အပစ်ခတ်ရပ်စဲရေးရယူခဲ့သော ထိုင်းနှင့်ကမ္ဘောဒီးယားကို ကုန်သွယ်ခွန် ၁၉ ရာခိုင်နှုန်းသာ လျော့ချကောက်ခံမည်ဟု အမေရိကန်အစိုးရပြော

228

ဂျန်ဇက် (NP News) - သြဂုတ် ၂
အမေရိကန်အစိုးရသည် ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံကြား အပစ်ခတ်ရပ်စဲရေးရယူရန် သဘောတူညီမှုများရရှိခဲ့ပြီး နောက် နှစ်နိုင်ငံစလုံးကို ကုန်သွယ်ခွန် ၁၉ ရာခိုင်နှုန်းသာ ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
အမေရိကန်အစိုးရသည် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ကို ယခင်က ကုန်သွယ်ခွန် ၃၆ ရာခိုင်နှုန်းကောက်ခံရန် စီစဉ်ခဲ့သော်လည်း နှစ်နိုင်ငံကြားစစ်ပွဲဖြစ်ပွားချိန်တွင် အမေရိကန်သမ္မတ၏ ကြားဝင်စေ့စပ်မှုကိုလက်ခံပြီး အပစ်ခတ်ရပ်စဲရေးရယူရန် သဘောတူညီခဲ့ခြင်းကြောင့် ကုန်သွယ်ခွန်ကို ၁၉ ရာခိုင်နှုန်းသာ ကောက်ခံရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတက ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံတို့သည် စစ်ပွဲဖြစ်ပွားနေချိန်အတွင်း တိုက်ခိုက်မှုများကို အဆုံးသတ်ပြီး စေ့စပ်ဆွေးနွေးမှုမလုပ်ဆောင်ဘူးဆိုလျှင် နှစ်နိုင်ငံစလုံးကို ကုန်သွယ်ခွန်တိုးမြှင့်ကောက်ခံမည်ဟု သတိပေးခဲ့ကြောင်း သိရသည်။ မလေးရှားနိုင်ငံသည် ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံကြား အပစ်ခတ်ရပ်စဲနိုင်ရန် လက်တွေ့ကြားဝင်ဆောင်ရွက်ပေးခဲ့သည့်အတွက် ကုန်သွယ်ခွန် ၁၉ ရာခိုင်နှုန်းသာ ကောက်ခံဖြစ်ကြောင်း အမေရိကန်အစိုးရက ပြောသည်။
အမေရိကန်အစိုးရသည် အရှေ့တောင်အာရှဒေသအတွင်းနိုင်ငံများအနက် ထိုင်း၊ ကမ္ဘောဒီးယား၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နိုင်ငံတို့ကို ကုန်သွယ်ခွန် ၁၉ ရာခိုင်နှုန်းသာ ကောက်ခံမည်ဖြစ်ကြောင်း ပြောသည်။ အမေရိကန်သည် မြန်မာနှင့် လာအိုနိုင်ငံကို ကုန်သွယ်ခွန် ၄၀ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံကို ၂၀ရာခိုင်နှုန်း၊ ဘရူးနိုင်း နိုင်ငံကို ၂၅ ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံကို ၁ဝ ရာခိုင်နှုန်းကောက်ခံမည်ဟု ဆိုထားသည်။
ထိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူက ''အမေရိကန်ရဲ့ကုန်သွယ်ခွန်ဟာ နှစ်နိုင်ငံကြားအပြန်အလှန် ကုန်သွယ်ရေး နဲ့ ရေရှည်စီးပွားရေးတည်ငြိမ်မှုများအတွက် အပြန်အလှန် အကျိုးဖြစ်ထွန်းလာဖွယ်ရှိတယ်'' ဟု ပြောသည်။

