အရှေ့တောင်အာရှနိုင်ငံများအသင်း၏ အတိတ်သမိုင်း၊ တောင် နှင့် အာရှအရှေ့နိုင်ငံများစိတ်ဝင်စားစရာ မြန်မာနိုင်ငံ
591
Htay Oung (NP News) - ဒီဇင်ဘာ ၁၃
အာဆီယံနိုင်ငံများအကြောင်း မပြောမီ ကွန်မြူနစ်ဝါဒ ကမ္ဘာမှာ ပျံ့နှံ့လာခြင်း၊ စစ်အေးတိုက်ပွဲနဲ့ “ဆီးတိုး”လို့ ခေါ်တဲ့ “အရှေ့တောင်အာရှနိုင်ငံများသဘောတူစာချုပ်”အကြောင်း ရှင်းပြရလိမ့်မယ်လို့ ထင်ပါတယ်။ ၁၉၄၅ ခုနှစ် စစ်ဘီလူး နာဇီဂျာမနီကို ကွန်မြူနစ်စတာလင်ရဲ့ ဆိုဗီယက်တပ်နီတော်က အလဲထိုးအနိုင်ယူခြင်းဖြင့် ဒုတိယကမ္ဘာစစ်မီးလျှံတို့ကို စတင်ငြိမ်းသတ်နိုင်ခဲ့ပြီး အနောက်နိုင်ငံစစ်တပ်တို့ထက် စောစီးစွာ ဘာလင်မြို့ကို သိမ်း ပိုက်နိုင်ခြင်းကြောင့် ကွန်မြူနစ်တို့ကို နိုင်ငံတကာက အထင်ကြီး လေးစားခဲ့ရပါတယ်။ လက်ဝဲဝါဒရဲ့ စွဲမက်ဖွယ် သိပ္ပံနည်းကျ သီအိုရီတို့ဟာ ကမ္ဘာအရပ်ရပ် ခေတ်ပညာတတ်လူငယ်တို့ကို ဖမ်းစားနိုင်ခြင်းနဲ့အတူ အရင်းရှင် အနောက်နိုင်ငံများရဲ့ “ကွန်မြူနစ်တစ္ဆေခြောက်ခြင်းဝေဒနာ”ကလည်း ပြင်းထန်လာပါတယ်။
တရုတ်ပြည်မကြီးမှာ မော်စီတုန်းကွန်မြူနစ်တို့ အာဏာရရှိလာပြီး အမေရိကန်နဲ့ အနောက်အုပ်စုက NATO “နေတိုး” ခေါ် “မြောက်အတ္တလန်တိတ် သဘောတူ စာချုပ်” နဲ့ စစ်ရေး-လုံခြုံရေးဆိုင်ရာ အဖွဲ့ကြီးပေါ်ပေါက်လာပါတယ်။ အရှေ့တောင်အာရှမှာလည်း SEATO ဆီးတိုး ခေါ် စစ်စာချုပ်အုပ်စုပေါ်ပေါက်လာခဲ့ပြီး လက်ဝဲနိုင်ငံများအုပ်စုနဲ့ အရင်းရှင်နိုင်ငံတို့အကြား လက်နက်တပြင်ပြင်နဲ့ ရန်စောင်ကြတဲ့ “စစ်အေးတိုက်ပွဲ” စတင် လာခဲ့ပါတယ်။ အာရှတိုက်နိုင်ငံများရဲ့ နေတိုးအဖွဲ့လို့ ပြောရမယ့် အမေရိကန်ဦးဆောင် ဆီးတိုးအဖွဲ့မှာ အဓိက အားဖြင့် ကွန်မြူနစ်ဝါဒပြန့်ပွားမှုကို တားဆီးရန်ဖြစ်ပြီး အာရှတိုက်နိုင်ငံများဖြစ်တဲ့ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ထိုင်း စသည်ဖြင့် ၈-နိုင်ငံ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် စစ်ရေးတည်ဆောက်မှု အားနည်းခြင်း၊ အဖွဲ့ဝင်နိုင်ငံများရဲ့ အကျိုးစီးပွား မတူညီခြင်း၊ နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု နည်းပါး ခြင်းတို့ကြောင့် ၁၉၇၇ ခုနှစ်မှာ ဆီးတိုးအဖွဲ့ကြီး တရားဝင်ရပ်ဆိုင်းသွားပါတယ်။
ဆီးတိုးရပ်စဲခြင်း မတိုင်မီ ၁၉၆၇ ခုနှစ်မှာ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းတို့ပါဝင်တဲ့ (၅)နိုင်ငံတို့က “အာဆီယံ” ခေါ် “အရှေ့တောင်အာရှနိုင်ငံများအသင်း” ကို ထူထောင်နေပါပြီ၊ ကွန်မြူနစ်ဝါဒပြန့်ပွားမှု တားဆီးရေးနဲ့ ဒေသတွင်းတည်ငြိမ်ရေးကို ရည်ရွယ်ခဲ့ပါတယ်။ အဲ့ဒီနောက် ၁၉၇၅ ခုနှစ် ဗီယက်နမ်စစ်ပွဲပြီးဆုံး ခြင်း ၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံ ပြိုလဲခြင်း နဲ့အတူ စစ်အေးတိုက်ပွဲကြီးလဲ နိဂုံးချုပ်သွားပါတယ်။ အဲဒီအဖွဲ့က ၁၉၈၄ ခုနှစ်မှာ ဘရူနိုင်းကို အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပါတယ်။ တောင်မြောက် နှစ်နိုင်ငံပေါင်းစည်းလိုက်တဲ့ ဗီယက်နမ်ကို ၁၉၉၅ ခုနှစ်၊ မြန်မာနဲ့ လောနိုင်ငံတို့က ၁၉၉၇ ခုနှစ်၊ ကမ္ဘောဒီးယားက ၁၉၉၉-ခုနှစ်မှာ အဖွဲ့ဝင် ဖြစ်လာပြီး တိုင်းပြည် (၁၀)ခုအကြား နိုင်ငံရေးစံချိန်ထိန်းသိမ်းရင်း စီးပွားရေးနဲ့ အပြန်အလှန်နားလည်မှုတည်ဆောက်ရေးတို့ကို ရည်ရွယ်ခဲ့ကြပါတယ်။
