ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးအတွက် အထူးချေးငွေ ကျပ်ဘီလျံ (၇ဝဝ) ဖြင့် နိုင်ငံတော်မှ ထုတ်ချေးပေးမည်

366

ချယ်ရီ (NP News) - ဇူလိုင် ၁၇
ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးအတွက် အထူးချေးငွေအစီစဉ်ကို ရန်ပုံငွေ ကျပ်ဘီလျံ (၇၀၀) ဖြင့် နိုင်ငံတော်မှ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေမှ ပြောကြားသည်။
ယမန်နေ့ (ဇူလိုင်လ ၁၆ ရက်) က နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ ကျင်းပသော အင်အားပြင်း မန္တလေးငလျင်ကြီးဒဏ်ခံခဲ့ရသည့် နယ်မြေဒေသများ ပြန်လည် ထူထောင်ရေးရန်ပုံငွေကြီးကြပ်မှုဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဇူလိုင်လ (၇) ရက်တွင် ရန်ပုံငွေကြီးကြပ်မှု ဗဟိုကော်မတီကိုလည်းကောင်း၊ ဇူလိုင်လ (၁၁) ရက်တွင် ရန်ပုံငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကိုလည်းကောင်း ဖွဲ့စည်းခဲ့ပြီး ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ အမြန်ဆုံးပြန်လည် လည်ပတ်နိုင်ရန်၊ ပြည်သူများ၏ အိုးအိမ်များ ပြန်လည်ထူထောင်ရန်နှင့် နေထိုင်မှုအဆင်ပြေစေရန် သက်သာသော အတိုးနှုန်းဖြင့် တစ်ဖက်တစ်လမ်းမှ ချေးငွေပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ငလျင်ဒဏ်ပြန်လည်ထူထောင်ရေးကိစ္စရပ်များအတွက် အထူးချေးငွေအစီအစဉ်တွင် ပါဝင်သည့် ဘဏ် နှင့် ဘဏ်မဟုတ်သော ငွေရေးကြေးရေးအဖွဲ့အစည်းများမှတစ်ဆင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှု၊ ပံ့ပိုးမှုတို့ဖြင့် ရန်ပုံငွေအား စုစုပေါင်းငွေကျပ် ဘီလျံ(၇၀၀) ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကာ အဆောက်အအုံနှင့် နေအိမ်များ ပြန်လည်တည်ဆောက်မွမ်းမံရေးအတွက် အတိုးနှုန်း (၃) ရာခိုင်နှုန်း၊ MSME များ၏ လုပ်ငန်းလည်ပတ်ရင်းနှီးငွေနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအတွက် အတိုးနှုန်း (၅) ရာခိုင်နှုန်း၊ စက်ရုံလုပ်ငန်းကြီးများ၏ စက်ယန္တရားများနှင့် ရင်းနှီးမြှုပ်နှံမှုစရိတ်အတွက် အတိုးနှုန်း (၇) ရာခိုင်နှုန်း၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ယာယီချေးငွေ အတွက် အတိုးနှုန်း (၇) ရာခိုင်နှုန်းတို့ဖြင့် ထုတ်ချေးသွားမည်ဖြစ်ကြောင်း ဒေါ်သန်းသန်းဆွေမှ ပြောကြားသည်။
ဦးစားပေးကဏ္ဍများအနေဖြင့် MSME လုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများ၊ ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းများ၊ ပုဂ္ဂလိကဆေးရုံများ နှင့် ပုဂ္ဂလိကစာသင်ကျောင်းများ၊ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ပြည်သူများ၏ ပျက်စီးသွားသော လူနေအိမ်များအား ပြန်လည်တည်ဆောက်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများသို့ သက်သာသောအတိုးနှုန်းဖြင့် ချေးငွေများ အမြန်ဆုံးထုတ်ချေးသွားနိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Zawgyi Version:
