စုံတွဲများကို ငွေကြေး မက်လုံးပေး၍ Sex Video ရိုက်ကူးကာ အွန်လိုင်းတင်သော တရုတ်နိုင်ငံသား ၂ ဦး ပါ လူ ၅ ဦး ကို ထောင်ဒဏ် တစ်သက် ချမှတ်

 929

ပီယ (NP News) - ဩဂုတ် ၂
လူငယ်စုံတွဲများကို ငွေကြေး မက်လုံးပေး၍ Sex Video ရိုက်ကူးကာ အွန်လိုင်းတင်သော တရုတ်နိုင်ငံသား ၂ ဦး ပါ လူ ၅ ဦးကို ထောင်ဒဏ် တစ်သက် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံက သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်း မြို့နယ်နေ မောင် -----၊ ၂၆/၂၀၂၅ နှင့် ၎င်း၏ ရည်းစားဖြစ်သူ မ-----၊ ၁၈/၂၀၂၅ နှစ်တို့က ခင်မင် ရင်းနှီးသည့် ရွှေပြည်သာမြို့နယ်နေ မယုဝတီထံ အလုပ်လုပ်လိုကြောင်း အကူအညီ တောင်းခံခဲ့ရာ မယုဝတီက အလုပ်ရမည်။ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် နဝဒေးအိမ်ရာသို့လာရောက်ရန် ခေါ်ဆောင်သဖြင့် သွားရောက်ခဲ့ရာ နေအိမ်၌ မယုဝတီနှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဇင်မင်းဦး၊ တရုတ် ဘာသာပြန် ရဲရင့်ဦး၊ တရုတ်နိုင်ငံသား ဒါရိုက်တာအားဂျယ်၊ ကြီးကြပ်သူ Lin Te၊ Sex Video ရိုက်ကူးသူ Wang Xiaofeng တို့နှင့်အတူ လူငယ်စုံတွဲနှစ်တွဲအား တွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ၎င်းတို့စုံတွဲသုံးတွဲအား Sex Video ရိုက်ကူးသည့် အလုပ်လုပ်ကိုင်ရမည်၊ လုပ်အားခအနေဖြင့် တစ်လလျှင် ငွေကျပ် ၁၁ သိန်းမှ ၁၆ သိန်း ခန့်ရရှိမည်ဟု စည်းရုံးပြောဆို၍ Sex Video သုံးကြိမ်စီရိုက်ကူးကာ ချီထိုက် Application မှ တစ်ဆင့် Live လွှင့်တင်ခဲ့ကြောင်း စိစစ်တွေ့ရှိရကြောင်း သိရသည်။
ထို့ကြောင့် Sex Video ရိုက်ကူးကာ Live လွှင့်တင်ခဲ့ပြီး ငွေကြေးအကျိုးအမြတ် ခေါင်းပုံဖြတ်ရယူခဲ့သူများ ဖြစ်သည့် မယုဝတီနှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဇင်မင်းဦး၊ တရုတ်ဘာသာပြန် ရဲရင့်ဦး၊ တရုတ်နိုင်ငံသား အားဂျယ်(တိမ်းရှောင်)၊ Lin Te နှင့် Wang Xiaofeng တို့ကို လှိုင်သာယာ(အရှေ့ပိုင်း) မြို့မရဲစခန်း(ပ) ၃၂၅/၂၀၂၅၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၈(က)(ခ)ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီး ဇူလိုင်၂၉ ရက်တွင် စစ်ခုံရုံးအဖွဲ့(၃၈)၊ စစ်ခုံရုံးဥက္ကဋ္ဌက ဖမ်းမိတရားခံငါးဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)(ခ) အရ ထောင်ဒဏ် တစ်သက်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