ကုန်ထုတ်လုပ်မှု ကန်ဒေါ်လာ (၁၀) ထရီလျံနီးပါး၊ ကမ္ဘာ့လူဦးရေရဲ့ ၈.၅%၊ ကမ္ဘာမြေ ဧရိယာရဲ့ ၃% ရှိတဲ့ အဲဒီ နိုင်ငံအုပ်စုကြီးထဲမှာ ဘင်္ဂလားဒေ့ရှ်ကလဲ ပါဝင်ချင်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်အာဆီယံဖြစ်ခြင်း မဖြစ်ခြင်းထက် အတိတ်ကာလ နိုင်ငံရေးနောက်ခံအသွင်တစ်မျိုးရှိခဲ့တဲ့ အဖွဲ့ကြီးမှာ မြန်မာဟာ ပထဝီနိုင်ငံရေးအရ ဘယ် အရေးပါသလဲ၊ အာဆီယံက မြန်မာကို ပစ်ပယ်ပြီး ခပ်ကင်းကင်းနေလို့ ရသလား၊ ကွန်မြူနစ်တစ္ဆေအစား စီပွား ရေး-စစ်ရေးအင်အားကြီးဖြစ်လာတဲ့ တရုတ်နဲ့ ပတ်သက်ပြီး အာဆီယံမှာ မမြင်ရတဲ့ ဘယ်လိုခံယူချက်မျိုး ရှိနေ မလဲ၊ ၁၉၈၈ ခုနှစ် ဦးသန်းရွှေရဲ့ တရုတ်နဲ့ နီးကပ်သွားတဲ့ နဝတ-နအဖ အစိုးရလက်ထက် အာဆီယံကပဲ မြန် မာကို ဆွဲစားလိုက်သလား၊ မြန်မာကပဲ အာဆီယံကို ဆွဲစားလိုက်သလားဆိုတာ အလွန်စိတ်ဝင်စားစရာ ကောင်းပါတယ်။
အာဆီယံဖြစ်လိုကြောင်း ၂၀၁၁-ခုနှစ်မှာ လျှောက်ထားတဲ့ အရှေ့တီမောကို ၂၀၂၂-ခုှစ်မှာ လေ့လာသူနိုင်ငံအ ဖြစ်၎င်း၊ ပါပူအာနယူးဂီနီကို ဆွေးနွေးဖက်နိုင်ငံအဖြစ်၎င်း အသိအမှတ်ပြုထားပြီး အဖွဲ့ဝင်ဖြစ်ဖို့ အတော်ကြာ ဦးမှာပါ။ အာရှတိုက် ဂျပန်၊ တောင်မြောက်ကိုရီးယားနဲ့ တရုတ်၊ ထိုင်ဝမ်တို့ဟာ အာဆီယံ မဟုတ်ကြပဲ တရုတ် ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်-မကာအိုတို့ကလည်း အဖွဲ့ဝင် မဟုတ်ပါဘူး၊ ဆီးတိုးအဖွဲ့တုန်းကလိုပဲ အာဆီယံဟာ မတူညီတဲ့နိုင်ငံရေးစနစ်များ ကွဲပြားနေပါတယ်။ ဒီမိုကရေစီ ရီပတ်ဘလစ်စနစ်၊ ဖက်ဒရယ်ပုံစံ အုပ်ချုပ်မှုစနစ်၊ ဘုရင်တစ်ဦးတည်းက အလုံးစုံချုပ်ကိုင်တဲ့စနစ်၊ တစ်ပါတီနိုင်ငံရေးစနစ်သာမက စစ်တပ်က လွှမ်းမိုးတဲ့ အုပ်ချုပ်ရေးစနစ်များလည်းပါဝင်နေပါတယ်။ ဒါ့ကြောင့်လည်း အဖွဲ့ဝင်နိုင်ငံအသီးသီးရဲ့ နိုင်ငံရေးစနစ်များ အချုပ်အခြာအာဏာကို လေးစားရန်ဆိုတဲ့ အချက်ကို ထည့်သွင်းထားခြင်းဖြစ်ပါတယ်။
မူလကတည်းက အာဆီယံဟာ အရှေ့တောင်အာရှကို တည်ငြိမ်ဖွံ့ဖြိုးတဲ့ဒေသတစ်ခုအဖြစ် တည်ဆောက်ရန် ရည်ရွယ်တဲ့အတွက် တောင်အာရှနိုင်ငံများဖြစ်တဲ့ ပါကစ္စတန်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဘူတန်နိုင်ငံတို့ မပါဝင်ခဲ့ပါဘူး၊ အဲ့ဒီနိုင်ငံတွေရဲ့ လူမျိုးနွယ်နဲ့ ယဉ်ကျေးမှုကြောင့် မဟုတ်ပဲ ဒေသဆိုင်ရာ ပထဝီအနေအထား အရ အာဆီယံရဲ့ နိုင်ငံရေး-လုံခြုံရေးဆိုင်ရာ ရည်ရွယ်ချက်နဲ့ ကွဲပြားနေလို့ ဖြစ်ပါတယ်။ အဲ့ဒီအစား အာဖဂန် နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ မော်လဒိုက်၊ နီပေါ၊ ပါကစ္စတန်နဲ့ သီရိလင်္ကာတို့ပါဝင်တဲ့ SAARC “တောင်အာရှ နိုင်ငံများ မဟာမိတ်အဖွဲ့” တို့ရဲ့ ၈-နိုင်ငံအုပ်စုနဲ့ အာဆီယံဟာ နီးကပ်စွာ ဆက်ဆံပါတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှာ အဖွဲ့ဝင်ဖြစ်လိုကြောင်း ရှိတ်ဟာစီနာ ပြုတ်ကျပြီး ဘင်္ဂ လားဒေ့ရှ်ကြားဖြတ်အစိုးရ အကြံပေးအရာရှိချုပ် မိုဟာမက်ယူနွတ်က တောင်းဆိုပါတယ်။ အင်ဒိုနီးရှားရဲ့ ထောက်ခံမှုနဲ့ ယူနွတ်ရဲ့အဆိုပြုချက်ကို မလေးရှားကလည်း သဘောတူပါတယ်။ ဒါ့ပြင် အာဆီယံ ၁၀ နိုင်ငံစလုံး အဖွဲ့ဝင်များဖြစ်နေကြတဲ့ တရုတ်နိုင်ငံဦးဆောင် ကမ္ဘာ့အကြီးဆုံး ကုန်သွယ် ရေး သဘောတူစာချုပ် (RCEP) မှာလည်း ဘင်္ဂလားဒေ့ရှ်က ဝင်ရောက်ခွင့် တောင်းဆိုထားပါတယ်။ လက်ရှိ အာဆီယံဒေသတွင်းဖိုရမ်မှာ အဖွဲ့ဝင်ဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ အဖွဲ့အစည်းအတွင်း အတိအလင်းပါဝင်ဖို့ ဆွေးနွေးနေခဲ့တာ ကြာခဲ့ပ့ါပြီ ။ အာဆီယံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် ပထမဆုံး သံအမတ်ကြီးကို ၂၀၁၃ ခုနှစ်မှာ တာဝန်ပေးအပ်ခဲ့ပြီး တစ်နှစ်အကြာ ဒါကာ၌ အာဆီယံကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ နယ်မြေချင်း ထိစပ်နေတဲ့ အိမ်နီးချင်း ၂-နိုင်ငံသာရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်ခြား ၂၅၈၂ မိုင်ကို အိန္ဒိယက “ဂငယ်ပုံ” ရာနှုန်းအများစု ဝိုင်းပတ်ထားပြီး အရှေ့တောင်ဘက်မှာ မြန်မာနဲ့ ထိစပ်နေတဲ့ ၁၆၈ မိုင်ခန့် ရှိပါတယ်။ ဩဂုတ်လ ၅ ရက်က ရှိတ်ဟာစီနာအစိုးရပြုတ်ကျသွားပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပထဝီ ဝင်နိုင်ငံရေး သြဇာလွှမ်းမိုးမှုနဲ့ မဟာဗျူဟာမြောက် ဆက်သွယ်မှုတို့အတွက် ရှုထောင့်သစ်များကို ရှာဖွေနေတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ အာဆီယံအဖွဲ့ဝင်ဖြစ်ရေးကလည်း အာသာဆန္ဒတစ်ခု ဖြစ်လာပါတယ်။ တိုးချဲ့စီးပွားရေး၊ မဟာဗျူဟာမြောက် ပထဝီဝင်အနေအထားနဲ့ နိုင်ငံရေးအခင်းအကျင်းပြောင်းလဲလာမှုနဲအတူ ဘင်္ဂလားဒေ့ရှ် ရဲ့ အာဆီယံဖြစ်လိုခြင်းမှာ နှစ်ဖက်စလုံးအတွက် အခွင့်အလမ်းနဲ့ အားနည်းချက်များ ရှိနေပါတယ်။ အာဆီယံစီး ပွားရေးဟာ လျှပ်စစ်ပစ္စည်း၊ သဘာဝအရင်းအမြစ်များ၊ မော်တော်ယာဉ်ထုတ်လုပ်မှုနဲ့ အဆင့်မြင့်ကုန်ထုတ် လုပ်မှုစသည်ဖြင့် မတူကွဲပြားတဲ့ စက်မှုလုပ်ငန်းများ ဖြစ်ထွန်းနေပါတယ်။ ဒီနေရာမှာ ဘင်္ဂလားဒေ့ရှ်ဟာ အများကြီး နောက်ကျကျန်နေခဲ့ပြီး ကမ္ဘာ့ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ဖို့ နိုင်ငံရဲ့စက်မှုအခြေခံများကို ဆန်း သစ်တည်ထွင်မှုနဲ့ ပေါင်းစပ်နေရဆဲဖြစ်ပါတယ်။
ဥပမာအားဖြင့် ဗီယက်နမ်ဟာ အီလက်ထရွန်နစ်ပစ္စည်းထုတ်လုပ်ရေးဗဟိုအဖြစ် သူ့ကိုယ်သူ ပြောင်းလဲခဲ့ပြီး “ဆမ်ဆောင်း”တို့လို အပြည်ပြည်ဆိုင်ရာကုမ္ပဏီကြီးများအတွက် ထုတ်ကုန်များကို တင်ပို့ပေးနေပါတယ်။ အလားတူ မလေးရှားကလည်း အဆင့်မြင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ ထုတ်လုပ်ပြီး ကမ္ဘာ့ထောက်ပံ့ရေးကွင်း ဆက်များမှာ အရေးကြီး ကစားသမားအဖြစ် ရပ်တည်နေပါတယ်။ နှိုင်းယှဉ်ကြည့်လျှင် ဘင်္ဂလားဒေ့ရှ်ရဲ့ ကုန် ထုတ်လုပ်မှုမှာ အီလက်ထရွန်းနစ်နဲ့ အခြားနည်းပညာမြင့်စက်မှုလုပ်ငန်းများထုတ်လုပ်ဖို့ အကန့်အသတ်ဖြစ်နေပြီး တန်ဖိုးနည်း ကဏ္ဍများကိုသာ အာရုံစိုက်နေဆဲဖြစ်ပါတယ်။ စိုက်ပျိုးရေး၊ ဆေးဝါးနဲ့ အသေးစား အင်ဂျင်နီယာနယ်ပယ်မှာ ဘင်္ဂလားဒေ့ရှ်က အားကောင်းတယ်ဆိုပေမယ့် စက်မှုလုပ်ငန်းတစ်ခုလုံးအနေနဲ့ အာဆီ ယံနိုင်ငံများနဲ့ ယှဉ်ပြိုင်ရန် လိုအပ်နေဆဲဖြစ်ပါတယ်။ ခေတ်မီဆန်းသစ်ဖို့ မအောင်မြင်သေးပါဘူး။
