စစ်အမြတ်ထုတ်ခြင်း၊ အမေရိကန်လက်နက်ကုမ္ပဏီကြီးများ၏ စစ်စီးပွားရေး၊ ကွန်ဂရက် အမတ်များ သို့မ ဟုတ် သွေးမျက်ရည်တို့ဖြင့် ဝင်ငွေလမ်း ဖြောင့်နေသူများ

 806

Htay Oung (NP News) - ဩဂုတ် ၃၁

စစ်မက်ဖြင့် အမြတ်ထုတ်သူ ဆိုသည်မှာ စစ်ပွဲအတွင်း လက်နက်နှင့်အခြား ကုန်ပစ္စည်းများကို ရောင်းချခြင်းဖြင့် အကျိုးအမြတ်ရရှိကြသော မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများကိုမဆို ခေါ်ဆိုပါသည်။ ယင်းအခေါ်အဝေါ်မှာ အောက်အောက်ညှစ်ညှစ်နှင့် အပျက်သဘောဆောင်သော အဓိပ္ပါယ်ရှိသည်။

ယေဘုယျအားဖြင့် ငြိမ်းချမ်းရေးကာလတွင်လည်း အမြတ်ထုတ်မှုများလည်း ဖြစ်ပေါ်နိုင်သည်။ စစ်အမြတ်ထုတ်သူများကို ဥပမာပြရလျှင် အမေရိကန်ပြည်တွင်းစစ်ကာလ စစ်သားများအား ပြန်လည်အသုံးပြုထားသော သိုးမွှေးနှင့် ပတ္တူဖိနပ်များ ရောင်းချသည်ဟု စွပ်စွဲခြင်းခံရသည့် "ပေါချောင်ကောင်း" သန်းကြွယ်သူဋ္ဌေးများကို ဆိုလိုသည်။

မျက်မှောက်ကာလတွင် စစ်မက်ရေးမှ အများဆုံး အကျိုးစီးပွားဖြစ်ထွန်းလျက်ရှိသည့် နိုင်ငံတကာ စစ်အမြတ် ထုတ်သူ (၁ဝ)ဦး ရှိသည်။ လော့ခ်ဟိမာတင်၊ ဘိုးရင်း၊ ဘီအေအီးစစ်စတမ် (ဗြိတိသျှ)၊ ဂျင်နရယ်ဒိုင်းနမစ်၊ ရေသီယွန်၊ နော့သ်ရော့ ဂရမ် မန်၊ ဥရောပ လေကြောင်းကာကွယ်ရေး အာကာသကုမ္ပဏီ EADS (နယ်သာလန်)၊ ဖင်းမက်ကာနီကာ(အီတလီ) အယ်လ်-သရီး ဆက်သွယ်ရေးနှင့် ယူနိုက်တက် တက္ကနိုလော်ဂျီ တို့ဖြစ် သည်။

ယင်းကော်ပိုရေးရှင်းများအားလုံးသည် လက်နက်များ၊ စက်ယန္တရားများ၊ မော်တော် ယာဉ်များ၊ လေယာဉ်များ၊ အီလက်ထရွန်းနစ်ပစ္စည်းများ၊ ဒုံးကျည်များအပါအဝင် အ မြောက်လက်နက် ထုတ်လုပ်မှုများနှင့် တိုက်ရိုက်ဆက် စပ်လျက်ရှိကြသည်။ အမေရိကန်ကွန်ဂရက်တွင် စစ်ပွဲများမြှင့်တင်ရေး ကြိုးပမ်းရာ၌ ၄င်းတို့၏ ထုတ်ကုန်များအပေါ် အရောင်တင် ထောက်ခံပေးမည့် လွှတ်တော်အမတ်တို့၏ မဲဆွယ်ပွဲများတွင် ပံ့ပိုးပေးခြင်း နည်းလမ်းမျိုးဖြင့် ထိရောက်သော နိုင်ငံရေးဩဇာကြီးမားသူများ ဖြစ်ကြသည်။

၂ဝ၁ဝ ခုနှစ်တွင် ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းသည် လော်ဘီလုပ်ပေးရာတွင် ဒေါ်လာ ၁၄၄ သန်းကို သုံးစွဲခဲ့ပြီး ကွန်ဂရက်လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေးအတွက် ဒေါ်လာ ၂၂.၆ သန်းကျော် လှူဒါန်းခဲ့သည်။

