"အမေရိကန် ပြည်တွင်းစစ်ဖြစ်နိုင် သလား"

 1069

ပရမတ္တ ကိုမောင်ဘ (NP News) - ဩဂုတ် ၂၂
မကြာသေးခင်က အမေရိကန်ပြည်တွင်းစစ် နောက်တကြိမ်ထပ်ဖြစ်မှာလားဆိုတဲ့ စိုးရိမ်ပူပန်မှုမျိုး ထွက်ပေါ်လာပါတယ်။ ဒီအယူအဆဟာ အဓိက ရေစီးကြောင်းဖြစ်လာရုံမက၊ ရုတ်တရက် နေရာအနှံ့ အပြားမှာလိုလို ပေါ်ထွက်လာတာပါ။

ဒုတိယအမေရိကန်ပြည်တွင်းစစ်ဖြစ်လာနိုင်သလားဆိုတဲ့ ဆွေးနွေးပြောဆိုမှုတွေအဓိကရေစီးကြောင်း သဖွယ်ဖြစ်လာတာက ၂ဝဝ၈ ခုနှစ် ဘားရက်အိုဘားမား သမ္မတအဖြစ်အရွေးကောက်ခံရတဲ့အချိန်က စခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ် ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရမ့် ပါဝင်လာတဲ့အခါ အစွန်းနှစ်ဘက် သိသိသာသာကွဲထွက်လာပါတော့တယ်။ အမေရိကန် ကွန်ဆားဗေးတစ်အများစုက ဘားရက်အိုဘားမားတို့လို ဒီမိုကရက်သမ္မတတွေလက် ထက်မှာ အစိုးရက အာဏာရှင်ဆန်လာတယ်ဆိုပြီး မကျေနပ်ချက်တွေကို ဖော်ထုတ်လာကြပါတယ်။ LGBT အခွင့်အရေးလှုပ်ရှားမှု၊ ကျား-မ တန်းတူရေးလှုပ်ရှားမှု၊ (လူမည်းတွေရဲ့အသက်ကလည်း အရေးကြီးပါတယ်) Black Lives Matter နဲ့ (Antifa လက်ဝဲအစွန်းရောက်- ဖက်ဆစ်ဆန့်ကျင်ရေးနဲ့ လူမျိုးခွဲခြားမှုဆန့်ကျင်ရေး) အန်တီဖာ လှုပ် ရှားမှုတွေဟာ ရိုးရာခရစ်ယန်တန်ဘိုးတွေအပေါ်မှာတည်ဆောက်ထားတဲ့ လူ့အဖွဲ့အ စည်းအစီအစဉ်တွေကို ပြောင်ကျကျစိန်ခေါ် လာမှုတွေဘဲလို့ ယူဆကြပါတယ်။

တဖက်မှာလည်း ဒေါ်နယ်ထရမ့်က ရွေးကောက်ပွဲနိုင်လာတဲ့အခါ၊ ဒါဟာ ဖောက်ပြန် ရေးသမားတွေ၊ လက်ယာစွန်းရောက်တွေနဲ့ အလွန်အကျွံအစွန်းရောက်သမားတွေ အာဏာရလာတာဘဲလို့ တိုးတက်တဲ့အမြင်ရှိသူတွေနဲ့ သဘောထားပျော့ပြောင်းသူတွေက ရှုမြင်ခဲ့ကြပါတယ်။ ဒါကြောင့် ထရမ့်က ကျယ်ကျယ်လောင်လောင်ပြောဆိုနေတာတွေ၊ ပြုမူလှုပ်ရှားမှုတွေဟာ အာဏာရှင်စနစ်၊ ဖက်ဆစ်ဝါဒ၊ အစွန်းရောက်အမျိုးသားရေးဝါဒနဲ့ လူဖြူစိုးမိုးရေးတွေကို ဦးတည်နေတာလားလို့ စိုးရိမ်ခဲ့ကြပါတယ်။

၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလက သမ္မတ ဒေါ်နယ်ထရမ့်ကို ပထမအကြိမ်စွပ်စွဲပစ်တင်မှု (first impeachment trial) လုပ်တဲ့အချိန်ကစပြီး ကိုဗစ်ကပ်ရောဂါကာလ၊ ဂျော့ချ်ဖလွိုက် အသတ်ခံရမှုနဲ့ပတ်သက်တဲ့ လူထုမငြိမ်မသက်ဖြစ်မှု၊ ၂ဝ၂ဝ ခုနှစ် နိုဝင်ဘာလ ရွေး ကောက်ပွဲအပြီး တရားဝင် မဲရလဒ်များကိုပြောင်းပြန်လှန်ရန်ကြိုးပမ်းမှု၊ ၂ဝ၂၁-၂၂ တဟုန်ထိုးတိုးတက်လာတဲ့ ငွေကြေးဖေါင်းပွနဲ့ စီးပွားရေးဆုတ်ယုတ်မှု၊ ကိုယ်ဝန်ဖျက်ချမှု ကန့်သတ်တဲ့ တက္ကဆက်ပြည်နယ် ဥပဒေပြဌာန်းမှုနဲ့ အခုနောက်ဆုံး သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ မာရာလေဂိုအိမ်ကို အက်ဖ်ဘီ အိုင်ဝင်ရောက်စီးနင်းမှုစတဲ့ ကိစ္စတွေဖြစ်ပေါ်တိုင်းမှာ ပြည်တွင်းစစ်ဖြစ်တော့မှာလားဆိုတဲ့ စိုးရိမ်ချက်တွေ ပေါ်ထွက်လာပါတယ်။

၂ဝ၂၁ ခုနှစ်က အမေရိကန်လွှတ်တော် ကက်ပီတို့မှာ ထရမ့်လိုလားတဲ့ သွေးထွက်သံယိုအကြမ်း ဖက်တိုက်ခိုက်မှုတွေပြီးတဲ့နောက်ပိုင်း၊ နိုင်ငံရေးသုတေသီတွေ၊ သတင်းမီဒီယာသမားတွေ၊ သမိုင်းပညာ ရှင်တွေ၊ အမေရိကန် ဗိုလ်ချုပ်ကြီးဟောင်းတွေ၊ ထောက်လှမ်း ရေး အရာရှိတွေနဲ့ နိုင်ငံရေးသမားတွေထဲမှာ အမေရိကန် ပြည်ထောင်စုဟာ ပြည်တွင်း စစ်ထပ်ဖြစ်လာနိုင်တယ်လို့ စိုးရိမ်တဲ့သူတွေ တိုးများလာပါတယ်။

ဧဝံဂလိဂိုဏ်းနဲ့ အခြေခံဘာသာရေးအယူဝါဒခေါင်းဆောင်တွေက “လက်ဝဲစွန်း”ဝါဒကို ဆန့်ကျင်တဲ့ ပြည်တွင်းစစ်အတွက် ပြင်ဆင်ကြဖို့ ဆော်ဩခဲ့ကြပါတယ်။ တိုးတက်တဲ့ ဗြိတိသျှ သတင်းစာ ဂါးဒီးယန်းကတော့ ကက်ပီတို ဝင်ရောက်စီးနင်းမှုကို အမေရိကန်နိုင်ငံရဲ့ “ သစ္စာဖေါက် လက်ယာ အစွန်းရောက်ဂိုဏ်း” ဟာ စစ်ကြေငြာလိုက်ပြီလို့ ရေးခဲ့ပါတယ်။

