ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့စျာပနာကျင်းပမယ့်နေရာကို လေယာဉ်ပျံသန်းမှုတွေ တားမြစ်မယ်

452

ဂျန်ဇက် (NP News) - ဩဂုတ် ၂၇
ဂျပန်အစိုးရဟာ ဇူလိုင်လမှာ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နိုင်ငံတော်ဈာပနအခမ်းအနား ကျင်းပမယ့် နေရာကို လေယာဉ်ပျံသန်းမှုတွေတားမြစ်သွားမှာဖြစ်ကြောင်းသိရပါတယ်။
ဂျပန်အစိုးရဟာ ဝန်ကြီးချုပ်ရှင်ဇိုအာဘေးရဲ့စျာပနာအခမ်းနားကို စက်တင်ဘာလ ၂၇ ရက်မှာ နိုင်ငံတော်အဆင့်ကျင်းပမှာဖြစ်ပြီး ကမ္ဘာတဝန်းက ခေါင်းဆောင်တွေဖိတ်ကြားသွားမှာဖြစ်ပါတယ်။ အဲဒီစျာပနာ အခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်မှာ တိုကျိုမြို့ Chiyoda မြို့နယ်က နီပွန်ဒူဒိုကန် မှာပြုလုပ်ဖို့ စီစဉ်ထားကြောင်းသိရပါတယ်။
ဂျပန်သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနဟာ လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်တိုက် ခိုက်မှု တားဆီးရေး ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အရပ်ဖက်ယာဉ်ပျံသန်းမှုဆိုင်ရာ ဥပဒေနဲ့အညီ အခမ်းအနား ကျင်းပမယ့် နေရာရဲ့ ပတ်ပတ်လည် ၄၆ ကီလိုမီတာအတွင်း ယာဉ်ပျံသန်းမှု တားမြစ်ဖို့ စီစဉ်နေပါတယ်။ အဲဒီတားမြစ်ချက်ကို အခမ်းအနားမပြုလုပ်မီ တစ်ရက်အလို စက် တင်ဘာလ ၂၆ ရက်ကစပြီး ၃ ရက်ကြာ လုပ်ဆောင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Haneda နဲ့ Narita လေဆိပ်မှာ အတက်အဆင်းလုပ်မယ့် လေယာဉ်ခရီးစဉ်တွေအပြင် ရဲအရာရှိတွေ၊ မီးသတ်တပ်ဖွဲ့အာဏာပိုင်တွေနဲ့ မီဒီယာအဖွဲ့အစည်းတွေရဲ့ ရဟတ်ယာဉ်တွေကတော့ တား မြစ်ချက်တွေကနေ ကင်းလွတ်ခွင့်ရမှာ ဖြစ်ကြောင်းသိရပါတယ်။ ဂျပန်သမိုင်းမှာ ဝန်ကြီးချုပ်အ ဖြစ် အချိန်အကြာဆုံးတာဝန်ယူခဲ့တဲ့ ရှင်ဇိုအာဘေးဟာ ပြီးခဲ့တဲ့ဇူလိုင်လအတွင်း မိန့်ခွန်းပြောဆိုချိန်မှာ ပစ်ခတ်လုပ်ကြံခဲ့ရတာဖြစ်ပါတယ်။

zawgyi version
ဂ်ပန္ဝန္ႀကီးခ်ဳပ္ေဟာင္း ရွင္ဇိုအာေဘးရဲ႕စ်ာပနာက်င္းပမယ့္ေနရာကို ေလယာဥ္ပ်ံသန္းမႈေတြ တားျမစ္မယ္
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၂၇
ဂ်ပန္အစိုးရဟာ ဇူလိုင္လမွာ ပစ္ခတ္သတ္ျဖတ္ခံခဲ့ရတဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း ရွင္ဇိုအာေဘးရဲ႕ ႏိုင္ငံေတာ္ဈာပနအခမ္းအနား က်င္းပမယ့္ ေနရာကို ေလယာဥ္ပ်ံသန္းမႈေတြတားျမစ္သြားမွာျဖစ္ေၾကာင္းသိရပါတယ္။
ဂ်ပန္အစိုးရဟာ ဝန္ႀကီးခ်ဳပ္ရွင္ဇိုအာေဘးရဲ႕စ်ာပနာအခမ္းနားကို စက္တင္ဘာလ ၂၇ ရက္မွာ ႏိုင္ငံေတာ္အဆင့္က်င္းပမွာျဖစ္ၿပီး ကမာၻတဝန္းက ေခါင္းေဆာင္ေတြဖိတ္ၾကားသြားမွာျဖစ္ပါတယ္။ အဲဒီစ်ာပနာ အခမ္းအနားကို စက္တင္ဘာလ ၂၇ ရက္မွာ တိုက်ိဳၿမိဳ႕ Chiyoda ၿမိဳ႕နယ္က နီပြန္ဒူဒိုကန္ မွာျပဳလုပ္ဖို႔ စီစဥ္ထားေၾကာင္းသိရပါတယ္။
ဂ်ပန္သယ္ယူပို႔ေဆာင္ေရးဝန္ႀကီးဌာနဟာ ေလေၾကာင္းတိုက္ခိုက္မႈအပါအဝင္ အၾကမ္းဖက္တိုက္ ခိုက္မႈ တားဆီးေရး ေဆာင္႐ြက္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ အရပ္ဖက္ယာဥ္ပ်ံသန္းမႈဆိုင္ရာ ဥပေဒနဲ႔အညီ အခမ္းအနား က်င္းပမယ့္ ေနရာရဲ႕ ပတ္ပတ္လည္ ၄၆ ကီလိုမီတာအတြင္း ယာဥ္ပ်ံသန္းမႈ တားျမစ္ဖို႔ စီစဥ္ေနပါတယ္။ အဲဒီတားျမစ္ခ်က္ကို အခမ္းအနားမျပဳလုပ္မီ တစ္ရက္အလို စက္ တင္ဘာလ ၂၆ ရက္ကစၿပီး ၃ ရက္ၾကာ လုပ္ေဆာင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ Haneda နဲ႔ Narita ေလဆိပ္မွာ အတက္အဆင္းလုပ္မယ့္ ေလယာဥ္ခရီးစဥ္ေတြအျပင္ ရဲအရာရွိေတြ၊ မီးသတ္တပ္ဖြဲ႕အာဏာပိုင္ေတြနဲ႔ မီဒီယာအဖြဲ႕အစည္းေတြရဲ႕ ရဟတ္ယာဥ္ေတြကေတာ့ တားျမစ္ခ်က္ေတြကေန ကင္းလြတ္ခြင့္ရမွာ ျဖစ္ေၾကာင္းသိရပါတယ္။ ဂ်ပန္သမိုင္းမွာ ဝန္ႀကီးခ်ဳပ္အျဖစ္ အခ်ိန္အၾကာဆုံးတာဝန္ယူခဲ့တဲ့ ရွင္ဇိုအာေဘးဟာ ၿပီးခဲ့တဲ့ဇူလိုင္လအတြင္း မိန႔္ခြန္းေျပာဆိုခ်ိန္မွာ ပစ္ခတ္လုပ္ႀကံခဲ့ရတာျဖစ္ပါတယ္။