“ထိုင်းဝန်ကြီးချုပ်တာဝန် ကာလသတ်မှတ်ချက် အခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှု” (ဆောင်းပါး)

 511

ရဲထွန်း (သီပေါ) (NP News) - ဩဂုတ် ၂၆
ဩဂုတ်လ ၂၄ ရက်မှာ ထိုင်းနိုင်ငံ အခြေခံဥပဒေဆိုင်ရာ တရားရုံးဟာ၊ ဝန်ကြီးချုပ်ရဲ့တာ ဝန်ကာလ သတ်မှတ်ချက်နဲ့ပတ်သက်ပြီး အငြင်းပွားမှုကို ကြားနာနေစဉ်အချိန်အတွင်း ဝန်ကြီးချုပ် ဖရာရွတ်ချန်အိုချာကို တာဝန်ကနေ ယာယီရပ် ဆိုင်းထားလိုက်ပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာ ၂ဝ၁၄ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက် ဝန်ကြီး ချုပ်တာဝန် ထမ်းဆောင်ခဲ့တဲ့အချိန်ကနေ ဒီနှစ် ဩဂုတ်လ ၂၄ ရက်အထိဆိုရင် (၈) နှစ်ပြည့်ပြီဖြစ်တဲ့အတွက် အခြေခံဥပဒေအရ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခွင့်မရှိတော့တဲ့အကြောင်း၊ အခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ အဆုံးအဖြတ်ရယူပေးဖို့ အတိုက်အခံလွှတ် တော်အမတ် ၁၅ဝ ကျော်က လက်မှတ်ရေးထိုးပြီး အောက်လွှတ်တော် ဥက္ကဋ္ဌ ချွန်လိပိုင်ထံ တင်ပြတောင်းဆိုခဲ့ပါတယ်။

ဒါဟာ အာဏာသိမ်းစစ်တပ်ကလာတဲ့ ဝန်ကြီးချုပ်ကိုဖြုတ်ချဖို့ ထိုင်းလွှတ်တော်ထဲမှာ ပဉ္စမအကြိမ် မြောက်ကြိုးစားခြင်းဘဲဖြစ်ပါတယ်။ ဒီရှေ့မှာ အယုံအကြည်မရှိအဆို လေးခုကို မဲခွဲ ခုခံအောင်မြင်ခဲ့ဘူးပါတယ်။

အသက် ၆၈ နှစ်ရှိပြီဖြစ်တဲ့ ပရာရွတ်ဟာ ၂ဝ၁၄ ခုနှစ်က ဒီမိုကရေစီနည်းကျရွေး ကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာသိမ်းခဲ့တဲ့ စစ်တပ်ရဲ့စစ်ဦးစီးချုပ်ဖြစ်ပါတယ်။ ၂ဝ၁၇ ခုနှစ်မှာ အခြေခံဥပဒေကို ပြင်ဆင်ခဲ့ပြီးတဲ့နောက်၂ဝ၁၉ ခုနှစ်မှာ အထွေ ထွေရွေးကောက်ပွဲကျင်းပပြီး သူကဝန်ကြီးချုပ်ဖြစ်လာခဲ့တာပါ။ အခြေခံဥပဒေဟာ စစ်တပ်ကခန့်အပ်တဲ့ ကောင်စီက ဥပဒေကြမ်းရေးဆွဲပြီး၊ သူတို့ အာဏာဆက်လက်ယူထားနိုင်အောင် ရေးဆွဲထားတာလို့ အများက ဆိုကြပါတယ်။ အခု အငြင်းပွားနေတာက- ဥပဒေပြဌာန်းချက် ပုဒ်မ ၁၅၈ နဲ့ပတ် သက်ပါတယ်။ ပုဒ်မ ၁၅၈ စတုတ္ထအပိုဒ်မှာဆိုထားတာက-

“The Prime Minister shall not hold office for more than eight years in total, whether or not holding consecutive term. However it shall not include the period during which the Prime Minister carries out duties after vacating office”