တချို့ထောက်လှမ်းရေးအရာရှိတွေနဲ့ သတင်းမီဒီယာသမားတွေကတော့ လက်ဝဲနဲ့ လက်ယာ နိုင်ငံရေးအင်အားစုတွေကြား ပြည်တွင်း စစ်အေး တိုက်ပွဲက ဖြစ်နေပြီ၊ နောက် ငါးနှစ်ကနေ ဆယ်နှစ်အတွင်းမှာ ပြည်တွင်း စစ်ဖြစ်လာ နိုင်တယ်လို့ ဆိုနေကြပါတယ်။ တချို့ကလည်း ၂ဝ၂၂ ခုနှစ် သက်တမ်း အလယ် ရွေးကောက်ပွဲနဲ့ ၂ဝ၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲဟာ မီးစမွှေးတဲ့ အလားအလာတွေ ရှိနှိုင်တယ်လို့ သုံးသပ်နေကြပါတယ်။ ၂ဝ၂၂ ခုနှစ် ရွေးကောက်ပွဲဝန်းကျင်မှာ ရီပတ်ဘလီကင် လွှတ်တော်ကိုယ်စား လှယ်တော်တော်များများက “ပြည်တွင်းစစ်” ဆိုတာကို ကျယ်ကျယ်လောင်လောင် ပြောနေသလို လက်ဝဲသမားတွေကိုဆန့်ကျင်တဲ့ သွေးထွက်သံယို အကြမ်းဖက်မှုတွေကို ပြောဆို ဆွေးနွေးနေကြပါတယ်။ တဖက်မှာလည်း ဒီမိုကရက်တော်တော်များများက ရီပတ်ဘလီကင်တွေသာ အစိုးရဖြစ်သွားရင် အာဏာရှင်ဝါဒနဲ့ ဖက်ဆစ်ဝါဒ အန္တရာယ်ရှိတယ်ဆိုပြီးပြောဆို မဲဆွယ်နေကြပါတယ်။

၂ဝ၂ဝ ခုနှစ်က Business Insider က ပြုလုပ်တဲ့ လူထုစစ်တမ်းတခုမှာ၊ အမေရိကန်အများစုက “ပြည်တွင်းစစ်အေး” ဖြစ်နေပြီလို့ ယုံကြည်နေကြတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ ဆောင်းဦးပေါက်ရာသီတုန်းက ဗာဂျီးနီးယားတက္ကသိုလ် နိုင်ငံရေးဌာနကပြုလုပ်တဲ့ စစ်တမ်းတစ်ခုမှာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို ၂ဝ၂ဝ ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့သူတွေထဲက အများစုက သူတို့ရဲ့ ပြည်နယ်ကို အမေရိကန်ပြည် ထောင်စုကနေ ခွဲထွက်လိုကြတယ်လို့ ဖော်ပြထားပါတယ်။ စစ်တမ်းတွေထဲက နောက်ထပ်အ ချက်အလက်တွေအရ ဂျိုးဘိုင်ဒန်ကို မဲပေးခဲ့ကြသူတွေရဲ့ ၄၁ ရာခိုင်နှုန်းကလည်း ဒီအချိန်ဟာ “တိုင်းပြည်ကွဲဖို့ အချိန်” ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဖြေခဲ့ကြတယ်လို့ ဆိုပါတယ်။

၂ဝ၂၁ ခုနှစ်က နိုင်ငံလုံးဆိုင်ရာ စစ်တမ်းတစ်ခုကောက်ယူရာမှာ အမေရိကန် ၄၆ ရာခိုင်နှုန်းက ပြည်တွင်းစစ်ဖြစ်နှိုင်တယ်လို့ ထင်မြင်ချက်ပေးပြီး၊ ၄၃ ရာခိုင်နှုန်းကတော့ မဖြစ်နှိုင်ဘူးလို့ ထင်မြင်ချက်ပေးပါတယ်။ ၁၁ ရာခိုင်နှုန်းကတော့ မသေချာဘူးလို့ ထင် မြင်ချက်ပေးပါတယ်။ ပြည်တွင်းစစ် ဖြစ်နိုင်တယ်လို့ ထင်မြင်ချက်ပေးတဲ့အထဲမှာ လူ ငယ်တွေထဲက ၅၃ ရာခိုင်နှုန်းနဲ့ လူကြီးတွေထဲက ၃၁ ရာခိုင်နှုန်းရှိတဲ့အတွက်၊ လူငယ်တွေက လူကြီးတွေထက်ပိုပြီး ပြည်တွင်းစစ်ဖြစ်လိမ့်မယ်လို့ ယူဆကြတာတွေ့ရပါတယ်။ အမေရိကန်တောင်ပိုင်းသားတွေထဲက ၄၉ ရာခိုင်နှုန်း နဲ့ အလယ်ပိုင်းနဲ့ ရေကန်ကြီးတွေရှိရာ ဒေသက ၄၈ ရာခိုင်နှုန်းရှိကြတဲ့အတွက်၊ ၃၉ ရာခိုင်နှုန်းကသာ ပြည်တွင်း စစ်ဖြစ်မယ်လို့ ထင်မြင်ကြတဲ့ အရှေ့ပိုင်းသားတွေထက် ပိုများတာတွေ့ရပါတယ်။

အဲဒီလို စစ်တမ်းကောက်ယူတဲ့အခါ“ပြည်တွင်းစစ်ဖြစ်လိမ့်မယ်လို့” ဘာကြောင့် ထင်ရတာလဲဆိုတာနဲ့ စစ်ဘယ်လို ဖြစ်မှာလဲဆိုတာကိုတော့ မမေးပါဘူး။ ဒါပေမဲ့ ပြည်တွင်း စစ်ဖြစ်လိမ့်မယ်လို့ ထင်မြင်သူတွေအတွက် ခိုင်မာတဲ့ အခြေခံအကြောင်းအချက်တွေရှိနေမှာကတော့ သေချာပါတယ်။

စနက်တံတွေအဖြစ်ရှိနေတဲ့ ပြဿနာတွေကတော့ လူမျိုးရေးပြဿနာ၊ သေနတ်ထိန်း ချုပ်မှု၊ ကိုယ်ဝန်ဖျက်ချမှု၊ ရွေးကောက်ပွဲ တရားဝင်ဖြစ်ရေး၊ ရာသီဥတုပြောင်းလဲမှု၊ ကာ ကွယ်ဆေး၊ နှာခေါင်းစည်းစတဲ့ စတဲ့ အငြင်းပွား စရာကိစ္စတွေပါပဲ။ ယဉ်ကျေးမှု၊ စီးပွား ရေးနဲ့ နိုင်ငံရေး ပြဿနာတွေကလည်း ဆူပူအုံကြွစရာ အခြေအနေတွေ ပါပဲ။ အခု လောလောဆယ်တော့ ဖက်ဒရယ်စနစ်အောက်မှာ၊ ပြည်နယ်တချို့က တခြားပြည်နယ် တွေမှာနဲ့ မတူ၊ အလွန်ခြားနားတဲ့ ဥပဒေပြုခြင်းအားဖြင့် “နယ်နိမိတ်စစ်ပွဲတွေ” ကိုတော့ မြင်တွေ့နေရပါပြီ။ အဲဒါကတော့ တက္ကဆက်ပြည်နယ်က ပြဋ္ဌာန်းလိုက်တဲ့ ကိုယ် ဝန်ရတာ သတင်း (၆)ပတ်ရှိနေရင် ဖျက်ချတာ တရားမဝင်ဘူးလို့ ပိတ်ပင်တားမြစ်တဲ့ ဥပဒေပါ။ ဒီ (၆) ပတ်ဆိုတာ တချို့အမျိုးသမီးတွေအနေဲ့ ကိုယ်ဝန်ရှိနေပြီဆိုတာ ကိုယ့်ဖာသာ ကိုယ်တောင်မသိနိုင်သေးတဲ့ ကာလပါ။ တခြားပြည်နယ်တွေမှာတော့ ၁၉၇၃ ခုနှစ်ကရှိခဲ့တဲ့ (Roe v. Wade) ရိုးနဲ့ ဝိတ်စီရင်ထုံးအတိုင်း ကိုယ်ဝန်ဖျက်ချတာ တရားဝင်တယ်လို့ အမေရိကန်အများစုက ခံယူထားကြပါတယ်။

