ထိုင်းယာယီဝန်ကြီးချုပ်မှာ လွှတ်တော်ဖျက်သိမ်းခွင့် အခွင့်အာဏာမရှိဟု ဆို

749

ဂျန်ဇက် (NP News) - သြဂုတ် ၂၆
ထိုင်းယာယီဝန်ကြီးချုပ်အဖြစ်တာဝန်ယူမယ့် ဗိုလ်ချုပ်ဟောင်းပရာဝစ်ဝေါင်ဆူဝမ်ဟာ လွှတ်တော်ကို ဖျက်သိမ်း ခြင်း ဒါမှမဟုတ် ဝန်ကြီးတစ်ဦးထပ်မံခန့်အပ်လို့မရကြောင်း ထိုင်းဥပဒေ ပါမောက္ခတစ်ဦးက ပြောပါတယ်။
ထိုင်းလွှတ်တော်ဖျက်သိမ်းခြင်းနဲ့ ဝန်ကြီးတစ်ဦး အသစ်ထပ်မံခန့်ဖို့ ထိုင်းဘုရင့်ရဲ့ခွင့်ပြုချက်ရဖို့ လိုအပ်ကြောင်း ထိုင်းဥပဒေပါမောက္ခများက ဆိုပါတယ်။
Faculty of Law of the College of Intellectuals ရဲ့ ဥက္ကဋ္ဌဖြစ်သူ Jade Donavanik က ပရာဝစ်ဝေါင်ဆူဝမ်ဟာ ယာယီဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ချိန်အတွင်း ဝန်ကြီးချုပ်ရဲ့အထွေထွေလုပ်ပိုင်ခွင့်များအရ အစိုးရတာဝန်ရှိသူ များ လွှဲပြောင်းနေရာချတာ နဲ့ ရန်ပုံငွေထောက်ပံ့ပေးဖို့ဆိုတဲ့အချက်တွေကို လုပ်ပိုင်ခွင့်ရှိနေတယ်လို့လည်း ဆိုပါတယ်။
ပရာဝစ်ဝေါင်ဆူဝမ်ဟာ လွှတ်တော်ကိုဖျက်သိမ်းမယ်ဆိုရင် ဝန်ကြီးချုပ်အစစ် ထွက်သွားခြင်း ရှိ/မရှိ ဆိုတာကို စဉ်းစားဖို့လိုအပ်ကြောင်း Jade Donavanik က ပြောပါတယ်။
Jade Donavanik က ပရာဝစ် ဝေါင်ဆူဝမ်ဟာ ဝန်ကြီးချုပ်အစစ်အဖြစ် အမှန်တကယ်တာဝန်ယူမယ်ဆိုရင် ပြည်သူ ကိုယ်စားပြုရွေးကောက်ခံထားရတဲ့လွှတ်တော်ကိုယ်စားလှယ်များက ဝန်ကြီးချုပ်အသစ်အဖြစ် တာဝန်ပေးဖို့ သင့်/မသင့် ဆိုတာကို ရွေးချယ်ခံရမှာဖြစ်ကြောင်း၊ ဝေါင်ဆူဝမ်ဟာ ဝန်ကြီးချုပ်အစစ်အဖြစ် ရွေးချယ်ခံရမယ်ဆိုရင် လွှတ်တော်ဖျက်သိမ်းတာ၊ ဝန်ကြီးအသစ်ခန့်အပ်တာမျိုးတွေ လုပ်ပိုင်ခွင့်ရှိမှာဖြစ်ပေမယ့် လက်ရှိအချိန်မှာ ဝန်ကြီးချုပ်နေရာမှာ အစားထိုးတာဝန်ယူရတဲ့ယာယီဝန်ကြီးချုပ်ဖြစ်တဲ့အတွက်ကြောင့် လွှတ်တော်ဖျက်သိမ်းခြင်း ဒါမှမဟုတ် ဝန်ကြီးအသစ် ခန့်အပ်တာမျိုးလုပ်ခွင့်မရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ပရာယွတ်ချန်အိုချာရဲ့ ဝန်ကြီးချုပ် ၈ နှစ်သက်တမ်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုများဖြစ်ခဲ့ပြီး အတိုက်ခံနိုင်ငံရေးအုပ်စုက ပရာယွတ်ချန်အိုချာရဲ့ဝန်ကြီးချုပ်သက်တမ်းကိုဆုံးဖြတ်ပေးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကို တင်ပြခဲ့ကြပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာ အတိုက်ခံအုပ်စုရဲ့တင်ပြမှုတွေကိုလက်ခံခဲ့ပြီးနောက် ပရာယွတ်ချန်အိုချာရဲ့အမှုကို စုံစမ်းစစ်ဆေးနေချိန်အတွင်း ဝန်ကြီးချုပ်အဖြစ်တာဝန်ယူမှုများ ယာယီဆိုင်းငံထားဖို့ ဆုံးဖြတ်ခဲ့ရာ ဒုတိယဝန်ကြီးချုပ်ဖြစ်သူ ပရာဝစ်ဝေါင်ဆူဝမ်က ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူသွားမှာဖြစ်ကြောင်း ကြေညာခဲ့တာမျိုးဖြစ်ပါတယ်

