လျာထားချက်အတိုင်း "ထင်း" ရှာမပေးနိုင်၍ မော်လ်ဒိုဘာဝန်ကြီးဖြစ်သူ ရာထူးမှ နှုတ်ထွက်

657

Htay Oung (NP News) - စက်တင်ဘာ ၁၁
ဆောင်းရာသီအနွေးဓါတ်ပေးရေး ထင်းဝယ်ယူဖို့အတွက် လူမှုကွန်ရက်မှာ အကူအညီပေး ဝဘ်ဆိုဒ်လွှင့်တင်ခဲ့တဲ့ လုပ်ရပ်ကို အစိုးရဝန်ကြီးချုပ်က ဝေဖန်အပြီးနောက်တစ်ရက်မှာဘဲ မော်လ်ဒိုဗာ သဘာဝပတ်ဝန်း ကျင်ဆိုင်ရာဝန်ကြီး ရာထူးက နုတ်ထွက်လိုက်ရတယ်လို့ Russia Today က စက်တင်ဘာလ ၁ဝ ရက်ကရေးသားပါတယ်။
စိုက်ပျိုးရေး၊ ဒေသဖွံ့ဖြိုးရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အမျိုးသမီးဝန်ကြီးဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဂျူလီယာနာ ကန်တာရာဂျူဟာ ကြာသပတေးနေ့ (စက်တင် ဘာလ ၈ ရက်)မှာ ရာထူးမှ နှုတ်ထွက်ခဲ့ပါတယ်။ ဂျူလီယာနာရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များအပေါ် အလေးအနက် ချီးကျူးပါကြောင်း၊ ဂျူလီယာနာနဲ့အတူ တာဝန်ထမ်းဆောင်သူများကို ကျေးဇူးတင်ရှိပါကြောင်း မော်လ်ဒိုဗာအမျိုးသမီးဝန်ကြီးချုပ် နာတာလီယာ ဂါဗရီလီတာက သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားပါတယ်။ ဝန်ကြီးချုပ်နာတာလီယာဟာ ဂျူလီယာရဲ့ နှုတ်ထွက်လွှာကို လက်ခံခဲ့သူဖြစ်ပါတယ်။
ဆောင်းရာသီအတွက် မော်လ်ဒိုဗာနိုင်ငံသားများက ထင်းဝယ်ယူရာမှာ ဂျူလီယာနာရဲ့ ကူညီဆောင်ရွက်ပေးရန် ပျက်ကွက်မှုနဲ့ ပတ်သက်ပြီး အစိုးရအစည်းအဝေးတစ်ခုမှာ ဝေဖန်ခဲ့ပါတယ်။ ထင်းဝယ်ယူရရှိရေးအတွက် ဆက်သွယ်ကူညီရမယ့် ဟော့လိုင်းဖုန်းနံပါတ်တွေနဲ့ ဝဘ်ပေါ်တယ် lemne.md ကို စက်တင်ဘာလ ၁ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပုံရပါတယ်။