မမျှမတဖြစ်မှုနဲ့ အစွန်းနှစ်ဘက် သိသိသာသာကွဲထွက်မှု မြင့်မားရတဲ့အကြောင်း တစ်စိတ်တစ်ပိုင်းကတော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အပြန်အလှန်ဆက်စပ်နေတဲ့ သွေးကွဲနေမှုများကြောင့်ပါ။ အဲဒီအချက်က နိုင်ငံကို ဝန်ထုတ်ဝန်ပိုးဖြစ်စေပါတယ်။ စဉ်းစားတွေး ခေါ်ပုံ၊ လူမျိုးရေး၊ ကျား-မ၊ နေထိုင်မှုအဆင့်အတန်း၊ ပညာရေး နဲ့ စီးပွားရေးအခွင့်အ လမ်း စတာတွေက လူတွေကိုအုပ်စုလိုက် သွေးကွဲစေပါတယ်။ မတူကွဲပြားတဲ့အုပ်စုအလိုက် ပြည်သူ့ရေးရာမူဝါဒတွေနဲ့ အမေရိကန်လူ့အဖွဲ့အစည်း အပေါ် အမြင်တွေက ကွဲပြားခြားနားကြပါတယ်။ ဒီအုပ်စုတွေအနေနဲ့ ပြဿနာတခုချင်းအလိုက် အပေါ်ရှိမှာတဲ့ အမြင်တွေလည်း အမျိုးမျိုးကွဲပြားခြားနားကြပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်က မေရီလန်းပြည်နယ် တက္ကသိုလ်နဲ့ ဝါရှင်တန်ပို့စ် သတင်း စာတို့က စစ်တမ်းတစ်ခုကောက်ယူခဲ့ကြတယ်။ အဲဒီထဲမှာ ဖြေကြားသူတွေရဲ့ သုံးပုံတစ်ပုံက အစိုးရကို သွေးထွက်သံယို အကြမ်းဖက် တိုက်ခိုက်တာဟာ “တစ်ခါတစ်ရံမှာ တရားတယ်”လို့ ပြောကြပါသတဲ့။ ဒါက ရီပတ်ဘလီကင်နဲ့ တသီးပုဂ္ဂလအများစုရဲ့အမြင်လို့ ဆိုပါတယ်။ ၁၉၉ဝ ခုနှစ်တွေတုန်းကတော့ အမေရိကန် (၁ဝ)ယောက်မှာ တစ်ယောက်လောက်ကဘဲ ဒီလိုအမြင်ရှိခဲ့တာပါလို့ ဝါရှင်တန်ပို့စ်က ရေးပါတယ်။

စစ်တမ်းတွေကို ဖြေဆိုသူတွေအနေနဲ့ သူတို့ဖြေလိုက်တဲ့ အဖြေတွေဟာ ဘာကိုဆိုလိုသလဲ၊ ဒါမှမဟုတ် ဘယ်လိုအဓိပ္ပာယ်သက်ရောက်သွားသလဲဆိုတာ အပြည့်အဝနား လည်သလားလို့မေးရင်၊ အားလုံးက နားမလည်လောက်ဘူးလို့ပြောရပါလိမ့်မယ်။ မေး မြန်းပြောဆိုတာက ပေါ့ပေါ့ပါးပါးပါဘဲ။ အဖြေထဲမှာ ထူးထူးခြားခြား စူးစူးရှရှတွေပါလာအောင် စစ်တမ်းမေးတဲ့သူတွေကလည်းထိုးဆွတဲ့ မေးခွန်းတွေ အမြောက်အများမေးလေ့ရှိ ပါတယ်။

သူတို့ပြောတဲ့ “ ပြည်တွင်းစစ်” ဆိုတာ ဘာကိုဆိုလိုတာလဲ။ ၁၈၆ဝ ခုနှစ်တွေတုန်းက အမေရိကန် တောင်ပိုင်း (၁၁)ပြည်နယ်ဟာ ပြည်ထောင်စုက ခွဲထွက်ပြီးတော့ လေးနှစ်ကြာစစ်ပွဲကို ဆင်နွှဲခဲ့ပါတယ်။ ကျေးကျွန်စနစ်ကို ဆက်လက်ထိန်းသိမ်းထားချင်လို့ပါ။ အဲဒီအချိန်က အာဖရိကန်- အမေရိကန် (၄) သန်းလောက်ဟာ အကျဉ်းသား ကျေးကျွန်တွေအဖြစ် လူဖြူတွေရဲ့ အခိုင်းအစေခံနေရပါတယ်။

အမေရိကန်ပြည်တွင်းစစ်မှာ အနည်းဆုံးအမေရိကန် ပြည်သူ (၆)သိန်းလောက်အသက်ပေးခဲ့ရပါတယ်။ ဒီစစ်ပွဲကြောင့် တောင်ပိုင်းဟာ စီးပွားရေးအရ ဖွတ်ဖွတ်ညက်ညက် ကြေသွားခဲ့သလို၊ ကျေးကျွန်ဘဝက လွတ်မြောက်ခဲ့သူ အများအပြားဟာလည်း ကုန်းကောက်စရာမရှိအောင် ဆင်းဆင်းရဲရဲဖြစ်ပြီး ကျန်ရစ်ပါတယ်။

အဲဒီပြည်တွင်းစစ်ပြီးသွားပေမဲ့ “ပြည်နယ်များရဲ့ အခွင့်အရေး” ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာပြဿနာကတော့ အနည်းအကျဉ်းသာ ဖြေရှင်းနိုင်ခဲ့ပါတယ်။ ပြည်သူ့အ ခွင့်အရေးနဲ့ မဲပေးခွင့်အတွက် တိုက်ပွဲတွေဆက်ရှိနေသလို ယနေ့ကာလမှာ နှာခေါင်းစီး Mask တပ်ရေးနဲ့ ကာကွယ်ဆေးထိုးရေးကိစ္စ တွေလိုမျိုး ကျန်းမာရေးကန့်သတ်ချက်တွေနဲ့ပတ်သက်ပြီး တကျက်ကျက်စကားများနေကြရပါတယ်။

အခြေခံပြဿနာတွေနဲ့ပတ်သက်ရင် ပြည်နယ်တွေက မိမိကိုယ်ပိုင် ဆုံးဖြတ်ချက်လမ်းအတိုင်းသွားလိုတဲ့ အခွင့်အရေးတောင်းဆိုမှုဟာ တရားလွှတ်တော်ချုပ်မှာ ရှေ့တန်းရောက် အဓိကပြဿနာဖြစ်နေဆဲပါ။ ဥပမာ ကိုယ်ဝန်ဖျက်ချခွင့်တင်းကြပ်တဲ့ ဥပဒေပြဌာန်းချက်လိုမျိုးပါ။

အမေရိကန်ပြည်ထောင်စုမှာ ဒုတိယ ပြည်တွင်းစစ်ပွဲဖြစ်နိုင်တယ်လို့ ယူဆသူတွေက အောက်က အချက်တွေကြောင့်လို့ ထောက်ပြကြပါတယ်။
- ဒီမိုကရေစီကျဆင်းလာခြင်း၊ အာဏာရှင်ဆန်လာခြင်းနဲ့ အာဏာရှင်စနစ်ကိုဦးတည်
နေခြင်း။
- နိုင်သူအကုန်ယူရွေးကောက်ပွဲစနစ်နဲ့ နှစ်ပါတီစနစ်ကြောင့် အစွန်းနှစ်ဘက်ကွဲထွက်မှု
မြင့်မားလာခြင်း။
- အစွန်းရောက်နိုင်ငံသားများ သေနတ်ပိုင်ဆိုင်မှုနှုန်း မြင့်တက်လာခြင်း။
- သော့ချက်ကျတဲ့ ယုံကြည်မှုတွေအပေါ် စေ့စပ်ညှိနှိုင်းမရခြင်း (ဥပမာ-ရွေးကောက်ပွဲ
မှာ ဘယ်သူနိုင်တာ လဲဆိုတဲ့ကိစ္စမျိုး)
- အမေရိကန်စစ်ဘက်ဆိုင်ရာအတွင်း နိုင်ငံရေးတင်းမာမှု၊
- စီးပွားရေးအခြေအနေမကောင်းခြင်း( ဥပမာ- ပြည်ထောင်စုအစိုးရ အကြွေးများ မြင့်
တက်လာခြင်း၊ ဝင်ငွေ မညီမျှခြင်းနဲ့ ၂ဝ၂၁-၂၂ ငွေကြေးတဟုန်ထိုး ဖေါင်းပွခြင်း)
- နိုင်ငံရေးအကြမ်းဖက်မှုများ တဖြေးဖြေးတိုးများလာခြင်း ( အထူးသဖြင့် လက်ယာ
အစွန်းရောက် အကြမ်းဖက်သမားများ)
- အစိုးရ၏တရားဝင်ဖြစ်မှုကို ယုံကြည်မှုနည်းပါးလာခြင်း၊
- ပြည်တွင်းစစ်နဲ့ပတ်သက်ပြီး ပွင့်လင်းတဲ့ ဆွေးနွေးပွဲများ ပုံမှန်ဖြစ်အောင်ပြုလုပ်နေ
ခြင်း စတာတွေဖြစ် ကြပါတယ်။