Zawgyi Version;
ထိုင္းယာယီဝန္ႀကီးခ်ဳပ္မွာ လႊတ္ေတာ္ဖ်က္သိမ္းခြင့္ အခြင့္အာဏာမရွိဟု ဆို
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၂၆
ထိုင္းယာယီဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူမယ့္ ဗိုလ္ခ်ဳပ္ေဟာင္းပရာဝစ္ေဝါင္ဆူဝမ္ဟာ လႊတ္ေတာ္ကို ဖ်က္သိမ္း ျခင္း ဒါမွမဟုတ္ ဝန္ႀကီးတစ္ဦးထပ္မံခန႔္အပ္လို႔မရေၾကာင္း ထိုင္းဥပေဒ ပါေမာကၡတစ္ဦးက ေျပာပါတယ္။
ထိုင္းလႊတ္ေတာ္ဖ်က္သိမ္းျခင္းနဲ႔ ဝန္ႀကီးတစ္ဦး အသစ္ထပ္မံခန႔္ဖို႔ ထိုင္းဘုရင့္ရဲ႕ခြင့္ျပဳခ်က္ရဖို႔ လိုအပ္ေၾကာင္း ထိုင္းဥပေဒပါေမာကၡမ်ားက ဆိုပါတယ္။
Faculty of Law of the College of Intellectuals ရဲ႕ ဥကၠ႒ျဖစ္သူ Jade Donavanik က ပရာဝစ္ေဝါင္ဆူဝမ္ဟာ ယာယီဝန္ႀကီးခ်ဳပ္တာဝန္ထမ္းေဆာင္ခ်ိန္အတြင္း ဝန္ႀကီးခ်ဳပ္ရဲ႕အေထြေထြလုပ္ပိုင္ခြင့္မ်ားအရ အစိုးရတာဝန္ရွိသူ မ်ား လႊဲေျပာင္းေနရာခ်တာ နဲ႔ ရန္ပုံေငြေထာက္ပံ့ေပးဖို႔ဆိုတဲ့အခ်က္ေတြကို လုပ္ပိုင္ခြင့္ရွိေနတယ္လို႔လည္း ဆိုပါတယ္။
ပရာဝစ္ေဝါင္ဆူဝမ္ဟာ လႊတ္ေတာ္ကိုဖ်က္သိမ္းမယ္ဆိုရင္ ဝန္ႀကီးခ်ဳပ္အစစ္ ထြက္သြားျခင္း ရွိ/မရွိ ဆိုတာကို စဥ္းစားဖို႔လိုအပ္ေၾကာင္း Jade Donavanik က ေျပာပါတယ္။
Jade Donavanik က ပရာဝစ္ ေဝါင္ဆူဝမ္ဟာ ဝန္ႀကီးခ်ဳပ္အစစ္အျဖစ္ အမွန္တကယ္တာဝန္ယူမယ္ဆိုရင္ ျပည္သူ ကိုယ္စားျပဳေ႐ြးေကာက္ခံထားရတဲ့လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက ဝန္ႀကီးခ်ဳပ္အသစ္အျဖစ္ တာဝန္ေပးဖို႔ သင့္/မသင့္ ဆိုတာကို ေ႐ြးခ်ယ္ခံရမွာျဖစ္ေၾကာင္း၊ ေဝါင္ဆူဝမ္ဟာ ဝန္ႀကီးခ်ဳပ္အစစ္အျဖစ္ ေ႐ြးခ်ယ္ခံရမယ္ဆိုရင္ လႊတ္ေတာ္ဖ်က္သိမ္းတာ၊ ဝန္ႀကီးအသစ္ခန႔္အပ္တာမ်ိဳးေတြ လုပ္ပိုင္ခြင့္ရွိမွာျဖစ္ေပမယ့္ လက္ရွိအခ်ိန္မွာ ဝန္ႀကီးခ်ဳပ္ေနရာမွာ အစားထိုးတာဝန္ယူရတဲ့ယာယီဝန္ႀကီးခ်ဳပ္ျဖစ္တဲ့အတြက္ေၾကာင့္ လႊတ္ေတာ္ဖ်က္သိမ္းျခင္း ဒါမွမဟုတ္ ဝန္ႀကီးအသစ္ ခန႔္အပ္တာမ်ိဳးလုပ္ခြင့္မရွိဘူးလို႔ ေျပာဆိုခဲ့ပါတယ္။
ထိုင္းႏိုင္ငံမွာ ပရာယြတ္ခ်န္အိုခ်ာရဲ႕ ဝန္ႀကီးခ်ဳပ္ ၈ ႏွစ္သက္တမ္းနဲ႔ပတ္သက္ၿပီး အျငင္းပြားမႈမ်ားျဖစ္ခဲ့ၿပီး အတိုက္ခံႏိုင္ငံေရးအုပ္စုက ပရာယြတ္ခ်န္အိုခ်ာရဲ႕ဝန္ႀကီးခ်ဳပ္သက္တမ္းကိုဆုံးျဖတ္ေပးဖို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒ ခုံ႐ုံးကို တင္ျပခဲ့ၾကပါတယ္။ ဖြဲ႕စည္းပုံအေျခခံဥပေဒခုံ႐ုံးဟာ အတိုက္ခံအုပ္စုရဲ႕တင္ျပမႈေတြကိုလက္ခံခဲ့ၿပီးေနာက္ ပရာယြတ္ခ်န္အိုခ်ာရဲ႕အမႈကို စုံစမ္းစစ္ေဆးေနခ်ိန္အတြင္း ဝန္ႀကီးခ်ဳပ္အျဖစ္တာဝန္ယူမႈမ်ား ယာယီဆိုင္းငံထားဖို႔ ဆုံးျဖတ္ခဲ့ရာ ဒုတိယဝန္ႀကီးခ်ဳပ္ျဖစ္သူ ပရာဝစ္ေဝါင္ဆူဝမ္က ယာယီဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ယူသြားမွာျဖစ္ေၾကာင္း ေၾကညာခဲ့တာမ်ိဳးျဖစ္ပါတယ္