ထင်းရှာဖွေရေး အကျိူးရလဒ်ဖြစ်ထွန်းမှုများ နှောင့်နှေးတယ်လို့ အမည်မဖော်ပြတဲ့ ဝန်ကြီးဋ္ဌာနအပေါ် ဝန်ကြီးချုပ် နာတာလီယာက အပြစ်တင်ခဲ့ပြီး ထင်းရရှိရေးဟာ ရက် သတ္တပတ် (၂)ပတ်အတွင်း အသင့်ဖြစ်ရန် လိုအပ်ကြောင်းပြောပါတယ်။ အဲ့ဒီနောက်ပိုင်းဆို လုပ်နေရင်လဲ အလကားဖြစ်လိမ့်မယ်လို့ ဝန်ကြီးချုပ်က သုံးသပ်ပါတယ်။
ထင်းရရှိရေး အချက်အလက်တွေ အသုံးချနိုင်ဖို့ လက်တွေ့ဟန်ချက်ညီညီ အချိန်မီလုပ် ဆောင်ရန် လိုအပ်ကြောင်း၊ ဝဘ်ဆိုက်ကြီး ဖန်တီးတယ်ဆိုတဲ့ ကိစ္စဟာ အပျော်တမ်းသ မားတစ်ယောက် တစ်ရက်တာ အလုပ်ဖြစ်တယ်လို့ ဝန်ကြီးချုပ်ရဲ့ မှတ်ချက်ကို ကိုးကားပြီး ဒေသခံမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။
ဝန်ကြီးအပြောင်းအလဲအကြောင်း သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ မေး ခွန်းနဲ့ပတ်သက်ပြီး လျာထားချက်အတိုင်း ထင်းရရှိရေး နောက်ကျနေခြင်းဟာ လုံးဝ သ ဘာဝကျတဲ့ ကိစ္စဖြစ်ပြီး ဒီကိစ္စဟာ လက်လှမ်းမီနိုင်မှု အပြင်ဘက်မှာရှိနေတယ်လို့ ဂျူလီယာနာက ဖြေဆိုကြောင်း၊ ဒီအတွက်နဲ့ ရာထူးမှ နှုတ်ထွက်ပုံရ တယ်လို့ မီဒီယာများက မှန်းဆရေးသားကြပါတယ်။
ကမ္ဘာ့စွမ်းအင်အကျပ်အတည်းကာလအတွင်း ဝယ်လိုအားတိုးမြင့်လာတဲ့အတွက် ထင်းပြတ်လပ်မှုကြုံတွေ့ရနိုင် ကြောင်း ပြီးခဲ့တဲ့ သြဂုတ်လကတည်းက မော်လ်ဒိုဗာ အမျိုး သားသစ်တောအေဂျင်စီ သတိပေးခဲ့ဖူးပါတယ်။ လူမှုကွန်ရက် ဝဘ်ပေါ်တယ်ဟာ ထင်းဝယ်ယူရာမှာ ဈေးကြီး ပေးရမျိုးမှ ကာကွယ်နိုင်လိမ့်မယ်လို့ သဘာဝပတ် ဝန်းကျင်ဆိုင်ရာ ဝန်ကြီးဌာနက ပြောပါတယ်။
'ထင်း' လို့ အဓိပ္ပာယ်ရတဲ့ ဝဘ်ဆိုဒ်တစ်ခု ဖန်တီးပြီး ကမ်းလှမ်းချက်ဟာ မော်လ်ဒိုဗာနိုင်ငံသားတို့အကြား အံ့သြ စရာ ဖြစ်လာခဲ့ပါတယ်။ အစိုးရရဲ့ ပြည်သူ့ဘဏ္ဍာငွေကို အကောင်းဆုံး အသုံးပြုတယ်ဆိုတာ ဒါမျိုးကြီးလားလို့ နိုင်ငံသားအချို့က သရော်လှောင်ပြောင်ခဲ့ကြပါတယ်။