“ဝန်ကြီးချုပ်သည် တဆက်တစပ်တည်းဖြစ်စေ၊ တဆက်တစပ်တည်းမဟုတ်ဘဲဖြစ်စေ စုစုပေါင်း ရှစ်နှစ် ထက်ပို၍ တာဝန်မထမ်းဆောင်ရ။ သို့သော်လည်း ဝန်ကြီးချုပ် တာဝန်မှ နှုတ်ထွက်ပြီးသည့်နောက် တာဝန်များကို အပြီးသတ်နေရသည့် ကာလကို ထည့်သွင်းတွက်ချက်ခြင်းမပြုရ” လို့ ဆိုထားပါတယ်။

ပရာရွတ်ကို အတိုက်အခံပြုသူတွေက သူ့ရဲ့ဝန်ကြီးချုပ်သက်တမ်းဟာ၊ အာဏာသိမ်းပြီး ၃ လအကြာ ၂ဝ၁၄ ခုနှစ် ဩဂုတ်လ ၂၄ ရက်မှာ ဘုရင်က တရားဝင်ထောက်ခံပြီး စစ် တပ်ကရွေးချယ်ထားတဲ့ ဥပဒေပြုအမတ်တွေလွှမ်းမိုးတဲ့ လွှတ်တော်ကမဲခွဲအတည်ပြုခဲ့တဲ့နေ့က စတင်တာဖြစ်လို့ ယခု ဩဂုတ်လ ၂၄ ရက်မှာ ရှစ်နှစ်ပြည့်ပြီလို့ ဆိုကြတာဖြစ်ပါတယ်။

ပရာရွတ်ကို ထောက်ခံသူများကတော့ ဝန်ကြီးချုပ်တာဝန်ကာလသတ်မှတ်ချက်ဟာ၊ လက်ရှိအခြေခံ ဥပဒေ အတည်ဖြစ်တဲ့ ၂ဝ၁၇ ခုနှစ် ဧပြီလ ၆ ရက်ကမှစတင်အကျိုးသက်ရောက်တာဖြစ်တယ်။ အခြေခံဥပဒေဟာ အတည်မဖြစ်သေးတဲ့ ကာလကို နောက် ကြောင်းပြန် အကျိုးသက်ရောက်မှုမရှိဘူး၊ ဒါကြောင့် သူဝန်ကြီးချုပ် တာဝန်ယူခဲ့တာ ၅ နှစ်ကျော်သာရှိသေးတယ်လို့ ဆိုပါတယ်။

တချို့ကလည်း သူ့ကိုဝန်ကြီးချုပ်အဖြစ် လွှတ်တော်က ရွေးကောက်တင်မြှောက်တဲ့ ၂ဝ၁၉ ခုနှစ် ဇူလိုင်လ ၁ဝ ရက်က စတင်ရေတွက်သင့်တယ်၊ အခုမှ ၃ နှစ်ကျော်သာရှိသေးတယ်လို့ ဆိုပါတယ်။

အခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို တောင်းခံတဲ့ လွှတ်တော်အမတ်တွေက ခုံရုံးအနေနဲ့ အပြီးသတ် ဆုံးဖြတ်ချက်မချနိုင်သေးခင်မှာ ဝန်ကြီးချုပ်ကို တာဝန်ကယာယီရပ်ဆိုင်းပေးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။

ဒီအချိန်မှာဘဲ ထိုင်းတက္ကသိုလ် ၁၅ ခုက ဥပဒေပါမောက္ခ ၅၁ ယောက်က၊ အခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌဆီကို အိတ်ဖွင့်ပေးစာရေးပြီး၊ “ပရာရွတ်ရဲ့ ဝန်ကြီးချုပ်တာဝန်ဟာ ဩဂုတ်လ ၂၄ ရက်မှာ ကုန်ဆုံးသင့်ကြောင်း၊ ဘာဖြစ်လို့လည်းဆိုတော့ အခြေခံဥပဒေ အတည်ပြုတဲ့ ၂ဝ၁၇ ခုနှစ်မှာ ပရာရွတ်က ဝန်ကြီးချုပ်ဖြစ်နေတဲ့အတွက်ကြောင့်” လို့ အကြောင်းပြပါတယ်။

ချင်းမိုင်တက္ကသိုလ်က နိုင်ငံရေးသုတေသီ ဖီရာဖွန် ဖင်ဖလပ်က သူ့အနေနဲ့တော့ ခုံရုံးဟာ ပရာရွတ်ဘက်က လိုက်ပြီးဆုံးဖြတ်လိမ့်မယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။

