အာဖရိကမှ တရုတ်အကြွေးထောင်ချောက်ဆိုတဲ့ ယုံတမ်းပုံပြင်

 884

ရဲထွန်း (သီပေါ) (NP News) - ဩဂုတ် ၂၁
လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်မှာ အာဖရိကတိုက်က နိုင်ငံတိုင်းလိုလိုမှာ တရုတ်က အခြေခံအဆောက်အအုံ တည်ဆောက်ရေး ပရောဂျက်တွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလို လုပ်လာတော့ အနောက်တိုင်း နိုင်ငံတွေက စိတ်မသက်မသာဖြစ်ကြတာပေါ့။ တ ရုတ်နဲ့ အာဖရိက တိုင်းပြည်တွေရဲ့ဆက်ဆံရေးက ပိုပြီးကောင်းလာ၊ ခိုင်မာလာတော့ မဟာဗျူဟာကျတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်လာပါတယ်။

ဒါကြောင့် သမ္မတ ထရမ့်အစိုးရလက်ထက်မှာ တရုတ်ရဲ့ ငွေချေးငှား တည်ဆောက်ပေးမှုတွေကို အကြွေးထောင်ချောက် ဒစ်ပလိုမေစီ debt-trap diplomacy လို့ မလိုတမာပြောတာက ပေါ်ပြူလာဖြစ်လာပါတယ်။

“အကြွေးထောင်ချောက်” ဆိုတဲ့ သဘောက၊ နိုင်ငံတစ်ခုဟာ ဆင်းရဲတဲ့နိုင်ငံတစ်ခုကို ပြန်မဆပ်နိုင်မှန်းသိတဲ့ အကြွေးပမာဏကို ရည်ရွယ်ချက်ရှိရှိနဲ့ထုတ်ချေးပေးပြီး၊ ပြန်မဆပ်နိုင်တော့တဲ့အခါ သူတို့ရဲ့ မဟာဗျူဟာ အချက်အခြာကျတဲ့ ပိုင်ဆိုင်မှုတွေကို သိမ်း ပိုက်တာ၊ ဒါမှမဟုတ် နာခံလာအောင် နိုင်ငံရေးအရ ဖိအားပေးတာမျိုးကို ဆိုလိုတာပါ။ ဒါပေမဲ့ အခုထက်ထိတော့ အာဖရိကမှာ အဲဒီလို ဖြစ်ပျက်သွားတာမျိုး မရှိသေးပါဘူး။

“အကြွေးထောင်ချောက်” လို့ ပြောကြသူတွေ အမှန်တကယ် စိုးရိမ်တာက အာဖရိကမှာ တရုတ်သြဇာလွှမ်းမိုးသွားမှာ ကိုပါဘဲ။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အခြေခံအဆောက်အအုံ ပရောဂျက်တွေက တိုးလာလေလေ၊ အုပ်ချုပ်ရေး အလွှာအ တွင်းမှာ တရုတ် သြဇာလွှမ်းမိုးလာမှုများလာလေလေဖြစ်လို့ပါ။

အမေရိကန်က အာဖရိကကိုပေးတဲ့ အကူအညီမှာ အာရုံစိုက်တာက လူမှု‌ရေးဝန်ဆောင် မှုနဲ့ ကူညီရေး အထောက်အပံ့တွေဘဲဖြစ်ပြီး တရုတ်ကတော့ အခြေခံအဆောက်အအုံ တည်ဆောက်‌ရေး ဖြစ်ပါတယ်။

အာဖရိကန်အစိုးရတွေပြောလေ့ရှိတာက “ကျွန်တော်တို့အတွက် စာနာထောက်ထားရေးအထောက်အပံ့တို့ အကူအညီတို့ဆိုတာတွေကို ငြီးငွေ့နေပါပြီ၊ ကျွန်တော်တို့ လိုချင်တာက စီးပွားရေး၊ ကုန်သွယ်ရေးနဲ့ စီးပွားဖက် ပါတနာတွေအဖြစ် တန်းတူရည်တူ ဆက်ဆံတာမျိုး ကိုလိုချင်တာပါ”

အဲဒီတော့ တရုတ်ဘက်ကလည်း“ အိုကေ...ကျွန်တော်တို့ကလည်းအကူအညီတွေ၊ အထောက်အပံ့တွေ မလုပ်ဘူး၊ စီးပွားရေးဘဲ လုပ်မယ်၊ ခင်ဗျားတို့နဲ့ စီးပွားရေးဘဲလုပ်ချင်တာ”

တရုတ်တွေလုပ်ချင်တာနဲ့ အာဖရီကန်တွေ လုပ်ချင်တာ တထပ်တည်းကျသွားပြီးအတူပူးပေါင်းလုပ်ကြလို့ အဆင်ပြေနေကြတဲ့အချိန်မှာ အနောက်တိုင်းက၊ အာဖရိကကို ပြန်ဝင်ဖို့ ကြိုးစားလာပါတယ်။

ဥရောပကော်မရှင်ရဲ့ ဥက္ကဋ္ဌ အာဆူလာဗွန်ဒါ လောယန် Ursula Von Der Leyen က “ဂလိုဘယ် ဂိတ်ဝေးအနေနဲ့ သက္ကရာဇ် ၂ဝ၂၇ ခုနှစ်အတွင်းမှာ ပေါင် ၃ဝဝ ဘီလျံလောက် စုဆောင်းပြီး အာဖရိကမှာ အခြေခံအဆောက်အအုံတည်ဆောက်ရေး အကူအညီပေးမယ်”လို့ပြောခဲ့ပါတယ်။ အဲဒီအစီအစဉ်က တရုတ်ရဲ့ပရောဂျက်တွေကို တန်ပြန်ဖို့ပါ။

အာဖရီကန်တွေက ဒါကိုသံသယရှိကြပါတယ်။ အပြောသက်သက်ဘဲလို့ ထင်ကြတာပါ။ နောက်ဆုံးမှာ တကယ်တမ်းရောက်လာတာက ပန်းခြင်းကိုင်လာတဲ့ တရုတ်တွေပါ။

အဲဒီအခါ အမေရိကန်၊ ဉရောပနဲ့အင်းဂလိပ်တွေက အာဖရီကန်တွေကို “အဲဒီပန်းတွေကို ဂရုစိုက်နော်၊ အဲဒီမှာ ဆူးတွေပါတယ်”လို့ ထပ်ခါတလဲလဲ သတိပေးကြပါတယ်။ အ ကြွေးထောင်ချောက်ရှိတယ်လို့ ပြောချင်တာပါ။

