အာဏာရယူပြီးနောက်ပိုင်း ငွေကြေးဖောင်းပွမှုများက စားသုံးသူများကို အခက်အခဲများစွာဖြစ်စေခဲ့ဟုဆို
 1062
ဂျန်ဇက် (NP News) - သြဂုတ် ၂၆
နစက တာဝန်ယူချိန်ကာလအတွင်း မြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပွမှုနှုန်းဟာ မြင့်တက်လာခဲ့ပြီး ဆန် နဲ့ အခြား နေ့စဉ် လိုအပ်တဲ့ကုန်ပစ္စည်းများ စျေးနှုန်းလည်းမြင့်တက်လာခဲ့တယ်လို့ Nikkei Asia ရဲ့ သတင်းဖော်ပြချက်အရသိရပါတယ်။
နိုင်ငံခြားငွေလဲလှယ်နှုန်းလိုအပ်ချက်တွေ ရှိနေတဲ့အတွက် နိုင်ငံခြားငွေကြေးများကို ပြည်တွင်း သုံးကျပ်ငွေနဲ့ လဲလှယ်ဖို့ သတ်မှတ်မှုများလည်း ရှိနေခဲ့ပါတယ်။ နိုင်ငံစီးပွားရေးကျဆင်းမှုများနဲ့ ငွေကြေးဖောင်းပွမှုတွေ မြင့်တက် နေတာကြောင့် နိုင်ငံအတွင်းရှိ ပြည်သူတွေဟာ အသုံးစရိတ်လျော့ချတာမျိုးတွေလည်းရှိနေတယ်လို့ သိရပါတယ်။
အသက် ၅ဝ အရွယ်ရှိ စျေးဆိုင်ပိုင်ရှင်တစ်ဦးက "ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလနောက်ပိုင်းအခြေအနေတွေက အားလုံး ပြောင်းလဲသွားခဲ့တယ်။ ကုန်စျေးနှုန်းတွေမြင့်တက်လာခဲ့သလို ကျွန်မတို့စီးပွားရေးလုပ်ငန်းတွေလည်း ထိခိုက် ဆိုးရွားစေခဲ့တယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့ဘူး ကျွန်မတို့ဟာ အသားစားတာတွေကို လျော့ချဖို့စီစဉ်ဆောင်ရွက်ခဲ့တယ်" လို့ပြောပါတယ်။
စတိုးဆိုင်အတွင်း ရောင်းချမှုနှုန်းဟာ အာဏာရယူမှုမဖြစ်ခင်အချိန်နဲ့ နှိုင်းယှဉ်ရင် တစ်ဝက်ခန့်လျော့နည်း သွားခဲ့ကြောင်း အဆိုပါအမျိုးသမီးက ပြောပါတယ်။ ဧပြီလအတွင်း မြန်မာနိုင်ငံရဲ့စားသုံးကုန်စျေးနှုန်းဟာ ၁၇ ဒသမ ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ကမ္ဘာဘဏ်က မြန်မာနိုင်ငံရဲ့စားသုံးကုန်စျေးနှုန်းဟာ ၁၅ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။
ဆန်စျေးနှုန်းဟာ အရင်ထက်များစွာမြင့်တက်ခဲ့ပြီး သြဂုတ်လအလယ်ထိ လူကြိုက်များတဲ့ဆန် တစ်ပြည်စျေးနှုန်း ဟာ ၃၉ဝဝ ခန့် မြင့်တက်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့လက်ရှိဆန်စျေးနှုန်းဟာ အာဏာရယူမှုမဖြစ်ပွားခင် အချိန်နဲ့နှိုင်းယှဉ်ရင် ၄၄ ရာခိုင်နှုန်း မြင့်တက်နေ ခဲ့တယ်လို့ ဆန်ရောင်းဝယ်သူများက ပြောပါတယ်။ အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက် ဆန်စျေးနှုန်းဟာ ဇွန်လမှ ဇူလိုင်လအတွင်း မြင့်တက်လာခဲ့သလို လိုအပ်သလောက်လည်း ဝယ်ယူလို့မရကြောင်း ဆန်ရောင်းဝယ်သူများက ပြောပါတယ်။
ဓါတ်မြေသြဇာစျေးနှုန်း၊ လောင်စာဆီစျေးနှုန်းမြင့်တက်မှုတွေကြောင့် ထုတ်လုပ်မှုပိုင်းလျော့နည်းသွားခဲ့သလို သယ်ယူပို့ဆောင်ရေး နဲ့ ထောက်ပံ့ရေးပိုင်းလည်း ကောင်းမွန်မှုမရှိတော့ဘူးလို့ သိရပါတယ်။