သုတေသီတချို့ကထောက်ပြတာက တကယ်လို့ ပြည်တွင်းစစ်ဖြစ်လာမယ်ဆိုရင် လူမျိုး ရေးနဲ့ ဘာသာရေးလိုင်းကွဲပြားမှုအရ နှစ်ဖက်ဖြစ်ကြလိမ့်မယ်လို့သုံးသပ်ပါတယ်။ လော ကီရေးရာမှာ ဘာသာရေး မရောစွက်တဲ့ Secular ဝါဒနဲ့ ယဉ်ကျေးမှုပေါင်းစုံဝါဒ မြင့်တက်လာမှုကြောင့် လူဖြူစိုးမိုးမှုကျဆင်းလာခြင်းနဲ့ ခရစ်ယန်ဘာသာ ဆုတ်ယုတ်လာမှုတို့ ကြောင့်ဖြစ်လိမ့်မယ်လို့ဆိုတာပါ။

ပြည်တွင်းစစ်မဖြစ်နိုင်၊ သံသယရှိတယ်လို့ ငြင်းချက်ထုတ်သူတွေက အောက်ကအချက်တွေကိုထောက်ပြကြပါတယ်။

- စုဖွဲ့ထားတဲ့ အပြိုင်တပ်မတော်နှစ်ရပ် မရှိခြင်း။
- ပထဝီနိုင်ငံရေးအရ ရှင်းရှင်းလင်းလင်းသတ်မှတ်ထားတဲ့ လိုင်းမရှိခြင်း ( ဥပမာ
တောင်ပိုင်းနဲ့ မြောက်ပိုင်း)
- နိုင်ငံရေးအရ သဘောထားကွဲပြားနေတဲ့ နှစ်ဘက်လုံးမှာ အကြမ်းဖက်မှုမလိုလားသူ
အများစုရှိနေခြင်း၊
- နိုင်ငံတော်အစိုးရက အားပေးတဲ့အကြမ်းဖက်မှုမရှိခြင်း၊
- ကမ္ဘာပေါ်မှာ အကြွယ်ဝအချမ်းသာဆုံး ဒီမိုကရေစီနိုင်ငံကြီးဖြစ်ခြင်း၊
- ပြည်နယ်အချင်းချင်းအကြား စစ်ဖြစ်ရန် ကြီးမားတဲ့ မက်လုံးမရှိခြင်း၊ ( ဥပမာ
ပြည်နယ်များအကြား စီးပွားရေးအရ နက်နက်ရှိုင်းရှိုင်းဆက်စပ်ပတ်သက်နေတဲ့
အတွက်) စတာတွေဖြစ်ပါတယ်။

စစ်ဖြစ်မယ်ဆိုတာကို သံသယရှိသူတွေက ပြည်တွင်းစစ်ဖြစ်တော့မယ်လို့ ပြောဆိုဆွေး နွေးနေသူတွေကို “သွေးလှန့်သူတွေ၊ ခြောက်လှန့်ရေးသမားတွေ၊ နှစ်ခြမ်းကွဲအောင်လုပ်နေသူတွေ၊ သမိုင်းအမြင် မရှိသူတွေ” ဖြစ်တယ်လို့ စွပ်စွဲကြပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးကွဲပြားမှုဟာ အများအားဖြင့် အကြမ်းမဖက်တဲ့ ယဉ်ကျေးမှုစစ်ပွဲသာဖြစ်ပြီး၊ တရားဥပဒေစိုးမိုးတဲ့ အစိုးရအုပ်ချုပ်ရေး အဆက် ပြတ်တောက်သွားမဲ့ အန္တရာယ် မရှိဘူးလို့ ဆိုကြပါတယ်။

နောက်ဆုံးအနေနဲ့ Spencer Bokat-Lindell ရဲ့ စာအုပ်ပါ စာစုနဲ့နိဂုံးချုပ်ချင်ပါတယ်။

“သူတို့ချစ်ခင်မြတ်နိုးကြတဲ့ ဒီမိုကရေစီက ဆုတ်ယုတ်နေတယ်၊ ဒါမှမဟုတ် စစ်ပွဲဆီကို ဦးတည်နေပြီဆိုတာကို ဘယ်သူမှ ယုံကြည်ချင်ကြမယ်မဟုတ်ပါဘူး” “ ဒါပေမဲ့ တကယ်လို့ ခင်ဗျားဟာ နိုင်ငံခြား တိုင်းပြည်တခုကနေ အမေရိကန်က အဖြစ်အပျက်တွေကို လေ့လာသုံးသပ်နေတဲ့သူဖြစ်ခဲ့ရင်၊ ယူကရိန်း ဒါမှမဟုတ် အိုင်ဗရီကိုစ် ဒါမှမဟုတ် ဗင်နီဇွဲလား တို့မှာဖြစ်ပျက်ခဲ့တာတွေကို ကြည့်ပြီး ဘယ်အချက်တွေက ပြည်တွင်းစစ်ပွဲကိုဖြစ်စေတာလဲဆိုတဲ့ သုံးသပ်မှုမျိုးနဲ့ အမေရိကန်အပေါ်အကဲဖြတ်နေပါလိမ့်မယ်။ နောက်ပြီး လွန်ခဲ့တဲ့ရာစုနှစ် နှစ်ခုလောက်ကတည်းက ဒီမိုကရေစီ အခြေ တည်လာတဲ့ အမေရိ ကန်ပြည်ထောင်စုဟာ ယခုအချိန်မှာ အလွန်အန္တရာယ်များတဲ့ ဇုန်နယ်မြေထဲကျရောက်နေပြီဆိုတာ တွေ့ရပါလိမ့်မယ်” လို့ “ ပြည်တွင်းစစ်ပွဲတွေ ဘယ်လိုစဖြစ်” (“How Civil Wars Start.” ) ဆိုတဲ့ သူမရဲ့ စာအုပ်မှာ ရေးသားထားပါကြောင်း။


ကိုးကား - Is Civil War Looming, or Should We Calm Down? By SPENCER
BOKAT- LINDELL
- Imagine another American Civil War, but this time in every state by
Ron Elving
- Is the US headed for another Civil War? – by William G. Gale
- Is the US really heading for a second civil war? By David Smith
- Wikipedia

zawgyi version
"အေမရိကန္ ျပည္တြင္းစစ္ျဖစ္ႏိုင္ သလား"

ပရမတၱ ကိုေမာင္ဘ (NP News) - ဩဂုတ္ ၂၂
မၾကာေသးခင္က အေမရိကန္ျပည္တြင္းစစ္ ေနာက္တႀကိမ္ထပ္ျဖစ္မွာလားဆိုတဲ့ စိုးရိမ္ပူပန္မႈမ်ိဳး ထြက္ေပၚလာပါတယ္။ ဒီအယူအဆဟာ အဓိက ေရစီးေၾကာင္းျဖစ္လာ႐ုံမက၊ ႐ုတ္တရက္ ေနရာအႏွံ႔ အျပားမွာလိုလို ေပၚထြက္လာတာပါ။