၁၉၅ဝ ခုနှစ်နဲ့ ၁၉၇ဝ ခုနှစ်တွေကြားမှာ ဥရောပ ကိုလိုနီနယ်ချဲ့သမားတွေဆီက အာဖရိကနိုင်ငံတွေ လွတ်လပ်ရေးရခဲ့ကြပါတယ်။ အဲဒီနောက် ကမ္ဘာ့ဘဏ်တို့လို ၊ IMF တို့လို အမေရိကန်နဲ့ ဥရောပနိုင်ငံတွေ ဦးဆောင်တဲ့ ငွေကြေးအဖွဲ့အစည်းတွေက အာဖရိကမှာ အခြေခံအဆောက်အအုံတွေတည်ဆောက်ဖို့ ငွေထုတ်ချေးခဲ့ကြပေမဲ့ နောက်ပိုင်း တဖြည်းဖြည်းနှေးသွားပြီး ရပ်သွားခဲ့ပါတယ်။

၁၉၇ဝ အစောပိုင်းနှစ်တွေမှာ တရုတ်က ဒဇာရာ မီးရထားလမ်းကို စတင်ဖောက်လုပ်ပေးခဲ့ပါတယ်။ အဲဒါက ဇန်ဘီယာနိုင်ငံက ကက်ပီရီ အမ်ပိုရှီ မြို့နဲ့ တန်ဇန်နီးယားက ဒါရက်စလမ် ဆိပ်ကမ်းမြို့ကို ဆက်သွယ်တဲ့လမ်းပါ။

ဒီလမ်းက အာဖရိကတိုက်၊ ဆာဟာရသဲကန္တာရ တောင်ပိုင်းဒေသမှာ အရှည်လျားဆုံး မီးရထားလမ်းပါ။ ဒီလမ်းပွင့်သွားလို့ ဇန်ဘီယာနိုင်ငံအနေနဲ့ ကြေးနီသတ္တုကို အဲဒီအချိန်ကလူဖြူတွေအုပ်ချုပ်တဲ့ ရိုဒီးရှားနဲ့ တောင်အာဖရိကကို မဖြတ်တော့ဘဲ နိုင်ငံခြားတင်ပို့လို့ ရသွားပါတယ်။ ဒါက တရုတ်အနေနဲ့ အာဖရိကမှာ စောစောစီးစီးစိုက်ပျိုးခဲ့တာတဲ့ အပင်လို့ ပြောလို့ရပါတယ်။

ဒီလို ပရောဂျက်တွေကြောင့် တရုတ်အနေနဲ့ လိုအပ်နေတဲ့ နိုင်ငံရေး မဟာမိတ်တွေလည်းရရှိသွားပါတယ်။

သက္ကရာဇ်၂ဝဝဝ ခု အစောပိုင်းနှစ်တွေမှာတော့ တရုတ်ပြည်အနေနဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာ စျေးကွက်တွေနဲ့ နိုင်ငံရေးသြဇာချဲ့ထွင်ဖို့ ကြိုးစားလာပြီး အာဖရိကတိုက်မှာ ရင်းနှီးမြှုပ်နှံမှုတွေ တိုးလုပ်လာပါတယ်။

တရုတ်တွေက အာဖရိကန်တွေကို “ကမ္ဘာပေါ်မှာ အခြေခံအဆောက်အအုံတွေ မြန်မြန်နဲ့ စျေးသက်သက်သာသာ တည်ဆောက်ပေးတာ ကျနော်တို့ဘဲရှိတယ်။ ကျွန်တော်တို့မှာ ပိုလျှံနေတဲ့ အရင်းအနှီးတွေရှိတယ်။ ဆောက်လုပ်ရေး ကုမ္ပဏီကြီးတွေရှိတယ်။ ဒီလို ခက်ခက်ခဲခဲတည်ဆောက်ရတဲ့ လမ်းဖေါက်လုပ်ရေးတို့ ဆောက်လုပ်ရေးတို့နဲ့သက်ဆိုင်တဲ့ အတတ်ပညာနဲ့ ကျွမ်းကျင်မှုတွေရှိတယ်” လို့ ပြောလေ့ရှိပါတယ်။

သူတို့က အာဖရိက ယနေ့ရောက်ရှိနေတဲ့ အဆင့်ကိုလည်း ကောင်းကောင်းသိပါတယ်။ ဒါကြောင့်သူတို့က “လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ လောက်ကဆိုရင် ကျွန်တော်တို့လည်း ခင်ဗျားတို့အခုရင်ဆိုင်နေရသလိုပါဘဲ။ ကျွန်တော်တို့မှာ လုံလောက်တဲ့ အခြေခံ အ ဆောက်အအုံမရှိခဲ့ဘူး။ ဒါကြောင့် စီးပွားရေးတွေနောက်ကျပြီး လူတွေက ဆင်းရဲခဲ့ တယ်။ ကျွန်တော်တို့နဲ့ ခင်ဗျားတို့ဟာ ကိုလိုနီနယ်ချဲ့သမားတွေကို တိုက်ပွဲဝင်ခဲ့ကြရသူတွေ - ဘဝတူတွေဘဲဆိုတာ နားလည်ပါတယ်”လို့ တရုတ်တွေက ရှင်းပြပါတယ်။

အခုအချိန်မှာ ခန့်မှန်းခြေအားဖြင့် အာဖရိကန် ၃၅ နိုင်ငံ‌လောက်မှာ ဆိပ်ကမ်းတွေ၊ မီးရ ထားလမ်းတွေ နဲ့ လျှပ်စစ်စက်ရုံစတဲ့ အခြေခံအဆောက်အအုံတွေကို တရုတ်ကတည် ဆောက်ပေးနေပါတယ်။ ဒါက စုစုပေါင်း ဒေါ်လာ ဘီလျံ ၃၄ဝ ကျော်လောက်ရှိပါလိမ့်မယ်။ တရုတ်က တစ်ကမ္ဘာလုံးမှာ ရင်းနှီးမြှုပ်နှံတဲ့ ပမာဏနဲ့ နှိုင်းယှဉ်ရင် ဒါက သိပ်များတယ်လို့ မဆိုနိုင်ပေမဲ့ အာဖရိကအတွက်တော့ အတော်များတဲ့ ပမာဏပါ။ ဘာဖြစ်လို့လဲဆိုတော့ အာဖရိကတိုက်ဟာ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်စတဲ့ အခြေခံအ ဆောက်အအုံတွေ မပြည့်စုံလို့ပါ။

ဒါပေမဲ့ ဒီနေရာမှာ သတိပြုစရာကောင်းတဲ့ ခြားနားချက်တော့ရှိပါတယ်။ အဲဒါက တရုတ်ရဲ့ဘဏ္ဍာရေးအကူအညီပေးပုံနဲ့ အနောက်တိုင်းက ငွေချေးပေးတဲ့ စနစ်ပါ။ အစဉ်အလာအရ အနောက်တိုင်းက ချေးပေးတာက အတိုးနှုန်းနည်းတာနဲ့ ပြင်လွယ်ပြောင်းလွယ်ရှိတဲ့ ကာလသတ်မှတ်ချက်ပါ။ ဒါပေမဲ့ တရုတ်တွေမှာလည်း ချေးငွေအမျိုးအစားအပေါ်မှာမူတည်ပြီး ကွာခြားတာတွေရှိပါတယ်။ အဓိကအားဖြင့် ၃ မျိုးရှိပါတယ်လို့ Pinsent Masons က နိုင်ငံတကာဘဏ္ဍာရေးရှေ့နေ လုခိုက်ယီး - Kanyi Lui ကဆိုပါတယ်။

