တရုတ်(တိုင်ပေ)ကျွန်းကို အမေရိကန်ထိပ်တန်းအထက်လွှတ်တော်အမတ် သွားရောက်လည်ပတ်မယ်

143

Pika (NP News) - သြဂုတ် ၂
အမေရိကန်ထိပ်တန်း ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ်တစ်ဦး ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ဟာ လာမယ့်ဩဂုတ်လမှာ တရုတ်(တိုင်ပေ)ကျွန်းကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားတယ်လို့ သတင်းရင်းမြစ်တွေရဲ့ပြောကြားချက်တွေကို ကိုးကားပြီး Financial Times သတင်းစာက ရေးသားဖော်ပြခဲ့ပါ တယ်။
အဲဒီခရီးစဉ်အတွင်း တရုတ်(တိုင်ပေ)အတွက် အမေရိကန်ရဲ့ထောက်ခံမှုတွေကို ထပ်လောင်းအတည်ပြုဖို့ ထိပ်တန်းရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ် ရော်ဂျာဝစ်ကာက မျှော်လင့်နေတယ်လို့လည်း သိရပါတယ်။ အမေရိကန်လွှတ်တော်အမတ်တွေဟာ တရုတ်(တိုင်ပေ)ကျွန်းကို တစ်နှစ်မှာ အကြိမ်ပေါင်းများစွာ လာရောက် လည်ပတ်လေ့ရှိပြီး တရုတ်အစိုးရဘက်က ပြင်းပြင်းထန်ထန်တုံ့ပြန်မှုတွေ လုပ်ဆောင်လေ့ရှိတယ်လို့လည်း သိရပါတယ်။
ဒါ့ပြင် တရုတ်(တိုင်ပေ)ကျွန်းကို ထောက်ခံမှုတွေလုပ်ဆောင်နေတာတွေ ရပ်တန့်ဖို့ အမေရိကန်ကို တရုတ်က မကြာခဏတိုက်တွန်းလေ့ရှိတယ်လို့လည်း သိရပါတယ်။ တရုတ်အစိုးရဟာ တရုတ်(တိုင်ပေ)ကျွန်းကို ၎င်းရဲ့ ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာရှုမြင်ထားပြီး ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းဖို့အတွက် လိုအပ်လာမယ်ဆိုရင် အင်အားသုံးဖြေရှင်းသွားမယ်လို့ တရုတ်သမ္မတရှီကျင့်ဖျင်က အကြိမ်ကြိမ် ကတိပြုပြောဆိုခဲ့ပါတယ်။

Zawgyi Version:
တ႐ုတ္(တိုင္ေပ)ကြၽန္းကို အေမရိကန္ထိပ္တန္းအထက္လႊတ္ေတာ္အမတ္ သြားေရာက္လည္ပတ္မယ္
Pika (NP News) - ၾသဂုတ္ ၂
အေမရိကန္ထိပ္တန္း ရီပတ္ဘလစ္ကန္အထက္လႊတ္ေတာ္အမတ္တစ္ဦး ဦးေဆာင္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ အဖြဲ႕တစ္ဖြဲ႕ဟာ လာမယ့္ဩဂုတ္လမွာ တ႐ုတ္(တိုင္ေပ)ကြၽန္းကို သြားေရာက္လည္ပတ္ဖို႔ စီစဥ္ထားတယ္လို႔ သတင္းရင္းျမစ္ေတြရဲ႕ေျပာၾကားခ်က္ေတြကို ကိုးကားၿပီး Financial Times သတင္းစာက ေရးသားေဖာ္ျပခဲ့ပါ တယ္။
အဲဒီခရီးစဥ္အတြင္း တ႐ုတ္(တိုင္ေပ)အတြက္ အေမရိကန္ရဲ႕ေထာက္ခံမႈေတြကို ထပ္ေလာင္းအတည္ျပဳဖို႔ ထိပ္တန္းရီပတ္ဘလစ္ကန္အထက္လႊတ္ေတာ္အမတ္ ေရာ္ဂ်ာဝစ္ကာက ေမွ်ာ္လင့္ေနတယ္လို႔လည္း သိရပါတယ္။ အေမရိကန္လႊတ္ေတာ္အမတ္ေတြဟာ တ႐ုတ္(တိုင္ေပ)ကြၽန္းကို တစ္ႏွစ္မွာ အႀကိမ္ေပါင္းမ်ားစြာ လာေရာက္ လည္ပတ္ေလ့ရွိၿပီး တ႐ုတ္အစိုးရဘက္က ျပင္းျပင္းထန္ထန္တုံ႔ျပန္မႈေတြ လုပ္ေဆာင္ေလ့ရွိတယ္လို႔လည္း သိရပါတယ္။
ဒါ့ျပင္ တ႐ုတ္(တိုင္ေပ)ကြၽန္းကို ေထာက္ခံမႈေတြလုပ္ေဆာင္ေနတာေတြ ရပ္တန႔္ဖို႔ အေမရိကန္ကို တ႐ုတ္က မၾကာခဏတိုက္တြန္းေလ့ရွိတယ္လို႔လည္း သိရပါတယ္။ တ႐ုတ္အစိုးရဟာ တ႐ုတ္(တိုင္ေပ)ကြၽန္းကို ၎ရဲ႕ ပိုင္နက္နယ္ေျမအျဖစ္ အခိုင္အမာရႈျမင္ထားၿပီး ၿငိမ္းခ်မ္းစြာျပန္လည္ေပါင္းစည္းဖို႔အတြက္ လိုအပ္လာမယ္ဆိုရင္ အင္အားသုံးေျဖရွင္းသြားမယ္လို႔ တ႐ုတ္သမၼတရွီက်င့္ဖ်င္က အႀကိမ္ႀကိမ္ ကတိျပဳေျပာဆိုခဲ့ပါတယ္။