ဥရောပအရှေ့ပိုင်း ယူကရိန်းနဲ့ ရိုမေးနီးယားနိုင်ငံတို့အကြား မော်လ်ဒိုဗာဟာ ဧရိယာ စတုရန်းမိုင်ပေါင်း ၁၃ဝဝဝ ကျော်သာရှိတဲ့အတွက် မြန်မာနိုင်ငံ ချင်းပြည်နယ်မျှသာ ကျယ်ဝန်းပါတယ်။ ပင်လယ်နက်အနီး ရိုမေးနီးယား ဘာသာစကားပြောဆိုသူ ၂.၆ သန်းခန့် နေထိုင်ရာ ကုန်းတွင်း ပိတ်နိုင်ငံဖြစ်ပါတယ်။
သေးငယ်တဲ့နိုင်ငံလေးဖြစ်ပေမဲ့ ယူကရိန်းအနောက် တောင်ပိုင်းနဲ့ ထိစပ်နေတဲ့ မော်လ်ဒိုဗာမှာ ရုရှားလိုလားသူ “ထရန့်နစ်စတြီးယား"တို့ရဲ့ သောင်းကျန်းမှုဟာ မော်စကိုနဲ့ နေတိုးတို့ အကြား ထိပ်တိုက်တွေ့ရန် အကြောင်း တစ်ခု ဖြစ်ပါတယ်။ အတိတ်ကာလ ဆိုဗီယက်ယူနီယံအတွင်း ပါဝင်ခဲ့ဖူးတဲ့ မော်လ်ဒိုဗာရဲ့ ဖွဲ့စည်းပုံအရ စစ်စာ ချုပ်တစ်ခုခုရဲ့ အဖွဲ့ဝင်အဖြစ်မှ တားဆီးထားပါတယ်။
ရုပ်ကြွင်းလောင်စာ သယံဇာတ ရှားပါးပြီး လိုအပ်တဲ့ စွမ်းအင် အားလုံးကို ပြည်ပမှ တင်သွင်းရပါတယ်။ အဓိက အားဖြင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကို အသုံးပြုပေမဲ့ ယူကရိန်းစစ်ပွဲနောက်ဆက်တွဲ ရုရှားရဲ့ ဥရောပအပေါ် သဘာဝဓါတ်ငွေ့ ဖြတ်တောက်မှုဟာ မော်လ်ဒိုဗာ အပေါ်လည်း ဂယက်ရိုက်ခတ်နေပါတယ်။
(အနောက်အုပ်စု ဒဏ်ခတ်ပိတ်ဆို့မှုကို ရုရှားက ဓါတ်ငွေနဲ့ လက်တုံ့ပြန်ရာမှာ စွမ်းအင်ရှားပါးပြတ်လပ်ခြင်း၊ ငွေကြေးဖောင်းပွခြင်း၊ ကုန်ပစ္စည်းဈေးနှုန်းမြင့်တက်ခြင်း အကျိုး ဆက်တို့ဟာ ဥရောပသာမက အမေရိကန်အပေါ်မှလည်း ဆက်နွယ်သက်ရောက်လျှက်ရှိပါသည်။
အထူးသဖြင့် မကြာမီ ဝင်ရောက်လာတော့မည့် “ဥရောပဆောင်းရာသီ“ တွင် လူရေခဲတုံး မဖြစ်ရေးအတွက် အစားထိုး အပူပေးလောင်စာအဖြစ် ထင်း ရှာဖွေစုဆောင်းရေးကို ဗြိတိန်၊ ဂျာမနီကဲ့သို့ နိုင်ငံကြီးများပင် လုပ် ဆောင်နေကြပါသည်။ လောလောဆယ် ဥရောပနိုင်ငံအတော်များများတွင် ယခုအချိန်မှစတင်၍ စွမ်းအင်ချွေ တာသည့့်အနေဖြင့် အချိန်ပိုင်းအလိုက် လျှပ်စစ်မီး ဖြတ်တောက်လျက်ရှိသည်။ )

