မြောက်ကိုရီးယားနဲ့ ရုရှားကြား အပြန်အလှန်ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေဖို့ တိုးမြှင့်လုပ်ဆောင်မှာဖြစ်ကြောင်း ရုရှားသမ္မတပူတင် နဲ့ မြောက်ကိုရီးယားခေါင်းဆောင်ပြော

 651

ဂျန်ဇက် (NP News) - သြဂုတ် ၁၅
ရုရှားသမ္မတပူတင်က ရုရှားနိုင်ငံဟာ မြောက်ကိုရီးယားနိုင်ငံ နဲ့ အပြန်အလှန်ဆက်ဆံရေး ကောင်းမွန်စေဖို့ တိုးမြှင့် လုပ်ဆောင်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားနဲ့ ရုရှားနိုင်ငံကြား အပြုသဘောဆောင်တဲ့ ဘက်စုံဆက်ဆံရေးကောင်းမွန်အောင် ကြိုးပမ်း အားထုတ်သွားမှာဖြစ်တယ်လို့ ရုရှားသမ္မတ က ပြောပါတယ်။ မြောက်ကိုရီးယားနိုင်ငံလွတ်လပ်ရေးနေ့ကို ပေးပို့တဲ့ စာထဲမှာ ရုရှားသမ္မတက ရေးသားထားခြင်းဖြစ် ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA က ဆိုပါတယ်။

ရုရှားသမ္မတပူတင်က နှစ်နိုင်ငံ အကျိုးစီးပွားအတွက် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုတွေက ကိုရီးယားကျွန်းဆွယ် တည်ငြိမ်ရေး နဲ့ လုံခြုံရေးအတွက် အထောက်အကူဖြစ်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအမ်ကလည်း "နှစ်နိုင်ငံကြားမဟာဗျူဟာမြောက်၊ နည်းပညာပိုင်း ပူးပေါင်း ဆောင်ရွက်မှုတွေ၊ ကူညီထောက်ပံ့ပေးမှုတွေ နဲ့ စုစည်းညီညွတ်မှုတွေ နှစ်နိုင်ငံဆက်ဆံရေးကြား နောက်ထပ် အဆင့်အတန်းတစ်ခုကို ထပ်မံရောက်ရှိနေပါတယ်။ နှစ်နိုင်ငံကြားပြန်အလှန်ဆက်ဆံရေးကောင်းမွန်မှုတွေက ရန်လိုတဲ့စစ်တပ်တွေရဲ့ရန်စမှုတွေ၊ ခြိမ်းခြောက်မှုတွေ လျော့ပါးလာအောင်လုပ်ဆောင်နိုင်မှာဖြစ်တယ်" လို့ ပြောပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်က ၄င်းဟာ၂ဝ၁၉ ခုနှစ်မှာ ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်း ရရှိခဲ့တဲ့သဘောတူညီချက်တွေကိုအခြေခံပြီး နှစ်နိုင်ငံကြား ဆက်ဆံရေး ပိုမိုတိုးချဲ့တည်ဆောက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ရုရှားက ကျောထောက်နောက်ခံပြုပေးထားတဲ့ ယူကရိန်းရဲ့ဒေသနှစ်ခုရဲ့ လွတ်လပ်ရေး ကို ဇူလိုင်လအတွင်း အသိအမှတ်ပြုခဲ့တယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ၄င်းရဲ့အလုပ်သမားတွေကို ရုရှားနိုင်ငံရဲ့ဆောက်လုပ်ရေးနဲ့ အခြားလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်စေဖို့ စေလွှတ်တာမျိုးတွေရှိနေတယ်လို့ သိရပါတယ်.။

https://www.channelnewsasia.com/asia/putin-says-russia-and-north-korea-will-expand-bilateral-relations-kcna-2880421