- အကူအညီပေးတယ်ဆိုတဲ့ အတိုးနှုန်း သုံည နဲ့ချေးငွေ aid ။

- အထူးအခွင့်အ‌‌ရေးပေးတာ ဆိုတဲ့ အတိုးနှုန်းနည်းပါးတဲ့ concession loans ၊ အများအားဖြင့် အခြေခံ အဆောက်အအုံ ကြီးကြီးမားမားတွေ အတွက် ပေးလေ့ရှိပါတယ်။

- နောက်တမျိုးက ယေဘူယျအားဖြင့် ချေးလေ့ရှိတဲ့ အတိုးများတဲ့ ကုန်သွယ်ရေးဆိုင်ရာ ချေးငွေ commercial loans ပါ။ များသောအားဖြင့် ပုဂ္ဂလိက ဘဏ်တွေက ချေးပေးလေ့ရှိပါတယ်။

ဒါကြောင့်အတိုးနှုန်းတွေကို နှိုင်းယှဉ်ကြမယ်ဆိုရင်၊ ဘယ်လို ချေးငွေအမျိုးအစားလဲဆို တာကြည့်ဖို့လိုပါတယ်။

IMF တို့ World Bank တို့က ရတဲ့ Aid ချေးငွေနဲ့ တရုတ်ဘဏ်ကရတဲ့ commercial loans ချေးငွေကို ယှဉ်ကြည့်ရင် အတိုးနှုန်းက ကွာမှာပေါ့။

နောက်တစ်ချက် အရေးကြီးတာက၊ ချေးငွေ သဘောတူညီချက် loan agreement ပါ။ များသောအားဖြင့် ချေးပေးသူရဲ့ သဘောအတိုင်းချုပ်ဆိုကြရတာပါ။ ဘာဖြစ်လို့လည်း ဆိုတော့ ချေးငွေသဘောတူညီချက် လက်မှတ်ထိုးပြီးပြီဆိုရင်၊ ငွေချေးယူတဲ့သူက ငွေရမယ်။ ငွေချေးပေးတဲ့သူက သဘောတူညီချက်ဆိုတဲ့ စာရွက်ကလေးဘဲ ပြန်ရတာပါ။ စွန့်စားရမှု အလွန်ကြီးပါတယ်။

ဒါကြောင့်ငွေချေးစာချုပ်တွေက ချေးပေးသူ အကြိုက်လိုက်လျောချုပ်ဆိုရတာပါ။ ဒါက ငွေချေးမှု အားလုံးရဲ့ ၉၉ ရာခိုင်နှုန်းမဟုတ်ရင်တောင်၊ ၉၅ ရာခိုင်နှုန်းက အဲဒီလိုလိုက် လျောရတာပါဘဲ။

နောက်အပြောများတဲ့တစ်ချက်က ချေးငွေသဘောတူညီချက်တွေကို လျှို့ဝှက်ထားတယ်ဆိုတဲ့ ကိစ္စပါ။

ကမ္ဘာ့ဘဏ်တို့ ၊ အိုင်အမ်အက်ဖ်တို့နဲ့ တခြားအေဂျင်စီတွေကနေ ငွေချေးယူတဲ့အခါ ၊ ငွေရှင် ဒါမှမဟုတ် ရှယ်ယာရှင်တွေက နိုင်ငံအများပါ။ တစ်နိုင်ငံထဲမဟုတ်ပါဘူး။ ဒါကြောင့်သူတို့က ငွေချေးစာချုပ်တွေ နဲ့ ဆောင်ရွက်ချက်တွေကို ပွင့်လင်းမြင်သာ ထုတ်ပြန်ဖို့တောင်းဆိုကြပါတယ်။ ဘာမျှ မတတ်နိုင်ဘဲ လိုက်လျောရပါတယ်။ ရွေးချယ်စရာ မရှိပါဘူး။

တခြားတဖက်မှာတော့ commercial banks လို့ခေါ်တဲ့ ကုန်သွယ်ရေးဘဏ်တွေရဲ့ ချေးငွေတွေကျ တစ်မျိုးပါ။ အဲဒီဘဏ်တွေမှာ မိမိဖောက်သည်ရဲ့ ငွေကြေးသတင်းလုံခြုံရေးကို တာဝန်ယူရပါတယ်။ စာချုပ်တွေကို လျှို့ဝှက်ထားရပါတဘ်။ တရုတ် ဘဏ်တွေလည်း အတူတူပါဘဲ လို့ Pinsent Masons က နိုင်ငံတကာ ဘဏ္ဍာရေး ရှေ့နေ လုခိုက်ယီး - Kanyi Lui ကရှင်းပြပါတယ်။

အချက်အလက်တွေနဲ့ ပြောကြမယ်ဆိုရင် အာဖရိကဟာ တရုတ်ရဲ့ ကြွေးမြီထောင် ချောက်မှာ ပိတ်မိနေတာမဟုတ်ဘူးဆိုတာ တွေ့ရပါလိမ့်မယ်။ အာဖရိကက တရုတ်အကြွေးပေးစရာရှိတဲ့ ထိပ်တန်း ၁ဝ နိုင်ငံရဲ့ စုစုပေါင်းပမာဏက ၁ဝ၉.၂ ဘီလျံဒေါ်လာပါ။ အဲဒီစာရင်းမှာ အန်ဂိုလာ တစ်နိုင်ငံထဲသာ အကြွေးစုစုပေါင်းရဲ့ အများဆုံး ၄ဝ ရာခိုင်နှုန်းရှိပြီး ကျန်နိုင်ငံတွေက ၁ဝ ရာခိုင်နှုန်းရဲ့အောက်ဘဲရှိကြတာပါ။

zawgyi version
အာဖရိကမွ တ႐ုတ္အေႂကြးေထာင္ေခ်ာက္ဆိုတဲ့ ယုံတမ္းပုံျပင္
ရဲထြန္း (သီေပါ) (NP News) - ဩဂုတ္ ၂၁