ပြည်ပနိုင်ငံများမှ တင်သွင်းရတဲ့စာအုန်းဆီစျေးနှုန်းဟာ လက်ရှိအချိန်မှာ စျေးကွက်အတွင်း တစ်ပိသာ ကို ၉၅ဝဝ ကျပ်ပေါက်စျေးရှိနေပြီး အာဏာရယူမှုမဖြစ်ပွားခင်အချိန်နဲ့ နှိုင်းယှဉ်ရင် သုံးဆနီးပါး မြင့်တက်သွားခဲ့တယ်လို့ သိရပါတယ်။
95 ဓါတ်ဆီ တစ်လီတာဟာ အာဏရယူမှုမဖြစ်ပွားခင်က မြန်မာကျပ်ငွေ ၇၅ဝ ကျပ်ရှိခဲ့ပေမယ့် သြဂုတ် ၂၅ ရက်နေ့မှာ 95 ဓါတ်ဆီ တစ်လီတာဟာ မြန်မာကျပ်ငွေ ၂၇၅ဝ ပေါက်စျေးရှိနေရာ တက္ကဆီသမားတွေ၊ သယ်ယူ ပို့ဆောင်ရေးကုမ္ပဏီတွေ အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။
ခြင်ဆေးခွေလိုမျိုး အစားအစာမဟုတ်တဲ့ အခြားအိမ်သုံးပစ္စည်းစျေးနှုန်းများလည်းမြင့်တက်ခဲ့ပြီး ဖယောင်းတိုင် စျေးနှုန်းက ၂ ဒသမ ၄ ဆ မြင့်တက်ခဲ့သလို ရေချိုးခန်းသုံးပစ္စည်းများက ၂ ဒသမ ၂ ဆမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လက ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာဘဏ်ရဲ့ထုတ်ပြန်ချက်တွေထဲမှာ လက်ရှိနှစ်အတွင်း မြန်မာနိုင်ငံရှိ လူဦးရေ အားလုံးရဲ့ ၄ဝ ရာခိုင်နှုန်းဟာ ဆင်းရဲမှုမျဉ်းအောက် ရောက်ရှိနေတယ်လို့ ဆိုပါတယ်။ ငွေကြေးဖောင်းပွမှုများက လူတွေကို ရှင်သန်နေထိုင်မှုစရိတ်လျော့ကျဖို့ တွန်းအားပေးသလို ဝင်ငွေကျဆင်းစေခဲ့တယ်လို့ သိရပါတယ်။
Zawgyi Version;
နစက တာဝန်ယူချိန်ကာလအတွင်း မြန်မာနိုင်ငံရဲ့ငွေကြေးဖောင်းပွမှုနှုန်းဟာ မြင့်တက်လာခဲ့ပြီး ဆန် နဲ့ အခြား နေ့စဉ် လိုအပ်တဲ့ကုန်ပစ္စည်းများ ဈေးနှုန်းလည်းမြင့်တက်လာခဲ့တယ်လို့ Nikkei Asia ရဲ့ သတင်းဖော်ပြချက်အရသိရပါတယ်။
ဆန်ဈေးနှုန်းဟာ အရင်ထက်များစွာမြင့်တက်ခဲ့ပြီး သြဂုတ်လအလယ်ထိ လူကြိုက်များတဲ့ဆန် တစ်ပြည်ဈေးနှုန်း ဟာ ၃၉ဝဝ ခန့် မြင့်တက်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံရဲ့လက်ရှိဆန်ဈေးနှုန်းဟာ အာဏာရယူမှုမဖြစ်ပွားခင် အချိန်နဲ့နှိုင်းယှဉ်ရင် ၄၄ ရာခိုင်နှုန်း မြင့်တက်နေ ခဲ့တယ်လို့ ဆန်ရောင်းဝယ်သူများက ပြောပါတယ်။ အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက် ဆန်ဈေးနှုန်းဟာ ဇွန်လမှ ဇူလိုင်လအတွင်း မြင့်တက်လာခဲ့သလို လိုအပ်သလောက်လည်း ဝယ်ယူလို့မရကြောင်း ဆန်ရောင်းဝယ်သူများက ပြောပါတယ်။
ဓါတ်မြေသြဇာဈေးနှုန်း၊ လောင်စာဆီဈေးနှုန်းမြင့်တက်မှုတွေကြောင့် ထုတ်လုပ်မှုပိုင်းလျော့နည်းသွားခဲ့သလို သယ်ယူပို့ဆောင်ရေး နဲ့ ထောက်ပံ့ရေးပိုင်းလည်း ကောင်းမွန်မှုမရှိတော့ဘူးလို့ သိရပါတယ်။