စစ်အမြတ်ထုတ်ခြင်းသည် အသက်ဝင်လျက်ရှိမှာ အမှန်ပင်ဖြစ်သည်။ ၂ဝ၂ဝ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်၊ ဒေါ်နယ်ထရမ့်အစိုးရလက်ထက်တွင် အမေရိကန်၏ လေကြောင်းမှ လုပ်ကြံမှုကြောင့် အီရန်စစ်ဖက်ဆိုင်ရာ ထိပ်တန်းတပ်မှူးတစ်ဦး သေဆုံးအပြီး၌ အဓိက စစ်ကန်ထရိုက် ကုမ္ပဏီများ၏ အမှုဆောင်အရာရှိချုပ်များပိုင် စတော့ရှယ်ယာများမှာ စျေးနှုန်းများ သိသိသာသာ ခုန်တက်သွားသည်။ အခြားတစ်ဖက်တွင်ကား အမေရိကန် နှင့်အီရန်တို့အကြား စစ်ဖြစ်ရန်အလားလာမှာ အလွန်ကြောက်မက်ဖွယ် နီးကပ်သွားသည်။

အမေရိကန် ကွန်ဂရက်အဆက်ဆက်တို့သည် ရှားဘုရင်နောက်ပိုင်း အီရန်နိုင်ငံအပေါ်၌ ရန်လိုသော သဘောထား၌သာ အခြေခံခဲ့သည်။ တင်းမာမှုအပြည့်နှင့် နှစ်နိုင်ငံအကြား စစ်ပွဲဖြစ်ပွားခဲ့လျှင် လူပေါင်း တစ်သန်းခန့် အသက်ဆုံးရှုံးနိုင်ကြောင်း စစ်ရေးကျွမ်းကျင်သူတို့က ခန့်မှန်းထားသည်။ စစ်လက်နက်စွမ်းရည်နှင့် အင်အား ကွာခြားမှုအရ အမေရိကန်နိုင်ငံတစ်ဝှမ်းလုံးရှိ အိမ်ထောင်စုများသည် စစ်မီးတောက်လောင်သည့်တိုင် သေဆုံး ပျက်စီး အလွန်နည်းပါးပြီး အလုပ်အကိုင်မပျက် ရှိနေနိုင်သည်။ သို့သော် အရှေ့အလယ်ပိုင်းဒေသ၌ကား သန်းနှင့်ချီသော ဒုက္ခသည်များ ပေါ်ပေါက်လာမည် ဖြစ်သည်။

မည်သို့ပင်ဆိုစေ ပဋိပက္ခဖြစ်ပွားလာမှုများ ပြင်းထန်လာသည့်အခါ အကျိုးအမြတ်ရရှိရန် သေချာနေသူများမှာ အမေရိကန် စစ်ဘက်ဆိုင်ရာ ကန်ထရိုက်ကုမ္ပဏီကြီးများ၏ အမှုဆောင်အရာရှိချုပ်များပင် ဖြစ်သည်။

ဝါရှင်တန်နှင့် တဟီရန်တို့၏ စစ်ပွဲဆိုသည်မှာ အမေရိကန်လက်နက်ထုတ်လုပ်သူများအတွက် အကျိုးအမြတ်ရရှိ ရေးထက်ပင် ပိုမိုသေချာသော အာမခံစာချုပ်များဖြစ်သည်ကို ဝေါလ်စထရိ ကုန်သည်တို့ ကောင်းစွာနားလည် သည်။

၎င်းထိပ်တန်းအမှုဆောင်အရာရှိများအနေဖြင့် ကွန်ဂရက်အမတ်တို့အပေါ် စိုက်ထုတ်ထားသမျှ စတော့ပုံစံဖြင့် အလျော်များများ ပိုက်မိသွားသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့ကုမ္ပဏီများ၏ စတော့ရှယ်ယာတန်ဖိုးများ တက်သွားသဖြင့် ပုဂ္ဂိုလ်ရေးအရ အမြတ်ထွက်နေချေသည်။ အမေရိကန် ပင်တာဂွန်စစ်ဋ္ဌာနချုပ်၏ ထိပ်တန်းကန်ထရိုက်တာကြီး (၅)ဦးဖြစ်သော လော့ခ်ဟိမာတင်၊ ဘိုးရင်း၊ ဂျင်နရယ်ဒိုင်းနမစ်၊ ရေသီယွန်နှင့် နော့သ်ရော့ ဂရမ်မန် ကုမ္ပဏီတို့မှ CEO အမှုဆောင်အရာရှိချုပ်တို့ပိုင် စတော့ရှယ်ယာတို့၏ တန်ဖိုးတို့ကိုကြည့်လျှင် ဤအချက်ကို အလွယ်တကူ သိရှိနိုင်သည်။

လတ်တလော လက်လှမ်းမီသမျှ အချက်အလက်များကို အသုံးပြု၍ တွက်ချက်ကြည့်ပါမည်။ အီရန်အထူး တိုက်ခိုက်ရေးတပ်မှူး ကာဆင်စူလမန်နီကို အမေရိကန်ဒရုန်းဖြင့် အီရန်ခေါင်းဆောင် လုပ်ကြံသတ်ဖြတ်ခြင်း မတိုင်မီတွင် အဆိုပါ အမှုဆောင်ငါးဦး၏ ကုမ္ပ ဏီ စတော့ရှယ်ယာများသည် ဒေါ်လာ ၃၁၉ သန်းခန့် ပိုင်ဆိုင်ထားကြောင်းသိရှိရပြီး လုပ်ကြံပြီး နောက်တစ်နေ့ စတော့ရှယ်ယာဈေးကွက်ပိတ်ချိန်တွင် ၎င်းတို့စုစုပေါင်း၏ အစု ရှယ်ယာတန်ဖိုးမှာ ဒေါ်လာ ၃၂၆ သန်းအထိ မြင့်တက်သွားခဲ့သည်။

ယနေ့ခေတ်တွင် စစ်အမြတ်ထုတ်ခြင်းသည် ထူးဆန်းသည့် အရာမဟုတ်တော့ပေ။ လွန်ခဲ့ သော ၂ဝဝ၆ ခုနှစ် အကြမ်းဖက် ချေမှုန်းရေး ခေါင်းစဉ်ဖြင့် အီရတ်စစ်ပွဲကြီး အရှိန်မြင့်လာချိန်တွင် အမေရိကန် ထိပ်တန်းစစ်တပ် ကန်ထရိုက်တာ ကော်ပိုရေးရှင်း ၃၄ ခု CEO တို့၏ အကျိုးအမြတ်လစာများမှာ 9/11 အကြမ်းဖက် တိုက်ခိုက် မှုအပြီး ၎င်းတို့၏ လစာထက် သိသိသာသာ ခုန်တက်သွားသည်ကို တွေ့ရှိခဲ့ရသည်။

၂ဝဝ၁ ခုနှစ်မှ ၂ဝဝ၅ ခုနှစ်အတွင်း စစ်ကန်ထရိုက်တာ CEO များ၏ လစာသည် ပျမ်းမျှအားဖြင့် ၁ဝ၈ ရာခိုင်နှုန်း ခုန်တက်သွားသည်။ ထိုကာလအတွင်း အခြားအမေရိကန် ကုမ္ပဏီကြီးများရှိ ၎င်းတို့နှင့်အဆင့်တူ လုပ်ဖော်ကိုင်ဖက်များမှာမူ (၆)ရာခိုင်နှုန်းသာ တိုးမြင့်လာခဲ့သည်။

ကွန်ဂရက်လွှတ်တော်အနေဖြင့် အီရန်နှင့် ပတ်သက်၍ ကြီးမားသောစစ်ပွဲ ရုတ်တရက်ဖြစ်ပွားနိုင်သည်ကို တားဆီးရေး အရေးတယူဆောင်ရွက်ရန် လိုအပ်သည်။ ပထမဦးစားပေးအဖြစ် လက်ရှိ တင်းမာမှုများကို အရှိန်လျော့ချရန်ဖြစ်သည်။

ထို့ပြင် စစ်ရေးဖြင့် အမြတ်ထုတ်သည်ကိုလည်း အဆုံးသတ်ရန် လုပ်ဆောင်သင့်ပါ သည်။ ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့ရရှိနေသည့် ကုမ္ပဏီများမှ CEO တို့၏ လစာ နှုန်းထားများကို ကန့်သတ်ရန် နောင် ရီပတ် လစ်ကင်သမ္မတလောင်းဖြစ်လာမည့် ဂျွန်မက်ကိန်းက ၂ဝဝ၈ ခုနှစ်၌ အဆိုတင်သွင်းခဲ့သည်။ အခွန်ထမ်းပြည်သူ တို့၏ ရန်ပုံငွေများအပေါ် မှီခိုနေသော CEO များ၏ လစာနှုန်းထားသည် အမေရိကန်သမ္မတ၏ လစာ ဒေါ်လာ ၄ သိန်း ထက်မပိုသင့်ဟု ငြင်းခုံဆွေးနွေးခဲ့ကြသည်။

