မလေးရှားဝန်ကြီးချုပ်ဟောင်း ပြစ်ဒဏ်ကို တော်ဝင်ဘုရင့်နန်းတော်ထံ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ လျှောက်ထား

 511

ဂျန်ဇက် (NP News) - စက်တင်ဘာ ၅

အကျင့်ပျက်လာဘ်စားမှုများကြောင့် မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇာတ် ဟာ မလေးရှားတော်ဝင် နန်းတော်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်ရယူဖို့ လျှောက်ထားလိုက်တယ်လို့ သိရပါတယ်။

အသက် ၆၉ နှစ်အရွယ်ရှိ မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇာတ်ဟာ မလေးရှားဝန်ကြီးချုပ်အဖြစ် တာဝန် ယူချိန်အတွင်း အကျင့်ပျက်လာဘ်စားမှုများရှိခဲ့တယ်ဆိုပြီး ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ကျခံဖို့ အမိန့်ချခံထားရပြီး အဲဒီအမှုအတွက် မလေးရှားတရားရုံးချုပ်မှာ အယူခံဝင်ခဲ့ရာ တရားရုံးချုပ်ကလည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ အယူခံကို ပယ်ချခဲ့ပါတယ်။

မလေးရှားဝန်ကြီးချုပ်ဟောင်းဟာ မလေးရှားဖွံ့ဖြိုးတိုးတက်ရေး (1MDB) ရန်ပုံငွေ နဲ့ပတ်သက်ပြီး အကျင့်ပျက် လာဘ်စားခဲ့တယ်လို့ စွဲချက်တင်ခံရကာ ထောင်ဒဏ် ၁၂ နှစ်နဲ့ ငွေဒဏ် အမေရိကန်ဒေါ်လာ သန်း ၅ဝ ပေးဖို့ အမိန့်ချ ခံထားရပါတယ်။

မလေးရှားလွှတ်တော်ဥက္ကဋ္ဌဖြစ်သူ Azhar Azizan Harun က နာဂျစ်ရာဇာတ်ဟာ သူရဲ့ပြစ်ဒဏ်နဲ့ပတ်သက်ပြီး မလေးရှားတော်ဝင်ဘုရင့်နန်းတော်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်လျှောက်ထားမှာဖြစ်ကြောင်း နာဂျစ်ရာဇာတ်ဟာ လွတ်ငြိမ်းချမ်းသာခွင့်ရဖို့ လျှောက်ထားမှုပယ်ချခံရမယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခွင့် ရှိတော့မှာ မဟုတ်ကြောင်း ဆိုပါတယ်။

နာဂျစ်ရာဇာတ်ရဲ့ရှေ့နေဖြစ်သူကတော့ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့လျှောက်ထားမှုကို အတည်ပြုခဲ့ပြီး အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်းတော့ မရှိခဲ့ဘူးလို့ သိရပါတယ်။ နာဂျစ်ရဲ့အယူခံကို ဘုရင်က ခန့်အပ်ထားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးဘုတ်အဖွဲ့က ပြန်လည်သုံးသပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

မလေးရှားဝန်ကြီးချုပ်ဟောင်း မလေးရှားတော်ဝင်နန်းတော် နဲ့ ရင်းနှီးမှုရှိသူဖြစ်ပြီး လွတ်ငြိမ်းချမ်းသာခွင့် ရဖွယ်ရှိနေကြောင်း သတင်းများလည်း ထွက်ပေါ်နေပါတယ်။

Zawgyi Version;
မေလးရွားဝန္ႀကီးခ်ဳပ္ေဟာင္း ျပစ္ဒဏ္ကို ေတာ္ဝင္ဘုရင့္နန္းေတာ္ထံ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးဖို႔ ေလွ်ာက္ထား
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၅