ပြည်ပနိုင်ငံများမှ တင်သွင်းရတဲ့စာအုန်းဆီဈေးနှုန်းဟာ လက်ရှိအချိန်မှာ ဈေးကွက်အတွင်း တစ်ပိသာ ကို ၉၅ဝဝ ကျပ်ပေါက်ဈေးရှိနေပြီး အာဏာရယူမှုမဖြစ်ပွားခင်အချိန်နဲ့ နှိုင်းယှဉ်ရင် သုံးဆနီးပါး မြင့်တက်သွားခဲ့တယ်လို့ သိရပါတယ်။
95 ဓါတ်ဆီ တစ်လီတာဟာ အာဏရယူမှုမဖြစ်ပွားခင်က မြန်မာကျပ်ငွေ ၇၅ဝ ကျပ်ရှိခဲ့ပေမယ့် သြဂုတ် ၂၅ ရက်နေ့မှာ 95 ဓါတ်ဆီ တစ်လီတာဟာ မြန်မာကျပ်ငွေ ၂၇၅ဝ ပေါက်ဈေးရှိနေရာ တက္ကဆီသမားတွေ၊ သယ်ယူ ပို့ဆောင်ရေးကုမ္ပဏီတွေ အခက်အခဲဖြစ်နေတယ်လို့သိရပါတယ်။
ခြင်ဆေးခွေလိုမျိုး အစားအစာမဟုတ်တဲ့ အခြားအိမ်သုံးပစ္စည်းဈေးနှုန်းများလည်းမြင့်တက်ခဲ့ပြီး ဖယောင်းတိုင် ဈေးနှုန်းက ၂ ဒသမ ၄ ဆ မြင့်တက်ခဲ့သလို ရေချိုးခန်းသုံးပစ္စည်းများက ၂ ဒသမ ၂ ဆမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။
Picture
Ko Moe
26/08/2022 22:29
တရုတ်မှာတော့ တင်းကြပ်ထားတယ်ဗျ။ကုန်ဈေးနှူန်းတက်ရင် ဖမ်းဆီးခံရရုံတင်မဟုတ်ဘူး ပစ္စည်းပါ သိမ်းခံရပါတယ်။တရုတ်ပြည်က တစ်မျိူးဗျ အမေရိကန်က တရုတ်ငွေကို အတက်ခိုင်းတာကို မတက်ဖူးလို့ ပြောကြတယ်။ဘာ့ကြောင့်လဲ ဆိုတော့ အလုပ်သမားနဲ့ စီးပွားရေးလုပ်ငန်းစက်ရုံတွေ ထိခိုက်မှာ ဆိုးလို့ မတက်တာလို့ ပြောကြတယ်။ပြည်ပပို့ကုန်အိတ်စပို့ က အင်ပို့ သွန်းကုန် ထက်များတဲ့ နိုင်ငံမို့ ငွေဈေးမတက်တာဖြစ်နိုင်တဲ့ ခန့်မှန်းချက်ပါပဲ။သူ့ငွေ တက်ခဲ့လို့ရှိရင် သူ့ရဲ့ ပြည်ပကိုပို့နေတဲ့ ပို့ကုန်တွေက အော်တိုဈေးတက်သွားမှာ အသေအချာပဲလေ။‌ေဒါ်လာနဲ့ ယွမ်လဲရင် သူ့ငွေက နည်းနည်းပြန်ရမှာလေ ။အဲတော့ ကုန်ဈေးနှူံးက တက် ရေကြာင်းရပြီပေါ့လေ။အဲဒီအခါမှာ တစ်ကမ္ဘာလုံးက တရုတ်ပစ္စည်းလည်း ဈေးကြီးတာပဲ ဆိုပြီး ဖေါက်သည်နိုင်ငံအများကြီးကို လက်လွှတ်ဆုံးရှူံးသွားမှာ အသေအချာပါပဲ။အဲဒီခါ ကျမှ အမေရိကန် ဂျပန်တို့ရဲ့ ပစ္စည်းရောင်းအားက အော်တိုတက်သွားမယ်။တရုတ်မှာတော့ ဈေးကွက်ပျက်လို့ ပြည်တွင်းစက်ရုံတွေတောင် ပိတ်ကုန်ရပြီး ကမောက်ကမ ဆူပူမှူ့တွေဆီ အော်တိုရောက်သွားမှာပဲဖြသ်တယ်။ဒါတွေကို ကြိုမြင်လို့ တရုတ်က သူ့ငွေဈေး တစ်ဒေါ်လာ ခြောက်ယွမ်က နေမတက်ဖဲ ဒီအတိုင်းပဲ ထားလိုက်တာဖြစ်ပါတယ်။ငွေဈေးဆိုတာ တက်တိုင်းလည်းမကောင်းသလို ကျလွန်းပြန်လည်း မကောင်းပါဘူးခင်ဗျာ။လေ့လာကြပါ တက်ချင်တိုင်း တက်လို့ မရတဲ့နိုင်ငံတွေက ပေးတက်လည်း တက်မယူဘူးဆိုတာကို ပြောချင်တာပါ ခင်ဗျာ။အလုပ်ကြိုးစားပါ စက်မှူ့ပညာကို လေ့လာစည်းပူး ချဲ့ထွင်သင်ယူကြပါလို့ အကြံပြုအပ်တယ်ခင်ဗျာ။အီသီယိုးပြီးယား ငွေကြေးနိမ့်ကျခဲ့ရခြင်းက ပြည်တွင်းပြည်ပစစ်တွေကြောင့်ပါပဲ။မြန်မာတွေလည်းစစ်ပွဲများနေလို့သာ ဖြစ်ပါကြောင်း တင်ပြပါရစေ။
Related news
© 2021. All rights reserved.