လြန္ခဲ့တဲ့ ဆယ္စုႏွစ္ ႏွစ္ခုေလာက္မွာ အာဖရိကတိုက္က ႏိုင္ငံတိုင္းလိုလိုမွာ တ႐ုတ္က အေျခခံအေဆာက္အအုံ တည္ေဆာက္ေရး ပေရာဂ်က္ေတြ လုပ္ေဆာင္ခဲ့ပါတယ္။ အဲဒီလို လုပ္လာေတာ့ အေနာက္တိုင္း ႏိုင္ငံေတြက စိတ္မသက္မသာျဖစ္ၾကတာေပါ့။ တ ႐ုတ္နဲ႔ အာဖရိက တိုင္းျပည္ေတြရဲ႕ဆက္ဆံေရးက ပိုၿပီးေကာင္းလာ၊ ခိုင္မာလာေတာ့ မဟာဗ်ဴဟာက်တဲ့ ပူးေပါင္းေဆာင္႐ြက္မႈေတြ ျဖစ္လာပါတယ္။

ဒါေၾကာင့္ သမၼတ ထရမ့္အစိုးရလက္ထက္မွာ တ႐ုတ္ရဲ႕ ေငြေခ်းငွား တည္ေဆာက္ေပးမႈေတြကို အေႂကြးေထာင္ေခ်ာက္ ဒစ္ပလိုေမစီ debt-trap diplomacy လို႔ မလိုတမာေျပာတာက ေပၚျပဴလာျဖစ္လာပါတယ္။

“အေႂကြးေထာင္ေခ်ာက္” ဆိုတဲ့ သေဘာက၊ ႏိုင္ငံတစ္ခုဟာ ဆင္းရဲတဲ့ႏိုင္ငံတစ္ခုကို ျပန္မဆပ္ႏိုင္မွန္းသိတဲ့ အေႂကြးပမာဏကို ရည္႐ြယ္ခ်က္ရွိရွိနဲ႔ထုတ္ေခ်းေပးၿပီး၊ ျပန္မဆပ္ႏိုင္ေတာ့တဲ့အခါ သူတို႔ရဲ႕ မဟာဗ်ဴဟာ အခ်က္အျခာက်တဲ့ ပိုင္ဆိုင္မႈေတြကို သိမ္း ပိုက္တာ၊ ဒါမွမဟုတ္ နာခံလာေအာင္ ႏိုင္ငံေရးအရ ဖိအားေပးတာမ်ိဳးကို ဆိုလိုတာပါ။ ဒါေပမဲ့ အခုထက္ထိေတာ့ အာဖရိကမွာ အဲဒီလို ျဖစ္ပ်က္သြားတာမ်ိဳး မရွိေသးပါဘူး။

“အေႂကြးေထာင္ေခ်ာက္” လို႔ ေျပာၾကသူေတြ အမွန္တကယ္ စိုးရိမ္တာက အာဖရိကမွာ တ႐ုတ္ၾသဇာလႊမ္းမိုးသြားမွာ ကိုပါဘဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ တ႐ုတ္ရင္းႏွီးျမႇဳပ္ႏွံမႈေတြနဲ႔ အေျခခံအေဆာက္အအုံ ပေရာဂ်က္ေတြက တိုးလာေလေလ၊ အုပ္ခ်ဳပ္ေရး အလႊာအ တြင္းမွာ တ႐ုတ္ ၾသဇာလႊမ္းမိုးလာမႈမ်ားလာေလေလျဖစ္လို႔ပါ။

အေမရိကန္က အာဖရိကကိုေပးတဲ့ အကူအညီမွာ အာ႐ုံစိုက္တာက လူမႈ‌ေရးဝန္ေဆာင္ မႈနဲ႔ ကူညီေရး အေထာက္အပံ့ေတြဘဲျဖစ္ၿပီး တ႐ုတ္ကေတာ့ အေျခခံအေဆာက္အအုံ တည္ေဆာက္‌ေရး ျဖစ္ပါတယ္။

အာဖရိကန္အစိုးရေတြေျပာေလ့ရွိတာက “ကြၽန္ေတာ္တို႔အတြက္ စာနာေထာက္ထားေရးအေထာက္အပံ့တို႔ အကူအညီတို႔ဆိုတာေတြကို ၿငီးေငြ႕ေနပါၿပီ၊ ကြၽန္ေတာ္တို႔ လိုခ်င္တာက စီးပြားေရး၊ ကုန္သြယ္ေရးနဲ႔ စီးပြားဖက္ ပါတနာေတြအျဖစ္ တန္းတူရည္တူ ဆက္ဆံတာမ်ိဳး ကိုလိုခ်င္တာပါ”

အဲဒီေတာ့ တ႐ုတ္ဘက္ကလည္း“ အိုေက...ကြၽန္ေတာ္တို႔ကလည္းအကူအညီေတြ၊ အေထာက္အပံ့ေတြ မလုပ္ဘူး၊ စီးပြားေရးဘဲ လုပ္မယ္၊ ခင္ဗ်ားတို႔နဲ႔ စီးပြားေရးဘဲလုပ္ခ်င္တာ”

တ႐ုတ္ေတြလုပ္ခ်င္တာနဲ႔ အာဖရီကန္ေတြ လုပ္ခ်င္တာ တထပ္တည္းက်သြားၿပီးအတူပူးေပါင္းလုပ္ၾကလို႔ အဆင္ေျပေနၾကတဲ့အခ်ိန္မွာ အေနာက္တိုင္းက၊ အာဖရိကကို ျပန္ဝင္ဖို႔ ႀကိဳးစားလာပါတယ္။

ဥေရာပေကာ္မရွင္ရဲ႕ ဥကၠ႒ အာဆူလာဗြန္ဒါ ေလာယန္ Ursula Von Der Leyen က “ဂလိုဘယ္ ဂိတ္ေဝးအေနနဲ႔ သကၠရာဇ္ ၂ဝ၂၇ ခုႏွစ္အတြင္းမွာ ေပါင္ ၃ဝဝ ဘီလ်ံေလာက္ စုေဆာင္းၿပီး အာဖရိကမွာ အေျခခံအေဆာက္အအုံတည္ေဆာက္ေရး အကူအညီေပးမယ္”လို႔ေျပာခဲ့ပါတယ္။ အဲဒီအစီအစဥ္က တ႐ုတ္ရဲ႕ပေရာဂ်က္ေတြကို တန္ျပန္ဖို႔ပါ။

အာဖရီကန္ေတြက ဒါကိုသံသယရွိၾကပါတယ္။ အေျပာသက္သက္ဘဲလို႔ ထင္ၾကတာပါ။ ေနာက္ဆုံးမွာ တကယ္တမ္းေရာက္လာတာက ပန္းျခင္းကိုင္လာတဲ့ တ႐ုတ္ေတြပါ။

အဲဒီအခါ အေမရိကန္၊ ဉေရာပနဲ႔အင္းဂလိပ္ေတြက အာဖရီကန္ေတြကို “အဲဒီပန္းေတြကို ဂ႐ုစိုက္ေနာ္၊ အဲဒီမွာ ဆူးေတြပါတယ္”လို႔ ထပ္ခါတလဲလဲ သတိေပးၾကပါတယ္။ အ ေႂကြးေထာင္ေခ်ာက္ရွိတယ္လို႔ ေျပာခ်င္တာပါ။