ဒီလို အခြေအနေမျိုးမှာ ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့လို နိုင်ငံများနဲ့ ဘယ်လိုမှ မယှဉ်ပြိုင်နိုင်သေးတဲ့အတွက် “အာဆီယံ လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်” ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ ဆေးဝါးနဲ့ အငယ်စား အင်ဂျင်နီယာကဏ္ဍများ ကြီးထွားမှုကို ဟန့်တားသလို ဖြစ်သွားနိုင်ပါတယ်။ကမ္ဘောဒီးယားနဲ့ မြန်မာတို့လို နိုင်ငံတွေရဲ့ စိုက်ပျိုးရေးအပေါ်မှီခိုမှုကတော့ ဘင်္ဂလားဒေ့ရှ်နည်းတူရှိတယ်ဆိုပေမယ့် အာဆီယံတစ်ခုလုံးအနေနဲ့ ကုန်ထုတ်စွမ်းအား တန်ဖိုးမြှင့်တင်ရာမှာ စိုက်ပျိုးရေးနည်းပညာကို ပိုမိုထည့်သွင်း ပေါင်းစပ်လာကြပါတယ်။ ဥပမာအားဖြင့် ထိုင်းနိုင်ငံ၏ စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းရဲ့ နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများဟာ မိရိုးဖလာကဏ္ဍများကို တစ်ပါတည်း မြှင့်တင်သွားပါတယ်။ စင်္ကာပူ မလေးရှားတို့က ဘဏ္ဍာရေးနည်းပညာ၊ ဇီ၀နည်းပညာအပြောင်းအလဲတွေကို ဦးဆောင်နေပြီး ဒီနေရာမှာ အများကြီး ခေတ်နောက်ကျနေတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ အာဆီယံနဲ့ ပူးပေါင်းခွင့်ရမယ်ဆိုရင် အတော်အားတက်စရာဖြစ်လာနိုင်ပါတယ်။ အိုင်စီတီကဏ္ဍ တိုးတက် လာပေမယ့် မြန်မာနိုင်ငံရဲ့ အာဆီယံစီးပွားရေးပိုင်းမှာ အခြေခံအဆောက်အအုံနဲ့ နည်းပညာဆိုင်ရာ ကျွမ်း ကျင်မှု နည်းပါးနေပါသေးတယ်။ မလက္ကာရေလက်ကြားမှတဆင့် အာဆီယံနဲ့ ဆက်သွယ်ရမယ့် ဘင်္ဂလားဒေ့ရှ် ဟာ မြန်မာနိုင်ငံကို ဖြတ်သန်းပြီး ကုန်းလမ်းခရီး ဆက်သွယ်ခြင်းအားဖြင့် ဆန်းသစ်တီထွင်ဖို့အတွက် နည်း ပညာလွှဲပြောင်းမှု၊ လုပ်ဖော်ကိုင်ဖက်များနဲ့ ကျွမ်းကျင်မှုများကို ရရှိနိုင်ပါလိမ့်မယ်။ အထူးသဖြင့် လျှပ်စစ်၊ မော် တော်ယာဉ်နဲ့ အဆင့်မြင့်ကုန်ထုတ်လုပ်မှုမျိုးတို့လို တန်ဖိုးမြင့်စက်မှုလုပ်ငန်းများမှာ ဒေသတွင်း ထောက်ပံ့ရေး ကွင်းဆက်များအတွင်း ပေါင်းစည်းသွားနိုင်ပါလိမ့်မယ်။ ပို့ကုန်အတွက် ဥရောပနဲ့ မြောက်အမေရိက အစဉ်အလာ မိတ်ဖက်တိုင်းပြည်များဈေးကွက်အပေါ် ဘင်္ဂလားဒေ့ရှ်ရဲ့ မှီခိုအားထားနေရမှုကိုလည်း လျှော့ချနိုင်ပါလိမ့်မယ်။
အာဆီယံအဖွဲ့ဝင်အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက မျက်စိကျနေချိန် အရှေ့မျှော်မူဝါဒ ကျင့်သုံးလာတဲ့ အိန္ဒိယက လည်း မြန်မာနိုင်ငံကို ဖြတ်သန်းပြီး အာဆီယံနဲ့ ချိတ်ဆက်ဖို့ ဆန္ဒပြင်းပြနေပါတယ်။ အာရေဗျပင်လယ်နဲ့ ထိ စပ်နေတဲ့ အိန္ဒိယဟာ ဥရောပနဲ့ မြောက်အမေရိကနိုင်ငံများနဲ့ ကုန်သွယ်နေရင်း အာဆီယံဒေသဘက်မှာ စီးပွားရေး တိုးချဲ့နိုင်ပါတယ်။
ဒီလိုဆိုရင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိပြီး (၃)လ မပြည့်ခင် ပြည်တွင်းစစ်စတင်ဖြစ်ပွားတဲ့ မြန်မာနိုင်ငံရဲ့ ယခု နောက်ပိုင်း တိုင်းပြည်ပြိုကွဲမတတ် စစ်ပွဲများပြင်းထန်လာခြင်းမှာ မေးခွန်းထုတ်စရာများ ရှိနေနိုင်လောက်ပါ တယ်။ ဂျပန်နဲ့ တောင်မြောက်ကိုရီးယားအရေး၊ ထိုင်ဝမ်ရေလက်ကြားတင်းမာမှု တောင်တရုတ်ပင်လယ် နယ် မြေအငြင်းပွားမှု၊ အိန္ဒိယသမုဒ္ဒရာ နေတိုး-နယူးဒေလီနဲ့ ပေကျင်းတို့ စစ်ရေးအားပြိုင်မှုတို့ကိုလည်း ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။
