ချက်သမ္မတနိုင်ငံ ပရော့ဂ်မြို့တွင် စွမ်းအင်စျေးနှုန်းများမြင့်တက်လာခြင်းနှင့် ငွေကြေး‌ဖောင်းပွခြင်းတို့ကြောင့် သောင်းနဲ့ချီသောလူများ ချီတက်ဆန္ဒပြကြောင်းသိရ

 898

ဖြိုးခန့် (NP News) - အောက်တိုဘာ ၄

ချက်သမ္မတနိုင်ငံ ပရော့ဂ်မြို့တွင် စက်တင်ဘာ(၃)ရက်နေ့က သောင်းနဲ့ချီသော ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး ဆန္ဒပြ အုပ်စုများက စွမ်းအင်စျေးနှုန်းများမြင့်တက်လာခြင်းနှင့် ငွေကြေး‌ဖောင်းပွခြင်းတို့ကြောင့် ရာထူးမှနှုတ်ထွက်ရန် နှင့် ရုရှားဆန့်ကျင်ရေးပိတ်ဆို့မှုများကို လျော့ချပေးရန် တောင်းဆိုခဲ့ကြောင်းသိရသည်၊၊

ချက်သမ္မတနိုင်ငံ “ပထမ” ဟု အမည်ပေးထားသည့်ချီတက်ဆန္ဒပြပွဲတွင် လူပေါင်း ၇ သောင်းပါဝင်ခဲ့ကြောင်း ရဲများ က ဆိုခဲ့သော်လည်း ဆန္ဒပြပွဲစီစဉ်သူများက လူဦးရေ တစ်သိန်းပါဝင်ခဲ့ကြောင်းဆိုသည်။ အဆိုပါ ချီတက်ဆန္ဒပြပွဲကို ကွန်မြူနစ်ပါတီ၊ လက်ယာစွန်းရောက် Freedom and Direct Democracy ပါတီနှင့် နိုင်ငံရေးနယ်ပယ်က လူများဖြင့် ပါဝင်ဆန္ဒပြခဲ့ကြောင်းသိရသည်။


အဆိုပါပွဲကို ပူးတွဲစီစဉ်သူတစ်ဦးဖြစ်သည့် ဆိုရှယ်ဒီမိုကရက်တစ် ဂျီရီဟာဗေးက “ဆန္ဒပြပွဲရဲ့ရည်ရွယ်ချက်က ယခု ဆောင်းဦးရာသီမှာ ကျွန်တော်တို့စီးပွားရေးကိုပျက်စီးစေတဲ့ စွမ်းအင်စျေးနှုန်းများ အထူးသဖြင့် လျှပ်စစ်ဓာတ်အား နဲ့ ဓာတ်‌ငွေ့ပြသနာတွေကိုဖြေရှင်းဖို့ နဲ့ အပြောင်းအလဲများဖြစ်စေဖို့ တောင်းဆိုရေးပဲဖြစ်ပါတယ်” ဟု ပြောကြား ခဲ့သည်၊၊

ဆန္ဒပြသူများသည် ချက်သမ္မတနိုင်ငံကို ဘက်မလိုက်ဘဲ ကြားနေနိုင်ငံအဖြစ်ရပ်တည်ရန် နှင့် ရုရှားအပါအဝင် သဘာဝဓာတ်ငွေ့ရောင်းချသူများနှင့် စာချုပ်များချုပ်ဆိုရန် တောင်းဆိုခဲ့ကြောင်းသိရသည်၊၊ ဆန္ဒပြအုပ်စုများသည် ရုရှား-ယူကရိန်းပဋိပက္ခ စတင်ပြီးနောက် ရုရှားအပေါ်ဥရောပသမဂ္ဂ၏ပိတ်ဆို့မှုများကို အားပေးသည့် အစိုးရကို လည်း ပြစ်တင်ဝေဖန်ခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆန္ဒပြပွဲတွင် ပြသထားသည့် စာတန်းများထဲမှတစ်ခုသည် ဆောင်းရာသီတွင် အပူပေးခြင်းစနစ်ကြောင့် စရိတ်များ မြင့်တက်လာခြင်းနှင့် စွမ်းအင်ဖြတ်တောက်ခြင်းများကို ရည်ညွှန်းကြောင်းသိရသည်၊၊ စွမ်းအင်စျေးနှုန်းမြင့်တက် လာခြင်းနှင့် ငွေကြေးဖောင်းပွမှုတို့ကြောင့် အစိုးရအပေါ်အတိုက်ခံအုပ်စုက အယုံအကြည်မရှိ အဆိုတင်သွင်မှုများဖြစ်ခဲ့ပြီးနောက် အစိုးရသည် အဆိုပါမဲခွဲဆုံးဖြတ်မှုများတွင် အနိုင်ရပြီးနောက်တစ်ရက်အကြာတွင် ဆန္ဒပြပွဲများဖြစ်လာခဲ့ခြင်းဖြစ်သည်။