စုံတြဲမ်ားကို ေငြေၾကး မက္လုံးေပး၍ Sex Video ႐ိုက္ကူးကာ အြန္လိုင္းတင္ေသာ တ႐ုတ္ႏိုင္ငံသား ၂ ဦး ပါ လူ ၅ ဦး ကို ေထာင္ဒဏ္ တစ္သက္ ခ်မွတ္
ပီယ (NP News) - ဩဂုတ္ ၂
လူငယ္စုံတြဲမ်ားကို ေငြေၾကး မက္လုံးေပး၍ Sex Video ႐ိုက္ကူးကာ အြန္လိုင္းတင္ေသာ တ႐ုတ္ႏိုင္ငံသား ၂ ဦး ပါ လူ ၅ ဦးကို ေထာင္ဒဏ္ တစ္သက္ ခ်မွတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ထံက သိရသည္။
ျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး သဃၤန္းကြၽန္း ၿမိဳ႕နယ္ေန ေမာင္ -----၊ ၂၆/၂၀၂၅ ႏွင့္ ၎၏ ရည္းစားျဖစ္သူ မ-----၊ ၁၈/၂၀၂၅ ႏွစ္တို႔က ခင္မင္ ရင္းႏွီးသည့္ ေ႐ႊျပည္သာၿမိဳ႕နယ္ေန မယုဝတီထံ အလုပ္လုပ္လိုေၾကာင္း အကူအညီ ေတာင္းခံခဲ့ရာ မယုဝတီက အလုပ္ရမည္။ လႈိင္သာယာ(အေရွ႕ပိုင္း)ၿမိဳ႕နယ္ နဝေဒးအိမ္ရာသို႔လာေရာက္ရန္ ေခၚေဆာင္သျဖင့္ သြားေရာက္ခဲ့ရာ ေနအိမ္၌ မယုဝတီႏွင့္ ၎၏ခင္ပြန္းျဖစ္သူ ဇင္မင္းဦး၊ တ႐ုတ္ ဘာသာျပန္ ရဲရင့္ဦး၊ တ႐ုတ္ႏိုင္ငံသား ဒါ႐ိုက္တာအားဂ်ယ္၊ ႀကီးၾကပ္သူ Lin Te၊ Sex Video ႐ိုက္ကူးသူ Wang Xiaofeng တို႔ႏွင့္အတူ လူငယ္စုံတြဲႏွစ္တြဲအား ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ၎တို႔စုံတြဲသုံးတြဲအား Sex Video ႐ိုက္ကူးသည့္ အလုပ္လုပ္ကိုင္ရမည္၊ လုပ္အားခအေနျဖင့္ တစ္လလွ်င္ ေငြက်ပ္ ၁၁ သိန္းမွ ၁၆ သိန္း ခန႔္ရရွိမည္ဟု စည္း႐ုံးေျပာဆို၍ Sex Video သုံးႀကိမ္စီ႐ိုက္ကူးကာ ခ်ီထိုက္ Application မွ တစ္ဆင့္ Live လႊင့္တင္ခဲ့ေၾကာင္း စိစစ္ေတြ႕ရွိရေၾကာင္း သိရသည္။
ထို႔ေၾကာင့္ Sex Video ႐ိုက္ကူးကာ Live လႊင့္တင္ခဲ့ၿပီး ေငြေၾကးအက်ိဳးအျမတ္ ေခါင္းပုံျဖတ္ရယူခဲ့သူမ်ား ျဖစ္သည့္ မယုဝတီႏွင့္ ၎၏ခင္ပြန္းျဖစ္သူ ဇင္မင္းဦး၊ တ႐ုတ္ဘာသာျပန္ ရဲရင့္ဦး၊ တ႐ုတ္ႏိုင္ငံသား အားဂ်ယ္(တိမ္းေရွာင္)၊ Lin Te ႏွင့္ Wang Xiaofeng တို႔ကို လႈိင္သာယာ(အေရွ႕ပိုင္း) ၿမိဳ႕မရဲစခန္း(ပ) ၃၂၅/၂၀၂၅၊ လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးဥပေဒ ပုဒ္မ ၃၈(က)(ခ)ျဖင့္ အမႈေရးဖြင့္ တရားစြဲတင္ခဲ့ၿပီး ဇူလိုင္၂၉ ရက္တြင္ စစ္ခုံ႐ုံးအဖြဲ႕(၃၈)၊ စစ္ခုံ႐ုံးဥကၠ႒က ဖမ္းမိတရားခံငါးဦးကို လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ ၃၈(က)(ခ) အရ ေထာင္ဒဏ္ တစ္သက္က်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.