(TBS News., 29 November 2024,” Should Bangladesh join Asean” ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
zawgyi version
အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း၏ အတိတ္သမိုင္း၊ ေတာင္ ႏွင့္ အာရွအေရွ႕ႏိုင္ငံမ်ားစိတ္ဝင္စားစရာ ျမန္မာႏိုင္ငံ
Htay Oung (NP News) - ဒီဇင္ဘာ ၁၃
အာဆီယံႏိုင္ငံမ်ားအေၾကာင္း မေျပာမီ ကြန္ျမဴနစ္ဝါဒ ကမာၻမွာ ပ်ံ႕ႏွံ႔လာျခင္း၊ စစ္ေအးတိုက္ပြဲနဲ႔ “ဆီးတိုး”လို႔ ေခၚတဲ့ “အေရွ႕ေတာင္အာရွႏိုင္ငံမ်ားသေဘာတူစာခ်ဳပ္”အေၾကာင္း ရွင္းျပရလိမ့္မယ္လို႔ ထင္ပါတယ္။ ၁၉၄၅ ခုႏွစ္ စစ္ဘီလူး နာဇီဂ်ာမနီကို ကြန္ျမဴနစ္စတာလင္ရဲ႕ ဆိုဗီယက္တပ္နီေတာ္က အလဲထိုးအႏိုင္ယူျခင္းျဖင့္ ဒုတိယကမာၻစစ္မီးလွ်ံတို႔ကို စတင္ၿငိမ္းသတ္ႏိုင္ခဲ့ၿပီး အေနာက္ႏိုင္ငံစစ္တပ္တို႔ထက္ ေစာစီးစြာ ဘာလင္ၿမိဳ႕ကို သိမ္း ပိုက္ႏိုင္ျခင္းေၾကာင့္ ကြန္ျမဴနစ္တို႔ကို ႏိုင္ငံတကာက အထင္ႀကီး ေလးစားခဲ့ရပါတယ္။ လက္ဝဲဝါဒရဲ႕ စြဲမက္ဖြယ္ သိပၸံနည္းက် သီအိုရီတို႔ဟာ ကမာၻအရပ္ရပ္ ေခတ္ပညာတတ္လူငယ္တို႔ကို ဖမ္းစားႏိုင္ျခင္းနဲ႔အတူ အရင္းရွင္ အေနာက္ႏိုင္ငံမ်ားရဲ႕ “ကြန္ျမဴနစ္တေစၦေျခာက္ျခင္းေဝဒနာ”ကလည္း ျပင္းထန္လာပါတယ္။
တ႐ုတ္ျပည္မႀကီးမွာ ေမာ္စီတုန္းကြန္ျမဴနစ္တို႔ အာဏာရရွိလာၿပီး အေမရိကန္နဲ႔ အေနာက္အုပ္စုက NATO “ေနတိုး” ေခၚ “ေျမာက္အတၱလန္တိတ္ သေဘာတူ စာခ်ဳပ္” နဲ႔ စစ္ေရး-လုံၿခဳံေရးဆိုင္ရာ အဖြဲ႕ႀကီးေပၚေပါက္လာပါတယ္။ အေရွ႕ေတာင္အာရွမွာလည္း SEATO ဆီးတိုး ေခၚ စစ္စာခ်ဳပ္အုပ္စုေပၚေပါက္လာခဲ့ၿပီး လက္ဝဲႏိုင္ငံမ်ားအုပ္စုနဲ႔ အရင္းရွင္ႏိုင္ငံတို႔အၾကား လက္နက္တျပင္ျပင္နဲ႔ ရန္ေစာင္ၾကတဲ့ “စစ္ေအးတိုက္ပြဲ” စတင္ လာခဲ့ပါတယ္။ အာရွတိုက္ႏိုင္ငံမ်ားရဲ႕ ေနတိုးအဖြဲ႕လို႔ ေျပာရမယ့္ အေမရိကန္ဦးေဆာင္ ဆီးတိုးအဖြဲ႕မွာ အဓိက အားျဖင့္ ကြန္ျမဴနစ္ဝါဒျပန႔္ပြားမႈကို တားဆီးရန္ျဖစ္ၿပီး အာရွတိုက္ႏိုင္ငံမ်ားျဖစ္တဲ့ ပါကစၥတန္၊ ဖိလစ္ပိုင္၊ ထိုင္း စသည္ျဖင့္ ၈-ႏိုင္ငံ ပါဝင္ခဲ့ပါတယ္။ ဒါေပမယ့္ စစ္ေရးတည္ေဆာက္မႈ အားနည္းျခင္း၊ အဖြဲ႕ဝင္ႏိုင္ငံမ်ားရဲ႕ အက်ိဳးစီးပြား မတူညီျခင္း၊ ႏိုင္ငံအခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္မႈ နည္းပါး ျခင္းတို႔ေၾကာင့္ ၁၉၇၇ ခုႏွစ္မွာ ဆီးတိုးအဖြဲ႕ႀကီး တရားဝင္ရပ္ဆိုင္းသြားပါတယ္။
ဆီးတိုးရပ္စဲျခင္း မတိုင္မီ ၁၉၆၇ ခုႏွစ္မွာ အင္ဒိုနီးရွား၊ မေလးရွား၊ ဖိလစ္ပိုင္၊ စကၤာပူ၊ ထိုင္းတို႔ပါဝင္တဲ့ (၅)ႏိုင္ငံတို႔က “အာဆီယံ” ေခၚ “အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း” ကို ထူေထာင္ေနပါၿပီ၊ ကြန္ျမဴနစ္ဝါဒျပန႔္ပြားမႈ တားဆီးေရးနဲ႔ ေဒသတြင္းတည္ၿငိမ္ေရးကို ရည္႐ြယ္ခဲ့ပါတယ္။ အဲ့ဒီေနာက္ ၁၉၇၅ ခုႏွစ္ ဗီယက္နမ္စစ္ပြဲၿပီးဆုံး ျခင္း ၁၉၉၁ ခုႏွစ္ ဆိုဗီယက္ယူနီယံ ၿပိဳလဲျခင္း နဲ႔အတူ စစ္ေအးတိုက္ပြဲႀကီးလဲ နိဂုံးခ်ဳပ္သြားပါတယ္။ အဲဒီအဖြဲ႕က ၁၉၈၄ ခုႏွစ္မွာ ဘ႐ူႏိုင္းကို အဖြဲ႕ဝင္အျဖစ္ လက္ခံခဲ့ပါတယ္။ ေတာင္ေျမာက္ ႏွစ္ႏိုင္ငံေပါင္းစည္းလိုက္တဲ့ ဗီယက္နမ္ကို ၁၉၉၅ ခုႏွစ္၊ ျမန္မာနဲ႔ ေလာႏိုင္ငံတို႔က ၁၉၉၇ ခုႏွစ္၊ ကေမာၻဒီးယားက ၁၉၉၉-ခုႏွစ္မွာ အဖြဲ႕ဝင္ ျဖစ္လာၿပီး တိုင္းျပည္ (၁၀)ခုအၾကား ႏိုင္ငံေရးစံခ်ိန္ထိန္းသိမ္းရင္း စီးပြားေရးနဲ႔ အျပန္အလွန္နားလည္မႈတည္ေဆာက္ေရးတို႔ကို ရည္႐ြယ္ခဲ့ၾကပါတယ္။
ကုန္ထုတ္လုပ္မႈ ကန္ေဒၚလာ (၁၀) ထရီလ်ံနီးပါး၊ ကမာၻ႔လူဦးေရရဲ႕ ၈.၅%၊ ကမာၻေျမ ဧရိယာရဲ႕ ၃% ရွိတဲ့ အဲဒီ ႏိုင္ငံအုပ္စုႀကီးထဲမွာ ဘဂၤလားေဒ့ရွ္ကလဲ ပါဝင္ခ်င္ေနပါတယ္။ ဘဂၤလားေဒ့ရွ္အာဆီယံျဖစ္ျခင္း မျဖစ္ျခင္းထက္ အတိတ္ကာလ ႏိုင္ငံေရးေနာက္ခံအသြင္တစ္မ်ိဳးရွိခဲ့တဲ့ အဖြဲ႕ႀကီးမွာ ျမန္မာဟာ ပထဝီႏိုင္ငံေရးအရ ဘယ္ အေရးပါသလဲ၊ အာဆီယံက ျမန္မာကို ပစ္ပယ္ၿပီး ခပ္ကင္းကင္းေနလို႔ ရသလား၊ ကြန္ျမဴနစ္တေစၦအစား စီပြား ေရး-စစ္ေရးအင္အားႀကီးျဖစ္လာတဲ့ တ႐ုတ္နဲ႔ ပတ္သက္ၿပီး အာဆီယံမွာ မျမင္ရတဲ့ ဘယ္လိုခံယူခ်က္မ်ိဳး ရွိေန မလဲ၊ ၁၉၈၈ ခုႏွစ္ ဦးသန္းေ႐ႊရဲ႕ တ႐ုတ္နဲ႔ နီးကပ္သြားတဲ့ နဝတ-နအဖ အစိုးရလက္ထက္ အာဆီယံကပဲ ျမန္ မာကို ဆြဲစားလိုက္သလား၊ ျမန္မာကပဲ အာဆီယံကို ဆြဲစားလိုက္သလားဆိုတာ အလြန္စိတ္ဝင္စားစရာ ေကာင္းပါတယ္။
အာဆီယံျဖစ္လိုေၾကာင္း ၂၀၁၁-ခုႏွစ္မွာ ေလွ်ာက္ထားတဲ့ အေရွ႕တီေမာကို ၂၀၂၂-ခုွစ္မွာ ေလ့လာသူႏိုင္ငံအ ျဖစ္၎၊ ပါပူအာနယူးဂီနီကို ေဆြးေႏြးဖက္ႏိုင္ငံအျဖစ္၎ အသိအမွတ္ျပဳထားၿပီး အဖြဲ႕ဝင္ျဖစ္ဖို႔ အေတာ္ၾကာ ဦးမွာပါ။ အာရွတိုက္ ဂ်ပန္၊ ေတာင္ေျမာက္ကိုရီးယားနဲ႔ တ႐ုတ္၊ ထိုင္ဝမ္တို႔ဟာ အာဆီယံ မဟုတ္ၾကပဲ တ႐ုတ္ ရဲ႕ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဟာင္ေကာင္-မကာအိုတို႔ကလည္း အဖြဲ႕ဝင္ မဟုတ္ပါဘူး၊ ဆီးတိုးအဖြဲ႕တုန္းကလိုပဲ အာဆီယံဟာ မတူညီတဲ့ႏိုင္ငံေရးစနစ္မ်ား ကြဲျပားေနပါတယ္။ ဒီမိုကေရစီ ရီပတ္ဘလစ္စနစ္၊ ဖက္ဒရယ္ပုံစံ အုပ္ခ်ဳပ္မႈစနစ္၊ ဘုရင္တစ္ဦးတည္းက အလုံးစုံခ်ဳပ္ကိုင္တဲ့စနစ္၊ တစ္ပါတီႏိုင္ငံေရးစနစ္သာမက စစ္တပ္က လႊမ္းမိုးတဲ့ အုပ္ခ်ဳပ္ေရးစနစ္မ်ားလည္းပါဝင္ေနပါတယ္။ ဒါ့ေၾကာင့္လည္း အဖြဲ႕ဝင္ႏိုင္ငံအသီးသီးရဲ႕ ႏိုင္ငံေရးစနစ္မ်ား အခ်ဳပ္အျခာအာဏာကို ေလးစားရန္ဆိုတဲ့ အခ်က္ကို ထည့္သြင္းထားျခင္းျဖစ္ပါတယ္။
မူလကတည္းက အာဆီယံဟာ အေရွ႕ေတာင္အာရွကို တည္ၿငိမ္ဖြံ႕ၿဖိဳးတဲ့ေဒသတစ္ခုအျဖစ္ တည္ေဆာက္ရန္ ရည္႐ြယ္တဲ့အတြက္ ေတာင္အာရွႏိုင္ငံမ်ားျဖစ္တဲ့ ပါကစၥတန္၊ အိႏၵိယ၊ ဘဂၤလားေဒ့ရွ္၊ နီေပါ၊ ဘူတန္ႏိုင္ငံတို႔ မပါဝင္ခဲ့ပါဘူး၊ အဲ့ဒီႏိုင္ငံေတြရဲ႕ လူမ်ိဳးႏြယ္နဲ႔ ယဥ္ေက်းမႈေၾကာင့္ မဟုတ္ပဲ ေဒသဆိုင္ရာ ပထဝီအေနအထား အရ အာဆီယံရဲ႕ ႏိုင္ငံေရး-လုံၿခဳံေရးဆိုင္ရာ ရည္႐ြယ္ခ်က္နဲ႔ ကြဲျပားေနလို႔ ျဖစ္ပါတယ္။ အဲ့ဒီအစား အာဖဂန္ နစၥတန္၊ ဘဂၤလားေဒ့ရွ္၊ ဘူတန္၊ အိႏၵိယ၊ ေမာ္လဒိုက္၊ နီေပါ၊ ပါကစၥတန္နဲ႔ သီရိလကၤာတို႔ပါဝင္တဲ့ SAARC “ေတာင္အာရွ ႏိုင္ငံမ်ား မဟာမိတ္အဖြဲ႕” တို႔ရဲ႕ ၈-ႏိုင္ငံအုပ္စုနဲ႔ အာဆီယံဟာ နီးကပ္စြာ ဆက္ဆံပါတယ္။
အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္း (အာဆီယံ) မွာ အဖြဲ႕ဝင္ျဖစ္လိုေၾကာင္း ရွိတ္ဟာစီနာ ျပဳတ္က်ၿပီး ဘဂၤ လားေဒ့ရွ္ၾကားျဖတ္အစိုးရ အႀကံေပးအရာရွိခ်ဳပ္ မိုဟာမက္ယူႏြတ္က ေတာင္းဆိုပါတယ္။ အင္ဒိုနီးရွားရဲ႕ ေထာက္ခံမႈနဲ႔ ယူႏြတ္ရဲ႕အဆိုျပဳခ်က္ကို မေလးရွားကလည္း သေဘာတူပါတယ္။ ဒါ့ျပင္ အာဆီယံ ၁၀ ႏိုင္ငံစလုံး အဖြဲ႕ဝင္မ်ားျဖစ္ေနၾကတဲ့ တ႐ုတ္ႏိုင္ငံဦးေဆာင္ ကမာၻ႔အႀကီးဆုံး ကုန္သြယ္ ေရး သေဘာတူစာခ်ဳပ္ (RCEP) မွာလည္း ဘဂၤလားေဒ့ရွ္က ဝင္ေရာက္ခြင့္ ေတာင္းဆိုထားပါတယ္။ လက္ရွိ အာဆီယံေဒသတြင္းဖိုရမ္မွာ အဖြဲ႕ဝင္ျဖစ္ေနတဲ့ ဘဂၤလားေဒ့ရွ္ဟာ အဖြဲ႕အစည္းအတြင္း အတိအလင္းပါဝင္ဖို႔ ေဆြးေႏြးေနခဲ့တာ ၾကာခဲ့ပ့ါၿပီ ။ အာဆီယံဆိုင္ရာ ဘဂၤလားေဒ့ရွ္ ပထမဆုံး သံအမတ္ႀကီးကို ၂၀၁၃ ခုႏွစ္မွာ တာဝန္ေပးအပ္ခဲ့ၿပီး တစ္ႏွစ္အၾကာ ဒါကာ၌ အာဆီယံေကာ္မတီကို ဖြဲ႕စည္းခဲ့ပါတယ္။
ဘဂၤလားေဒ့ရွ္မွာ နယ္ေျမခ်င္း ထိစပ္ေနတဲ့ အိမ္နီးခ်င္း ၂-ႏိုင္ငံသာရွိပါတယ္။ ဘဂၤလားေဒ့ရွ္နယ္ျခား ၂၅၈၂ မိုင္ကို အိႏၵိယက “ဂငယ္ပုံ” ရာႏႈန္းအမ်ားစု ဝိုင္းပတ္ထားၿပီး အေရွ႕ေတာင္ဘက္မွာ ျမန္မာနဲ႔ ထိစပ္ေနတဲ့ ၁၆၈ မိုင္ခန႔္ ရွိပါတယ္။ ဩဂုတ္လ ၅ ရက္က ရွိတ္ဟာစီနာအစိုးရျပဳတ္က်သြားၿပီး စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈ၊ ပထဝီ ဝင္ႏိုင္ငံေရး ၾသဇာလႊမ္းမိုးမႈနဲ႔ မဟာဗ်ဴဟာေျမာက္ ဆက္သြယ္မႈတို႔အတြက္ ရႈေထာင့္သစ္မ်ားကို ရွာေဖြေနတဲ့ ဘဂၤလားေဒ့ရွ္ဟာ အာဆီယံအဖြဲ႕ဝင္ျဖစ္ေရးကလည္း အာသာဆႏၵတစ္ခု ျဖစ္လာပါတယ္။ တိုးခ်ဲ႕စီးပြားေရး၊ မဟာဗ်ဴဟာေျမာက္ ပထဝီဝင္အေနအထားနဲ႔ ႏိုင္ငံေရးအခင္းအက်င္းေျပာင္းလဲလာမႈနဲအတူ ဘဂၤလားေဒ့ရွ္ ရဲ႕ အာဆီယံျဖစ္လိုျခင္းမွာ ႏွစ္ဖက္စလုံးအတြက္ အခြင့္အလမ္းနဲ႔ အားနည္းခ်က္မ်ား ရွိေနပါတယ္။ အာဆီယံစီး ပြားေရးဟာ လွ်ပ္စစ္ပစၥည္း၊ သဘာဝအရင္းအျမစ္မ်ား၊ ေမာ္ေတာ္ယာဥ္ထုတ္လုပ္မႈနဲ႔ အဆင့္ျမင့္ကုန္ထုတ္ လုပ္မႈစသည္ျဖင့္ မတူကြဲျပားတဲ့ စက္မႈလုပ္ငန္းမ်ား ျဖစ္ထြန္းေနပါတယ္။ ဒီေနရာမွာ ဘဂၤလားေဒ့ရွ္ဟာ အမ်ားႀကီး ေနာက္က်က်န္ေနခဲ့ၿပီး ကမာၻ႔ေဈးကြက္မွာ ယွဥ္ၿပိဳင္ႏိုင္စြမ္းျမႇင့္တင္ဖို႔ ႏိုင္ငံရဲ႕စက္မႈအေျခခံမ်ားကို ဆန္း သစ္တည္ထြင္မႈနဲ႔ ေပါင္းစပ္ေနရဆဲျဖစ္ပါတယ္။
ဥပမာအားျဖင့္ ဗီယက္နမ္ဟာ အီလက္ထ႐ြန္နစ္ပစၥည္းထုတ္လုပ္ေရးဗဟိုအျဖစ္ သူ႔ကိုယ္သူ ေျပာင္းလဲခဲ့ၿပီး “ဆမ္ေဆာင္း”တို႔လို အျပည္ျပည္ဆိုင္ရာကုမၸဏီႀကီးမ်ားအတြက္ ထုတ္ကုန္မ်ားကို တင္ပို႔ေပးေနပါတယ္။ အလားတူ မေလးရွားကလည္း အဆင့္ျမင့္ တစ္ပိုင္းလွ်ပ္ကူးပစၥည္းမ်ား ထုတ္လုပ္ၿပီး ကမာၻ႔ေထာက္ပံ့ေရးကြင္း ဆက္မ်ားမွာ အေရးႀကီး ကစားသမားအျဖစ္ ရပ္တည္ေနပါတယ္။ ႏႈိင္းယွဥ္ၾကည့္လွ်င္ ဘဂၤလားေဒ့ရွ္ရဲ႕ ကုန္ ထုတ္လုပ္မႈမွာ အီလက္ထ႐ြန္းနစ္နဲ႔ အျခားနည္းပညာျမင့္စက္မႈလုပ္ငန္းမ်ားထုတ္လုပ္ဖို႔ အကန႔္အသတ္ျဖစ္ေနၿပီး တန္ဖိုးနည္း က႑မ်ားကိုသာ အာ႐ုံစိုက္ေနဆဲျဖစ္ပါတယ္။ စိုက္ပ်ိဳးေရး၊ ေဆးဝါးနဲ႔ အေသးစား အင္ဂ်င္နီယာနယ္ပယ္မွာ ဘဂၤလားေဒ့ရွ္က အားေကာင္းတယ္ဆိုေပမယ့္ စက္မႈလုပ္ငန္းတစ္ခုလုံးအေနနဲ႔ အာဆီ ယံႏိုင္ငံမ်ားနဲ႔ ယွဥ္ၿပိဳင္ရန္ လိုအပ္ေနဆဲျဖစ္ပါတယ္။ ေခတ္မီဆန္းသစ္ဖို႔ မေအာင္ျမင္ေသးပါဘူး။