ဤတွင် သဘောထားအသီးသီးဖြင့် မှတ်ချက်များကို အခွန်ထမ်းရန်ပုံငွေအပေါ် မှီခိုနေသော ကုမ္ပဏီများ အားလုံးသို့ သိရှိစေရန် လက်ဆင့်ကမ်းသင့်သည်။ ဥပမာ CEO များအား လစာနှုန်းထား အလွန်အကျွံ ပေးနေသော ကုမ္ပဏီများ၏ ဖက်ဒရယ်စာချုပ်များကို ပယ်ချရေး အထက်လွှတ်တော်အမတ် ဘာနီဆာဒါး၏ အစီအစဉ်မျိုးဖြစ် သည်။ အကြီးစားကန်ထရိုက်တာများမှ CEO တို့၏ လစာနှုန်းထားမှာ အခြားသာမာန်အလုပ်သမားများ၏ လစာ အဆ ၁၅ဝ ထက်မပိုစေရန် ကန့်သတ်ချက် သတ်မှတ်ရေးဖြစ်ပါသည်။
လောလောဆယ်တွင်မူ ယင်ကုမ္ပဏီ CEO လစာနှုန်းထားသည် အကန့်အသတ်မရှိ တရှိန်ထိုးမြင့်တက်နေပြီး စစ်ဘက်ဆိုင်ရာ ကန်ထရိုက်လုပ်ငန်းသည်လည်း အဓိက ဥပ ဒေချိုးဖောက်သူ ဖြစ်နေသည်။ ပင်တာဂွန်ဖောက်သည် ထိပ်တန်းကန်ထရိုက်တာ ကုမ္ပ ဏီ ငါးခုသည် ၂ဝဝ၈ခုနှစ်တွင် ၎င်းတို့၏ CEO များကို ပျမ်းမျှအားဖြင့် လစာ ဒေါ်လာ ၂၂.၅သန်း ပေးအပ်ခဲ့သည်။

စစ်ပွဲဆိုသည်မှာ မည်သူ့အပေါ်၌မဆို ဆိုးရွားပါသည်။ စစ်ဖြင့် စီးပွားရေးလုပ်ကြသူ ပုဂ္ဂလိကစီးပွားရေး ခေါင်း ဆောင်များအား ကန့်သတ်မဲ့ အကျိုးအမြတ် ခံစားခွင့်ပြုထားသရွေ့ ၎င်းတို့၏ အမြတ်အစွန်းရရှိရေး ရည်ရွယ် ချက်မှာလည်း အီရန်စစ်ပွဲ ဖြစ်ပွားရန် သို့မဟုတ် ကမ္ဘာ့အခြား မည်သည့်နေရာတွင်မဆို စစ်ပွဲများ ဆက်လက် ဖြစ်ပွားနေရပါလိမ့်မည်။

zawgyi version
စစ္အျမတ္ထုတ္ျခင္း၊ အေမရိကန္လက္နက္ကုမၸဏီႀကီးမ်ား၏ စစ္စီးပြားေရး၊ ကြန္ဂရက္ အမတ္မ်ား သို႔မ ဟုတ္ ေသြးမ်က္ရည္တို႔ျဖင့္ ဝင္ေငြလမ္း ေျဖာင့္ေနသူမ်ား
Htay Oung (NP News) - ဩဂုတ္ ၃၁

စစ္မက္ျဖင့္ အျမတ္ထုတ္သူ ဆိုသည္မွာ စစ္ပြဲအတြင္း လက္နက္ႏွင့္အျခား ကုန္ပစၥည္းမ်ားကို ေရာင္းခ်ျခင္းျဖင့္ အက်ိဳးအျမတ္ရရွိၾကေသာ မည္သည့္ပုဂၢိဳလ္ သို႔မဟုတ္ အဖြဲ႕အစည္းမ်ားကိုမဆို ေခၚဆိုပါသည္။ ယင္းအေခၚအေဝၚမွာ ေအာက္ေအာက္ညႇစ္ညႇစ္ႏွင့္ အပ်က္သေဘာေဆာင္ေသာ အဓိပၸါယ္ရွိသည္။

