လက်လုပ်မိုင်း ပေါက်ကွဲမှုကြောင့် ရန်ကုန်မှ မြစ်ကြီးနားသို့ ထွက်ခွာလာသော ခရီးသည်တင်ကားထိမှန်ခဲ့ပြီး အမျိုးသား (၁)ဦးဒဏ်ရာရရှိ

 856

NP News - သြဂုတ် ၂၃
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ရန်ကုန်မှ မြစ်ကြီးနားသို့ ထွက်ခွာလာသော ခရီးသည်တင်ကားထိမှန်ခဲ့ပြီး အမျိုးသားတစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၂ဝရက်၊ နံနက် ၁ဝနာရီအချိန်တွင် ခင်ဦးမြို့၊ အလယ်လျှိုပေါက်ကျေးရွာအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှဆိုသည်။

အဆိုပါ ဖြစ်စဉ်မှာ ယာဉ်မောင်း ကိုဇော်ဦးမောင်းနှင်ပြီး ယာဉ်နောက်လိုက်ဖြစ်သူ ကျောက်ပန်းတောင်မြို့နေ ကိုအောင်စိုးမိုးနှင့် ယာဉ်အကူမယ် မမြင့်ဇူဝေတို့လိုက်ပါလာသော YGN- 2G/7778 “တက်နေလင်း” ခရီးသည်တင်ယာဉ်သည် ခရီးသည် (၆)ဦးဖြင့် ရန်ကုန်အောင်မင်္ဂလာကားဝင်းမှ မြစ်ကြီးနားသို့ ထွက်ခွာလာချိန်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ထွက်ခွာလာချိန် အခင်းဖြစ်ရာနေရာအရောက်တွင် အကြမ်းဖက်များထောင်ထားသည့် လက်လုပ်မိုင်း (၂)လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ယာဉ်နောက်လိုက်ဖြစ်သူ ကိုအောင်စိုးမိုးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့၍ မော်တော်ယာဉ်၏ ရှေ့လေကာမှန်နှင့် ကိုယ်ထည်ဘေးတို့ မိုင်းစထိမှန် ပျက်စီးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

zawgyi version
လက္လုပ္မိုင္း ေပါက္ကြဲမႈေၾကာင့္ ရန္ကုန္မွ ျမစ္ႀကီးနားသို႔ ထြက္ခြာလာေသာ ခရီးသည္တင္ကားထိမွန္ခဲ့ၿပီး အမ်ိဳးသား (၁)ဦးဒဏ္ရာရရွိ
NP News - ၾသဂုတ္ ၂၃

စစ္ကိုင္းတိုင္း၊ ခင္ဦးၿမိဳ႕နယ္တြင္ လက္လုပ္မိုင္းေပါက္ကြဲမႈေၾကာင့္ ရန္ကုန္မွ ျမစ္ႀကီးနားသို႔ ထြက္ခြာလာေသာ ခရီးသည္တင္ကားထိမွန္ခဲ့ၿပီး အမ်ိဳးသားတစ္ဦးဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ၾသဂုတ္လ ၂ဝရက္၊ နံနက္ ၁ဝနာရီအခ်ိန္တြင္ ခင္ဦးၿမိဳ႕၊ အလယ္လွ်ိဳေပါက္ေက်း႐ြာအနီးတြင္ ေပါက္ကြဲမႈျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွဆိုသည္။

အဆိုပါ ျဖစ္စဥ္မွာ ယာဥ္ေမာင္း ကိုေဇာ္ဦးေမာင္းႏွင္ၿပီး ယာဥ္ေနာက္လိုက္ျဖစ္သူ ေက်ာက္ပန္းေတာင္ၿမိဳ႕ေန ကိုေအာင္စိုးမိုးႏွင့္ ယာဥ္အကူမယ္ မျမင့္ဇူေဝတို႔လိုက္ပါလာေသာ YGN- 2G/7778 “တက္ေနလင္း” ခရီးသည္တင္ယာဥ္သည္ ခရီးသည္ (၆)ဦးျဖင့္ ရန္ကုန္ေအာင္မဂၤလာကားဝင္းမွ ျမစ္ႀကီးနားသို႔ ထြက္ခြာလာခ်ိန္တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ထြက္ခြာလာခ်ိန္ အခင္းျဖစ္ရာေနရာအေရာက္တြင္ အၾကမ္းဖက္မ်ားေထာင္ထားသည့္ လက္လုပ္မိုင္း (၂)လုံးေပါက္ကြဲခဲ့ၿပီး ေပါက္ကြဲမႈေၾကာင့္ ယာဥ္ေနာက္လိုက္ျဖစ္သူ ကိုေအာင္စိုးမိုးတြင္ မိုင္းစထိမွန္ဒဏ္ရာမ်ားရရွိခဲ့၍ ေမာ္ေတာ္ယာဥ္၏ ေရွ႕ေလကာမွန္ႏွင့္ ကိုယ္ထည္ေဘးတို႔ မိုင္းစထိမွန္ ပ်က္စီးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

Picture

Shwe Moe

24/08/2022 12:15

ကျွန်တော်ငွေသွင်းလိုပါတယ်

Related news

© 2021. All rights reserved.