အဂတိအမှုဖြင့် ဖမ်းထားသည့် ရန်ကုန်တိုင်း စီးပွားရေးရာဝန်ကြီးဟောင်းနေရာတွင် (၂)လအကြာ၌ ဝန်ကြီးအသစ် နစက ခန့်အပ်

 1190

ယွန်း (NP News) - စက်တင်ဘာ ၂

အဂတိလိုက်စားမှုဖြင့်ဖမ်းဆီးထားသည့် ရန်ကုန်တိုင်းအစိုးရ စီးပွားရေးရာဝန်ကြီးဟောင်းနေရာတွင် (၂)လအကြာ ၌ နောက်ထပ်ဝန်ကြီးအသစ်ကို နစကမှ ခန့်အပ်တာဝန်ပေးလိုက်သည်။

နစကမှ ယမန်နေ့(စက်တင်ဘာ ၁ရက်နေ့) တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးအဖြစ် ဦးမျိုးမြင့်အောင်ကို ခန့်အပ်ခဲ့လိုက်ကြောင်း ကြေညာထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဦးမျိုးမြင့်အောင်အား စီးပွားရေးရာဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း လည်း နစကမှ အသိပေးထုတ်ပြန်ထားသည်။

လက်ရှိနစကလက်ထက်၌ ယခင်က ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ စီးပွားရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ သော ဦးအောင်သန်းဦးသည် မြေယာကိစ္စနှင့်ပတ်သက်၍ မတ်လ ၂၃ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရ သည်။

စီးပွားရေးရာဝန်ကြီးဟောင်း ဦးအောင်သန်းဦးကို လက်ရှိတွင် နစကမှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ကာ တရားစွဲဆိုထားကြောင်း သိရသည်။

ဦးအောင်သန်းဦးသည် နိုင်ငံရေးရာထူးရရှိခဲ့စဉ်က ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်တစ်ဦးမှ မြေကွက် လျှောက်ထား ခြင်းများနှင့်ပတ်သက်ပြီး ပေးအပ်သည့် ငွေကျပ်သိန်း(၅ဝဝဝ) ကို ၎င်း၏နေအိမ်တွင် ခြောက်ကြိမ်ခွဲ၍ လက်ခံခဲ့ခြင်းမှာ ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး လက်ခံခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ပြောဆိုထားသည်။

ထို့ပြင် ဦးအောင်သန်းဦးသည် နိုင်ငံရေးရာထူ လက်ရှိဖြစ်ခဲ့စဉ်က မြေလွတ်၊ မြေရိုင်းလုပ်ကိုင်ခွင့်ရရှိသူ (၈)ဦး၊ အစိုးရပိုင်မြေများဝယ်ယူခွင့်ရရှိသူ (၃)ဦး နှင့် အခြားနည်းအသုံးပြုခွင့်ရရှိသူတစ်ဦးထံမှ လူမှုပတ်ဝန်းကျင် အကျိုးပြု လုပ်ငန်းစဉ်အတွက် ကျပ်သိန်း ၉၅ဝဝ ကျော်အား ကောက်ခံရယူခဲ့ရာတွင် မြန်မာ့စီးပွားရေးဘဏ်၌ အခြားစာရင်းရှင် ဖွင့်လှစ်ဆောင်ရွက်ရမည်ဖြစ်သော်လည်း အဆိုပါငွေများကို မြန်မာ့ရှေ့ဆောင်ဘဏ်တွင် ၎င်းအမည်ဖြင့် ဖွင့်လှစ်ထားသည့် ငွေစာရင်းနှစ်ခုသို့ ထည့်သွင်းခဲ့ခြင်း၊ ချက်လက်မှတ်များကို သိမ်းဆည်းထားခြင်း တို့မှာ တည်ဆဲဥပဒေ စည်းမျဉ်း၊ စည်းကမ်းများကိုဖောက်ဖျက်၍ နိုင်ငံတော်၏ ငွေကြေးများနစ်နာဆုံးရှုံးစေခဲ့ ကြောင်း ကော်မရှင်က ဆိုထားသည်။