“အခြေခံဥပဒေဟာ ပရာရွတ်ကိုနောက်ထပ် သက်တမ်းတခုဆက်ထမ်းဆောင်ဖို့ ရေး ထားတာဆိုတာ လူတိုင်းသိနေတာဘဲဗျာ၊ ဒါကြောင့် ဒီပြဿနာက ပရာရွတ်ရဲ့ သက်တမ်းကို အဆုံးသတ်သွားမှာ မဟုတ်ဘူးလို့ ကျနော် ထင်တယ်” လို့ဆိုပါတယ်။

ပြည်ပြေးဝန်ကြီးချုပ်ဟောင်း ရှင်နာဝတ္ထရာက “ ရှစ်နှစ်ကြာ အာဏာရယူထားပြီးတဲ့နောက်၊ ဒီပြဿနာကို ခုံရုံးရောက်အောင်မစောင့်ဘဲ သူ့ဖာသာနှုတ်ထွက်သင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ခုံရုံးက သူ့ရဲ့ဝန်ကြီးချုပ် သက်တမ်းကို ဆက်နိုင်ဖို့ အကြောင်း ပြချက်ရှာပြီး ဆုံးဖြတ်မယ်ဆိုရင်၊ ဒါက တရားစီရင်ရေးနဲ့ နိုင်ငံရေး စနစ်ကို ပျက်စီးစေပါလိမ့်မယ်” လို့ ဆိုလိုက်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခြေခံဥပဒေဆိုင်ရာ ကိစ္စတွေကို စီရင်ဆုံးဖြတ်တဲ့အခါ တရားစီရင်ရေးအဖွဲ့အစည်းတွေရဲ့ လွတ်လပ်မှု နဲ့ ဖိအားကင်းရှင်းမှုတွေက အရေးကြီးပါတယ်။
ဒီအဖွဲ့အစည်းများဟာ..
• ဆန္ဒာဂတိ = ချစ်ခင်သဖြင့် မလိုက်သင့်သည့် ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်
ကို ပြုခြင်း။
• ဒေါသာဂတိ = စိတ်ဆိုးသဖြင့်မလိုက်သင့်သည့် ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်
ကို ပြုခြင်း။
• မောဟဂတိ = ဆင်ခြင်တုံတရား မရှိပဲ မိုက်မဲတွေဝေသဖြင့် မလိုက်သင့်သည့်
ဘက်သို့ လိုက်ခြင်း၊ မပြုသင့်သည်ကို ပြုခြင်း။
• ဘယာဂတိ = ကြောက်ရွံ့သဖြင့် မလိုက်သင့်သည့် ဘက်သို့ လိုက်ခြင်း၊ မပြုသင့်
သည်ကို ပြုခြင်း။
ဆိုတဲ့ အဂတိတရားလေးပါး ကင်းကင်းနဲ့ အလုပ်လုပ်နှိုင်ကြဘို့က အရေးကြီးကြောင်း နောက်တစ်ပုဒ်ရေးမဲ့ “ပထမအကြိမ် မြန်မာ့လွှတ်တော်မှာ ခုံရုံး စွပ်စွဲအပြစ်တင်ခံရပုံအတွေ့အကြုံ”မှာတင်ပြပါ့မယ်။

zawgyi version
“ထိုင္းဝန္ႀကီးခ်ဳပ္တာဝန္ ကာလသတ္မွတ္ခ်က္ အေျခခံဥပေဒဆိုင္ရာ အျငင္းပြားမႈ” (ေဆာင္းပါး)
ရဲထြန္း (သီေပါ) (NP News) - ဩဂုတ္ ၂၆

