တပ်မတော် အာဏာယူချိန်တွင် JICA မှ တရားလွှတ်တော်ချုပ်အား ပံ့ပိုးကူညီမှုများ ရပ်ဆိုင်းခဲ့သော်လည်း တရားမမှု စေ့စပ်ဖြေရှင်းရေးအစီအစဉ် အောင်မြင်ဟုဆို
2142
မျိုးကြီး (NP News) - စက်တင်ဘာ ၅
တပ်မတော် အာဏာယူချိန်တွင် JICA မှ တရားလွှတ်တော်ချုပ်အား ပံ့ပိုးကူညီမှုများ ရပ် ဆိုင်းခဲ့သော်လည်း တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးအစီအစဉ်ကို အောင် မြင်စွာဆောင်ရွက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ပြည်ထောင်စုတရားလွှတ်တော်က ယခုရက်ပိုင်းအတွင်းထုတ်ပြန်သော တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေး စမ်းသပ်အစီအစဉ်ဆောင်ရွက်မှု အစီရင်ခံစာတွင် အ ထက်ပါကဲ့သို့ ထည့်သွင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစမ်းသပ်အစီအစဉ်ကို ၂ဝ၁၉ ခုနှစ်မှ စတင်၍ အကောင်အထည်ဖော်ရာတွင် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)က ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။
JICA က နည်းပညာပိုင်းဆိုင်ရာပံ့ပိုးကူညီမှုအပြင် စမ်းသပ်အစီအစဉ် စတင်ဆောင်ရွက်ရာတွင် လိုအပ်သော ပရိဘောဂ၊ စက်ပစ္စည်းနှင့်အခြားအရာများကိုလည်း အဓိကပံ့ပိုးကူညီခဲ့ကြောင်း တရားလွှတ်တော်ချုပ်က ဆိုသည်။
ထို့ပြင် JICA မှ စေ့စပ်ဖြေရှင်းရေးဌာနအသီးသီး၌ အသုံးပြုရန် စားပွဲ၊ ကုလားထိုင်၊ ဗီရို၊ ကွန်ပျူတာ၊ ပရင်တာ၊ အဲကွန်းအ ပြင် ဗီနိုင်းများ၊ လက်ကမ်းစာစောင်များ၊ ပိုစတာများ၊ ရင်ထိုးတံဆိပ်များကိုလည်း ဂျပန်အစိုးရ၏ ထောက်ပံ့မှုဖြင့် စဉ်ဆက်မပြတ် ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။
သို့သော် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်လာသော အခြေအနေအရပ်ရပ်အရ JICA သည် ပြည် ထောင်စုတရားလွှတ်တော်ချုပ်က ဆောင်ရွက်နေသော အဆိုပါအစီအစဉ်ကို ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်မှစ၍ ပံ့ပိုးကူညီမှုများကို ရပ်ဆိုင်းခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
၎င်းနောက်ပိုင်းမှစ၍ တရားမမှုများတွင် တရားရုံးကဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစမ်းသပ်အစီအစဉ်အတွက် လိုအပ်သည့် ကိစ္စအဝဝကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ အစီအစဉ်ဖြင့် ဆက်လက်ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။
၂ဝ၁၉ ခုနှစ်မှစ၍ ယခုနှစ် ဇူလိုင်လကုန်အထိ (၃)နှစ်ကျော်ကာလအတွင်း စေ့စပ်ဖြေရှင်းရေးဌာနအသီးသီး၌ တရားမမှု စုစုပေါင်း ၃၆၇၈ မှုကို စေ့စပ်ဖြေရှင်းရေးဆောင်ရွက်ခဲ့ရာ ၁ဝ၃၉ မှု (၂၈ ဒသမ ၃ ရာခိုင်နှုန်း)ကို အောင်မြင်စွာ ဖြေရှင်းပေးနိုင်ခဲ့ကြောင်း အစီ ရင်ခံစာတွင် ဖော်ပြထားသည်။
လက်ရှိတွင် တရာမမှုများနှင့်ပတ်သက်၍ တစ်နိုင်ငံလုံးရှိ တရားရုံး၌ တရားရုံးကဦးဆောင်သော စေ့စပ်ဖြေရှင်းရေးအစီအစဉ်ဖြင့် ယခုနှစ် သြဂုတ်လ ၁ ရက်မှစ၍ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