ငလ်င္ဒဏ္ျပန္လည္ထူေထာင္ေရးအတြက္ အထူးေခ်းေငြ က်ပ္ဘီလ်ံ (၇ဝဝ) ျဖင့္ ႏိုင္ငံေတာ္မွ ထုတ္ေခ်းေပးမည္
ခ်ယ္ရီ (NP News) - ဇူလိုင္ ၁၇
ငလ်င္ဒဏ္ျပန္လည္ထူေထာင္ေရးအတြက္ အထူးေခ်းေငြအစီစဥ္ကို ရန္ပုံေငြ က်ပ္ဘီလ်ံ (၇၀၀) ျဖင့္ ႏိုင္ငံေတာ္မွ ထုတ္ေခ်းေပးသြားမည္ျဖစ္ေၾကာင္း ရန္ပုံေငြႀကီးၾကပ္မႈဗဟိုေကာ္မတီဥကၠ႒၊ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥကၠ႒ ေဒၚသန္းသန္းေဆြမွ ေျပာၾကားသည္။
ယမန္ေန႔ (ဇူလိုင္လ ၁၆ ရက္) က ေနျပည္ေတာ္ရွိ ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္၌ က်င္းပေသာ အင္အားျပင္း မႏၲေလးငလ်င္ႀကီးဒဏ္ခံခဲ့ရသည့္ နယ္ေျမေဒသမ်ား ျပန္လည္ ထူေထာင္ေရးရန္ပုံေငြႀကီးၾကပ္မႈဗဟိုေကာ္မတီ ပထမအႀကိမ္ အစည္းအေဝးတြင္ ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီမွ ဇူလိုင္လ (၇) ရက္တြင္ ရန္ပုံေငြႀကီးၾကပ္မႈ ဗဟိုေကာ္မတီကိုလည္းေကာင္း၊ ဇူလိုင္လ (၁၁) ရက္တြင္ ရန္ပုံေငြစီမံခန႔္ခြဲမႈလုပ္ငန္းအဖြဲ႕ကိုလည္းေကာင္း ဖြဲ႕စည္းခဲ့ၿပီး ငလ်င္ေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ရသည့္ စီးပြားေရးလုပ္ငန္းမ်ား အျမန္ဆုံးျပန္လည္ လည္ပတ္ႏိုင္ရန္၊ ျပည္သူမ်ား၏ အိုးအိမ္မ်ား ျပန္လည္ထူေထာင္ရန္ႏွင့္ ေနထိုင္မႈအဆင္ေျပေစရန္ သက္သာေသာ အတိုးႏႈန္းျဖင့္ တစ္ဖက္တစ္လမ္းမွ ေခ်းေငြပံ့ပိုးေပးႏိုင္ရန္ ရည္႐ြယ္ခ်က္ျဖင့္ လုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။
ထို႔ျပင္ ငလ်င္ဒဏ္ျပန္လည္ထူေထာင္ေရးကိစၥရပ္မ်ားအတြက္ အထူးေခ်းေငြအစီအစဥ္တြင္ ပါဝင္သည့္ ဘဏ္ ႏွင့္ ဘဏ္မဟုတ္ေသာ ေငြေရးေၾကးေရးအဖြဲ႕အစည္းမ်ားမွတစ္ဆင့္ ႏိုင္ငံေတာ္အစိုးရ၏ လမ္းၫႊန္မႈ၊ ပံ့ပိုးမႈတို႔ျဖင့္ ရန္ပုံေငြအား စုစုေပါင္းေငြက်ပ္ ဘီလ်ံ(၇၀၀) ျဖင့္ ေဆာင္႐ြက္သြားမည္ျဖစ္ကာ အေဆာက္အအုံႏွင့္ ေနအိမ္မ်ား ျပန္လည္တည္ေဆာက္မြမ္းမံေရးအတြက္ အတိုးႏႈန္း (၃) ရာခိုင္ႏႈန္း၊ MSME မ်ား၏ လုပ္ငန္းလည္ပတ္ရင္းႏွီးေငြႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအတြက္ အတိုးႏႈန္း (၅) ရာခိုင္ႏႈန္း၊ စက္႐ုံလုပ္ငန္းႀကီးမ်ား၏ စက္ယႏၲရားမ်ားႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈစရိတ္အတြက္ အတိုးႏႈန္း (၇) ရာခိုင္ႏႈန္း၊ ေဆာက္လုပ္ေရးလုပ္ငန္းရွင္မ်ား ယာယီေခ်းေငြ အတြက္ အတိုးႏႈန္း (၇) ရာခိုင္ႏႈန္းတို႔ျဖင့္ ထုတ္ေခ်းသြားမည္ျဖစ္ေၾကာင္း ေဒၚသန္းသန္းေဆြမွ ေျပာၾကားသည္။
ဦးစားေပးက႑မ်ားအေနျဖင့္ MSME လုပ္ငန္းမ်ား၊ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးလုပ္ငန္းမ်ား၊ စက္မႈလက္မႈလုပ္ငန္းမ်ား၊ ဟိုတယ္ႏွင့္ခရီးသြား လုပ္ငန္းမ်ား၊ ပုဂၢလိကေဆး႐ုံမ်ား ႏွင့္ ပုဂၢလိကစာသင္ေက်ာင္းမ်ား၊ ႏိုင္ငံ့ဝန္ထမ္းမ်ား အပါအဝင္ ျပည္သူမ်ား၏ ပ်က္စီးသြားေသာ လူေနအိမ္မ်ားအား ျပန္လည္တည္ေဆာက္ေရး ႏွင့္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ားသို႔ သက္သာေသာအတိုးႏႈန္းျဖင့္ ေခ်းေငြမ်ား အျမန္ဆုံးထုတ္ေခ်းသြားႏိုင္ရန္ ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။