ဩဂုတ္လ ၂၄ ရက္မွာ ထိုင္းႏိုင္ငံ အေျခခံဥပေဒဆိုင္ရာ တရား႐ုံးဟာ၊ ဝန္ႀကီးခ်ဳပ္ရဲ႕တာ ဝန္ကာလ သတ္မွတ္ခ်က္နဲ႔ပတ္သက္ၿပီး အျငင္းပြားမႈကို ၾကားနာေနစဥ္အခ်ိန္အတြင္း ဝန္ႀကီးခ်ဳပ္ ဖရာ႐ြတ္ခ်န္အိုခ်ာကို တာဝန္ကေန ယာယီရပ္ ဆိုင္းထားလိုက္ပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္ ပရာ႐ြတ္ ခ်န္အိုခ်ာ ၂ဝ၁၄ ခုႏွစ္ စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ ဝန္ႀကီး ခ်ဳပ္တာဝန္ ထမ္းေဆာင္ခဲ့တဲ့အခ်ိန္ကေန ဒီႏွစ္ ဩဂုတ္လ ၂၄ ရက္အထိဆိုရင္ (၈) ႏွစ္ျပည့္ၿပီျဖစ္တဲ့အတြက္ အေျခခံဥပေဒအရ ဝန္ႀကီးခ်ဳပ္တာဝန္ထမ္းေဆာင္ခြင့္မရွိေတာ့တဲ့အေၾကာင္း၊ အေျခခံဥပေဒဆိုင္ရာခုံ႐ုံးရဲ႕ အဆုံးအျဖတ္ရယူေပးဖို႔ အတိုက္အခံလႊတ္ ေတာ္အမတ္ ၁၅ဝ ေက်ာ္က လက္မွတ္ေရးထိုးၿပီး ေအာက္လႊတ္ေတာ္ ဥကၠ႒ ခြၽန္လိပိုင္ထံ တင္ျပေတာင္းဆိုခဲ့ပါတယ္။

ဒါဟာ အာဏာသိမ္းစစ္တပ္ကလာတဲ့ ဝန္ႀကီးခ်ဳပ္ကိုျဖဳတ္ခ်ဖို႔ ထိုင္းလႊတ္ေတာ္ထဲမွာ ပၪၥမအႀကိမ္ ေျမာက္ႀကိဳးစားျခင္းဘဲျဖစ္ပါတယ္။ ဒီေရွ႕မွာ အယုံအၾကည္မရွိအဆို ေလးခုကို မဲခြဲ ခုခံေအာင္ျမင္ခဲ့ဘူးပါတယ္။

အသက္ ၆၈ ႏွစ္ရွိၿပီျဖစ္တဲ့ ပရာ႐ြတ္ဟာ ၂ဝ၁၄ ခုႏွစ္က ဒီမိုကေရစီနည္းက်ေ႐ြး ေကာက္တင္ေျမႇာက္ထားတဲ့ အစိုးရကို အာဏာသိမ္းခဲ့တဲ့ စစ္တပ္ရဲ႕စစ္ဦးစီးခ်ဳပ္ျဖစ္ပါတယ္။ ၂ဝ၁၇ ခုႏွစ္မွာ အေျခခံဥပေဒကို ျပင္ဆင္ခဲ့ၿပီးတဲ့ေနာက္၂ဝ၁၉ ခုႏွစ္မွာ အေထြ ေထြေ႐ြးေကာက္ပြဲက်င္းပၿပီး သူကဝန္ႀကီးခ်ဳပ္ျဖစ္လာခဲ့တာပါ။ အေျခခံဥပေဒဟာ စစ္တပ္ကခန႔္အပ္တဲ့ ေကာင္စီက ဥပေဒၾကမ္းေရးဆြဲၿပီး၊ သူတို႔ အာဏာဆက္လက္ယူထားႏိုင္ေအာင္ ေရးဆြဲထားတာလို႔ အမ်ားက ဆိုၾကပါတယ္။ အခု အျငင္းပြားေနတာက- ဥပေဒျပဌာန္းခ်က္ ပုဒ္မ ၁၅၈ နဲ႔ပတ္ သက္ပါတယ္။ ပုဒ္မ ၁၅၈ စတုတၳအပိုဒ္မွာဆိုထားတာက-

“The Prime Minister shall not hold office for more than eight years in total, whether or not holding consecutive term. However it shall not include the period during which the Prime Minister carries out duties after vacating office”

“ဝန္ႀကီးခ်ဳပ္သည္ တဆက္တစပ္တည္းျဖစ္ေစ၊ တဆက္တစပ္တည္းမဟုတ္ဘဲျဖစ္ေစ စုစုေပါင္း ရွစ္ႏွစ္ ထက္ပို၍ တာဝန္မထမ္းေဆာင္ရ။ သို႔ေသာ္လည္း ဝန္ႀကီးခ်ဳပ္ တာဝန္မွ ႏႈတ္ထြက္ၿပီးသည့္ေနာက္ တာဝန္မ်ားကို အၿပီးသတ္ေနရသည့္ ကာလကို ထည့္သြင္းတြက္ခ်က္ျခင္းမျပဳရ” လို႔ ဆိုထားပါတယ္။