အက်င့္ပ်က္လာဘ္စားမႈမ်ားေၾကာင့္ မေလးရွားဝန္ႀကီးခ်ဳပ္ေဟာင္း နာဂ်စ္ရာဇာတ္ဟာ မေလးရွားေတာ္ဝင္ နန္းေတာ္ရဲ႕လြတ္ၿငိမ္းခ်မ္းသာခြင့္ရယူဖို႔ ေလွ်ာက္ထားလိုက္တယ္လို႔ သိရပါတယ္။

အသက္ ၆၉ ႏွစ္အ႐ြယ္ရွိ မေလးရွားဝန္ႀကီးခ်ဳပ္ေဟာင္း နာဂ်စ္ရာဇာတ္ဟာ မေလးရွားဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ ယူခ်ိန္အတြင္း အက်င့္ပ်က္လာဘ္စားမႈမ်ားရွိခဲ့တယ္ဆိုၿပီး ေထာင္ဒဏ္ ၁၂ ႏွစ္ ျပစ္ဒဏ္က်ခံဖို႔ အမိန႔္ခ်ခံထားရၿပီး အဲဒီအမႈအတြက္ မေလးရွားတရား႐ုံးခ်ဳပ္မွာ အယူခံဝင္ခဲ့ရာ တရား႐ုံးခ်ဳပ္ကလည္း ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အယူခံကို ပယ္ခ်ခဲ့ပါတယ္။

မေလးရွားဝန္ႀကီးခ်ဳပ္ေဟာင္းဟာ မေလးရွားဖြံ႕ၿဖိဳးတိုးတက္ေရး (1MDB) ရန္ပုံေငြ နဲ႔ပတ္သက္ၿပီး အက်င့္ပ်က္ လာဘ္စားခဲ့တယ္လို႔ စြဲခ်က္တင္ခံရကာ ေထာင္ဒဏ္ ၁၂ ႏွစ္နဲ႔ ေငြဒဏ္ အေမရိကန္ေဒၚလာ သန္း ၅ဝ ေပးဖို႔ အမိန႔္ခ် ခံထားရပါတယ္။

မေလးရွားလႊတ္ေတာ္ဥကၠ႒ျဖစ္သူ Azhar Azizan Harun က နာဂ်စ္ရာဇာတ္ဟာ သူရဲ႕ျပစ္ဒဏ္နဲ႔ပတ္သက္ၿပီး မေလးရွားေတာ္ဝင္ဘုရင့္နန္းေတာ္ရဲ႕လြတ္ၿငိမ္းခ်မ္းသာခြင့္ေလွ်ာက္ထားမွာျဖစ္ေၾကာင္း နာဂ်စ္ရာဇာတ္ဟာ လြတ္ၿငိမ္းခ်မ္းသာခြင့္ရဖို႔ ေလွ်ာက္ထားမႈပယ္ခ်ခံရမယ္ဆိုရင္ လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေ႐ြးခ်ယ္ခြင့္ ရွိေတာ့မွာ မဟုတ္ေၾကာင္း ဆိုပါတယ္။

နာဂ်စ္ရာဇာတ္ရဲ႕ေရွ႕ေနျဖစ္သူကေတာ့ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးဖို႔ေလွ်ာက္ထားမႈကို အတည္ျပဳခဲ့ၿပီး အေသးစိတ္ ထုတ္ေဖာ္ေျပာဆိုျခင္းေတာ့ မရွိခဲ့ဘူးလို႔ သိရပါတယ္။ နာဂ်စ္ရဲ႕အယူခံကို ဘုရင္က ခန႔္အပ္ထားတဲ့ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးေရးဘုတ္အဖြဲ႕က ျပန္လည္သုံးသပ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

မေလးရွားဝန္ႀကီးခ်ဳပ္ေဟာင္း မေလးရွားေတာ္ဝင္နန္းေတာ္ နဲ႔ ရင္းႏွီးမႈရွိသူျဖစ္ၿပီး လြတ္ၿငိမ္းခ်မ္းသာခြင့္ ရဖြယ္ရွိေနေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚေနပါတယ္။

Related news

© 2021. All rights reserved.