ကချင်ပြည်နယ်၊ မိုးညှင်း-မြစ်ကြီးနားသွားကားလမ်းတွင် ငွေကျပ် (၂)ဘီလျံကျော် တန်ဖိုးရှိ ဘိန်းစိမ်း၊ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

 631

ဟိန်း(NP News) - ဩဂုတ် ၃ဝ

ကချင်ပြည်နယ်၊ မိုးညှင်း-မြစ်ကြီးနားသွားကားလမ်းတွင် ငွေကျပ် (၂)ဘီလျံကျော် တန်ဖိုးရှိ ဘိန်း စိမ်း၊ ဘိန်းဖြူနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဩဂုတ်လ ၂၅ ရက်၊ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မူး ယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဩဂုတ်လ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ မိုးညှင်းမြို့နယ်၊ မိုးညှင်း- မြစ်ကြီးနားသွားကားလမ်း၊ နန့်ပုတ်ကျေးရွာအနီးတွင် စည်သူထွန်း မောင်းနှင်ပြီး ယာဉ်ပိုင်ရှင် ဝင်းမြင့်ဦး လိုက်ပါလာသော ISUZU အမျိုးအစား ၆ ဘီးမော်တော် ယာဉ်အား ပူးပေါင်းအဖွဲ့က သတင်းအရရှာဖွေရာ ယာဉ်နောက်ခန်းရှိ စက္ကူဂျပ်ဖာများအတွင်းမှ ဒေသကာလတန်ဖိုးငွေကျပ် (၂.၂၇) ဘီလျံ ကျော်တန်ဖိုးရှိ ဘိန်းစိမ်း ၃၃ ကီလို၊ ဘိန်းဖြူ (၂၄.၄၂) ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား (၁ဝ.၈) သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများအား မန္တလေးတိုင်းဒေသကြီးမှ ကချင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူများအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူ များအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်ကလည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သတင်းအရ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ KTV ဆိုင်အား ဝင်ရောက်ရှာဖွေရာတွင် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၁ ဦးတို့အား တွေ့ရှိပြီး ၎င်းတို့ထံမှ အက်တက်စီဆေးပြား ၄၈၅ ပြား၊ စိတ်ပြောင်း ဆေးဝါးများရောစပ်ထားသောအမှုန့် (Happy Water)အလေးချိန် ၄၂၅ ဂရမ်တို့အား ဆည်းရမိခဲ့ကြောင်း သိရသည်။

zawgyi version
ကခ်င္ျပည္နယ္၊ မိုးညႇင္း-ျမစ္ႀကီးနားသြားကားလမ္းတြင္ ေငြက်ပ္ (၂)ဘီလ်ံေက်ာ္ တန္ဖိုးရွိ ဘိန္းစိမ္း၊ ဘိန္းျဖဴႏွင့္ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းမိ
ဟိန္း(NP News) - ဩဂုတ္ ၃ဝ

ကခ်င္ျပည္နယ္၊ မိုးညႇင္း-ျမစ္ႀကီးနားသြားကားလမ္းတြင္ ေငြက်ပ္ (၂)ဘီလ်ံေက်ာ္ တန္ဖိုးရွိ ဘိန္း စိမ္း၊ ဘိန္းျဖဴႏွင့္ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ဩဂုတ္လ ၂၅ ရက္၊ မြန္းတည့္ ၁၂ နာရီအခ်ိန္ခန႔္တြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း မူး ယစ္ေဆးဝါး တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕က ဩဂုတ္လ ၂၉ ရက္တြင္ သတင္းထုတ္ျပန္သည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၏ ထုတ္ျပန္ခ်က္အရ မိုးညႇင္းၿမိဳ႕နယ္၊ မိုးညႇင္း- ျမစ္ႀကီးနားသြားကားလမ္း၊ နန႔္ပုတ္ေက်း႐ြာအနီးတြင္ စည္သူထြန္း ေမာင္းႏွင္ၿပီး ယာဥ္ပိုင္ရွင္ ဝင္းျမင့္ဦး လိုက္ပါလာေသာ ISUZU အမ်ိဳးအစား ၆ ဘီးေမာ္ေတာ္ ယာဥ္အား ပူးေပါင္းအဖြဲ႕က သတင္းအရရွာေဖြရာ ယာဥ္ေနာက္ခန္းရွိ စကၠဴဂ်ပ္ဖာမ်ားအတြင္းမွ ေဒသကာလတန္ဖိုးေငြက်ပ္ (၂.၂၇) ဘီလ်ံ ေက်ာ္တန္ဖိုးရွိ ဘိန္းစိမ္း ၃၃ ကီလို၊ ဘိန္းျဖဴ (၂၄.၄၂) ကီလို၊ စိတ္ႂကြ႐ူးသြပ္ေဆးျပား (၁ဝ.၈) သိန္း သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ စစ္ေဆးေဖာ္ထုတ္ခ်က္အရ သိမ္းဆည္းရမိမူးယစ္ေဆးဝါးမ်ားအား မႏၲေလးတိုင္းေဒသႀကီးမွ ကခ်င္ျပည္နယ္သို႔ သယ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ဖမ္းဆီးရမိသူမ်ားအား ဥပေဒအရ အေရးယူထားရွိၿပီး ကြင္းဆက္ျပစ္မႈ က်ဴးလြန္သူ မ်ားအား ဆက္လက္စစ္ေဆးေဖာ္ထုတ္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ၿပီးခဲ့သည့္ ၾသဂုတ္လ ၂၈ ရက္ကလည္း မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က သတင္းအရ တာခ်ီလိတ္ၿမိဳ႕၊ ဝိန္းေက်ာက္ရပ္ကြက္ရွိ KTV ဆိုင္အား ဝင္ေရာက္ရွာေဖြရာတြင္ အမ်ိဳးသား ၃ ဦး၊ အမ်ိဳးသမီး ၁ ဦးတို႔အား ေတြ႕ရွိၿပီး ၎တို႔ထံမွ အက္တက္စီေဆးျပား ၄၈၅ ျပား၊ စိတ္ေျပာင္း ေဆးဝါးမ်ားေရာစပ္ထားေသာအမႈန္႔ (Happy Water)အေလးခ်ိန္ ၄၂၅ ဂရမ္တို႔အား ဆည္းရမိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.