အလုပ်သမားများ လစာခံစားခွင့်ဆိုင်ရာ ကန်ထရိုက်ချုပ်ဆိုဖို့ နောက်ဆုံးရက် နီးကပ်လာတာနဲ့အမျှ အမေရိကန် ကုန်စည်ပို့ဆောင်ရေးရထားလမ်းများမှာ ကုန်တင်/ကုန်ချ ကြန့်ကြာမှုများ ဖြစ်ပေါ်နေ

 555

ရောင်နီ (NP News) - စက်တင်ဘာ ၁၂

အမေရိကန်ကုန်စည်ပို့ဆောင်ရေးမှာ အလုပ်သမား ၆ဝဝဝဝ နီးပါးရဲ့လုပ်ခလစာနဲ့ ကျန်းမာရေးဆိုင်ရာ ခံစားခွင့်တွေအတွက် ညှိနှိုင်းနေတာကြောင့် အလုပ်ရှင်များက အမေရိကန်ရထားလမ်းများမှာ ကုန်စည် အချို့ တင်ပို့ခြင်းကို ရပ်ဆိုင်းထားပါတယ်။

အလုပ်သမားများ လုပ်ခလစာနဲ့ ကျန်းမာရေးဆိုင်ရာခံစားခွင့်များအတွက် အလုပ်သမား ၁၅ဝဝဝ ကျော်ကို ကိုယ်စားပြုတဲ့သမဂ္ဂများထံမှ အစမ်းသဘော သဘောတူညီမှုတွေရရှိထားပေမယ့် အလုပ်သမား ဆွေးနွေးပွဲများ မအောင်မြင်သေးတဲ့အတွက် အမေရိကန်ကုန်စည်ပို့ဆောင်ရေး ရထားလမ်းကြီးများ ပိတ်ဆို့ထားလျက် ရှိပါတယ်။

Union Pacific၊ Berkshire Hathaway ရဲ့ BNSF၊ CSX နဲ့ Norfolk Southern အပါအဝင် သမဂ္ဂများနဲ့ မီးရထားလမ်းများဟာ ယခုသီတင်းပတ် စက်တင်ဘာလ ၉ ရက်၊ သောကြာနေ့ သန်းခေါင်ကျော်အတွင်း အစမ်းသဘောဆောင်တဲ့သဘောတူညီချက်တွေလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ တကယ်လို့ သဘောတူညီ ချက်တွေ မရရှိပါက သမဂ္ဂသပိတ်များ ဖြစ်ပေါ်လာခြင်း၊ အလုပ်ရှင်များ ပိတ်သိမ်းခြင်းနဲ့ လွှတ်တော်ရဲ့ ဝင်ရောက်စွက်ဖက်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

ညှိနှိုင်းမှုများ လုပ်ဆောင်နေချိန်မှာ ဘေးကင်းစေဖို့အတွက် စက်တင်ဘာလ ၁၂ ရက်၊ တနင်္လာနေ့မှ စတင်ပြီး အန္တရာယ်ရှိတဲ့အဆိပ်သင့်ပစ္စည်းများတင်ပို့မှုကို ရပ်ဆိုင်းထားမယ်လို့ မီးရထားက ပြီးခဲ့တဲ့ သီတင်းပတ်နှောင်းပိုင်းက ပြောကြားပါတယ်။

“သူတို့က သူတို့ရဲ့ကုန်စည်တွေကိုပိတ်ဆို့ပြီး ကွန်ဂရက်လွှတ်တော်ရဲ့လုပ်ဆောင်ချက်ကိုနှိုးဆွဖို့ ကြိုးပမ်း ခဲ့တာကြောင့် ထောက်ပံ့ရေးကွင်းဆက်ကို ပိုမိုထိခိုက်စေပါတယ်” လို့ International Association of Sheet Metal၊ Air, Rail, and Transportation Workers (SMART) ရဲ့ သယ်ယူပို့ဆောင်ရေးဌာန ဥက္ကဋ္ဌ Jeremy Ferguson -TD) နဲ့ Brotherhood of Locomotive Engineers and Trainmen (BLET) ဥက္ကဋ္ဌ Dennis Pierce တို့က စက်တင်ဘာလ ၁၁ ရက်၊ တနင်္ဂနွေနေ့ ပူးတွဲထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါ တယ်။

