစ္တာေၾကာင့္ အုပ္စုတစ္ခုခ်င္းစီ မွာ အသင္း(၂)သင္းသာ အုပ္စုကေနတက္ေရာက္ႏိုင္ဖို႔ အခြင့္အေရးရွိမွာျဖစ္ပါတယ္။ ဒါ့ျပင္ အုပ္စုအဆင့္ ကတက္ရင္ တစ္ဖက္က အုပ္စုပထမနဲ႔ အုပ္စုတစ္ဖက္က ဒုတိယရတဲ့အသင္းေတြက ထိပ္တိုက္ရင္ဆိုင္ ရမွာ ျဖစ္တာေၾကာင့္လည္း ေျခစြမ္းေကာင္းၿပီး အမွတ္ျပည့္ရရွိႏိုင္တဲ့ အသင္းေတြကေတာ့ အေျခအေန ေကာင္းသြားႏိုင္တဲ့အေနအထားမ်ိဳးျဖစ္ပါတယ္။

ဒီၿပိဳင္ပြဲမွာ ဗိုလ္စြဲဖို႔ေရပန္းစားေနတဲ့အသင္းေတြကေတာ့ ထိပ္ဆုံးမွာ ရပ္တည္ေနတဲ့အသင္း ကေတာ့ ဖီဖာခ်န္ပီယံဆုကို(၅)ႀကိမ္အထိရရွိထားတဲ့ ရီးရဲလ္မက္ဒရစ္အသင္းျဖစ္ၿပီး ဒုတိယ ေနရာမွာ ေတာ့ မန္စီးတီးအသင္းက ရပ္တည္ေန ပါတယ္။ တတိယေနရာမွာေတာ့ ဘိုင္ယန္ျမဴးနစ္အသင္းက ရပ္တည္ေနၿပီး ေနာက္ထပ္အသင္းေတြ အေနနဲ႔ ဘာစီလိုနာ၊ PSG ၊ ခ်ဲလ္ဆီး၊ ေဒါ့မြန္၊ ဂ်ဴဗင္တပ္၊ အက္ သလက္တီကိုမက္ဒရစ္နဲ႔ ဖလာမင္ကို အသင္းေတြက အစဥ္လိုက္ရပ္တည္ေနတာကို ေတြ႕ရပါတယ္။

ဒီႏွစ္ FIFA World Cup 2025 ၿပိဳင္ပြဲရဲ႕ ထူးျခားခ်က္အေနနဲ႔ကေတာ့ ကမာၻ႔ဖလား ၿပိဳင္ပြဲကို ႏိုင္ငံ အသင္းေတြနဲ႔ ၾကည့္ရတာမ်ိဳးမဟုတ္ဘဲ ႏိုင္ငံေတြရဲ႕ ကလပ္အသင္းေတြအေနနဲ႔ အားေပး ၾကည့္ရႈရမွာ ျဖစ္တာ ေၾကာင့္ မတူညီတဲ့ခံစားမႈနဲ႔ ကမာၻ႔ ဖလားၿပိဳင္ပြဲႀကီးကို ျပန္လည္ၾကည့္ရႈခြင့္ရမွာျဖစ္တာ ေၾကာင့္ ကလပ္အသင္းေတြရဲ႕ ဒီရာသီၿပိဳင္ပြဲေတြ ၿပီးဆုံးသြားခ်ိန္မွာ ေစာင့္ၾကည့္ခ်င္စရာ ၿပိဳင္ပြဲတစ္ခု ျဖစ္လာဖို႔ရွိ ေနပါတယ္။ ဒါ့ျပင္ ဖီဖာရဲ႕သမိုင္းတစ္ေလွ်ာက္ ပထမဆုံးက်င္းပတဲ့ ပြဲျဖစ္တဲ့အတြက္လည္း ခ်န္ပီယံဆုကို ဆုဖလားအသစ္ပုံစံနဲ႔ ျမင္ေတြ႕ရမွာျဖစ္ၿပီး ဆုေၾကးေငြေတြကိုလည္း အဆင့္ဆင့္နဲ႔ မ်ားစြာေပးထားတာ ကိုေတြ႕ရပါတယ္။ ေနာက္ထပ္ အေနနဲ႔ကေတာ့ ကလပ္အသင္းေတြရဲ႕ ဒီၿပိဳင္ပြဲအေပၚဘယ္ေလာက္အထိ အာ႐ုံစိုက္ကစားသြားမလဲဆိုတာျဖစ္ၿပီး ၿပိဳင္ပြဲၿပီးဆုံးခ်ိန္ဟာ ပရီးမီးယားလိဂ္နဲ႔ လာလီဂါၿပိဳင္ပြဲေတြျပန္စ ဖို႔ ႏွစ္ပတ္ေလာက္သာ လိုတာေၾကာင့္ ဒီၿပိဳင္ပြဲအေပၚမွာ အျပည့္အဝ အာ႐ုံစိုက္သြားႏိုင္မလားဆိုတာကို လည္း ေစာင့္ၾကည့္ရဖို႔ရွိေနပါတယ္။