ပရာ႐ြတ္ကို အတိုက္အခံျပဳသူေတြက သူ႔ရဲ႕ဝန္ႀကီးခ်ဳပ္သက္တမ္းဟာ၊ အာဏာသိမ္းၿပီး ၃ လအၾကာ ၂ဝ၁၄ ခုႏွစ္ ဩဂုတ္လ ၂၄ ရက္မွာ ဘုရင္က တရားဝင္ေထာက္ခံၿပီး စစ္ တပ္ကေ႐ြးခ်ယ္ထားတဲ့ ဥပေဒျပဳအမတ္ေတြလႊမ္းမိုးတဲ့ လႊတ္ေတာ္ကမဲခြဲအတည္ျပဳခဲ့တဲ့ေန႔က စတင္တာျဖစ္လို႔ ယခု ဩဂုတ္လ ၂၄ ရက္မွာ ရွစ္ႏွစ္ျပည့္ၿပီလို႔ ဆိုၾကတာျဖစ္ပါတယ္။

ပရာ႐ြတ္ကို ေထာက္ခံသူမ်ားကေတာ့ ဝန္ႀကီးခ်ဳပ္တာဝန္ကာလသတ္မွတ္ခ်က္ဟာ၊ လက္ရွိအေျခခံ ဥပေဒ အတည္ျဖစ္တဲ့ ၂ဝ၁၇ ခုႏွစ္ ဧၿပီလ ၆ ရက္ကမွစတင္အက်ိဳးသက္ေရာက္တာျဖစ္တယ္။ အေျခခံဥပေဒဟာ အတည္မျဖစ္ေသးတဲ့ ကာလကို ေနာက္ ေၾကာင္းျပန္ အက်ိဳးသက္ေရာက္မႈမရွိဘူး၊ ဒါေၾကာင့္ သူဝန္ႀကီးခ်ဳပ္ တာဝန္ယူခဲ့တာ ၅ ႏွစ္ေက်ာ္သာရွိေသးတယ္လို႔ ဆိုပါတယ္။

တခ်ိဳ႕ကလည္း သူ႔ကိုဝန္ႀကီးခ်ဳပ္အျဖစ္ လႊတ္ေတာ္က ေ႐ြးေကာက္တင္ေျမႇာက္တဲ့ ၂ဝ၁၉ ခုႏွစ္ ဇူလိုင္လ ၁ဝ ရက္က စတင္ေရတြက္သင့္တယ္၊ အခုမွ ၃ ႏွစ္ေက်ာ္သာရွိေသးတယ္လို႔ ဆိုပါတယ္။

အေျခခံဥပေဒဆိုင္ရာခုံ႐ုံးရဲ႕ ဆုံးျဖတ္ခ်က္ကို ေတာင္းခံတဲ့ လႊတ္ေတာ္အမတ္ေတြက ခုံ႐ုံးအေနနဲ႔ အၿပီးသတ္ ဆုံးျဖတ္ခ်က္မခ်ႏိုင္ေသးခင္မွာ ဝန္ႀကီးခ်ဳပ္ကို တာဝန္ကယာယီရပ္ဆိုင္းေပးဖို႔လည္း ေတာင္းဆိုခဲ့ၾကပါတယ္။

ဒီအခ်ိန္မွာဘဲ ထိုင္းတကၠသိုလ္ ၁၅ ခုက ဥပေဒပါေမာကၡ ၅၁ ေယာက္က၊ အေျခခံဥပေဒဆိုင္ရာခုံ႐ုံး ဥကၠ႒ဆီကို အိတ္ဖြင့္ေပးစာေရးၿပီး၊ “ပရာ႐ြတ္ရဲ႕ ဝန္ႀကီးခ်ဳပ္တာဝန္ဟာ ဩဂုတ္လ ၂၄ ရက္မွာ ကုန္ဆုံးသင့္ေၾကာင္း၊ ဘာျဖစ္လို႔လည္းဆိုေတာ့ အေျခခံဥပေဒ အတည္ျပဳတဲ့ ၂ဝ၁၇ ခုႏွစ္မွာ ပရာ႐ြတ္က ဝန္ႀကီးခ်ဳပ္ျဖစ္ေနတဲ့အတြက္ေၾကာင့္” လို႔ အေၾကာင္းျပပါတယ္။