ထောက်ပံ့ရေးပစ္စည်းများ ပြတ်တောက်သွားခြင်းဟာ သမဂ္ဂများ၊ ရထားလမ်းများ၊ ပို့ဆောင်သူများ၊ စားသုံး သူများအတွက် အကဲဆတ်စေတဲ့အခြေအနေကို ရောက်ရှိလာစေခဲ့ပါတယ်။ ရထားလမ်း ပိတ်ဆို့ထားခြင်း ဟာ စားနပ်ရိက္ခာနဲ့ လောင်စာဆီထောက်ပံ့မှုကိုနှောင့်နှေးစေကာ သယ်ယူပို့ဆောင်ရေး ကမောက်ကမ ဖြစ်ခြင်းနဲ့ ငွေကြေးဖောင်းပွမှုကို ဖြစ်ပွားစေပြီး တစ်နေ့ကို ဒေါ်လာ ၂ ဘီလျံထိ ဆုံးရှုံးစေနိုင်ပါတယ်။ စက်တင်ဘာလ ၁၁ ရက်၊ တနင်္ဂနွေနေ့အထိမှာတော့ သမဂ္ဂ ၁၂ ခုအနက် ၈ ခုမှ အကြိုသဘောတူ စာချုပ်များ ရရှိခဲ့ပြီဖြစ်ကြောင်း အမျိုးသားမီးရထားအလုပ်သမားညီလာခံ (NRLC) က ပြောကြားခဲ့ပါတယ်။

Zawgyi Version;
အလုပ္သမားမ်ား လစာခံစားခြင့္ဆိုင္ရာ ကန္ထ႐ိုက္ခ်ဳပ္ဆိုဖို႔ ေနာက္ဆုံးရက္ နီးကပ္လာတာနဲ႔အမွ် အေမရိကန္ ကုန္စည္ပို႔ေဆာင္ေရးရထားလမ္းမ်ားမွာ ကုန္တင္/ကုန္ခ် ၾကန႔္ၾကာမႈမ်ား ျဖစ္ေပၚေန
ေရာင္နီ (NP News) - စက္တင္ဘာ ၁၂

အေမရိကန္ကုန္စည္ပို႔ေဆာင္ေရးမွာ အလုပ္သမား ၆ဝဝဝဝ နီးပါးရဲ႕လုပ္ခလစာနဲ႔ က်န္းမာေရးဆိုင္ရာ ခံစားခြင့္ေတြအတြက္ ညႇိႏႈိင္းေနတာေၾကာင့္ အလုပ္ရွင္မ်ားက အေမရိကန္ရထားလမ္းမ်ားမွာ ကုန္စည္ အခ်ိဳ႕ တင္ပို႔ျခင္းကို ရပ္ဆိုင္းထားပါတယ္။

အလုပ္သမားမ်ား လုပ္ခလစာနဲ႔ က်န္းမာေရးဆိုင္ရာခံစားခြင့္မ်ားအတြက္ အလုပ္သမား ၁၅ဝဝဝ ေက်ာ္ကို ကိုယ္စားျပဳတဲ့သမဂၢမ်ားထံမွ အစမ္းသေဘာ သေဘာတူညီမႈေတြရရွိထားေပမယ့္ အလုပ္သမား ေဆြးေႏြးပြဲမ်ား မေအာင္ျမင္ေသးတဲ့အတြက္ အေမရိကန္ကုန္စည္ပို႔ေဆာင္ေရး ရထားလမ္းႀကီးမ်ား ပိတ္ဆို႔ထားလ်က္ ရွိပါတယ္။