၁၉၅ဝ ခုႏွစ္နဲ႔ ၁၉၇ဝ ခုႏွစ္ေတြၾကားမွာ ဥေရာပ ကိုလိုနီနယ္ခ်ဲ႕သမားေတြဆီက အာဖရိကႏိုင္ငံေတြ လြတ္လပ္ေရးရခဲ့ၾကပါတယ္။ အဲဒီေနာက္ ကမာၻ႔ဘဏ္တို႔လို ၊ IMF တို႔လို အေမရိကန္နဲ႔ ဥေရာပႏိုင္ငံေတြ ဦးေဆာင္တဲ့ ေငြေၾကးအဖြဲ႕အစည္းေတြက အာဖရိကမွာ အေျခခံအေဆာက္အအုံေတြတည္ေဆာက္ဖို႔ ေငြထုတ္ေခ်းခဲ့ၾကေပမဲ့ ေနာက္ပိုင္း တျဖည္းျဖည္းေႏွးသြားၿပီး ရပ္သြားခဲ့ပါတယ္။

၁၉၇ဝ အေစာပိုင္းႏွစ္ေတြမွာ တ႐ုတ္က ဒဇာရာ မီးရထားလမ္းကို စတင္ေဖာက္လုပ္ေပးခဲ့ပါတယ္။ အဲဒါက ဇန္ဘီယာႏိုင္ငံက ကက္ပီရီ အမ္ပိုရွီ ၿမိဳ႕နဲ႔ တန္ဇန္နီးယားက ဒါရက္စလမ္ ဆိပ္ကမ္းၿမိဳ႕ကို ဆက္သြယ္တဲ့လမ္းပါ။

ဒီလမ္းက အာဖရိကတိုက္၊ ဆာဟာရသဲကႏၲာရ ေတာင္ပိုင္းေဒသမွာ အရွည္လ်ားဆုံး မီးရထားလမ္းပါ။ ဒီလမ္းပြင့္သြားလို႔ ဇန္ဘီယာႏိုင္ငံအေနနဲ႔ ေၾကးနီသတၱဳကို အဲဒီအခ်ိန္ကလူျဖဴေတြအုပ္ခ်ဳပ္တဲ့ ႐ိုဒီးရွားနဲ႔ ေတာင္အာဖရိကကို မျဖတ္ေတာ့ဘဲ ႏိုင္ငံျခားတင္ပို႔လို႔ ရသြားပါတယ္။ ဒါက တ႐ုတ္အေနနဲ႔ အာဖရိကမွာ ေစာေစာစီးစီးစိုက္ပ်ိဳးခဲ့တာတဲ့ အပင္လို႔ ေျပာလို႔ရပါတယ္။

ဒီလို ပေရာဂ်က္ေတြေၾကာင့္ တ႐ုတ္အေနနဲ႔ လိုအပ္ေနတဲ့ ႏိုင္ငံေရး မဟာမိတ္ေတြလည္းရရွိသြားပါတယ္။

သကၠရာဇ္၂ဝဝဝ ခု အေစာပိုင္းႏွစ္ေတြမွာေတာ့ တ႐ုတ္ျပည္အေနနဲ႔ ႏိုင္ငံျခားတိုင္းျပည္ေတြမွာ ေစ်းကြက္ေတြနဲ႔ ႏိုင္ငံေရးၾသဇာခ်ဲ႕ထြင္ဖို႔ ႀကိဳးစားလာၿပီး အာဖရိကတိုက္မွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ တိုးလုပ္လာပါတယ္။

တ႐ုတ္ေတြက အာဖရိကန္ေတြကို “ကမာၻေပၚမွာ အေျခခံအေဆာက္အအုံေတြ ျမန္ျမန္နဲ႔ ေစ်းသက္သက္သာသာ တည္ေဆာက္ေပးတာ က်ေနာ္တို႔ဘဲရွိတယ္။ ကြၽန္ေတာ္တို႔မွာ ပိုလွ်ံေနတဲ့ အရင္းအႏွီးေတြရွိတယ္။ ေဆာက္လုပ္ေရး ကုမၸဏီႀကီးေတြရွိတယ္။ ဒီလို ခက္ခက္ခဲခဲတည္ေဆာက္ရတဲ့ လမ္းေဖါက္လုပ္ေရးတို႔ ေဆာက္လုပ္ေရးတို႔နဲ႔သက္ဆိုင္တဲ့ အတတ္ပညာနဲ႔ ကြၽမ္းက်င္မႈေတြရွိတယ္” လို႔ ေျပာေလ့ရွိပါတယ္။

သူတို႔က အာဖရိက ယေန႔ေရာက္ရွိေနတဲ့ အဆင့္ကိုလည္း ေကာင္းေကာင္းသိပါတယ္။ ဒါေၾကာင့္သူတို႔က “လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၃ဝ ေလာက္ကဆိုရင္ ကြၽန္ေတာ္တို႔လည္း ခင္ဗ်ားတို႔အခုရင္ဆိုင္ေနရသလိုပါဘဲ။ ကြၽန္ေတာ္တို႔မွာ လုံေလာက္တဲ့ အေျခခံ အ ေဆာက္အအုံမရွိခဲ့ဘူး။ ဒါေၾကာင့္ စီးပြားေရးေတြေနာက္က်ၿပီး လူေတြက ဆင္းရဲခဲ့ တယ္။ ကြၽန္ေတာ္တို႔နဲ႔ ခင္ဗ်ားတို႔ဟာ ကိုလိုနီနယ္ခ်ဲ႕သမားေတြကို တိုက္ပြဲဝင္ခဲ့ၾကရသူေတြ - ဘဝတူေတြဘဲဆိုတာ နားလည္ပါတယ္”လို႔ တ႐ုတ္ေတြက ရွင္းျပပါတယ္။

အခုအခ်ိန္မွာ ခန႔္မွန္းေျခအားျဖင့္ အာဖရိကန္ ၃၅ ႏိုင္ငံ‌ေလာက္မွာ ဆိပ္ကမ္းေတြ၊ မီးရ ထားလမ္းေတြ နဲ႔ လွ်ပ္စစ္စက္႐ုံစတဲ့ အေျခခံအေဆာက္အအုံေတြကို တ႐ုတ္ကတည္ ေဆာက္ေပးေနပါတယ္။ ဒါက စုစုေပါင္း ေဒၚလာ ဘီလ်ံ ၃၄ဝ ေက်ာ္ေလာက္ရွိပါလိမ့္မယ္။ တ႐ုတ္က တစ္ကမာၻလုံးမွာ ရင္းႏွီးျမႇဳပ္ႏွံတဲ့ ပမာဏနဲ႔ ႏႈိင္းယွဥ္ရင္ ဒါက သိပ္မ်ားတယ္လို႔ မဆိုႏိုင္ေပမဲ့ အာဖရိကအတြက္ေတာ့ အေတာ္မ်ားတဲ့ ပမာဏပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ အာဖရိကတိုက္ဟာ လမ္းပန္းဆက္သြယ္ေရး၊ လွ်ပ္စစ္စတဲ့ အေျခခံအ ေဆာက္အအုံေတြ မျပည့္စုံလို႔ပါ။