အေမရိကန္ႏိုင္ငံကေတာ့ (၂၀၂၄) ခုႏွစ္မွာ ကိုပါအေမရိက ၿပိဳင္ပြဲ ၊ (၂၀၂၅) မွာ FIFA World Cup ၿပိဳင္ပြဲအျပင္ လာမယ့္ (၂၀၂၆)မွာလည္း ၿပိဳင္ပြဲဝင္အသင္းေပါင္း(၄၈)သင္းပါတဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲကို အေမရိကန္၊ မကၠဆီကိုနဲ႔ ကေနဒါႏိုင္ငံတို႔က ပူးေပါင္းက်င္းပသြားမွာျဖစ္ၿပီး (၂၀၂၈) မွာေတာ့ LA မွာ အိုလံပစ္ၿပိဳင္ပြဲကို လက္ခံက်င္းပမွာျဖစ္တဲ့အတြက္ အေမရိကန္ႏိုင္ငံဟာ ႏိုင္ငံတကာၿပိဳင္ပြဲႀကီးေတြကို ဆက္တိုက္က်င္းပ ခြင့္ရရွိေနတာ ျဖစ္ပါတယ္။

ဒါကေတာ့ ဖီဖာကေန အသစ္ျပန္လည္ က်င္းပတဲ့ FIFA World Cup 2025 ၿပိဳင္ပြဲရဲ႕ ထူးျခား ခ်က္ေတြကို ေဖာ္ျပေပးခဲ့တာျဖစ္ၿပီး အဖြင့္ပြဲစဥ္ကိုေတာ့ လာမယ့္ ဇြန္လ(၁၅)ရက္မွာ မက္ဆီရဲ႕ အင္တာ မိုင္ယာမီအသင္းနဲ႔ အာဖရိကန္ကလပ္ ခ်န္ပီယံအသင္းျဖစ္တဲ့ အယ္အာလီအသင္းတို႔ စတင္ ယွဥ္ၿပိဳင္ ကစားသြားၾကမွာပဲျဖစ္တာေၾကာင့္ မက္ဆီ ပါဝင္တဲ့ ကမာၻ႔ဖလားကလပ္ၿပိဳင္ပြဲကို ေစာင့္ၾကည့္ ရမွာျဖစ္ ေပမယ့္ ေရာ္နယ္ဒိုရဲ႕ ကလပ္အသင္းကေတာ့ ယွဥ္ၿပိဳင္ခြင့္မရခဲ့တာကိုေတြ႕ရတာေၾကာင့္ မက္ဆီ ပါၿပီး ေရာ္နယ္ဒိုမပါဝင္တဲ့ ကမာၻ႔ဖလားကလပ္ၿပိဳင္ပြဲကို ၾကည့္ရႈရေတာ့မွာ ျဖစ္ပါတယ္။

Picture

Moe Hein

10/06/2025 21:42

Club World Cup, not World Cup

Related news

© 2021. All rights reserved.