ေယဘုယ်အားျဖင့္ ၿငိမ္းခ်မ္းေရးကာလတြင္လည္း အျမတ္ထုတ္မႈမ်ားလည္း ျဖစ္ေပၚႏိုင္သည္။ စစ္အျမတ္ထုတ္သူမ်ားကို ဥပမာျပရလွ်င္ အေမရိကန္ျပည္တြင္းစစ္ကာလ စစ္သားမ်ားအား ျပန္လည္အသုံးျပဳထားေသာ သိုးေမႊးႏွင့္ ပတၱဴဖိနပ္မ်ား ေရာင္းခ်သည္ဟု စြပ္စြဲျခင္းခံရသည့္ "ေပါေခ်ာင္ေကာင္း" သန္းႂကြယ္သူေ႒းမ်ားကို ဆိုလိုသည္။

မ်က္ေမွာက္ကာလတြင္ စစ္မက္ေရးမွ အမ်ားဆုံး အက်ိဳးစီးပြားျဖစ္ထြန္းလ်က္ရွိသည့္ ႏိုင္ငံတကာ စစ္အျမတ္ ထုတ္သူ (၁ဝ)ဦး ရွိသည္။ ေလာ့ခ္ဟိမာတင္၊ ဘိုးရင္း၊ ဘီေအအီးစစ္စတမ္ (ၿဗိတိသွ်)၊ ဂ်င္နရယ္ဒိုင္းနမစ္၊ ေရသီယြန္၊ ေနာ့သ္ေရာ့ ဂရမ္ မန္၊ ဥေရာပ ေလေၾကာင္းကာကြယ္ေရး အာကာသကုမၸဏီ EADS (နယ္သာလန္)၊ ဖင္းမက္ကာနီကာ(အီတလီ) အယ္လ္-သရီး ဆက္သြယ္ေရးႏွင့္ ယူႏိုက္တက္ တကၠႏိုေလာ္ဂ်ီ တို႔ျဖစ္ သည္။

ယင္းေကာ္ပိုေရးရွင္းမ်ားအားလုံးသည္ လက္နက္မ်ား၊ စက္ယႏၲရားမ်ား၊ ေမာ္ေတာ္ ယာဥ္မ်ား၊ ေလယာဥ္မ်ား၊ အီလက္ထ႐ြန္းနစ္ပစၥည္းမ်ား၊ ဒုံးက်ည္မ်ားအပါအဝင္ အ ေျမာက္လက္နက္ ထုတ္လုပ္မႈမ်ားႏွင့္ တိုက္႐ိုက္ဆက္ စပ္လ်က္ရွိၾကသည္။ အေမရိကန္ကြန္ဂရက္တြင္ စစ္ပြဲမ်ားျမႇင့္တင္ေရး ႀကိဳးပမ္းရာ၌ ၄င္းတို႔၏ ထုတ္ကုန္မ်ားအေပၚ အေရာင္တင္ ေထာက္ခံေပးမည့္ လႊတ္ေတာ္အမတ္တို႔၏ မဲဆြယ္ပြဲမ်ားတြင္ ပံ့ပိုးေပးျခင္း နည္းလမ္းမ်ိဳးျဖင့္ ထိေရာက္ေသာ ႏိုင္ငံေရးဩဇာႀကီးမားသူမ်ား ျဖစ္ၾကသည္။

၂ဝ၁ဝ ခုႏွစ္တြင္ ကာကြယ္ေရးဆိုင္ရာ စက္မႈလုပ္ငန္းသည္ ေလာ္ဘီလုပ္ေပးရာတြင္ ေဒၚလာ ၁၄၄ သန္းကို သုံးစြဲခဲ့ၿပီး ကြန္ဂရက္လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းမ်ား၏ မဲဆြယ္စည္း႐ုံးေရးအတြက္ ေဒၚလာ ၂၂.၆ သန္းေက်ာ္ လႉဒါန္းခဲ့သည္။