Zawgyi Version:
အပစ္ခတ္ရပ္စဲေရးရယူခဲ့ေသာ ထိုင္းႏွင့္ကေမာၻဒီးယားကို ကုန္သြယ္ခြန္ ၁၉ ရာခိုင္ႏႈန္းသာ ေလ်ာ့ခ်ေကာက္ခံမည္ဟု အေမရိကန္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ၾသဂုတ္ ၂
အေမရိကန္အစိုးရသည္ ထိုင္းႏွင့္ကေမာၻဒီးယားႏိုင္ငံၾကား အပစ္ခတ္ရပ္စဲေရးရယူရန္ သေဘာတူညီမႈမ်ားရရွိခဲ့ၿပီး ေနာက္ ႏွစ္ႏိုင္ငံစလုံးကို ကုန္သြယ္ခြန္ ၁၉ ရာခိုင္ႏႈန္းသာ ေကာက္ခံမည္ျဖစ္ေၾကာင္း သိရသည္။
အေမရိကန္အစိုးရသည္ ထိုင္းႏွင့္ ကေမာၻဒီးယားႏိုင္ငံတို႔ကို ယခင္က ကုန္သြယ္ခြန္ ၃၆ ရာခိုင္ႏႈန္းေကာက္ခံရန္ စီစဥ္ခဲ့ေသာ္လည္း ႏွစ္ႏိုင္ငံၾကားစစ္ပြဲျဖစ္ပြားခ်ိန္တြင္ အေမရိကန္သမၼတ၏ ၾကားဝင္ေစ့စပ္မႈကိုလက္ခံၿပီး အပစ္ခတ္ရပ္စဲေရးရယူရန္ သေဘာတူညီခဲ့ျခင္းေၾကာင့္ ကုန္သြယ္ခြန္ကို ၁၉ ရာခိုင္ႏႈန္းသာ ေကာက္ခံရန္ စီစဥ္ခဲ့ျခင္းျဖစ္သည္။
အေမရိကန္သမၼတက ထိုင္းႏွင့္ကေမာၻဒီးယားႏိုင္ငံတို႔သည္ စစ္ပြဲျဖစ္ပြားေနခ်ိန္အတြင္း တိုက္ခိုက္မႈမ်ားကို အဆုံးသတ္ၿပီး ေစ့စပ္ေဆြးေႏြးမႈမလုပ္ေဆာင္ဘူးဆိုလွ်င္ ႏွစ္ႏိုင္ငံစလုံးကို ကုန္သြယ္ခြန္တိုးျမႇင့္ေကာက္ခံမည္ဟု သတိေပးခဲ့ေၾကာင္း သိရသည္။ မေလးရွားႏိုင္ငံသည္ ထိုင္းႏွင့္ ကေမာၻဒီးယားႏိုင္ငံၾကား အပစ္ခတ္ရပ္စဲႏိုင္ရန္ လက္ေတြ႕ၾကားဝင္ေဆာင္႐ြက္ေပးခဲ့သည့္အတြက္ ကုန္သြယ္ခြန္ ၁၉ ရာခိုင္ႏႈန္းသာ ေကာက္ခံျဖစ္ေၾကာင္း အေမရိကန္အစိုးရက ေျပာသည္။
အေမရိကန္အစိုးရသည္ အေရွ႕ေတာင္အာရွေဒသအတြင္းႏိုင္ငံမ်ားအနက္ ထိုင္း၊ ကေမာၻဒီးယား၊ မေလးရွား၊ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္ႏိုင္ငံတို႔ကို ကုန္သြယ္ခြန္ ၁၉ ရာခိုင္ႏႈန္းသာ ေကာက္ခံမည္ျဖစ္ေၾကာင္း ေျပာသည္။ အေမရိကန္သည္ ျမန္မာႏွင့္ လာအိုႏိုင္ငံကို ကုန္သြယ္ခြန္ ၄၀ရာခိုင္ႏႈန္း၊ ဗီယက္နမ္ႏိုင္ငံကို ၂၀ရာခိုင္ႏႈန္း၊ ဘ႐ူးႏိုင္း ႏိုင္ငံကို ၂၅ ရာခိုင္ႏႈန္း၊ စင္ကာပူႏိုင္ငံကို ၁ဝ ရာခိုင္ႏႈန္းေကာက္ခံမည္ဟု ဆိုထားသည္။
ထိုင္းအစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူက ''အေမရိကန္ရဲ႕ကုန္သြယ္ခြန္ဟာ ႏွစ္ႏိုင္ငံၾကားအျပန္အလွန္ ကုန္သြယ္ေရး နဲ႔ ေရရွည္စီးပြားေရးတည္ၿငိမ္မႈမ်ားအတြက္ အျပန္အလွန္ အက်ိဳးျဖစ္ထြန္းလာဖြယ္ရွိတယ္'' ဟု ေျပာသည္။