ဒုတိယအေမရိကန္ျပည္တြင္းစစ္ျဖစ္လာႏိုင္သလားဆိုတဲ့ ေဆြးေႏြးေျပာဆိုမႈေတြအဓိကေရစီးေၾကာင္း သဖြယ္ျဖစ္လာတာက ၂ဝဝ၈ ခုႏွစ္ ဘားရက္အိုဘားမား သမၼတအျဖစ္အေ႐ြးေကာက္ခံရတဲ့အခ်ိန္က စခဲ့ပါတယ္။ ၂ဝ၁၆ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ ေဒၚနယ္ထရမ့္ ပါဝင္လာတဲ့အခါ အစြန္းႏွစ္ဘက္ သိသိသာသာကြဲထြက္လာပါေတာ့တယ္။ အေမရိကန္ ကြန္ဆားေဗးတစ္အမ်ားစုက ဘားရက္အိုဘားမားတို႔လို ဒီမိုကရက္သမၼတေတြလက္ ထက္မွာ အစိုးရက အာဏာရွင္ဆန္လာတယ္ဆိုၿပီး မေက်နပ္ခ်က္ေတြကို ေဖာ္ထုတ္လာၾကပါတယ္။ LGBT အခြင့္အေရးလႈပ္ရွားမႈ၊ က်ား-မ တန္းတူေရးလႈပ္ရွားမႈ၊ (လူမည္းေတြရဲ႕အသက္ကလည္း အေရးႀကီးပါတယ္) Black Lives Matter နဲ႔ (Antifa လက္ဝဲအစြန္းေရာက္- ဖက္ဆစ္ဆန႔္က်င္ေရးနဲ႔ လူမ်ိဳးခြဲျခားမႈဆန႔္က်င္ေရး) အန္တီဖာ လႈပ္ ရွားမႈေတြဟာ ႐ိုးရာခရစ္ယန္တန္ဘိုးေတြအေပၚမွာတည္ေဆာက္ထားတဲ့ လူ႔အဖြဲ႕အ စည္းအစီအစဥ္ေတြကို ေျပာင္က်က်စိန္ေခၚ လာမႈေတြဘဲလို႔ ယူဆၾကပါတယ္။

တဖက္မွာလည္း ေဒၚနယ္ထရမ့္က ေ႐ြးေကာက္ပြဲႏိုင္လာတဲ့အခါ၊ ဒါဟာ ေဖာက္ျပန္ ေရးသမားေတြ၊ လက္ယာစြန္းေရာက္ေတြနဲ႔ အလြန္အကြၽံအစြန္းေရာက္သမားေတြ အာဏာရလာတာဘဲလို႔ တိုးတက္တဲ့အျမင္ရွိသူေတြနဲ႔ သေဘာထားေပ်ာ့ေျပာင္းသူေတြက ရႈျမင္ခဲ့ၾကပါတယ္။ ဒါေၾကာင့္ ထရမ့္က က်ယ္က်ယ္ေလာင္ေလာင္ေျပာဆိုေနတာေတြ၊ ျပဳမူလႈပ္ရွားမႈေတြဟာ အာဏာရွင္စနစ္၊ ဖက္ဆစ္ဝါဒ၊ အစြန္းေရာက္အမ်ိဳးသားေရးဝါဒနဲ႔ လူျဖဴစိုးမိုးေရးေတြကို ဦးတည္ေနတာလားလို႔ စိုးရိမ္ခဲ့ၾကပါတယ္။

၂ဝ၂ဝ ခုႏွစ္ ဇန္နဝါရီလက သမၼတ ေဒၚနယ္ထရမ့္ကို ပထမအႀကိမ္စြပ္စြဲပစ္တင္မႈ (first impeachment trial) လုပ္တဲ့အခ်ိန္ကစၿပီး ကိုဗစ္ကပ္ေရာဂါကာလ၊ ေဂ်ာ့ခ်္ဖလြိဳက္ အသတ္ခံရမႈနဲ႔ပတ္သက္တဲ့ လူထုမၿငိမ္မသက္ျဖစ္မႈ၊ ၂ဝ၂ဝ ခုႏွစ္ ႏိုဝင္ဘာလ ေ႐ြး ေကာက္ပြဲအၿပီး တရားဝင္ မဲရလဒ္မ်ားကိုေျပာင္းျပန္လွန္ရန္ႀကိဳးပမ္းမႈ၊ ၂ဝ၂၁-၂၂ တဟုန္ထိုးတိုးတက္လာတဲ့ ေငြေၾကးေဖါင္းပြနဲ႔ စီးပြားေရးဆုတ္ယုတ္မႈ၊ ကိုယ္ဝန္ဖ်က္ခ်မႈ ကန႔္သတ္တဲ့ တကၠဆက္ျပည္နယ္ ဥပေဒျပဌာန္းမႈနဲ႔ အခုေနာက္ဆုံး သမၼတေဟာင္း ေဒၚနယ္ထရမ့္ရဲ႕ မာရာေလဂိုအိမ္ကို အက္ဖ္ဘီ အိုင္ဝင္ေရာက္စီးနင္းမႈစတဲ့ ကိစၥေတြျဖစ္ေပၚတိုင္းမွာ ျပည္တြင္းစစ္ျဖစ္ေတာ့မွာလားဆိုတဲ့ စိုးရိမ္ခ်က္ေတြ ေပၚထြက္လာပါတယ္။

၂ဝ၂၁ ခုႏွစ္က အေမရိကန္လႊတ္ေတာ္ ကက္ပီတို႔မွာ ထရမ့္လိုလားတဲ့ ေသြးထြက္သံယိုအၾကမ္း ဖက္တိုက္ခိုက္မႈေတြၿပီးတဲ့ေနာက္ပိုင္း၊ ႏိုင္ငံေရးသုေတသီေတြ၊ သတင္းမီဒီယာသမားေတြ၊ သမိုင္းပညာ ရွင္ေတြ၊ အေမရိကန္ ဗိုလ္ခ်ဳပ္ႀကီးေဟာင္းေတြ၊ ေထာက္လွမ္း ေရး အရာရွိေတြနဲ႔ ႏိုင္ငံေရးသမားေတြထဲမွာ အေမရိကန္ ျပည္ေထာင္စုဟာ ျပည္တြင္း စစ္ထပ္ျဖစ္လာႏိုင္တယ္လို႔ စိုးရိမ္တဲ့သူေတြ တိုးမ်ားလာပါတယ္။

ဧဝံဂလိဂိုဏ္းနဲ႔ အေျခခံဘာသာေရးအယူဝါဒေခါင္းေဆာင္ေတြက “လက္ဝဲစြန္း”ဝါဒကို ဆန႔္က်င္တဲ့ ျပည္တြင္းစစ္အတြက္ ျပင္ဆင္ၾကဖို႔ ေဆာ္ဩခဲ့ၾကပါတယ္။ တိုးတက္တဲ့ ၿဗိတိသွ် သတင္းစာ ဂါးဒီးယန္းကေတာ့ ကက္ပီတို ဝင္ေရာက္စီးနင္းမႈကို အေမရိကန္ႏိုင္ငံရဲ႕ “ သစၥာေဖါက္ လက္ယာ အစြန္းေရာက္ဂိုဏ္း” ဟာ စစ္ေၾကျငာလိုက္ၿပီလို႔ ေရးခဲ့ပါတယ္။

တခ်ိဳ႕ေထာက္လွမ္းေရးအရာရွိေတြနဲ႔ သတင္းမီဒီယာသမားေတြကေတာ့ လက္ဝဲနဲ႔ လက္ယာ ႏိုင္ငံေရးအင္အားစုေတြၾကား ျပည္တြင္း စစ္ေအး တိုက္ပြဲက ျဖစ္ေနၿပီ၊ ေနာက္ ငါးႏွစ္ကေန ဆယ္ႏွစ္အတြင္းမွာ ျပည္တြင္း စစ္ျဖစ္လာ ႏိုင္တယ္လို႔ ဆိုေနၾကပါတယ္။ တခ်ိဳ႕ကလည္း ၂ဝ၂၂ ခုႏွစ္ သက္တမ္း အလယ္ ေ႐ြးေကာက္ပြဲနဲ႔ ၂ဝ၂၄ ခုႏွစ္ သမၼတေ႐ြးေကာက္ပြဲဟာ မီးစေမႊးတဲ့ အလားအလာေတြ ရွိႏႈိင္တယ္လို႔ သုံးသပ္ေနၾကပါတယ္။ ၂ဝ၂၂ ခုႏွစ္ ေ႐ြးေကာက္ပြဲဝန္းက်င္မွာ ရီပတ္ဘလီကင္ လႊတ္ေတာ္ကိုယ္စား လွယ္ေတာ္ေတာ္မ်ားမ်ားက “ျပည္တြင္းစစ္” ဆိုတာကို က်ယ္က်ယ္ေလာင္ေလာင္ ေျပာေနသလို လက္ဝဲသမားေတြကိုဆန႔္က်င္တဲ့ ေသြးထြက္သံယို အၾကမ္းဖက္မႈေတြကို ေျပာဆို ေဆြးေႏြးေနၾကပါတယ္။ တဖက္မွာလည္း ဒီမိုကရက္ေတာ္ေတာ္မ်ားမ်ားက ရီပတ္ဘလီကင္ေတြသာ အစိုးရျဖစ္သြားရင္ အာဏာရွင္ဝါဒနဲ႔ ဖက္ဆစ္ဝါဒ အႏၲရာယ္ရွိတယ္ဆိုၿပီးေျပာဆို မဲဆြယ္ေနၾကပါတယ္။

