စစ်ပွဲအတွင်းဖမ်းမိသည့် ကမ္ဘောဒီးယားစစ်သားအချို့ကို ထိုင်းစစ်တပ် ပြန်လည်လွှဲပြောင်းပေး

 392

ဂျန်ဇက် (NP News) - သြဂုတ် ၂
ထိုင်းစစ်တပ်နှင့်ဖြစ်ပွားသော စစ်ပွဲအတွင်းဖမ်းဆီးထိန်းသိမ်းခံလိုက်ရသည့် ကမ္ဘောဒီးယားများအနက်မှ နှစ်ဦးသည် သြဂုတ် ၁ ရက်တွင် မိခင်နိုင်ငံသို့ပြန်လာခဲ့ကြောင်း သိရသည်။ ထိုင်းစစ်တပ်သည် ဒဏ်ရာရနေသော ကမ္ဘောဒီးယား စစ်တပ်မှ ဒုတိယဗိုလ်မှူးကြီးတစ်ဦး နှင့် တပ်ကြပ်ကြီးတစ်ဦးကို သြဂုတ် ၁ ရက်တွင် နယ်စပ်စစ်ဆေးရေးဂိတ်မှ တဆင့် ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံကြား ဖြစ်ပွားခဲ့သောစစ်ပွဲအတွင်း ကမ္ဘောဒီးယားစစ်သား ၂ဝ ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး လက်ရှိတွင် ၁၈ ဦး ကျန်ရှိနေကြောင်း သိရသည်။
ကမ္ဘောဒီးယားအာဏာပိုင်များသည် ထိုင်းစစ်တပ်လက်ထဲတွင်ကျန်ရှိနေသည့် ဖမ်းဆီးခံ ကမ္ဘောဒီးယားစစ်သားများ ကို နိုင်ငံတကာလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးလုပ်ငန်းစဉ်များနှင့်အညီ ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုနေကြောင်း သိရသည်။
ထိုင်းအမှတ် ၂ စစ်ဒေသက ကျန်ရှိနေသည့် ကမ္ဘောဒီးယားစစ်သားများကို ပြန်လည်လွှဲပြောင်းပေးရန် ရွှေ့ဆိုင်းထား ကြောင်း၊ စစ်သားများကို ပြန်လည်လွှဲပြောင်းရေးနှင့်ပတ်သက်သော လုပ်ထုံးလုပ်နည်းများကို လုပ်ကိုင်လျက်ရှိနေ ကြောင်း ပြောသည်။ ကမ္ဘောဒီးယားစစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထိုင်းစစ်တပ်လက်ထဲတွင် စစ်သုံးပန်း ဖြစ်နေသော ကမ္ဘောဒီးယားစစ်သားများသည် လက်ရှိအချိန်အတွင်း ဘေးကင်းလုံခြုံမှုများရှိနေကြောင်း၊ ထိုင်းစစ်သားများက ရိုက်နှက်ခြင်းများမရှိကြောင်းဆိုသောအကြောင်းကြားချက်ကို လက်ခံရရှိထားကြောင်း ပြောသည်။
ထိုင်း နှင့် ကမ္ဘောဒီးယားနိုင်ငံတို့သည် နယ်စပ်ဒေသပိုင်နက် အငြင်းပွားမှုများကြောင့် ဇူလိုင် ၂၄ ရက်တွင် စတင်ကာ ၅ ရက်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ပြီးနောက် အမေရိကန်သမ္မတ၏ တိုက်တွန်းတောင်းဆိုချက်များကြောင့် လက်ရှိ တွင် အပစ်ခတ်ရပ်စဲရေးရယူရန် သဘောတူညီထားကြောင်း သိရသည်။