Zawgyi Version;
ချက်သမ္မတနိုင်ငံ ပရော့ဂ်မြို့တွင် စွမ်းအင်ဈေးနှုန်းများမြင့်တက်လာခြင်းနှင့် ငွေကြေး‌ဖောင်းပွခြင်းတို့ကြောင့် သောင်းနဲ့ချီသောလူများ ချီတက်ဆန္ဒပြကြောင်းသိရ
ဖြိုးခန့် (NP News) - အောက်တိုဘာ ၎

ချက်သမ္မတနိုင်ငံ ပရော့ဂ်မြို့တွင် စက်တင်ဘာ(၃)ရက်နေ့က သောင်းနဲ့ချီသော ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး ဆန္ဒပြ အုပ်စုများက စွမ်းအင်ဈေးနှုန်းများမြင့်တက်လာခြင်းနှင့် ငွေကြေး‌ဖောင်းပွခြင်းတို့ကြောင့် ရာထူးမှနှုတ်ထွက်ရန် နှင့် ရုရှားဆန့်ကျင်ရေးပိတ်ဆို့မှုများကို လျော့ချပေးရန် တောင်းဆိုခဲ့ကြောင်းသိရသည်၊၊



အဆိုပါပွဲကို ပူးတွဲစီစဉ်သူတစ်ဦးဖြစ်သည့် ဆိုရှယ်ဒီမိုကရက်တစ် ဂျီရီဟာဗေးက “ဆန္ဒပြပွဲရဲ့ရည်ရွယ်ချက်က ယခု ဆောင်းဦးရာသီမှာ ကျွန်တော်တို့စီးပွားရေးကိုပျက်စီးစေတဲ့ စွမ်းအင်ဈေးနှုန်းများ အထူးသဖြင့် လျှပ်စစ်ဓာတ်အား နဲ့ ဓာတ်‌ငွေ့ပြသနာတွေကိုဖြေရှင်းဖို့ နဲ့ အပြောင်းအလဲများဖြစ်စေဖို့ တောင်းဆိုရေးပဲဖြစ်ပါတယ်” ဟု ပြောကြား ခဲ့သည်၊၊


ဆန္ဒပြပွဲတွင် ပြသထားသည့် စာတန်းများထဲမှတစ်ခုသည် ဆောင်းရာသီတွင် အပူပေးခြင်းစနစ်ကြောင့် စရိတ်များ မြင့်တက်လာခြင်းနှင့် စွမ်းအင်ဖြတ်တောက်ခြင်းများကို ရည်ညွှန်းကြောင်းသိရသည်၊၊ စွမ်းအင်ဈေးနှုန်းမြင့်တက် လာခြင်းနှင့် ငွေကြေးဖောင်းပွမှုတို့ကြောင့် အစိုးရအပေါ် အတိုက်ခံအုပ်စုက အယုံအကြည်မရှိ အဆိုတင်သွင်မှုများ ဖြစ်ခဲ့ပြီးနောက် အစိုးရသည် အဆိုပါမဲခွဲဆုံးဖြတ်မှုများတွင် အနိုင်ရပြီးနောက်တစ်ရက်အကြာတွင် ဆန္ဒပြပွဲများဖြစ်လာခဲ့ခြင်းဖြစ်သည်။

Related news

© 2021. All rights reserved.