Union Pacific၊ Berkshire Hathaway ရဲ႕ BNSF၊ CSX နဲ႔ Norfolk Southern အပါအဝင္ သမဂၢမ်ားနဲ႔ မီးရထားလမ္းမ်ားဟာ ယခုသီတင္းပတ္ စက္တင္ဘာလ ၉ ရက္၊ ေသာၾကာေန႔ သန္းေခါင္ေက်ာ္အတြင္း အစမ္းသေဘာေဆာင္တဲ့သေဘာတူညီခ်က္ေတြလုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္။ တကယ္လို႔ သေဘာတူညီ ခ်က္ေတြ မရရွိပါက သမဂၢသပိတ္မ်ား ျဖစ္ေပၚလာျခင္း၊ အလုပ္ရွင္မ်ား ပိတ္သိမ္းျခင္းနဲ႔ လႊတ္ေတာ္ရဲ႕ ဝင္ေရာက္စြက္ဖက္ျခင္းတို႔ ျဖစ္လာႏိုင္ပါတယ္။

ညႇိႏႈိင္းမႈမ်ား လုပ္ေဆာင္ေနခ်ိန္မွာ ေဘးကင္းေစဖို႔အတြက္ စက္တင္ဘာလ ၁၂ ရက္၊ တနလၤာေန႔မွ စတင္ၿပီး အႏၲရာယ္ရွိတဲ့အဆိပ္သင့္ပစၥည္းမ်ားတင္ပို႔မႈကို ရပ္ဆိုင္းထားမယ္လို႔ မီးရထားက ၿပီးခဲ့တဲ့ သီတင္းပတ္ေႏွာင္းပိုင္းက ေျပာၾကားပါတယ္။

“သူတို႔က သူတို႔ရဲ႕ကုန္စည္ေတြကိုပိတ္ဆို႔ၿပီး ကြန္ဂရက္လႊတ္ေတာ္ရဲ႕လုပ္ေဆာင္ခ်က္ကိုႏႈိးဆြဖို႔ ႀကိဳးပမ္း ခဲ့တာေၾကာင့္ ေထာက္ပံ့ေရးကြင္းဆက္ကို ပိုမိုထိခိုက္ေစပါတယ္” လို႔ International Association of Sheet Metal၊ Air, Rail, and Transportation Workers (SMART) ရဲ႕ သယ္ယူပို႔ေဆာင္ေရးဌာန ဥကၠ႒ Jeremy Ferguson -TD) နဲ႔ Brotherhood of Locomotive Engineers and Trainmen (BLET) ဥကၠ႒ Dennis Pierce တို႔က စက္တင္ဘာလ ၁၁ ရက္၊ တနဂၤေႏြေန႔ ပူးတြဲထုတ္ျပန္ခ်က္တစ္ခုမွာ ေျပာၾကားခဲ့ပါ တယ္။

ေထာက္ပံ့ေရးပစၥည္းမ်ား ျပတ္ေတာက္သြားျခင္းဟာ သမဂၢမ်ား၊ ရထားလမ္းမ်ား၊ ပို႔ေဆာင္သူမ်ား၊ စားသုံး သူမ်ားအတြက္ အကဲဆတ္ေစတဲ့အေျခအေနကို ေရာက္ရွိလာေစခဲ့ပါတယ္။ ရထားလမ္း ပိတ္ဆို႔ထားျခင္း ဟာ စားနပ္ရိကၡာနဲ႔ ေလာင္စာဆီေထာက္ပံ့မႈကိုေႏွာင့္ေႏွးေစကာ သယ္ယူပို႔ေဆာင္ေရး ကေမာက္ကမ ျဖစ္ျခင္းနဲ႔ ေငြေၾကးေဖာင္းပြမႈကို ျဖစ္ပြားေစၿပီး တစ္ေန႔ကို ေဒၚလာ ၂ ဘီလ်ံထိ ဆုံးရႈံးေစႏိုင္ပါတယ္။ စက္တင္ဘာလ ၁၁ ရက္၊ တနဂၤေႏြေန႔အထိမွာေတာ့ သမဂၢ ၁၂ ခုအနက္ ၈ ခုမွ အႀကိဳသေဘာတူ စာခ်ဳပ္မ်ား ရရွိခဲ့ၿပီျဖစ္ေၾကာင္း အမ်ိဳးသားမီးရထားအလုပ္သမားညီလာခံ (NRLC) က ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.