ဒါေပမဲ့ ဒီေနရာမွာ သတိျပဳစရာေကာင္းတဲ့ ျခားနားခ်က္ေတာ့ရွိပါတယ္။ အဲဒါက တ႐ုတ္ရဲ႕ဘ႑ာေရးအကူအညီေပးပုံနဲ႔ အေနာက္တိုင္းက ေငြေခ်းေပးတဲ့ စနစ္ပါ။ အစဥ္အလာအရ အေနာက္တိုင္းက ေခ်းေပးတာက အတိုးႏႈန္းနည္းတာနဲ႔ ျပင္လြယ္ေျပာင္းလြယ္ရွိတဲ့ ကာလသတ္မွတ္ခ်က္ပါ။ ဒါေပမဲ့ တ႐ုတ္ေတြမွာလည္း ေခ်းေငြအမ်ိဳးအစားအေပၚမွာမူတည္ၿပီး ကြာျခားတာေတြရွိပါတယ္။ အဓိကအားျဖင့္ ၃ မ်ိဳးရွိပါတယ္လို႔ Pinsent Masons က ႏိုင္ငံတကာဘ႑ာေရးေရွ႕ေန လုခိုက္ယီး - Kanyi Lui ကဆိုပါတယ္။

- အကူအညီေပးတယ္ဆိုတဲ့ အတိုးႏႈန္း သုံည နဲ႔ေခ်းေငြ aid ။

- အထူးအခြင့္အ‌‌ေရးေပးတာ ဆိုတဲ့ အတိုးႏႈန္းနည္းပါးတဲ့ concession loans ၊ အမ်ားအားျဖင့္ အေျခခံ အေဆာက္အအုံ ႀကီးႀကီးမားမားေတြ အတြက္ ေပးေလ့ရွိပါတယ္။

- ေနာက္တမ်ိဳးက ေယဘူယ်အားျဖင့္ ေခ်းေလ့ရွိတဲ့ အတိုးမ်ားတဲ့ ကုန္သြယ္ေရးဆိုင္ရာ ေခ်းေငြ commercial loans ပါ။ မ်ားေသာအားျဖင့္ ပုဂၢလိက ဘဏ္ေတြက ေခ်းေပးေလ့ရွိပါတယ္။

ဒါေၾကာင့္အတိုးႏႈန္းေတြကို ႏႈိင္းယွဥ္ၾကမယ္ဆိုရင္၊ ဘယ္လို ေခ်းေငြအမ်ိဳးအစားလဲဆို တာၾကည့္ဖို႔လိုပါတယ္။

IMF တို႔ World Bank တို႔က ရတဲ့ Aid ေခ်းေငြနဲ႔ တ႐ုတ္ဘဏ္ကရတဲ့ commercial loans ေခ်းေငြကို ယွဥ္ၾကည့္ရင္ အတိုးႏႈန္းက ကြာမွာေပါ့။

ေနာက္တစ္ခ်က္ အေရးႀကီးတာက၊ ေခ်းေငြ သေဘာတူညီခ်က္ loan agreement ပါ။ မ်ားေသာအားျဖင့္ ေခ်းေပးသူရဲ႕ သေဘာအတိုင္းခ်ဳပ္ဆိုၾကရတာပါ။ ဘာျဖစ္လို႔လည္း ဆိုေတာ့ ေခ်းေငြသေဘာတူညီခ်က္ လက္မွတ္ထိုးၿပီးၿပီဆိုရင္၊ ေငြေခ်းယူတဲ့သူက ေငြရမယ္။ ေငြေခ်းေပးတဲ့သူက သေဘာတူညီခ်က္ဆိုတဲ့ စာ႐ြက္ကေလးဘဲ ျပန္ရတာပါ။ စြန႔္စားရမႈ အလြန္ႀကီးပါတယ္။

ဒါေၾကာင့္ေငြေခ်းစာခ်ဳပ္ေတြက ေခ်းေပးသူ အႀကိဳက္လိုက္ေလ်ာခ်ဳပ္ဆိုရတာပါ။ ဒါက ေငြေခ်းမႈ အားလုံးရဲ႕ ၉၉ ရာခိုင္ႏႈန္းမဟုတ္ရင္ေတာင္၊ ၉၅ ရာခိုင္ႏႈန္းက အဲဒီလိုလိုက္ ေလ်ာရတာပါဘဲ။

ေနာက္အေျပာမ်ားတဲ့တစ္ခ်က္က ေခ်းေငြသေဘာတူညီခ်က္ေတြကို လွ်ိဳ႕ဝွက္ထားတယ္ဆိုတဲ့ ကိစၥပါ။

ကမာၻ႔ဘဏ္တို႔ ၊ အိုင္အမ္အက္ဖ္တို႔နဲ႔ တျခားေအဂ်င္စီေတြကေန ေငြေခ်းယူတဲ့အခါ ၊ ေငြရွင္ ဒါမွမဟုတ္ ရွယ္ယာရွင္ေတြက ႏိုင္ငံအမ်ားပါ။ တစ္ႏိုင္ငံထဲမဟုတ္ပါဘူး။ ဒါေၾကာင့္သူတို႔က ေငြေခ်းစာခ်ဳပ္ေတြ နဲ႔ ေဆာင္႐ြက္ခ်က္ေတြကို ပြင့္လင္းျမင္သာ ထုတ္ျပန္ဖို႔ေတာင္းဆိုၾကပါတယ္။ ဘာမွ် မတတ္ႏိုင္ဘဲ လိုက္ေလ်ာရပါတယ္။ ေ႐ြးခ်ယ္စရာ မရွိပါဘူး။

တျခားတဖက္မွာေတာ့ commercial banks လို႔ေခၚတဲ့ ကုန္သြယ္ေရးဘဏ္ေတြရဲ႕ ေခ်းေငြေတြက် တစ္မ်ိဳးပါ။ အဲဒီဘဏ္ေတြမွာ မိမိေဖာက္သည္ရဲ႕ ေငြေၾကးသတင္းလုံၿခဳံေရးကို တာဝန္ယူရပါတယ္။ စာခ်ဳပ္ေတြကို လွ်ိဳ႕ဝွက္ထားရပါတဘ္။ တ႐ုတ္ ဘဏ္ေတြလည္း အတူတူပါဘဲ လို႔ Pinsent Masons က ႏိုင္ငံတကာ ဘ႑ာေရး ေရွ႕ေန လုခိုက္ယီး - Kanyi Lui ကရွင္းျပပါတယ္။