စစ္အျမတ္ထုတ္ျခင္းသည္ အသက္ဝင္လ်က္ရွိမွာ အမွန္ပင္ျဖစ္သည္။ ၂ဝ၂ဝ ခုႏွစ္၊ ဇန္နဝါရီလ ၂ ရက္၊ ေဒၚနယ္ထရမ့္အစိုးရလက္ထက္တြင္ အေမရိကန္၏ ေလေၾကာင္းမွ လုပ္ႀကံမႈေၾကာင့္ အီရန္စစ္ဖက္ဆိုင္ရာ ထိပ္တန္းတပ္မႉးတစ္ဦး ေသဆုံးအၿပီး၌ အဓိက စစ္ကန္ထ႐ိုက္ ကုမၸဏီမ်ား၏ အမႈေဆာင္အရာရွိခ်ဳပ္မ်ားပိုင္ စေတာ့ရွယ္ယာမ်ားမွာ ေစ်းႏႈန္းမ်ား သိသိသာသာ ခုန္တက္သြားသည္။ အျခားတစ္ဖက္တြင္ကား အေမရိကန္ ႏွင့္အီရန္တို႔အၾကား စစ္ျဖစ္ရန္အလားလာမွာ အလြန္ေၾကာက္မက္ဖြယ္ နီးကပ္သြားသည္။

အေမရိကန္ ကြန္ဂရက္အဆက္ဆက္တို႔သည္ ရွားဘုရင္ေနာက္ပိုင္း အီရန္ႏိုင္ငံအေပၚ၌ ရန္လိုေသာ သေဘာထား၌သာ အေျခခံခဲ့သည္။ တင္းမာမႈအျပည့္ႏွင့္ ႏွစ္ႏိုင္ငံအၾကား စစ္ပြဲျဖစ္ပြားခဲ့လွ်င္ လူေပါင္း တစ္သန္းခန္႔ အသက္ဆုံးရႈံးႏိုင္ေၾကာင္း စစ္ေရးကြၽမ္းက်င္သူတို႔က ခန္႔မွန္းထားသည္။ စစ္လက္နက္စြမ္းရည္ႏွင့္ အင္အား ကြာျခားမႈအရ အေမရိကန္ႏိုင္ငံတစ္ဝွမ္းလုံးရွိ အိမ္ေထာင္စုမ်ားသည္ စစ္မီးေတာက္ေလာင္သည့္တိုင္ ေသဆုံး ပ်က္စီး အလြန္နည္းပါးၿပီး အလုပ္အကိုင္မပ်က္ ရွိေနႏိုင္သည္။ သို႔ေသာ္ အေရွ႕အလယ္ပိုင္းေဒသ၌ကား သန္းႏွင့္ခ်ီေသာ ဒုကၡသည္မ်ား ေပၚေပါက္လာမည္ ျဖစ္သည္။

မည္သို႔ပင္ဆိုေစ ပဋိပကၡျဖစ္ပြားလာမႈမ်ား ျပင္းထန္လာသည့္အခါ အက်ိဳးအျမတ္ရရွိရန္ ေသခ်ာေနသူမ်ားမွာ အေမရိကန္ စစ္ဘက္ဆိုင္ရာ ကန္ထ႐ိုက္ကုမၸဏီႀကီးမ်ား၏ အမႈေဆာင္အရာရွိခ်ဳပ္မ်ားပင္ ျဖစ္သည္။

ဝါရွင္တန္ႏွင့္ တဟီရန္တို႔၏ စစ္ပြဲဆိုသည္မွာ အေမရိကန္လက္နက္ထုတ္လုပ္သူမ်ားအတြက္ အက်ိဳးအျမတ္ရရွိ ေရးထက္ပင္ ပိုမိုေသခ်ာေသာ အာမခံစာခ်ဳပ္မ်ားျဖစ္သည္ကို ေဝါလ္စထရိ ကုန္သည္တို႔ ေကာင္းစြာနားလည္ သည္။

၎ထိပ္တန္းအမႈေဆာင္အရာရွိမ်ားအေနျဖင့္ ကြန္ဂရက္အမတ္တို႔အေပၚ စိုက္ထုတ္ထားသမွ် စေတာ့ပုံစံျဖင့္ အေလ်ာ္မ်ားမ်ား ပိုက္မိသြားသည္။ တစ္ခ်ိန္တည္းမွာပင္ ၎တို႔ကုမၸဏီမ်ား၏ စေတာ့ရွယ္ယာတန္ဖိုးမ်ား တက္သြားသျဖင့္ ပုဂၢိဳလ္ေရးအရ အျမတ္ထြက္ေနေခ်သည္။ အေမရိကန္ ပင္တာဂြန္စစ္႒ာနခ်ဳပ္၏ ထိပ္တန္းကန္ထ႐ိုက္တာႀကီး (၅)ဦးျဖစ္ေသာ ေလာ့ခ္ဟိမာတင္၊ ဘိုးရင္း၊ ဂ်င္နရယ္ဒိုင္းနမစ္၊ ေရသီယြန္ႏွင့္ ေနာ့သ္ေရာ့ ဂရမ္မန္ ကုမၸဏီတို႔မွ CEO အမႈေဆာင္အရာရွိခ်ဳပ္တို႔ပိုင္ စေတာ့ရွယ္ယာတို႔၏ တန္ဖိုးတို႔ကိုၾကည့္လွ်င္ ဤအခ်က္ကို အလြယ္တကူ သိရွိႏိုင္သည္။

