Tik Tok မှတစ်ဆင့် လိမ်လည်ကာ ၁၅ နှစ်အရွယ်အမျိုးသမီးကို တရုတ်မယားအဖြစ် ရောင်းစားသူ(၄)ဦးအား ထောင်ဒဏ်တစ်သက်ချ

 505

Pearl (NP News) - သြဂုတ် ၂
Tik Tok မှတစ်ဆင့် လိမ်လည်ကာ ၁၅ နှစ်အရွယ် အမျိုးသမီးကို တရုတ်မယားအဖြစ် ရောင်းစားသူ(၄)ဦးအား ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံက သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင်နေထိုင်သော စံပယ်ချိုက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင်နေထိုင်သော ၁၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးအား လူမှုကွန်ရက် Tik Tok မှတစ်ဆင့် တရုတ်နိုင်ငံရှိ ငါးစက်ရုံနှင့် ဆေးလိပ်စက်ရုံတို့တွင် သွားရောက်အလုပ်လုပ်ကိုင်ပါက တစ်လလျှင် ယွမ် ၃၅၀၀ မှ ၄၀၀၀ ခန့်အထိရမည်၊ သွားရောက်လုပ်ကိုင်လိုပါက လာရောက်ခေါ်ဆောင်ပေးမည်ဟု စည်းရုံးပြောဆိုခဲ့ကြောင်း သိရသည်။
ထိုသို့စည်းရုံးပြောဆိုပြီး လိပ်စာတူနေ ဇော်မင်းလှ(ခ)ရဖစ် နှင့် ဇနီးဖြစ်သူ ယွန်းကာရံချိုတို့၏ အစီအစဉ်ဖြင့် ရန်ကုန်မှ မြစ်ကြီးနားမြို့သို့ ပို့ဆောင်ခဲ့ကာ မြစ်ကြီးနားမြို့တွင် အောင်ဆန်းက လာရောက်ခေါ်ဆောင်ပြီး ကံပိုင်တည်မြို့ တရားမဝင်လမ်းကြောင်းမှတစ်ဆင့် တရုတ်နိုင်ငံ ကွမ်းတုံပြည်နယ်ရှိ တရုတ်အမျိုးသား ရှောမန်ဆိုသူ၏နေအိမ်သို့ တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားခဲ့ကြောင်းသိရသည်။
အဆိုပါဖြစ်စဉ်အား ကျူးလွန်သူ (၄)ဦးကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့မရဲစခန်း(ပ) ၃၈၅/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က)ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ဇူလိုင် ၂၉ ရက်တွင် စစ်ခုံရုံးအဖွဲ့(၄၀)၊ စစ်ခုံရုံးဥက္ကဋ္ဌက ၎င်းတို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)အရ ထောင်ဒဏ်တစ်သက်ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
အလားတူ မကွေးတိုင်းဒေသကြီး အောင်လံမြို့တွင် နေထိုင်သော သူသူဝင်း(ခ)မသူနှင့် ခင်ပွန်းဖြစ်သူ မြင့်အောင်တို့က တစ်မြို့တည်းနေထိုင်သူ (၁၇) နှစ် အရွယ် အမျိုးသမီးတစ်ဦးနှင့် (၂၄) နှစ်အရွယ်အမျိုးသမီးတစ်ဦးတို့ကို တရုတ်ဇနီးမယားအဖြစ် လုပ်ကိုင်ပါက ငွေကျပ် သိန်း ၈၀ ရမည်၊ ကလေးမွေးပေးရမည်၊ တစ်နှစ်စာချုပ်ချုပ်ရမည်၊ တစ်နှစ်ပြည့်ပါက ပြန်ခေါ်ပေးမည်ဟု စည်းရုံးပြောဆိုခဲ့ကြောင်း သိရသည်။
ထို့နောက် တရုတ် နိုင်ငံသို့ပို့ဆောင်ကာ တရုတ်ယောက်ျားထံ ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြသဖြင့် ပြည်ကြီးတံခွန်မြို့မ ရဲစခန်း (ပ) ၈၃/ ၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဇူလိုင် ၃၀ ရက်တွင် မဟာအောင်မြေခရိုင်တရားရုံးမှ သူသူဝင်း(ခ)မသူကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ်တစ်ဆယ်နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး မြင့်အောင်ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၈၇/ ၈၈ အတည်ပြု ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