ထို့ကြောင့် ၎င်းအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ သက်ဆိုင်ရာ ရဲစခန်းအသီးသီးတွင် ဇွန်လ ၁၄ ရက်၌ အမှုဖွင့်ကာ တရားစွဲဆိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စီးပွားရေးရာဝန်ကြီးဟောင်းဦးအောင်သန်းဦးကို နစကမှ ဇွန်လ ၁ဝ ရက်နေ့တွင် တာဝန်မှရပ်စဲခဲ့ပြီး ထိုသို့ရပ်စဲ ကြောင်း ကြေညာချက်ကို ဇွန်လ ၁၃ ရက်မှသာ အသိပေးထုတ်ပြန်ခဲ့သည်။

ထိုသို့ ဝန်ကြီးဟောင်းဦးအောင်သန်းဦးကို တာဝန်မှရပ်စဲကြောင်း ကြေညာပြီးနောက် (၂)လအကြာတွင် နစကမှ လက်ရှိ စီးပွားရေးရာဝန်ကြီးအဖြစ် ဦးမျိုးမြင့်အောင်ကို အစားထိုးခန့်အပ်ခဲ့ခြင်းဖြစ်သည်။

Zawgyi Version;
အဂတိအမႈျဖင့္ ဖမ္းထားသည့္ ရန္ကုန္တိုင္း စီးပြားေရးရာဝန္ႀကီးေဟာင္းေနရာတြင္ (၂)လအၾကာ၌ ဝန္ႀကီးအသစ္ နစက ခန႔္အပ္
ယြန္း (NP News) - စက္တင္ဘာ ၂

အဂတိလိုက္စားမႈျဖင့္ဖမ္းဆီးထားသည့္ ရန္ကုန္တိုင္းအစိုးရ စီးပြားေရးရာဝန္ႀကီးေဟာင္းေနရာတြင္ (၂)လအၾကာ ၌ ေနာက္ထပ္ဝန္ႀကီးအသစ္ကို နစကမွ ခန႔္အပ္တာဝန္ေပးလိုက္သည္။

နစကမွ ယမန္ေန႔(စက္တင္ဘာ ၁ရက္ေန႔) တြင္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕၊ စီးပြားေရးရာဝန္ႀကီးအျဖစ္ ဦးမ်ိဳးျမင့္ေအာင္ကို ခန႔္အပ္ခဲ့လိုက္ေၾကာင္း ေၾကညာထားသည္။

ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၄၁၉ အရ ဦးမ်ိဳးျမင့္ေအာင္အား စီးပြားေရးရာဝန္ႀကီးအျဖစ္ ခန႔္အပ္ခဲ့ျခင္းျဖစ္ေၾကာင္း လည္း နစကမွ အသိေပးထုတ္ျပန္ထားသည္။

လက္ရွိနစကလက္ထက္၌ ယခင္က ရန္ကုန္တိုင္းအစိုးရအဖြဲ႕၏ စီးပြားေရးရာဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ ေသာ ဦးေအာင္သန္းဦးသည္ ေျမယာကိစၥႏွင့္ပတ္သက္၍ မတ္လ ၂၃ ရက္တြင္ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရေၾကာင္း သိရ သည္။

စီးပြားေရးရာဝန္ႀကီးေဟာင္း ဦးေအာင္သန္းဦးကို လက္ရွိတြင္ နစကမွ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒျဖင့္ အမႈဖြင့္ကာ တရားစြဲဆိုထားေၾကာင္း သိရသည္။