၂ဝ၂ဝ ခုႏွစ္က Business Insider က ျပဳလုပ္တဲ့ လူထုစစ္တမ္းတခုမွာ၊ အေမရိကန္အမ်ားစုက “ျပည္တြင္းစစ္ေအး” ျဖစ္ေနၿပီလို႔ ယုံၾကည္ေနၾကတယ္လို႔ဆိုပါတယ္။ ၿပီးခဲ့တဲ့ ေဆာင္းဦးေပါက္ရာသီတုန္းက ဗာဂ်ီးနီးယားတကၠသိုလ္ ႏိုင္ငံေရးဌာနကျပဳလုပ္တဲ့ စစ္တမ္းတစ္ခုမွာ အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္ကို ၂ဝ၂ဝ ေ႐ြးေကာက္ပြဲမွာ မဲေပးခဲ့တဲ့သူေတြထဲက အမ်ားစုက သူတို႔ရဲ႕ ျပည္နယ္ကို အေမရိကန္ျပည္ ေထာင္စုကေန ခြဲထြက္လိုၾကတယ္လို႔ ေဖာ္ျပထားပါတယ္။ စစ္တမ္းေတြထဲက ေနာက္ထပ္အ ခ်က္အလက္ေတြအရ ဂ်ိဳးဘိုင္ဒန္ကို မဲေပးခဲ့ၾကသူေတြရဲ႕ ၄၁ ရာခိုင္ႏႈန္းကလည္း ဒီအခ်ိန္ဟာ “တိုင္းျပည္ကြဲဖို႔ အခ်ိန္” ျဖစ္ေကာင္းျဖစ္ႏိုင္တယ္လို႔ ေျဖခဲ့ၾကတယ္လို႔ ဆိုပါတယ္။

၂ဝ၂၁ ခုႏွစ္က ႏိုင္ငံလုံးဆိုင္ရာ စစ္တမ္းတစ္ခုေကာက္ယူရာမွာ အေမရိကန္ ၄၆ ရာခိုင္ႏႈန္းက ျပည္တြင္းစစ္ျဖစ္ႏႈိင္တယ္လို႔ ထင္ျမင္ခ်က္ေပးၿပီး၊ ၄၃ ရာခိုင္ႏႈန္းကေတာ့ မျဖစ္ႏႈိင္ဘူးလို႔ ထင္ျမင္ခ်က္ေပးပါတယ္။ ၁၁ ရာခိုင္ႏႈန္းကေတာ့ မေသခ်ာဘူးလို႔ ထင္ ျမင္ခ်က္ေပးပါတယ္။ ျပည္တြင္းစစ္ ျဖစ္ႏိုင္တယ္လို႔ ထင္ျမင္ခ်က္ေပးတဲ့အထဲမွာ လူ ငယ္ေတြထဲက ၅၃ ရာခိုင္ႏႈန္းနဲ႔ လူႀကီးေတြထဲက ၃၁ ရာခိုင္ႏႈန္းရွိတဲ့အတြက္၊ လူငယ္ေတြက လူႀကီးေတြထက္ပိုၿပီး ျပည္တြင္းစစ္ျဖစ္လိမ့္မယ္လို႔ ယူဆၾကတာေတြ႕ရပါတယ္။ အေမရိကန္ေတာင္ပိုင္းသားေတြထဲက ၄၉ ရာခိုင္ႏႈန္း နဲ႔ အလယ္ပိုင္းနဲ႔ ေရကန္ႀကီးေတြရွိရာ ေဒသက ၄၈ ရာခိုင္ႏႈန္းရွိၾကတဲ့အတြက္၊ ၃၉ ရာခိုင္ႏႈန္းကသာ ျပည္တြင္း စစ္ျဖစ္မယ္လို႔ ထင္ျမင္ၾကတဲ့ အေရွ႕ပိုင္းသားေတြထက္ ပိုမ်ားတာေတြ႕ရပါတယ္။

အဲဒီလို စစ္တမ္းေကာက္ယူတဲ့အခါ“ျပည္တြင္းစစ္ျဖစ္လိမ့္မယ္လို႔” ဘာေၾကာင့္ ထင္ရတာလဲဆိုတာနဲ႔ စစ္ဘယ္လို ျဖစ္မွာလဲဆိုတာကိုေတာ့ မေမးပါဘူး။ ဒါေပမဲ့ ျပည္တြင္း စစ္ျဖစ္လိမ့္မယ္လို႔ ထင္ျမင္သူေတြအတြက္ ခိုင္မာတဲ့ အေျခခံအေၾကာင္းအခ်က္ေတြရွိေနမွာကေတာ့ ေသခ်ာပါတယ္။

စနက္တံေတြအျဖစ္ရွိေနတဲ့ ျပႆနာေတြကေတာ့ လူမ်ိဳးေရးျပႆနာ၊ ေသနတ္ထိန္း ခ်ဳပ္မႈ၊ ကိုယ္ဝန္ဖ်က္ခ်မႈ၊ ေ႐ြးေကာက္ပြဲ တရားဝင္ျဖစ္ေရး၊ ရာသီဥတုေျပာင္းလဲမႈ၊ ကာ ကြယ္ေဆး၊ ႏွာေခါင္းစည္းစတဲ့ စတဲ့ အျငင္းပြား စရာကိစၥေတြပါပဲ။ ယဥ္ေက်းမႈ၊ စီးပြား ေရးနဲ႔ ႏိုင္ငံေရး ျပႆနာေတြကလည္း ဆူပူအုံႂကြစရာ အေျခအေနေတြ ပါပဲ။ အခု ေလာေလာဆယ္ေတာ့ ဖက္ဒရယ္စနစ္ေအာက္မွာ၊ ျပည္နယ္တခ်ိဳ႕က တျခားျပည္နယ္ ေတြမွာနဲ႔ မတူ၊ အလြန္ျခားနားတဲ့ ဥပေဒျပဳျခင္းအားျဖင့္ “နယ္နိမိတ္စစ္ပြဲေတြ” ကိုေတာ့ ျမင္ေတြ႕ေနရပါၿပီ။ အဲဒါကေတာ့ တကၠဆက္ျပည္နယ္က ျပ႒ာန္းလိုက္တဲ့ ကိုယ္ ဝန္ရတာ သတင္း (၆)ပတ္ရွိေနရင္ ဖ်က္ခ်တာ တရားမဝင္ဘူးလို႔ ပိတ္ပင္တားျမစ္တဲ့ ဥပေဒပါ။ ဒီ (၆) ပတ္ဆိုတာ တခ်ိဳ႕အမ်ိဳးသမီးေတြအေနဲ႔ ကိုယ္ဝန္ရွိေနၿပီဆိုတာ ကိုယ့္ဖာသာ ကိုယ္ေတာင္မသိႏိုင္ေသးတဲ့ ကာလပါ။ တျခားျပည္နယ္ေတြမွာေတာ့ ၁၉၇၃ ခုႏွစ္ကရွိခဲ့တဲ့ (Roe v. Wade) ႐ိုးနဲ႔ ဝိတ္စီရင္ထုံးအတိုင္း ကိုယ္ဝန္ဖ်က္ခ်တာ တရားဝင္တယ္လို႔ အေမရိကန္အမ်ားစုက ခံယူထားၾကပါတယ္။