လတ္တေလာ လက္လွမ္းမီသမွ် အခ်က္အလက္မ်ားကို အသုံးျပဳ၍ တြက္ခ်က္ၾကည့္ပါမည္။ အီရန္အထူး တိုက္ခိုက္ေရးတပ္မႉး ကာဆင္စူလမန္နီကို အေမရိကန္ဒ႐ုန္းျဖင့္ အီရန္ေခါင္းေဆာင္ လုပ္ႀကံသတ္ျဖတ္ျခင္း မတိုင္မီတြင္ အဆိုပါ အမႈေဆာင္ငါးဦး၏ ကုမၸ ဏီ စေတာ့ရွယ္ယာမ်ားသည္ ေဒၚလာ ၃၁၉ သန္းခန႔္ ပိုင္ဆိုင္ထားေၾကာင္းသိရွိရၿပီး လုပ္ႀကံၿပီး ေနာက္တစ္ေန႔ စေတာ့ရွယ္ယာေဈးကြက္ပိတ္ခ်ိန္တြင္ ၎တို႔စုစုေပါင္း၏ အစု ရွယ္ယာတန္ဖိုးမွာ ေဒၚလာ ၃၂၆ သန္းအထိ ျမင့္တက္သြားခဲ့သည္။

ယေန႔ေခတ္တြင္ စစ္အျမတ္ထုတ္ျခင္းသည္ ထူးဆန္းသည့္ အရာမဟုတ္ေတာ့ေပ။ လြန္ခဲ့ ေသာ ၂ဝဝ၆ ခုႏွစ္ အၾကမ္းဖက္ ေခ်မႈန္းေရး ေခါင္းစဥ္ျဖင့္ အီရတ္စစ္ပြဲႀကီး အရွိန္ျမင့္လာခ်ိန္တြင္ အေမရိကန္ ထိပ္တန္းစစ္တပ္ ကန္ထ႐ိုက္တာ ေကာ္ပိုေရးရွင္း ၃၄ ခု CEO တို႔၏ အက်ိဳးအျမတ္လစာမ်ားမွာ 9/11 အၾကမ္းဖက္ တိုက္ခိုက္ မႈအၿပီး ၎တို႔၏ လစာထက္ သိသိသာသာ ခုန္တက္သြားသည္ကို ေတြ႕ရွိခဲ့ရသည္။

၂ဝဝ၁ ခုႏွစ္မွ ၂ဝဝ၅ ခုႏွစ္အတြင္း စစ္ကန္ထ႐ိုက္တာ CEO မ်ား၏ လစာသည္ ပ်မ္းမွ်အားျဖင့္ ၁ဝ၈ ရာခိုင္ႏႈန္း ခုန္တက္သြားသည္။ ထိုကာလအတြင္း အျခားအေမရိကန္ ကုမၸဏီႀကီးမ်ားရွိ ၎တို႔ႏွင့္အဆင့္တူ လုပ္ေဖာ္ကိုင္ဖက္မ်ားမွာမူ (၆)ရာခိုင္ႏႈန္းသာ တိုးျမင့္လာခဲ့သည္။

ကြန္ဂရက္လႊတ္ေတာ္အေနျဖင့္ အီရန္ႏွင့္ ပတ္သက္၍ ႀကီးမားေသာစစ္ပြဲ ႐ုတ္တရက္ျဖစ္ပြားႏိုင္သည္ကို တားဆီးေရး အေရးတယူေဆာင္႐ြက္ရန္ လိုအပ္သည္။ ပထမဦးစားေပးအျဖစ္ လက္ရွိ တင္းမာမႈမ်ားကို အရွိန္ေလ်ာ့ခ်ရန္ျဖစ္သည္။

