တောင်ဒဂုံမြို့နယ်၌ အသက်(၆၇)နှစ်အရွယ် ရာအိမ်မှူးတစ်ဦး နေအိမ်ရှေ့၌ သေနတ်ဖြင့် ပစ်သတ်ခံရ

 1023

NP News - သြဂုတ် ၂၃
ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၌ အသက်(၆၇)နှစ်အရွယ် ရာအိမ်မှူးတစ်ဦး နေအိမ်ရှေ့၌ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (သြဂုတ်လ ၂၃ ရက်)၊ နံနက် ၁ဝ နာရီအချိန်တွင် တောင်ဒဂုံမြို့နယ်၊ (၁၈)ရပ်ကွက်၊ ရတနာသုခလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းလမ်း၌နေထိုင်သော သတင်းအရင်းအမြစ်တစ်ဦးက NP News ကိုပြောသည်။

ရာအိမ်မှူးဖြစ်သူ ဦးတင်အောင်သည် ၎င်း၏ ဇနီးဖြစ်သူနှင့်အတူ လက်ဘက်ရည်ဆိုင်မှ လမ်းလျှောက်ပြန်လာစဉ်အချိန် နေအိမ်ရှေ့အရောက်တွင် နောက်မှလမ်းလျှောက်လိုက်ပါလာသော လူငယ်(၃)ဦးအနက် တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ရာအိမ်မှူးဖြစ်သူ ဦးတင်အောင်မှာ သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး ၎င်း၏ ဇနီးဖြစ်သူမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း အထက်ပါသတင်းအရင်းအမြစ်က ဆက်လက်ပြောသည်။

လက်ရှိတွင် ရာအိမ်မှူးအား ပစ်ခတ်ခဲ့သူများကို ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့စစ်ဆေးမှုများလည်း ပြုလုပ်သွားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။

zawgyi version
ေတာင္ဒဂုံၿမိဳ႕နယ္၌ အသက္(၆၇)ႏွစ္အ႐ြယ္ ရာအိမ္မႉးတစ္ဦး ေနအိမ္ေရွ႕၌ ေသနတ္ျဖင့္ ပစ္သတ္ခံရ
NP News - ၾသဂုတ္ ၂၃

ရန္ကုန္တိုင္း၊ ေတာင္ဒဂုံၿမိဳ႕နယ္၌ အသက္(၆၇)ႏွစ္အ႐ြယ္ ရာအိမ္မႉးတစ္ဦး ေနအိမ္ေရွ႕၌ ေသနတ္ျဖင့္ ပစ္သတ္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ၾသဂုတ္လ ၂၃ ရက္)၊ နံနက္ ၁ဝ နာရီအခ်ိန္တြင္ ေတာင္ဒဂုံၿမိဳ႕နယ္၊ (၁၈)ရပ္ကြက္၊ ရတနာသုခလမ္းေပၚတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ၎လမ္း၌ေနထိုင္ေသာ သတင္းအရင္းအျမစ္တစ္ဦးက NP News ကိုေျပာသည္။

ရာအိမ္မႉးျဖစ္သူ ဦးတင္ေအာင္သည္ ၎၏ ဇနီးျဖစ္သူႏွင့္အတူ လက္ဘက္ရည္ဆိုင္မွ လမ္းေလွ်ာက္ျပန္လာစဥ္အခ်ိန္ ေနအိမ္ေရွ႕အေရာက္တြင္ ေနာက္မွလမ္းေလွ်ာက္လိုက္ပါလာေသာ လူငယ္(၃)ဦးအနက္ တစ္ဦးက ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ ရာအိမ္မႉးျဖစ္သူ ဦးတင္ေအာင္မွာ ေသနတ္ဒဏ္ရာမ်ားျဖင့္ ေသဆုံးခဲ့ၿပီး ၎၏ ဇနီးျဖစ္သူမွာ ထိခိုက္ဒဏ္ရာရရွိခဲ့ျခင္း မရွိေၾကာင္း အထက္ပါသတင္းအရင္းအျမစ္က ဆက္လက္ေျပာသည္။

လက္ရွိတြင္ ရာအိမ္မႉးအား ပစ္ခတ္ခဲ့သူမ်ားကို ဖမ္းဆီးရမိေရးအတြက္ ပိတ္ဆို႔စစ္ေဆးမႈမ်ားလည္း ျပဳလုပ္သြားခဲ့ေၾကာင္း ၎က ဆက္လက္ေျပာသည္။

Related news

© 2021. All rights reserved.