zawgyi version
လ်ာထားခ်က္အတိုင္း "ထင္း" ရွာမေပးႏိုင္၍ ေမာ္လ္ဒိုဘာဝန္ႀကီးျဖစ္သူ ရာထူးမွ ႏႈတ္ထြက္
Htay Oung (NP News) - စက္တင္ဘာ ၁၁
ေဆာင္းရာသီအေႏြးဓါတ္ေပးေရး ထင္းဝယ္ယူဖို႔အတြက္ လူမႈကြန္ရက္မွာ အကူအညီေပး ဝဘ္ဆိုဒ္လႊင့္တင္ခဲ့တဲ့ လုပ္ရပ္ကို အစိုးရဝန္ႀကီးခ်ဳပ္က ေဝဖန္အၿပီးေနာက္တစ္ရက္မွာဘဲ ေမာ္လ္ဒိုဗာ သဘာဝပတ္ဝန္း က်င္ဆိုင္ရာဝန္ႀကီး ရာထူးက ႏုတ္ထြက္လိုက္ရတယ္လို႔ Russia Today က စက္တင္ဘာလ ၁ဝ ရက္ကေရးသားပါတယ္။
စိုက္ပ်ိဳးေရး၊ ေဒသဖြံ႕ၿဖိဳးေရးနဲ႔ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ အမ်ိဳးသမီးဝန္ႀကီးျဖစ္သူ အသက္ ၄၂ ႏွစ္အ႐ြယ္ ဂ်ဴလီယာနာ ကန္တာရာဂ်ဴဟာ ၾကာသပေတးေန႔ (စက္တင္ ဘာလ ၈ ရက္)မွာ ရာထူးမွ ႏႈတ္ထြက္ခဲ့ပါတယ္။ ဂ်ဴလီယာနာရဲ႕ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ျပဳျပင္ေျပာင္းလဲေရး ေဆာင္႐ြက္ခ်က္မ်ားအေပၚ အေလးအနက္ ခ်ီးက်ဴးပါေၾကာင္း၊ ဂ်ဴလီယာနာနဲ႔အတူ တာဝန္ထမ္းေဆာင္သူမ်ားကို ေက်းဇူးတင္ရွိပါေၾကာင္း ေမာ္လ္ဒိုဗာအမ်ိဳးသမီးဝန္ႀကီးခ်ဳပ္ နာတာလီယာ ဂါဗရီလီတာက သူ႔ရဲ႕ Facebook စာမ်က္ႏွာမွာ ေရးသားပါတယ္။ ဝန္ႀကီးခ်ဳပ္နာတာလီယာဟာ ဂ်ဴလီယာရဲ႕ ႏႈတ္ထြက္လႊာကို လက္ခံခဲ့သူျဖစ္ပါတယ္။
ေဆာင္းရာသီအတြက္ ေမာ္လ္ဒိုဗာႏိုင္ငံသားမ်ားက ထင္းဝယ္ယူရာမွာ ဂ်ဴလီယာနာရဲ႕ ကူညီေဆာင္႐ြက္ေပးရန္ ပ်က္ကြက္မႈနဲ႔ ပတ္သက္ၿပီး အစိုးရအစည္းအေဝးတစ္ခုမွာ ေဝဖန္ခဲ့ပါတယ္။ ထင္းဝယ္ယူရရွိေရးအတြက္ ဆက္သြယ္ကူညီရမယ့္ ေဟာ့လိုင္းဖုန္းနံပါတ္ေတြနဲ႔ ဝဘ္ေပၚတယ္ lemne.md ကို စက္တင္ဘာလ ၁ ရက္မွာ စတင္ဖြင့္လွစ္ခဲ့ျခင္း ျဖစ္ပုံရပါတယ္။