ခ်င္းမိုင္တကၠသိုလ္က ႏိုင္ငံေရးသုေတသီ ဖီရာဖြန္ ဖင္ဖလပ္က သူ႔အေနနဲ႔ေတာ့ ခုံ႐ုံးဟာ ပရာ႐ြတ္ဘက္က လိုက္ၿပီးဆုံးျဖတ္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္း ဆိုပါတယ္။

“အေျခခံဥပေဒဟာ ပရာ႐ြတ္ကိုေနာက္ထပ္ သက္တမ္းတခုဆက္ထမ္းေဆာင္ဖို႔ ေရး ထားတာဆိုတာ လူတိုင္းသိေနတာဘဲဗ်ာ၊ ဒါေၾကာင့္ ဒီျပႆနာက ပရာ႐ြတ္ရဲ႕ သက္တမ္းကို အဆုံးသတ္သြားမွာ မဟုတ္ဘူးလို႔ က်ေနာ္ ထင္တယ္” လို႔ဆိုပါတယ္။

ျပည္ေျပးဝန္ႀကီးခ်ဳပ္ေဟာင္း ရွင္နာဝတၳရာက “ ရွစ္ႏွစ္ၾကာ အာဏာရယူထားၿပီးတဲ့ေနာက္၊ ဒီျပႆနာကို ခုံ႐ုံးေရာက္ေအာင္မေစာင့္ဘဲ သူ႔ဖာသာႏႈတ္ထြက္သင့္ပါတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ ခုံ႐ုံးက သူ႔ရဲ႕ဝန္ႀကီးခ်ဳပ္ သက္တမ္းကို ဆက္ႏိုင္ဖို႔ အေၾကာင္း ျပခ်က္ရွာၿပီး ဆုံးျဖတ္မယ္ဆိုရင္၊ ဒါက တရားစီရင္ေရးနဲ႔ ႏိုင္ငံေရး စနစ္ကို ပ်က္စီးေစပါလိမ့္မယ္” လို႔ ဆိုလိုက္ပါတယ္။

ဘာပဲျဖစ္ျဖစ္ အေျခခံဥပေဒဆိုင္ရာ ကိစၥေတြကို စီရင္ဆုံးျဖတ္တဲ့အခါ တရားစီရင္ေရးအဖြဲ႕အစည္းေတြရဲ႕ လြတ္လပ္မႈ နဲ႔ ဖိအားကင္းရွင္းမႈေတြက အေရးႀကီးပါတယ္။
ဒီအဖြဲ႕အစည္းမ်ားဟာ..
• ဆႏၵာဂတိ = ခ်စ္ခင္သျဖင့္ မလိုက္သင့္သည့္ ဘက္သို႔ လိုက္ျခင္း၊ မျပဳသင့္သည္
ကို ျပဳျခင္း။
• ေဒါသာဂတိ = စိတ္ဆိုးသျဖင့္မလိုက္သင့္သည့္ ဘက္သို႔ လိုက္ျခင္း၊ မျပဳသင့္သည္
ကို ျပဳျခင္း။
• ေမာဟဂတိ = ဆင္ျခင္တုံတရား မရွိပဲ မိုက္မဲေတြေဝသျဖင့္ မလိုက္သင့္သည့္
ဘက္သို႔ လိုက္ျခင္း၊ မျပဳသင့္သည္ကို ျပဳျခင္း။
• ဘယာဂတိ = ေၾကာက္႐ြံ႕သျဖင့္ မလိုက္သင့္သည့္ ဘက္သို႔ လိုက္ျခင္း၊ မျပဳသင့္
သည္ကို ျပဳျခင္း။
ဆိုတဲ့ အဂတိတရားေလးပါး ကင္းကင္းနဲ႔ အလုပ္လုပ္ႏႈိင္ၾကဘို႔က အေရးႀကီးေၾကာင္း ေနာက္တစ္ပုဒ္ေရးမဲ့ “ပထမအႀကိမ္ ျမန္မာ့လႊတ္ေတာ္မွာ ခုံ႐ုံး စြပ္စြဲအျပစ္တင္ခံရပုံအေတြ႕အႀကဳံ”မွာတင္ျပပါ့မယ္။

Related news

© 2021. All rights reserved.