မမွ်မတျဖစ္မႈနဲ႔ အစြန္းႏွစ္ဘက္ သိသိသာသာကြဲထြက္မႈ ျမင့္မားရတဲ့အေၾကာင္း တစ္စိတ္တစ္ပိုင္းကေတာ့ က်ယ္က်ယ္ျပန႔္ျပန႔္နဲ႔ အျပန္အလွန္ဆက္စပ္ေနတဲ့ ေသြးကြဲေနမႈမ်ားေၾကာင့္ပါ။ အဲဒီအခ်က္က ႏိုင္ငံကို ဝန္ထုတ္ဝန္ပိုးျဖစ္ေစပါတယ္။ စဥ္းစားေတြး ေခၚပုံ၊ လူမ်ိဳးေရး၊ က်ား-မ၊ ေနထိုင္မႈအဆင့္အတန္း၊ ပညာေရး နဲ႔ စီးပြားေရးအခြင့္အ လမ္း စတာေတြက လူေတြကိုအုပ္စုလိုက္ ေသြးကြဲေစပါတယ္။ မတူကြဲျပားတဲ့အုပ္စုအလိုက္ ျပည္သူ႔ေရးရာမူဝါဒေတြနဲ႔ အေမရိကန္လူ႔အဖြဲ႕အစည္း အေပၚ အျမင္ေတြက ကြဲျပားျခားနားၾကပါတယ္။ ဒီအုပ္စုေတြအေနနဲ႔ ျပႆနာတခုခ်င္းအလိုက္ အေပၚရွိမွာတဲ့ အျမင္ေတြလည္း အမ်ိဳးမ်ိဳးကြဲျပားျခားနားၾကပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ကုန္ပိုင္းေလာက္က ေမရီလန္းျပည္နယ္ တကၠသိုလ္နဲ႔ ဝါရွင္တန္ပို႔စ္ သတင္း စာတို႔က စစ္တမ္းတစ္ခုေကာက္ယူခဲ့ၾကတယ္။ အဲဒီထဲမွာ ေျဖၾကားသူေတြရဲ႕ သုံးပုံတစ္ပုံက အစိုးရကို ေသြးထြက္သံယို အၾကမ္းဖက္ တိုက္ခိုက္တာဟာ “တစ္ခါတစ္ရံမွာ တရားတယ္”လို႔ ေျပာၾကပါသတဲ့။ ဒါက ရီပတ္ဘလီကင္နဲ႔ တသီးပုဂၢလအမ်ားစုရဲ႕အျမင္လို႔ ဆိုပါတယ္။ ၁၉၉ဝ ခုႏွစ္ေတြတုန္းကေတာ့ အေမရိကန္ (၁ဝ)ေယာက္မွာ တစ္ေယာက္ေလာက္ကဘဲ ဒီလိုအျမင္ရွိခဲ့တာပါလို႔ ဝါရွင္တန္ပို႔စ္က ေရးပါတယ္။

စစ္တမ္းေတြကို ေျဖဆိုသူေတြအေနနဲ႔ သူတို႔ေျဖလိုက္တဲ့ အေျဖေတြဟာ ဘာကိုဆိုလိုသလဲ၊ ဒါမွမဟုတ္ ဘယ္လိုအဓိပၸာယ္သက္ေရာက္သြားသလဲဆိုတာ အျပည့္အဝနား လည္သလားလို႔ေမးရင္၊ အားလုံးက နားမလည္ေလာက္ဘူးလို႔ေျပာရပါလိမ့္မယ္။ ေမး ျမန္းေျပာဆိုတာက ေပါ့ေပါ့ပါးပါးပါဘဲ။ အေျဖထဲမွာ ထူးထူးျခားျခား စူးစူးရွရွေတြပါလာေအာင္ စစ္တမ္းေမးတဲ့သူေတြကလည္းထိုးဆြတဲ့ ေမးခြန္းေတြ အေျမာက္အမ်ားေမးေလ့ရွိ ပါတယ္။

သူတို႔ေျပာတဲ့ “ ျပည္တြင္းစစ္” ဆိုတာ ဘာကိုဆိုလိုတာလဲ။ ၁၈၆ဝ ခုႏွစ္ေတြတုန္းက အေမရိကန္ ေတာင္ပိုင္း (၁၁)ျပည္နယ္ဟာ ျပည္ေထာင္စုက ခြဲထြက္ၿပီးေတာ့ ေလးႏွစ္ၾကာစစ္ပြဲကို ဆင္ႏႊဲခဲ့ပါတယ္။ ေက်းကြၽန္စနစ္ကို ဆက္လက္ထိန္းသိမ္းထားခ်င္လို႔ပါ။ အဲဒီအခ်ိန္က အာဖရိကန္- အေမရိကန္ (၄) သန္းေလာက္ဟာ အက်ဥ္းသား ေက်းကြၽန္ေတြအျဖစ္ လူျဖဴေတြရဲ႕ အခိုင္းအေစခံေနရပါတယ္။

အေမရိကန္ျပည္တြင္းစစ္မွာ အနည္းဆုံးအေမရိကန္ ျပည္သူ (၆)သိန္းေလာက္အသက္ေပးခဲ့ရပါတယ္။ ဒီစစ္ပြဲေၾကာင့္ ေတာင္ပိုင္းဟာ စီးပြားေရးအရ ဖြတ္ဖြတ္ညက္ညက္ ေၾကသြားခဲ့သလို၊ ေက်းကြၽန္ဘဝက လြတ္ေျမာက္ခဲ့သူ အမ်ားအျပားဟာလည္း ကုန္းေကာက္စရာမရွိေအာင္ ဆင္းဆင္းရဲရဲျဖစ္ၿပီး က်န္ရစ္ပါတယ္။

အဲဒီျပည္တြင္းစစ္ၿပီးသြားေပမဲ့ “ျပည္နယ္မ်ားရဲ႕ အခြင့္အေရး” ဆိုတဲ့ ဖြဲ႕စည္းပုံအေျခခံ ဥပေဒဆိုင္ရာျပႆနာကေတာ့ အနည္းအက်ဥ္းသာ ေျဖရွင္းႏိုင္ခဲ့ပါတယ္။ ျပည္သူ႔အ ခြင့္အေရးနဲ႔ မဲေပးခြင့္အတြက္ တိုက္ပြဲေတြဆက္ရွိေနသလို ယေန႔ကာလမွာ ႏွာေခါင္းစီး Mask တပ္ေရးနဲ႔ ကာကြယ္ေဆးထိုးေရးကိစၥ ေတြလိုမ်ိဳး က်န္းမာေရးကန႔္သတ္ခ်က္ေတြနဲ႔ပတ္သက္ၿပီး တက်က္က်က္စကားမ်ားေနၾကရပါတယ္။

အေျခခံျပႆနာေတြနဲ႔ပတ္သက္ရင္ ျပည္နယ္ေတြက မိမိကိုယ္ပိုင္ ဆုံးျဖတ္ခ်က္လမ္းအတိုင္းသြားလိုတဲ့ အခြင့္အေရးေတာင္းဆိုမႈဟာ တရားလႊတ္ေတာ္ခ်ဳပ္မွာ ေရွ႕တန္းေရာက္ အဓိကျပႆနာျဖစ္ေနဆဲပါ။ ဥပမာ ကိုယ္ဝန္ဖ်က္ခ်ခြင့္တင္းၾကပ္တဲ့ ဥပေဒျပဌာန္းခ်က္လိုမ်ိဳးပါ။