ထင္းရွာေဖြေရး အက်ိဴးရလဒ္ျဖစ္ထြန္းမႈမ်ား ေႏွာင့္ေႏွးတယ္လို႔ အမည္မေဖာ္ျပတဲ့ ဝန္ႀကီး႒ာနအေပၚ ဝန္ႀကီးခ်ဳပ္ နာတာလီယာက အျပစ္တင္ခဲ့ၿပီး ထင္းရရွိေရးဟာ ရက္ သတၱပတ္ (၂)ပတ္အတြင္း အသင့္ျဖစ္ရန္ လိုအပ္ေၾကာင္းေျပာပါတယ္။ အဲ့ဒီေနာက္ပိုင္းဆို လုပ္ေနရင္လဲ အလကားျဖစ္လိမ့္မယ္လို႔ ဝန္ႀကီးခ်ဳပ္က သုံးသပ္ပါတယ္။
ထင္းရရွိေရး အခ်က္အလက္ေတြ အသုံးခ်ႏိုင္ဖို႔ လက္ေတြ႕ဟန္ခ်က္ညီညီ အခ်ိန္မီလုပ္ ေဆာင္ရန္ လိုအပ္ေၾကာင္း၊ ဝဘ္ဆိုက္ႀကီး ဖန္တီးတယ္ဆိုတဲ့ ကိစၥဟာ အေပ်ာ္တမ္းသ မားတစ္ေယာက္ တစ္ရက္တာ အလုပ္ျဖစ္တယ္လို႔ ဝန္ႀကီးခ်ဳပ္ရဲ႕ မွတ္ခ်က္ကို ကိုးကားၿပီး ေဒသခံမီဒီယာေတြက ေဖာ္ျပခဲ့ၾကပါတယ္။
ဝန္ႀကီးအေျပာင္းအလဲအေၾကာင္း သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္ေတြရဲ႕ ေမး ခြန္းနဲ႔ပတ္သက္ၿပီး လ်ာထားခ်က္အတိုင္း ထင္းရရွိေရး ေနာက္က်ေနျခင္းဟာ လုံးဝ သ ဘာဝက်တဲ့ ကိစၥျဖစ္ၿပီး ဒီကိစၥဟာ လက္လွမ္းမီႏိုင္မႈ အျပင္ဘက္မွာရွိေနတယ္လို႔ ဂ်ဴလီယာနာက ေျဖဆိုေၾကာင္း၊ ဒီအတြက္နဲ႔ ရာထူးမွ ႏႈတ္ထြက္ပုံရ တယ္လို႔ မီဒီယာမ်ားက မွန္းဆေရးသားၾကပါတယ္။
ကမာၻ႔စြမ္းအင္အက်ပ္အတည္းကာလအတြင္း ဝယ္လိုအားတိုးျမင့္လာတဲ့အတြက္ ထင္းျပတ္လပ္မႈႀကဳံေတြ႕ရႏိုင္ ေၾကာင္း ၿပီးခဲ့တဲ့ ၾသဂုတ္လကတည္းက ေမာ္လ္ဒိုဗာ အမ်ိဳး သားသစ္ေတာေအဂ်င္စီ သတိေပးခဲ့ဖူးပါတယ္။ လူမႈကြန္ရက္ ဝဘ္ေပၚတယ္ဟာ ထင္းဝယ္ယူရာမွာ ေဈးႀကီး ေပးရမ်ိဳးမွ ကာကြယ္ႏိုင္လိမ့္မယ္လို႔ သဘာဝပတ္ ဝန္းက်င္ဆိုင္ရာ ဝန္ႀကီးဌာနက ေျပာပါတယ္။
'ထင္း' လို႔ အဓိပၸာယ္ရတဲ့ ဝဘ္ဆိုဒ္တစ္ခု ဖန္တီးၿပီး ကမ္းလွမ္းခ်က္ဟာ ေမာ္လ္ဒိုဗာႏိုင္ငံသားတို႔အၾကား အံ့ၾသ စရာ ျဖစ္လာခဲ့ပါတယ္။ အစိုးရရဲ႕ ျပည္သူ႔ဘ႑ာေငြကို အေကာင္းဆုံး အသုံးျပဳတယ္ဆိုတာ ဒါမ်ိဳးႀကီးလားလို႔ ႏိုင္ငံသားအခ်ိဳ႕က သေရာ္ေလွာင္ေျပာင္ခဲ့ၾကပါတယ္။