ထို႔ျပင္ စစ္ေရးျဖင့္ အျမတ္ထုတ္သည္ကိုလည္း အဆုံးသတ္ရန္ လုပ္ေဆာင္သင့္ပါ သည္။ ဘ႑ာေရးဆိုင္ရာ အေထာက္အပံ့ရရွိေနသည့္ ကုမၸဏီမ်ားမွ CEO တို႔၏ လစာ ႏႈန္းထားမ်ားကို ကန႔္သတ္ရန္ ေနာင္ ရီပတ္ လစ္ကင္သမၼတေလာင္းျဖစ္လာမည့္ ဂြၽန္မက္ကိန္းက ၂ဝဝ၈ ခုႏွစ္၌ အဆိုတင္သြင္းခဲ့သည္။ အခြန္ထမ္းျပည္သူ တို႔၏ ရန္ပုံေငြမ်ားအေပၚ မွီခိုေနေသာ CEO မ်ား၏ လစာႏႈန္းထားသည္ အေမရိကန္သမၼတ၏ လစာ ေဒၚလာ ၄ သိန္း ထက္မပိုသင့္ဟု ျငင္းခုံေဆြးေႏြးခဲ့ၾကသည္။

ဤတြင္ သေဘာထားအသီးသီးျဖင့္ မွတ္ခ်က္မ်ားကို အခြန္ထမ္းရန္ပုံေငြအေပၚ မွီခိုေနေသာ ကုမၸဏီမ်ား အားလုံးသို႔ သိရွိေစရန္ လက္ဆင့္ကမ္းသင့္သည္။ ဥပမာ CEO မ်ားအား လစာႏႈန္းထား အလြန္အကြၽံ ေပးေနေသာ ကုမၸဏီမ်ား၏ ဖက္ဒရယ္စာခ်ဳပ္မ်ားကို ပယ္ခ်ေရး အထက္လႊတ္ေတာ္အမတ္ ဘာနီဆာဒါး၏ အစီအစဥ္မ်ိဳးျဖစ္ သည္။ အႀကီးစားကန္ထ႐ိုက္တာမ်ားမွ CEO တို႔၏ လစာႏႈန္းထားမွာ အျခားသာမာန္အလုပ္သမားမ်ား၏ လစာ အဆ ၁၅ဝ ထက္မပိုေစရန္ ကန႔္သတ္ခ်က္ သတ္မွတ္ေရးျဖစ္ပါသည္။
ေလာေလာဆယ္တြင္မူ ယင္ကုမၸဏီ CEO လစာႏႈန္းထားသည္ အကန႔္အသတ္မရွိ တရွိန္ထိုးျမင့္တက္ေနၿပီး စစ္ဘက္ဆိုင္ရာ ကန္ထ႐ိုက္လုပ္ငန္းသည္လည္း အဓိက ဥပ ေဒခ်ိဳးေဖာက္သူ ျဖစ္ေနသည္။ ပင္တာဂြန္ေဖာက္သည္ ထိပ္တန္းကန္ထ႐ိုက္တာ ကုမၸ ဏီ ငါးခုသည္ ၂ဝဝ၈ခုႏွစ္တြင္ ၎တို႔၏ CEO မ်ားကို ပ်မ္းမွ်အားျဖင့္ လစာ ေဒၚလာ ၂၂.၅သန္း ေပးအပ္ခဲ့သည္။

စစ္ပြဲဆိုသည္မွာ မည္သူ႔အေပၚ၌မဆို ဆိုး႐ြားပါသည္။ စစ္ျဖင့္ စီးပြားေရးလုပ္ၾကသူ ပုဂၢလိကစီးပြားေရး ေခါင္း ေဆာင္မ်ားအား ကန႔္သတ္မဲ့ အက်ိဳးအျမတ္ ခံစားခြင့္ျပဳထားသေ႐ြ႕ ၎တို႔၏ အျမတ္အစြန္းရရွိေရး ရည္႐ြယ္ ခ်က္မွာလည္း အီရန္စစ္ပြဲ ျဖစ္ပြားရန္ သို႔မဟုတ္ ကမာၻ႔အျခား မည္သည့္ေနရာတြင္မဆို စစ္ပြဲမ်ား ဆက္လက္ ျဖစ္ပြားေနရပါလိမ့္မည္။

Related news

© 2021. All rights reserved.