အေမရိကန္ျပည္ေထာင္စုမွာ ဒုတိယ ျပည္တြင္းစစ္ပြဲျဖစ္ႏိုင္တယ္လို႔ ယူဆသူေတြက ေအာက္က အခ်က္ေတြေၾကာင့္လို႔ ေထာက္ျပၾကပါတယ္။
- ဒီမိုကေရစီက်ဆင္းလာျခင္း၊ အာဏာရွင္ဆန္လာျခင္းနဲ႔ အာဏာရွင္စနစ္ကိုဦးတည္
ေနျခင္း။
- ႏိုင္သူအကုန္ယူေ႐ြးေကာက္ပြဲစနစ္နဲ႔ ႏွစ္ပါတီစနစ္ေၾကာင့္ အစြန္းႏွစ္ဘက္ကြဲထြက္မႈ
ျမင့္မားလာျခင္း။
- အစြန္းေရာက္ႏိုင္ငံသားမ်ား ေသနတ္ပိုင္ဆိုင္မႈႏႈန္း ျမင့္တက္လာျခင္း။
- ေသာ့ခ်က္က်တဲ့ ယုံၾကည္မႈေတြအေပၚ ေစ့စပ္ညႇိႏႈိင္းမရျခင္း (ဥပမာ-ေ႐ြးေကာက္ပြဲ
မွာ ဘယ္သူႏိုင္တာ လဲဆိုတဲ့ကိစၥမ်ိဳး)
- အေမရိကန္စစ္ဘက္ဆိုင္ရာအတြင္း ႏိုင္ငံေရးတင္းမာမႈ၊
- စီးပြားေရးအေျခအေနမေကာင္းျခင္း( ဥပမာ- ျပည္ေထာင္စုအစိုးရ အေႂကြးမ်ား ျမင့္
တက္လာျခင္း၊ ဝင္ေငြ မညီမွ်ျခင္းနဲ႔ ၂ဝ၂၁-၂၂ ေငြေၾကးတဟုန္ထိုး ေဖါင္းပြျခင္း)
- ႏိုင္ငံေရးအၾကမ္းဖက္မႈမ်ား တေျဖးေျဖးတိုးမ်ားလာျခင္း ( အထူးသျဖင့္ လက္ယာ
အစြန္းေရာက္ အၾကမ္းဖက္သမားမ်ား)
- အစိုးရ၏တရားဝင္ျဖစ္မႈကို ယုံၾကည္မႈနည္းပါးလာျခင္း၊
- ျပည္တြင္းစစ္နဲ႔ပတ္သက္ၿပီး ပြင့္လင္းတဲ့ ေဆြးေႏြးပြဲမ်ား ပုံမွန္ျဖစ္ေအာင္ျပဳလုပ္ေန
ျခင္း စတာေတြျဖစ္ ၾကပါတယ္။

သုေတသီတခ်ိဳ႕ကေထာက္ျပတာက တကယ္လို႔ ျပည္တြင္းစစ္ျဖစ္လာမယ္ဆိုရင္ လူမ်ိဳး ေရးနဲ႔ ဘာသာေရးလိုင္းကြဲျပားမႈအရ ႏွစ္ဖက္ျဖစ္ၾကလိမ့္မယ္လို႔သုံးသပ္ပါတယ္။ ေလာ ကီေရးရာမွာ ဘာသာေရး မေရာစြက္တဲ့ Secular ဝါဒနဲ႔ ယဥ္ေက်းမႈေပါင္းစုံဝါဒ ျမင့္တက္လာမႈေၾကာင့္ လူျဖဴစိုးမိုးမႈက်ဆင္းလာျခင္းနဲ႔ ခရစ္ယန္ဘာသာ ဆုတ္ယုတ္လာမႈတို႔ ေၾကာင့္ျဖစ္လိမ့္မယ္လို႔ဆိုတာပါ။

ျပည္တြင္းစစ္မျဖစ္ႏိုင္၊ သံသယရွိတယ္လို႔ ျငင္းခ်က္ထုတ္သူေတြက ေအာက္ကအခ်က္ေတြကိုေထာက္ျပၾကပါတယ္။

- စုဖြဲ႕ထားတဲ့ အၿပိဳင္တပ္မေတာ္ႏွစ္ရပ္ မရွိျခင္း။
- ပထဝီႏိုင္ငံေရးအရ ရွင္းရွင္းလင္းလင္းသတ္မွတ္ထားတဲ့ လိုင္းမရွိျခင္း ( ဥပမာ
ေတာင္ပိုင္းနဲ႔ ေျမာက္ပိုင္း)
- ႏိုင္ငံေရးအရ သေဘာထားကြဲျပားေနတဲ့ ႏွစ္ဘက္လုံးမွာ အၾကမ္းဖက္မႈမလိုလားသူ
အမ်ားစုရွိေနျခင္း၊
- ႏိုင္ငံေတာ္အစိုးရက အားေပးတဲ့အၾကမ္းဖက္မႈမရွိျခင္း၊
- ကမာၻေပၚမွာ အႂကြယ္ဝအခ်မ္းသာဆုံး ဒီမိုကေရစီႏိုင္ငံႀကီးျဖစ္ျခင္း၊
- ျပည္နယ္အခ်င္းခ်င္းအၾကား စစ္ျဖစ္ရန္ ႀကီးမားတဲ့ မက္လုံးမရွိျခင္း၊ ( ဥပမာ
ျပည္နယ္မ်ားအၾကား စီးပြားေရးအရ နက္နက္ရႈိင္းရႈိင္းဆက္စပ္ပတ္သက္ေနတဲ့
အတြက္) စတာေတြျဖစ္ပါတယ္။

စစ္ျဖစ္မယ္ဆိုတာကို သံသယရွိသူေတြက ျပည္တြင္းစစ္ျဖစ္ေတာ့မယ္လို႔ ေျပာဆိုေဆြး ေႏြးေနသူေတြကို “ေသြးလွန႔္သူေတြ၊ ေျခာက္လွန႔္ေရးသမားေတြ၊ ႏွစ္ျခမ္းကြဲေအာင္လုပ္ေနသူေတြ၊ သမိုင္းအျမင္ မရွိသူေတြ” ျဖစ္တယ္လို႔ စြပ္စြဲၾကပါတယ္။ လက္ရွိျဖစ္ေပၚေနတဲ့ ႏိုင္ငံေရးကြဲျပားမႈဟာ အမ်ားအားျဖင့္ အၾကမ္းမဖက္တဲ့ ယဥ္ေက်းမႈစစ္ပြဲသာျဖစ္ၿပီး၊ တရားဥပေဒစိုးမိုးတဲ့ အစိုးရအုပ္ခ်ဳပ္ေရး အဆက္ ျပတ္ေတာက္သြားမဲ့ အႏၲရာယ္ မရွိဘူးလို႔ ဆိုၾကပါတယ္။

ေနာက္ဆုံးအေနနဲ႔ Spencer Bokat-Lindell ရဲ႕ စာအုပ္ပါ စာစုနဲ႔နိဂုံးခ်ဳပ္ခ်င္ပါတယ္။

“သူတို႔ခ်စ္ခင္ျမတ္ႏိုးၾကတဲ့ ဒီမိုကေရစီက ဆုတ္ယုတ္ေနတယ္၊ ဒါမွမဟုတ္ စစ္ပြဲဆီကို ဦးတည္ေနၿပီဆိုတာကို ဘယ္သူမွ ယုံၾကည္ခ်င္ၾကမယ္မဟုတ္ပါဘူး” “ ဒါေပမဲ့ တကယ္လို႔ ခင္ဗ်ားဟာ ႏိုင္ငံျခား တိုင္းျပည္တခုကေန အေမရိကန္က အျဖစ္အပ်က္ေတြကို ေလ့လာသုံးသပ္ေနတဲ့သူျဖစ္ခဲ့ရင္၊ ယူကရိန္း ဒါမွမဟုတ္ အိုင္ဗရီကိုစ္ ဒါမွမဟုတ္ ဗင္နီဇြဲလား တို႔မွာျဖစ္ပ်က္ခဲ့တာေတြကို ၾကည့္ၿပီး ဘယ္အခ်က္ေတြက ျပည္တြင္းစစ္ပြဲကိုျဖစ္ေစတာလဲဆိုတဲ့ သုံးသပ္မႈမ်ိဳးနဲ႔ အေမရိကန္အေပၚအကဲျဖတ္ေနပါလိမ့္မယ္။ ေနာက္ၿပီး လြန္ခဲ့တဲ့ရာစုႏွစ္ ႏွစ္ခုေလာက္ကတည္းက ဒီမိုကေရစီ အေျခ တည္လာတဲ့ အေမရိ ကန္ျပည္ေထာင္စုဟာ ယခုအခ်ိန္မွာ အလြန္အႏၲရာယ္မ်ားတဲ့ ဇုန္နယ္ေျမထဲက်ေရာက္ေနၿပီဆိုတာ ေတြ႕ရပါလိမ့္မယ္” လို႔ “ ျပည္တြင္းစစ္ပြဲေတြ ဘယ္လိုစျဖစ္” (“How Civil Wars Start.” ) ဆိုတဲ့ သူမရဲ႕ စာအုပ္မွာ ေရးသားထားပါေၾကာင္း။


ကိုးကား - Is Civil War Looming, or Should We Calm Down? By SPENCER
BOKAT- LINDELL
- Imagine another American Civil War, but this time in every state by
Ron Elving
- Is the US headed for another Civil War? – by William G. Gale
- Is the US really heading for a second civil war? By David Smith
- Wikipedia

Related news

© 2021. All rights reserved.