အခ်က္အလက္ေတြနဲ႔ ေျပာၾကမယ္ဆိုရင္ အာဖရိကဟာ တ႐ုတ္ရဲ႕ ေႂကြးၿမီေထာင္ ေခ်ာက္မွာ ပိတ္မိေနတာမဟုတ္ဘူးဆိုတာ ေတြ႕ရပါလိမ့္မယ္။ အာဖရိကက တ႐ုတ္အေႂကြးေပးစရာရွိတဲ့ ထိပ္တန္း ၁ဝ ႏိုင္ငံရဲ႕ စုစုေပါင္းပမာဏက ၁ဝ၉.၂ ဘီလ်ံေဒၚလာပါ။ အဲဒီစာရင္းမွာ အန္ဂိုလာ တစ္ႏိုင္ငံထဲသာ အေႂကြးစုစုေပါင္းရဲ႕ အမ်ားဆုံး ၄ဝ ရာခိုင္ႏႈန္းရွိၿပီး က်န္ႏိုင္ငံေတြက ၁ဝ ရာခိုင္ႏႈန္းရဲ႕ေအာက္ဘဲရွိၾကတာပါ။

အာဖရိကနိုင်ငံတွေဟာ သူတို့ရဲ့ပုံရိပ်ကို သူတို့တည်ဆောက်လိုကြပါတယ်။ သူတို့ဟာ စာ နာမှုအကူအညီတို့ အထောက်အပံ့တို့ဆိုတာတွေကို မယူလိုကြတော့ပါဘူး။ သူတို့ကို စီးပွားရေး၊ ကုန်သွယ်ရေး မိတ်ဖက် ပါတနာအဖြစ်နဲ့ ဆက်ဆံသာကိုသာ လိုလားကြပါတယ်။ တရုတ်က ဒါကိုနားလည်သိရှိပြီး ဖြေးဖြေးချင်း ပြောင်းယူပါတယ်။

အမေရိကန်နဲ့ အနောက်အုပ်စုကတော့ ဒီလိုအပြောင်းအလဲလုပ်ဖို့ နောက်ကျနေပါတယ်။ အဲဒီလို နောက်ကျတဲ့အတွက် အာဖရိကတိုင်းပြည်တွေနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်တဲ့ အညွှန်းကိန်း ဂဏန်းတွေကလည်း အများကြီး ကွာခြားလာပါတယ်။ အောက်ကပုံမှာ အပြာမျဉ်းကြောင်းက တရုတ်နဲ့ ကုန်သွယ်ရေးဖြစ်ပြီး၊ အညိုရောင်မျဉ်းက အမေရိကန်နဲ့ ကုန်သွယ်ရေး အညွှန်းပြမျဉ်းဖြစ်ပါတယ်။

zawgyi version
အာဖရိကႏိုင္ငံေတြဟာ သူတို႔ရဲ႕ပုံရိပ္ကို သူတို႔တည္ေဆာက္လိုၾကပါတယ္။ သူတို႔ဟာ စာ နာမႈအကူအညီတို႔ အေထာက္အပံ့တို႔ဆိုတာေတြကို မယူလိုၾကေတာ့ပါဘူး။ သူတို႔ကို စီးပြားေရး၊ ကုန္သြယ္ေရး မိတ္ဖက္ ပါတနာအျဖစ္နဲ႔ ဆက္ဆံသာကိုသာ လိုလားၾကပါတယ္။ တ႐ုတ္က ဒါကိုနားလည္သိရွိၿပီး ေျဖးေျဖးခ်င္း ေျပာင္းယူပါတယ္။

အေမရိကန္နဲ႔ အေနာက္အုပ္စုကေတာ့ ဒီလိုအေျပာင္းအလဲလုပ္ဖို႔ ေနာက္က်ေနပါတယ္။ အဲဒီလို ေနာက္က်တဲ့အတြက္ အာဖရိကတိုင္းျပည္ေတြနဲ႔ ကုန္သြယ္ေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္တဲ့ အၫႊန္းကိန္း ဂဏန္းေတြကလည္း အမ်ားႀကီး ကြာျခားလာပါတယ္။ ေအာက္ကပုံမွာ အျပာမ်ဥ္းေၾကာင္းက တ႐ုတ္နဲ႔ ကုန္သြယ္ေရးျဖစ္ၿပီး၊ အညိဳေရာင္မ်ဥ္းက အေမရိကန္နဲ႔ ကုန္သြယ္ေရး အၫႊန္းျပမ်ဥ္းျဖစ္ပါတယ္။

နိုက်ဂျီးရီးယားအစိုးရရဲ့ နိုင်ငံခြားအကြွေးဆိုင်းငံ့တဲ့ဖြစ်စဉ် the event of a default ဖြစ်ပွားတဲ့ကာလမှာ တရုတ်က နိုက်ဂျီးရီးယားရဲ့ ပိုင်ဆိုင်မှုတွေ သိမ်းလိမ့်မယ်လို့ ကောလာဟလ တွေပြောကြပါတယ်။

ဒါပေမဲ့ ကင်ညာနဲ့ နိုက်ဂျီးရီးယားက အခြေအနေတွေကို သေသေချာချာလေ့လာ ကြည့်တဲ့အခါ တရုတ်က သူ့အကြွေးတွေကို ခုတုံးလုပ်ပြီး သိမ်းယူမဲ့ အနေအထားမရှိပါဘူး။
နိုက်ဂျီးရီးယားက နိုင်ငံ့ကြွေးမြီစုစုပေါင်းရဲ့ ၃ ရာခိုင်နှုန်း နဲ့ ၄ ရာခိုင်နှုန်းကြားလောက်ဘဲ တရုတ်ကိုပေးဖို့ရှိတာပါ။ အဲဒီထဲမှာ တရုတ် Exim Bank ကချေးယူထားတဲ့ ဒေါ်လာ ၁ ဒသမ ၃ ဘီလျံလည်း ပါဝင်ပါတယ်။ အဲဒီချေးငွေနဲ့ နိုက်ဂျီးရီးယားနိုင်ငံရဲ့ အကြီးဆုံး အခြေခံအဆောက်အအုံ ပရောဂျက်ဖြစ်တဲ့ ၁၅၇ ကီလိုမီတာအရှည်ရှိတဲ့ လာဂို့စ်-ကင်နို ရထားလမ်းပိုင်းကို တည်ဆောက်ခဲ့တာပါ။