ဒီလို အေျခအေနမ်ိဳးမွာ ဗီယက္နမ္ႏွင့္ အင္ဒိုနီးရွားတို႔လို ႏိုင္ငံမ်ားနဲ႔ ဘယ္လိုမွ မယွဥ္ၿပိဳင္ႏိုင္ေသးတဲ့အတြက္ “အာဆီယံ လြတ္လပ္ေသာကုန္သြယ္မႈသေဘာတူညီခ်က္” ဟာ ဘဂၤလားေဒ့ရွ္ရဲ႕ ေဆးဝါးနဲ႔ အငယ္စား အင္ဂ်င္နီယာက႑မ်ား ႀကီးထြားမႈကို ဟန႔္တားသလို ျဖစ္သြားႏိုင္ပါတယ္။ကေမာၻဒီးယားနဲ႔ ျမန္မာတို႔လို ႏိုင္ငံေတြရဲ႕ စိုက္ပ်ိဳးေရးအေပၚမွီခိုမႈကေတာ့ ဘဂၤလားေဒ့ရွ္နည္းတူရွိတယ္ဆိုေပမယ့္ အာဆီယံတစ္ခုလုံးအေနနဲ႔ ကုန္ထုတ္စြမ္းအား တန္ဖိုးျမႇင့္တင္ရာမွာ စိုက္ပ်ိဳးေရးနည္းပညာကို ပိုမိုထည့္သြင္း ေပါင္းစပ္လာၾကပါတယ္။ ဥပမာအားျဖင့္ ထိုင္းႏိုင္ငံ၏ စားေသာက္ကုန္ထုတ္လုပ္ေရးလုပ္ငန္းရဲ႕ နည္းပညာဆိုင္ရာ ရင္းႏွီးျမႇဳပ္ႏွံမႈမ်ားဟာ မိ႐ိုးဖလာက႑မ်ားကို တစ္ပါတည္း ျမႇင့္တင္သြားပါတယ္။ စကၤာပူ မေလးရွားတို႔က ဘ႑ာေရးနည္းပညာ၊ ဇီ၀နည္းပညာအေျပာင္းအလဲေတြကို ဦးေဆာင္ေနၿပီး ဒီေနရာမွာ အမ်ားႀကီး ေခတ္ေနာက္က်ေနတဲ့ ဘဂၤလားေဒ့ရွ္ဟာ အာဆီယံနဲ႔ ပူးေပါင္းခြင့္ရမယ္ဆိုရင္ အေတာ္အားတက္စရာျဖစ္လာႏိုင္ပါတယ္။ အိုင္စီတီက႑ တိုးတက္ လာေပမယ့္ ျမန္မာႏိုင္ငံရဲ႕ အာဆီယံစီးပြားေရးပိုင္းမွာ အေျခခံအေဆာက္အအုံနဲ႔ နည္းပညာဆိုင္ရာ ကြၽမ္း က်င္မႈ နည္းပါးေနပါေသးတယ္။ မလကၠာေရလက္ၾကားမွတဆင့္ အာဆီယံနဲ႔ ဆက္သြယ္ရမယ့္ ဘဂၤလားေဒ့ရွ္ ဟာ ျမန္မာႏိုင္ငံကို ျဖတ္သန္းၿပီး ကုန္းလမ္းခရီး ဆက္သြယ္ျခင္းအားျဖင့္ ဆန္းသစ္တီထြင္ဖို႔အတြက္ နည္း ပညာလႊဲေျပာင္းမႈ၊ လုပ္ေဖာ္ကိုင္ဖက္မ်ားနဲ႔ ကြၽမ္းက်င္မႈမ်ားကို ရရွိႏိုင္ပါလိမ့္မယ္။ အထူးသျဖင့္ လွ်ပ္စစ္၊ ေမာ္ ေတာ္ယာဥ္နဲ႔ အဆင့္ျမင့္ကုန္ထုတ္လုပ္မႈမ်ိဳးတို႔လို တန္ဖိုးျမင့္စက္မႈလုပ္ငန္းမ်ားမွာ ေဒသတြင္း ေထာက္ပံ့ေရး ကြင္းဆက္မ်ားအတြင္း ေပါင္းစည္းသြားႏိုင္ပါလိမ့္မယ္။ ပို႔ကုန္အတြက္ ဥေရာပနဲ႔ ေျမာက္အေမရိက အစဥ္အလာ မိတ္ဖက္တိုင္းျပည္မ်ားေဈးကြက္အေပၚ ဘဂၤလားေဒ့ရွ္ရဲ႕ မွီခိုအားထားေနရမႈကိုလည္း ေလွ်ာ့ခ်ႏိုင္ပါလိမ့္မယ္။
အာဆီယံအဖြဲ႕ဝင္အျဖစ္ ဘဂၤလားေဒ့ရွ္ႏိုင္ငံက မ်က္စိက်ေနခ်ိန္ အေရွ႕ေမွ်ာ္မူဝါဒ က်င့္သုံးလာတဲ့ အိႏၵိယက လည္း ျမန္မာႏိုင္ငံကို ျဖတ္သန္းၿပီး အာဆီယံနဲ႔ ခ်ိတ္ဆက္ဖို႔ ဆႏၵျပင္းျပေနပါတယ္။ အာေရဗ်ပင္လယ္နဲ႔ ထိ စပ္ေနတဲ့ အိႏၵိယဟာ ဥေရာပနဲ႔ ေျမာက္အေမရိကႏိုင္ငံမ်ားနဲ႔ ကုန္သြယ္ေနရင္း အာဆီယံေဒသဘက္မွာ စီးပြားေရး တိုးခ်ဲ႕ႏိုင္ပါတယ္။
ဒီလိုဆိုရင္ ၁၉၄၈ ခုႏွစ္ လြတ္လပ္ေရး ရရွိၿပီး (၃)လ မျပည့္ခင္ ျပည္တြင္းစစ္စတင္ျဖစ္ပြားတဲ့ ျမန္မာႏိုင္ငံရဲ႕ ယခု ေနာက္ပိုင္း တိုင္းျပည္ၿပိဳကြဲမတတ္ စစ္ပြဲမ်ားျပင္းထန္လာျခင္းမွာ ေမးခြန္းထုတ္စရာမ်ား ရွိေနႏိုင္ေလာက္ပါ တယ္။ ဂ်ပန္နဲ႔ ေတာင္ေျမာက္ကိုရီးယားအေရး၊ ထိုင္ဝမ္ေရလက္ၾကားတင္းမာမႈ ေတာင္တ႐ုတ္ပင္လယ္ နယ္ ေျမအျငင္းပြားမႈ၊ အိႏၵိယသမုဒၵရာ ေနတိုး-နယူးေဒလီနဲ႔ ေပက်င္းတို႔ စစ္ေရးအားၿပိဳင္မႈတို႔ကိုလည္း ထည့္သြင္းစဥ္းစားရပါလိမ့္မယ္။
(TBS News., 29 November 2024,” Should Bangladesh join Asean” ကို ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုသည္။)