Tik Tok မွတစ္ဆင့္ လိမ္လည္ကာ ၁၅ ႏွစ္အ႐ြယ္အမ်ိဳးသမီးကို တ႐ုတ္မယားအျဖစ္ ေရာင္းစားသူ(၄)ဦးအား ေထာင္ဒဏ္တစ္သက္ခ်
Pearl (NP News) - ၾသဂုတ္ ၂
Tik Tok မွတစ္ဆင့္ လိမ္လည္ကာ ၁၅ ႏွစ္အ႐ြယ္ အမ်ိဳးသမီးကို တ႐ုတ္မယားအျဖစ္ ေရာင္းစားသူ(၄)ဦးအား ေထာင္ဒဏ္တစ္သက္ခ်မွတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ထံက သိရသည္။
ရန္ကုန္တိုင္းေဒသႀကီး ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္တြင္ေနထိုင္ေသာ စံပယ္ခ်ိဳက လႈိင္သာယာ(အေရွ႕ပိုင္း)ၿမိဳ႕နယ္တြင္ေနထိုင္ေသာ ၁၅ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးအား လူမႈကြန္ရက္ Tik Tok မွတစ္ဆင့္ တ႐ုတ္ႏိုင္ငံရွိ ငါးစက္႐ုံႏွင့္ ေဆးလိပ္စက္႐ုံတို႔တြင္ သြားေရာက္အလုပ္လုပ္ကိုင္ပါက တစ္လလွ်င္ ယြမ္ ၃၅၀၀ မွ ၄၀၀၀ ခန႔္အထိရမည္၊ သြားေရာက္လုပ္ကိုင္လိုပါက လာေရာက္ေခၚေဆာင္ေပးမည္ဟု စည္း႐ုံးေျပာဆိုခဲ့ေၾကာင္း သိရသည္။
ထိုသို႔စည္း႐ုံးေျပာဆိုၿပီး လိပ္စာတူေန ေဇာ္မင္းလွ(ခ)ရဖစ္ ႏွင့္ ဇနီးျဖစ္သူ ယြန္းကာရံခ်ိဳတို႔၏ အစီအစဥ္ျဖင့္ ရန္ကုန္မွ ျမစ္ႀကီးနားၿမိဳ႕သို႔ ပို႔ေဆာင္ခဲ့ကာ ျမစ္ႀကီးနားၿမိဳ႕တြင္ ေအာင္ဆန္းက လာေရာက္ေခၚေဆာင္ၿပီး ကံပိုင္တည္ၿမိဳ႕ တရားမဝင္လမ္းေၾကာင္းမွတစ္ဆင့္ တ႐ုတ္ႏိုင္ငံ ကြမ္းတုံျပည္နယ္ရွိ တ႐ုတ္အမ်ိဳးသား ေရွာမန္ဆိုသူ၏ေနအိမ္သို႔ တ႐ုတ္မယားအျဖစ္ ပို႔ေဆာင္ေရာင္းစားခဲ့ေၾကာင္းသိရသည္။
အဆိုပါျဖစ္စဥ္အား က်ဴးလြန္သူ (၄)ဦးကို လႈိင္သာယာ(အေရွ႕ပိုင္း)ၿမိဳ႕မရဲစခန္း(ပ) ၃၈၅/ ၂၀၂၅၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၈ (က)ျဖင့္ အမႈေရးဖြင့္တရားစြဲတင္ခဲ့ၿပီး ဇူလိုင္ ၂၉ ရက္တြင္ စစ္ခုံ႐ုံးအဖြဲ႕(၄၀)၊ စစ္ခုံ႐ုံးဥကၠ႒က ၎တို႔အား လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၈(က)အရ ေထာင္ဒဏ္တစ္သက္က်ခံေစရန္ အမိန႔္ ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
အလားတူ မေကြးတိုင္းေဒသႀကီး ေအာင္လံၿမိဳ႕တြင္ ေနထိုင္ေသာ သူသူဝင္း(ခ)မသူႏွင့္ ခင္ပြန္းျဖစ္သူ ျမင့္ေအာင္တို႔က တစ္ၿမိဳ႕တည္းေနထိုင္သူ (၁၇) ႏွစ္ အ႐ြယ္ အမ်ိဳးသမီးတစ္ဦးႏွင့္ (၂၄) ႏွစ္အ႐ြယ္အမ်ိဳးသမီးတစ္ဦးတို႔ကို တ႐ုတ္ဇနီးမယားအျဖစ္ လုပ္ကိုင္ပါက ေငြက်ပ္ သိန္း ၈၀ ရမည္၊ ကေလးေမြးေပးရမည္၊ တစ္ႏွစ္စာခ်ဳပ္ခ်ဳပ္ရမည္၊ တစ္ႏွစ္ျပည့္ပါက ျပန္ေခၚေပးမည္ဟု စည္း႐ုံးေျပာဆိုခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ တ႐ုတ္ ႏိုင္ငံသို႔ပို႔ေဆာင္ကာ တ႐ုတ္ေယာက္်ားထံ ေရာင္းစားရန္ စီစဥ္ေဆာင္႐ြက္ခဲ့ၾကသျဖင့္ ျပည္ႀကီးတံခြန္ၿမိဳ႕မ ရဲစခန္း (ပ) ၈၃/ ၂၀၂၅၊ လူကုန္ကူးမႈတားဆီးႏွိမ္နင္း ေရးဥပေဒပုဒ္မ ၃၅/ ၄၄ ျဖင့္ အမႈေရးဖြင့္ တရားစြဲတင္ခဲ့ၿပီး ဇူလိုင္ ၃၀ ရက္တြင္ မဟာေအာင္ေျမခ႐ိုင္တရား႐ုံးမွ သူသူဝင္း(ခ)မသူကို လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၅ အရ အလုပ္ႏွင့္ ေထာင္ဒဏ္တစ္ဆယ္ႏွစ္က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ၿပီး ျမင့္ေအာင္ကို ရာဇဝတ္က်င့္ထုံးဥပေဒ ပုဒ္မ ၈၇/ ၈၈ အတည္ျပဳ ထုတ္ဆင့္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.