ကင်ညာနိုင်ငံမှာ တရုတ်ရဲ့ကြွေးမြီက နိုင်ငံ့ကြွေးမြီ စုစုပေါင်း ၇ဝ ဘီလျံရဲ့ ၁ဝ ရာခိုင်နှုန်းဘဲရှိပါတယ်။ ဒီအကြွေးတွေထဲမှာ ကင်ညာနိုင်ငံ မွန်ဘာဆာ- နိုင်ရိုဘီသွား ရထားလမ်း တည်ဆောက်တဲ့ ဒေါ်လာ ၃ ဒသမ ၆ ဘီလျံလည်းအပါအဝင်ဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံဟာ အခြားနိုင်ငံတနိုင်ငံကို သူ့ရဲ့ကြွေးမြီအားလုံးရဲ့ ၄ ရာခိုင်နှုန်း နဲ့ ၁ဝ ရာခိုင်နှုန်းကြားလောက် ပေးစရာရှိတာနဲ့ အဲဒီနိုင်ငံကို ထိန်းချုပ်သွားလိမ့်မယ်ဆိုတာ မဖြစ်နိုင်ပါဘူးလို့ Bloomberg News ရဲ့ အရှေ့အာဖရိက အမှုဆောင်ချုပ် ဒေးဗစ်မာလင်ဂါ David Malingha ကပြောပါတယ်။

zawgyi version
ႏိုက္ဂ်ီးရီးယားအစိုးရရဲ႕ ႏိုင္ငံျခားအေႂကြးဆိုင္းငံ့တဲ့ျဖစ္စဥ္ the event of a default ျဖစ္ပြားတဲ့ကာလမွာ တ႐ုတ္က ႏိုက္ဂ်ီးရီးယားရဲ႕ ပိုင္ဆိုင္မႈေတြ သိမ္းလိမ့္မယ္လို႔ ေကာလာဟလ ေတြေျပာၾကပါတယ္။

ဒါေပမဲ့ ကင္ညာနဲ႔ ႏိုက္ဂ်ီးရီးယားက အေျခအေနေတြကို ေသေသခ်ာခ်ာေလ့လာ ၾကည့္တဲ့အခါ တ႐ုတ္က သူ႔အေႂကြးေတြကို ခုတုံးလုပ္ၿပီး သိမ္းယူမဲ့ အေနအထားမရွိပါဘူး။
ႏိုက္ဂ်ီးရီးယားက ႏိုင္ငံ့ေႂကြးၿမီစုစုေပါင္းရဲ႕ ၃ ရာခိုင္ႏႈန္း နဲ႔ ၄ ရာခိုင္ႏႈန္းၾကားေလာက္ဘဲ တ႐ုတ္ကိုေပးဖို႔ရွိတာပါ။ အဲဒီထဲမွာ တ႐ုတ္ Exim Bank ကေခ်းယူထားတဲ့ ေဒၚလာ ၁ ဒသမ ၃ ဘီလ်ံလည္း ပါဝင္ပါတယ္။ အဲဒီေခ်းေငြနဲ႔ ႏိုက္ဂ်ီးရီးယားႏိုင္ငံရဲ႕ အႀကီးဆုံး အေျခခံအေဆာက္အအုံ ပေရာဂ်က္ျဖစ္တဲ့ ၁၅၇ ကီလိုမီတာအရွည္ရွိတဲ့ လာဂို႔စ္-ကင္ႏို ရထားလမ္းပိုင္းကို တည္ေဆာက္ခဲ့တာပါ။

ကင္ညာႏိုင္ငံမွာ တ႐ုတ္ရဲ႕ေႂကြးၿမီက ႏိုင္ငံ့ေႂကြးၿမီ စုစုေပါင္း ၇ဝ ဘီလ်ံရဲ႕ ၁ဝ ရာခိုင္ႏႈန္းဘဲရွိပါတယ္။ ဒီအေႂကြးေတြထဲမွာ ကင္ညာႏိုင္ငံ မြန္ဘာဆာ- ႏိုင္႐ိုဘီသြား ရထားလမ္း တည္ေဆာက္တဲ့ ေဒၚလာ ၃ ဒသမ ၆ ဘီလ်ံလည္းအပါအဝင္ျဖစ္ပါတယ္။

ႏိုင္ငံတစ္ႏိုင္ငံဟာ အျခားႏိုင္ငံတႏိုင္ငံကို သူ႔ရဲ႕ေႂကြးၿမီအားလုံးရဲ႕ ၄ ရာခိုင္ႏႈန္း နဲ႔ ၁ဝ ရာခိုင္ႏႈန္းၾကားေလာက္ ေပးစရာရွိတာနဲ႔ အဲဒီႏိုင္ငံကို ထိန္းခ်ဳပ္သြားလိမ့္မယ္ဆိုတာ မျဖစ္ႏိုင္ပါဘူးလို႔ Bloomberg News ရဲ႕ အေရွ႕အာဖရိက အမႈေဆာင္ခ်ဳပ္ ေဒးဗစ္မာလင္ဂါ David Malingha ကေျပာပါတယ္။

ကိုးကား - Bloomberg Quicktake: Originals , The Myth of the Chinese Debt Trap
in Africa
- International Development LSE (London School of Economics and
Political Science.) blog မွ The Chinese debt trap: A myth or a
Sinocentric world order? By Shreya Gulati

Picture

Ko Moe

21/08/2022 18:20

အမေရိကန်သားတွေ အုပ်ချူပ်သူတွေဟာ ရူးသွပ်နေသူတွေ ပါ။ဥစ္စာရူး ပါဝါရူး ဘာသာရေးအစွန်းရောက်ရူးတွေပါ။ရုရှား တို့က တော့ ဆိုဗီယက်ပြည်ထောင်စုကြီးကို နှမြောတမ်းတနေသူ မိမိရဲ့ အကျယ်အဝန်းတည်ရှိမှူ့ကို အမေရိကန်ရော နေတိုးကပါ မနာသဝန်တိုပြီး အမြဲတမ်း သူ့ကို တိုက်ခိုက်နေသူတွေ ယှဉ်ပြိုင်နေသူတွေလို့ပဲ မြင်နေတာပါ။

Picture

Ko Moe

21/08/2022 18:23

တရုတ်ဟာ ကမ္ဘာမှာ လူ7 ယောက်ရှိရင် တရုတ်က တစ်ယောက်ဖြစ်ပါတယ်လို့ မြင်နေသူပါ။သူက ဥရောပ ခေရာစ်ယာန်တွေထက် နှစ်ဆ ရှိတယ်လို့ မြင်ပါတယ်။(ရုရှား နဲ့ ဘယ်လာရု ဆားဘီးယား မပါ တူရကီမပါပေါ့)

Picture

Kyaw Kyaw

21/08/2022 18:44

ပြႀကီးနဲ႔ ေနာက္လိုက္ေတြ က ကမ္ဘာစစ္ျဖစ္ေအာင္ စစ္မီး ေမႊး ေနပါၿပီ။ ယခု လည္း ဆားဗီးယား နဲ႔ ကိုဆိုဗိုမွာ စစ္ျဖစ္ေအာင္ ေသြးထိုးေပးေနတယ္ ။ လာမဲ့ေဆာင္းရာသီ မွာ ဘာေတြ ျဖစ္လာမလဲ ဆိုတာ ေစာင့္ ၾကည့္ရပါမယ္ ။

Related news

© 2021. All rights reserved.