Zawgyi Version:
စစ္ပြဲအတြင္းဖမ္းမိသည့္ ကေမာၻဒီးယားစစ္သားအခ်ိဳ႕ကို ထိုင္းစစ္တပ္ ျပန္လည္လႊဲေျပာင္းေပး
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၂
ထိုင္းစစ္တပ္ႏွင့္ျဖစ္ပြားေသာ စစ္ပြဲအတြင္းဖမ္းဆီးထိန္းသိမ္းခံလိုက္ရသည့္ ကေမာၻဒီးယားမ်ားအနက္မွ ႏွစ္ဦးသည္ ၾသဂုတ္ ၁ ရက္တြင္ မိခင္ႏိုင္ငံသို႔ျပန္လာခဲ့ေၾကာင္း သိရသည္။ ထိုင္းစစ္တပ္သည္ ဒဏ္ရာရေနေသာ ကေမာၻဒီးယား စစ္တပ္မွ ဒုတိယဗိုလ္မႉးႀကီးတစ္ဦး ႏွင့္ တပ္ၾကပ္ႀကီးတစ္ဦးကို ၾသဂုတ္ ၁ ရက္တြင္ နယ္စပ္စစ္ေဆးေရးဂိတ္မွ တဆင့္ ျပန္လည္လႊဲေျပာင္းေပးခဲ့ျခင္းျဖစ္သည္။ ထိုင္းႏွင့္ ကေမာၻဒီးယားႏိုင္ငံၾကား ျဖစ္ပြားခဲ့ေသာစစ္ပြဲအတြင္း ကေမာၻဒီးယားစစ္သား ၂ဝ ဦး ဖမ္းဆီးထိန္းသိမ္းခံခဲ့ရၿပီး လက္ရွိတြင္ ၁၈ ဦး က်န္ရွိေနေၾကာင္း သိရသည္။
ကေမာၻဒီးယားအာဏာပိုင္မ်ားသည္ ထိုင္းစစ္တပ္လက္ထဲတြင္က်န္ရွိေနသည့္ ဖမ္းဆီးခံ ကေမာၻဒီးယားစစ္သားမ်ား ကို ႏိုင္ငံတကာလူသားခ်င္းဆိုင္ရာစာနာမႈအကူအညီေပးေရးလုပ္ငန္းစဥ္မ်ားႏွင့္အညီ ျပန္လည္လႊဲေျပာင္းေပးရန္ ေတာင္းဆိုေနေၾကာင္း သိရသည္။
ထိုင္းအမွတ္ ၂ စစ္ေဒသက က်န္ရွိေနသည့္ ကေမာၻဒီးယားစစ္သားမ်ားကို ျပန္လည္လႊဲေျပာင္းေပးရန္ ေ႐ႊ႕ဆိုင္းထား ေၾကာင္း၊ စစ္သားမ်ားကို ျပန္လည္လႊဲေျပာင္းေရးႏွင့္ပတ္သက္ေသာ လုပ္ထုံးလုပ္နည္းမ်ားကို လုပ္ကိုင္လ်က္ရွိေန ေၾကာင္း ေျပာသည္။ ကေမာၻဒီးယားစစ္တပ္ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ထိုင္းစစ္တပ္လက္ထဲတြင္ စစ္သုံးပန္း ျဖစ္ေနေသာ ကေမာၻဒီးယားစစ္သားမ်ားသည္ လက္ရွိအခ်ိန္အတြင္း ေဘးကင္းလုံၿခဳံမႈမ်ားရွိေနေၾကာင္း၊ ထိုင္းစစ္သားမ်ားက ႐ိုက္ႏွက္ျခင္းမ်ားမရွိေၾကာင္းဆိုေသာအေၾကာင္းၾကားခ်က္ကို လက္ခံရရွိထားေၾကာင္း ေျပာသည္။
ထိုင္း ႏွင့္ ကေမာၻဒီးယားႏိုင္ငံတို႔သည္ နယ္စပ္ေဒသပိုင္နက္ အျငင္းပြားမႈမ်ားေၾကာင့္ ဇူလိုင္ ၂၄ ရက္တြင္ စတင္ကာ ၅ ရက္ၾကာ အျပန္အလွန္ပစ္ခတ္ခဲ့ၿပီးေနာက္ အေမရိကန္သမၼတ၏ တိုက္တြန္းေတာင္းဆိုခ်က္မ်ားေၾကာင့္ လက္ရွိ တြင္ အပစ္ခတ္ရပ္စဲေရးရယူရန္ သေဘာတူညီထားေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.