ဥေရာပအေရွ႕ပိုင္း ယူကရိန္းနဲ႔ ႐ိုေမးနီးယားႏိုင္ငံတို႔အၾကား ေမာ္လ္ဒိုဗာဟာ ဧရိယာ စတုရန္းမိုင္ေပါင္း ၁၃ဝဝဝ ေက်ာ္သာရွိတဲ့အတြက္ ျမန္မာႏိုင္ငံ ခ်င္းျပည္နယ္မွ်သာ က်ယ္ဝန္းပါတယ္။ ပင္လယ္နက္အနီး ႐ိုေမးနီးယား ဘာသာစကားေျပာဆိုသူ ၂.၆ သန္းခန႔္ ေနထိုင္ရာ ကုန္းတြင္း ပိတ္ႏိုင္ငံျဖစ္ပါတယ္။
ေသးငယ္တဲ့ႏိုင္ငံေလးျဖစ္ေပမဲ့ ယူကရိန္းအေနာက္ ေတာင္ပိုင္းနဲ႔ ထိစပ္ေနတဲ့ ေမာ္လ္ဒိုဗာမွာ ႐ုရွားလိုလားသူ “ထရန႔္နစ္စႀတီးယား"တို႔ရဲ႕ ေသာင္းက်န္းမႈဟာ ေမာ္စကိုနဲ႔ ေနတိုးတို႔ အၾကား ထိပ္တိုက္ေတြ႕ရန္ အေၾကာင္း တစ္ခု ျဖစ္ပါတယ္။ အတိတ္ကာလ ဆိုဗီယက္ယူနီယံအတြင္း ပါဝင္ခဲ့ဖူးတဲ့ ေမာ္လ္ဒိုဗာရဲ႕ ဖြဲ႕စည္းပုံအရ စစ္စာ ခ်ဳပ္တစ္ခုခုရဲ႕ အဖြဲ႕ဝင္အျဖစ္မွ တားဆီးထားပါတယ္။
႐ုပ္ႂကြင္းေလာင္စာ သယံဇာတ ရွားပါးၿပီး လိုအပ္တဲ့ စြမ္းအင္ အားလုံးကို ျပည္ပမွ တင္သြင္းရပါတယ္။ အဓိက အားျဖင့္ ျပန္လည္ျပည့္ၿဖိဳးၿမဲ စြမ္းအင္ကို အသုံးျပဳေပမဲ့ ယူကရိန္းစစ္ပြဲေနာက္ဆက္တြဲ ႐ုရွားရဲ႕ ဥေရာပအေပၚ သဘာဝဓါတ္ေငြ႕ ျဖတ္ေတာက္မႈဟာ ေမာ္လ္ဒိုဗာ အေပၚလည္း ဂယက္႐ိုက္ခတ္ေနပါတယ္။
(အေနာက္အုပ္စု ဒဏ္ခတ္ပိတ္ဆို႔မႈကို ႐ုရွားက ဓါတ္ေငြနဲ႔ လက္တုံ႔ျပန္ရာမွာ စြမ္းအင္ရွားပါးျပတ္လပ္ျခင္း၊ ေငြေၾကးေဖာင္းပြျခင္း၊ ကုန္ပစၥည္းေဈးႏႈန္းျမင့္တက္ျခင္း အက်ိဳး ဆက္တို႔ဟာ ဥေရာပသာမက အေမရိကန္အေပၚမွလည္း ဆက္ႏြယ္သက္ေရာက္လွ်က္ရွိပါသည္။
အထူးသျဖင့္ မၾကာမီ ဝင္ေရာက္လာေတာ့မည့္ “ဥေရာပေဆာင္းရာသီ“ တြင္ လူေရခဲတုံး မျဖစ္ေရးအတြက္ အစားထိုး အပူေပးေလာင္စာအျဖစ္ ထင္း ရွာေဖြစုေဆာင္းေရးကို ၿဗိတိန္၊ ဂ်ာမနီကဲ့သို႔ ႏိုင္ငံႀကီးမ်ားပင္ လုပ္ ေဆာင္ေနၾကပါသည္။ ေလာေလာဆယ္ ဥေရာပႏိုင္ငံအေတာ္မ်ားမ်ားတြင္ ယခုအခ်ိန္မွစတင္၍ စြမ္းအင္ေခြၽ တာသည့့္အေနျဖင့္ အခ်ိန္ပိုင္းအလိုက္ လွ်ပ္စစ္မီး ျဖတ္ေတာက္လ်က္ရွိသည္။ )