Zawgyi Version;
ေျမာက္ကိုရီးယားနဲ႔ ႐ုရွားၾကား အျပန္အလွန္ဆက္ဆံေရးကို ပိုမိုေကာင္းမြန္ေစဖို႔ တိုးျမႇင့္လုပ္ေဆာင္မွာျဖစ္ ေၾကာင္း ႐ုရွားသမၼတပူတင္ နဲ႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ေျပာ
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၁၅
႐ုရွားသမၼတပူတင္က ႐ုရွားႏိုင္ငံဟာ ေျမာက္ကိုရီးယားႏိုင္ငံ နဲ႔ အျပန္အလွန္ဆက္ဆံေရး ေကာင္းမြန္ေစဖို႔ တိုးျမႇင့္ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ေျမာက္ကိုရီးယားနဲ႔ ႐ုရွားႏိုင္ငံၾကား အျပဳသေဘာေဆာင္တဲ့ ဘက္စုံဆက္ဆံေရးေကာင္းမြန္ေအာင္ ႀကိဳးပမ္း အားထုတ္သြားမွာျဖစ္တယ္လို႔ ႐ုရွားသမၼတ က ေျပာပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံလြတ္လပ္ေရးေန႔ကို ေပးပို႔တဲ့ စာထဲမွာ ႐ုရွားသမၼတက ေရးသားထားျခင္းျဖစ္ ေၾကာင္း ေျမာက္ကိုရီးယားႏိုင္ငံပိုင္ KCNA က ဆိုပါတယ္။

႐ုရွားသမၼတပူတင္က ႏွစ္ႏိုင္ငံ အက်ိဳးစီးပြားအတြက္ အနီးကပ္ပူးေပါင္းေဆာင္႐ြက္မႈေတြက ကိုရီးယားကြၽန္းဆြယ္ တည္ၿငိမ္ေရး နဲ႔ လုံၿခဳံေရးအတြက္ အေထာက္အကူျဖစ္လာမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္ဂ်ဳံအမ္ကလည္း "ႏွစ္ႏိုင္ငံၾကားမဟာဗ်ဴဟာေျမာက္၊ နည္းပညာပိုင္း ပူးေပါင္း ေဆာင္႐ြက္မႈေတြ၊ ကူညီေထာက္ပံ့ေပးမႈေတြ နဲ႔ စုစည္းညီၫြတ္မႈေတြ ႏွစ္ႏိုင္ငံဆက္ဆံေရးၾကား ေနာက္ထပ္ အဆင့္အတန္းတစ္ခုကို ထပ္မံေရာက္ရွိေနပါတယ္။ ႏွစ္ႏိုင္ငံၾကားျပန္အလွန္ဆက္ဆံေရးေကာင္းမြန္မႈေတြက ရန္လိုတဲ့စစ္တပ္ေတြရဲ႕ရန္စမႈေတြ၊ ၿခိမ္းေျခာက္မႈေတြ ေလ်ာ့ပါးလာေအာင္လုပ္ေဆာင္ႏိုင္မွာျဖစ္တယ္" လို႔ ေျပာပါတယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္က ၄င္းဟာ၂ဝ၁၉ ခုႏွစ္မွာ ႐ုရွားသမၼတပူတင္နဲ႔ ေတြ႕ဆုံေဆြးေႏြးၿပီးေနာက္ပိုင္း ရရွိခဲ့တဲ့သေဘာတူညီခ်က္ေတြကိုအေျခခံၿပီး ႏွစ္ႏိုင္ငံၾကား ဆက္ဆံေရး ပိုမိုတိုးခ်ဲ႕တည္ေဆာက္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံဟာ ႐ုရွားက ေက်ာေထာက္ေနာက္ခံျပဳေပးထားတဲ့ ယူကရိန္းရဲ႕ေဒသႏွစ္ခုရဲ႕ လြတ္လပ္ေရး ကို ဇူလိုင္လအတြင္း အသိအမွတ္ျပဳခဲ့တယ္လို႔ သိရပါတယ္။ ေျမာက္ကိုရီးယားႏိုင္ငံဟာ ၄င္းရဲ႕အလုပ္သမားေတြကို ႐ုရွားႏိုင္ငံရဲ႕ေဆာက္လုပ္ေရးနဲ႔ အျခားလုပ္ငန္းေတြမွာ ပါဝင္လုပ္ကိုင္ေစဖို႔ ေစလႊတ္တာမ်ိဳးေတြရွိေနတယ္လို႔ သိရပါတယ္.။

https://www.channelnewsasia.com/asia/putin-says-russia-and-north-korea-will-expand-bilateral-relations-kcna-2880421

Related news

© 2021. All rights reserved.