zawgyi version
တပ္မေတာ္ အာဏာယူခ်ိန္တြင္ JICA မွ တရားလႊတ္ေတာ္ခ်ဳပ္အား ပံ့ပိုးကူညီမႈမ်ား ရပ္ဆိုင္းခဲ့ေသာ္လည္း တရားမမႈ ေစ့စပ္ေျဖရွင္းေရးအစီအစဥ္ ေအာင္ျမင္ဟုဆို
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၅
တပ္မေတာ္ အာဏာယူခ်ိန္တြင္ JICA မွ တရားလႊတ္ေတာ္ခ်ဳပ္အား ပံ့ပိုးကူညီမႈမ်ား ရပ္ ဆိုင္းခဲ့ေသာ္လည္း တရား႐ုံးကဦးေဆာင္သည့္ ေစ့စပ္ေျဖရွင္းေရးအစီအစဥ္ကို ေအာင္ ျမင္စြာေဆာင္႐ြက္ႏိုင္ခဲ့ေၾကာင္း ထုတ္ျပန္ထားသည္။
ျပည္ေထာင္စုတရားလႊတ္ေတာ္က ယခုရက္ပိုင္းအတြင္းထုတ္ျပန္ေသာ တရား႐ုံးကဦးေဆာင္သည့္ ေစ့စပ္ေျဖရွင္းေရး စမ္းသပ္အစီအစဥ္ေဆာင္႐ြက္မႈ အစီရင္ခံစာတြင္ အ ထက္ပါကဲ့သို႔ ထည့္သြင္းထုတ္ျပန္ထားျခင္းျဖစ္သည္။
တရားမမႈမ်ားတြင္ တရား႐ုံးကဦးေဆာင္သည့္ ေစ့စပ္ေျဖရွင္းေရးစမ္းသပ္အစီအစဥ္ကို ၂ဝ၁၉ ခုႏွစ္မွ စတင္၍ အေကာင္အထည္ေဖာ္ရာတြင္ ဂ်ပန္အျပည္ျပည္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ေရးေအဂ်င္စီ(JICA)က ပံ့ပိုးကူညီခဲ့ေၾကာင္း သိရသည္။
JICA က နည္းပညာပိုင္းဆိုင္ရာပံ့ပိုးကူညီမႈအျပင္ စမ္းသပ္အစီအစဥ္ စတင္ေဆာင္႐ြက္ရာတြင္ လိုအပ္ေသာ ပရိေဘာဂ၊ စက္ပစၥည္းႏွင့္အျခားအရာမ်ားကိုလည္း အဓိကပံ့ပိုးကူညီခဲ့ေၾကာင္း တရားလႊတ္ေတာ္ခ်ဳပ္က ဆိုသည္။
ထို႔ျပင္ JICA မွ ေစ့စပ္ေျဖရွင္းေရးဌာနအသီးသီး၌ အသုံးျပဳရန္ စားပြဲ၊ ကုလားထိုင္၊ ဗီ႐ို၊ ကြန္ပ်ဴတာ၊ ပရင္တာ၊ အဲကြန္းအ ျပင္ ဗီႏိုင္းမ်ား၊ လက္ကမ္းစာေစာင္မ်ား၊ ပိုစတာမ်ား၊ ရင္ထိုးတံဆိပ္မ်ားကိုလည္း ဂ်ပန္အစိုးရ၏ ေထာက္ပံ့မႈျဖင့္ စဥ္ဆက္မျပတ္ ပံ့ပိုးကူညီခဲ့ေၾကာင္း သိရသည္။
သို႔ေသာ္ ျမန္မာႏိုင္ငံ၌ ျဖစ္ေပၚလာေသာ အေျခအေနအရပ္ရပ္အရ JICA သည္ ျပည္ ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္က ေဆာင္႐ြက္ေနေသာ အဆိုပါအစီအစဥ္ကို ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၁ ရက္မွစ၍ ပံ့ပိုးကူညီမႈမ်ားကို ရပ္ဆိုင္းခဲ့ေၾကာင္း အစီရင္ခံစာတြင္ ေဖာ္ျပထားသည္။
၎ေနာက္ပိုင္းမွစ၍ တရားမမႈမ်ားတြင္ တရား႐ုံးကဦးေဆာင္သည့္ ေစ့စပ္ေျဖရွင္းေရးစမ္းသပ္အစီအစဥ္အတြက္ လိုအပ္သည့္ ကိစၥအဝဝကို ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္၏ အစီအစဥ္ျဖင့္ ဆက္လက္ေဆာင္႐ြက္ခဲ့သည္ဟုဆိုသည္။
၂ဝ၁၉ ခုႏွစ္မွစ၍ ယခုႏွစ္ ဇူလိုင္လကုန္အထိ (၃)ႏွစ္ေက်ာ္ကာလအတြင္း ေစ့စပ္ေျဖရွင္းေရးဌာနအသီးသီး၌ တရားမမႈ စုစုေပါင္း ၃၆၇၈ မႈကို ေစ့စပ္ေျဖရွင္းေရးေဆာင္႐ြက္ခဲ့ရာ ၁ဝ၃၉ မႈ (၂၈ ဒသမ ၃ ရာခိုင္ႏႈန္း)ကို ေအာင္ျမင္စြာ ေျဖရွင္းေပးႏိုင္ခဲ့ေၾကာင္း အစီ ရင္ခံစာတြင္ ေဖာ္ျပထားသည္။
လက္ရွိတြင္ တရာမမႈမ်ားႏွင့္ပတ္သက္၍ တစ္ႏိုင္ငံလုံးရွိ တရား႐ုံး၌ တရား႐ုံးကဦးေဆာင္ေသာ ေစ့စပ္ေျဖရွင္းေရးအစီအစဥ္ျဖင့္ ယခုႏွစ္ ၾသဂုတ္လ ၁ ရက္မွစ၍ စတင္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။