ဦးေအာင္သန္းဦးသည္ ႏိုင္ငံေရးရာထူးရရွိခဲ့စဥ္က ေဆာက္လုပ္ေရးကုမၸဏီပိုင္ရွင္တစ္ဦးမွ ေျမကြက္ ေလွ်ာက္ထား ျခင္းမ်ားႏွင့္ပတ္သက္ၿပီး ေပးအပ္သည့္ ေငြက်ပ္သိန္း(၅ဝဝဝ) ကို ၎၏ေနအိမ္တြင္ ေျခာက္ႀကိမ္ခြဲ၍ လက္ခံခဲ့ျခင္းမွာ ရာထူးတာဝန္ကို အလြဲသုံးစားျပဳၿပီး လက္ခံခဲ့ေၾကာင္း အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ေကာ္မရွင္က ေျပာဆိုထားသည္။

ထို႔ျပင္ ဦးေအာင္သန္းဦးသည္ ႏိုင္ငံေရးရာထူ လက္ရွိျဖစ္ခဲ့စဥ္က ေျမလြတ္၊ ေျမ႐ိုင္းလုပ္ကိုင္ခြင့္ရရွိသူ (၈)ဦး၊ အစိုးရပိုင္ေျမမ်ားဝယ္ယူခြင့္ရရွိသူ (၃)ဦး ႏွင့္ အျခားနည္းအသုံးျပဳခြင့္ရရွိသူတစ္ဦးထံမွ လူမႈပတ္ဝန္းက်င္ အက်ိဳးျပဳ လုပ္ငန္းစဥ္အတြက္ က်ပ္သိန္း ၉၅ဝဝ ေက်ာ္အား ေကာက္ခံရယူခဲ့ရာတြင္ ျမန္မာ့စီးပြားေရးဘဏ္၌ အျခားစာရင္းရွင္ ဖြင့္လွစ္ေဆာင္႐ြက္ရမည္ျဖစ္ေသာ္လည္း အဆိုပါေငြမ်ားကို ျမန္မာ့ေရွ႕ေဆာင္ဘဏ္တြင္ ၎အမည္ျဖင့္ ဖြင့္လွစ္ထားသည့္ ေငြစာရင္းႏွစ္ခုသို႔ ထည့္သြင္းခဲ့ျခင္း၊ ခ်က္လက္မွတ္မ်ားကို သိမ္းဆည္းထားျခင္း တို႔မွာ တည္ဆဲဥပေဒ စည္းမ်ဥ္း၊ စည္းကမ္းမ်ားကိုေဖာက္ဖ်က္၍ ႏိုင္ငံေတာ္၏ ေငြေၾကးမ်ားနစ္နာဆုံးရႈံးေစခဲ့ ေၾကာင္း ေကာ္မရွင္က ဆိုထားသည္။

ထို႔ေၾကာင့္ ၎အား အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅ အရ သက္ဆိုင္ရာ ရဲစခန္းအသီးသီးတြင္ ဇြန္လ ၁၄ ရက္၌ အမႈဖြင့္ကာ တရားစြဲဆိုေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။

စီးပြားေရးရာဝန္ႀကီးေဟာင္းဦးေအာင္သန္းဦးကို နစကမွ ဇြန္လ ၁ဝ ရက္ေန႔တြင္ တာဝန္မွရပ္စဲခဲ့ၿပီး ထိုသို႔ရပ္စဲ ေၾကာင္း ေၾကညာခ်က္ကို ဇြန္လ ၁၃ ရက္မွသာ အသိေပးထုတ္ျပန္ခဲ့သည္။

ထိုသို႔ ဝန္ႀကီးေဟာင္းဦးေအာင္သန္းဦးကို တာဝန္မွရပ္စဲေၾကာင္း ေၾကညာၿပီးေနာက္ (၂)လအၾကာတြင္ နစကမွ လက္ရွိ စီးပြားေရးရာဝန္ႀကီးအျဖစ္ ဦးမ်ိဳးျမင့္ေအာင္ကို အစားထိုးခန႔္အပ္ခဲ့ျခင္းျဖစ္သည္။

Related news

© 2021. All rights reserved.