မြန်မာ၊ ရုရှားနှင့် ဘီလာရုစ့်နိုင်ငံတို့ကို ဗြိတိန်ဘုရင်မကြီး၏ စျာပနပွဲတက်ရောက်ရန် ဖိတ်ကြားဖွယ်မရှိ ဟု ဆို
 1331
ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၃
ဗြိတိန်အစိုးရသည် နတ်ရွာစံသွားခဲ့သည့် ဗြိတိန်ဘုရင်မကြီး အဲလီစဘတ် ၏စျာပနအခမ်းအနားသို့တက်ရောက်ရန် မြန်မာ၊ ရုရှား နှင့် ဘီလာရုစ့်နိုင်ငံတို့မှ ကိုယ်စားလှယ်များကို ဖိတ်ကြားခြင်းမရှိခဲ့ကြောင်း Whitehall သတင်းအရင်းမြစ် က ဆိုကြောင်း todayonline သတင်းတွင် ဖော်ပြထားသည်။
ဗြိတိန်ဘုရင်မကြီး အဲလီစဘတ်၏စျာပနကို လာမည့် စက်တင်ဘာလ ၁၉ ရက်၊ တနင်္လာနေ့တွင် ကျင်းပမည်ဖြစ်ရာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အပါအဝင် ကမ္ဘာတဝန်းမှ ခေါင်းဆောင်များ တက်ရောက်ဖွယ်ရှိနေကြောင်းသိရသည်။
အနောက်အုပ်စုနိုင်ငံများနှင့်အတူ ဗြိတိန်နိုင်ငံသည် ရုရှား နှင့် ၎င်း၏မဟာမိတ်ဘီလာရုစ့်တို့ကို စီးပွားရေးပိတ်ဆို့မှုများအပါအဝင် အခြားပိတ်ပင်မှုများပြုလုပ်ခဲ့ရာ ကမ္ဘာ့အဆင့်တွင် အထီးကျန်နိုင်ငံ ဖြစ်စေရန် လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
ထို့အပြင် မြန်မာနိုင်ငံ နှင့် စစ်တပ်ကိုလည်း ဗြိတိန်အစိုးရက စီးပွားရေးပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီး ဗြိတိန် အစိုးရက ဘင်္ဂါလီတွေကို အားပေးထောက်ခံကြောင်းပြသခဲ့ဖူးသည်။ လန်ဒန်မြို့တွင် ကျင်းပမည့် ဗြိတိန် ဘုရင်မကြီး၏ စျာပနာအခမ်းနားကို ကမ္ဘာတဝန်းမှ နိုင်ငံခြားဧည့်သည်တော်ပေါင်း ၅ဝဝ ခန့် တက်ရောက် ဖွယ်ရှိနေပြီး ဗြိတိန်နှင့် သံတမန်ရေးဆက်ဆံရေးရှိနေသည့် နိုင်ငံအများစုမှ နိုင်ငံခေါင်းဆောင်များကို ဗြိတိန်အစိုးရက ဘုရင်မကြီးစျာပနာတက်ရောက်ရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါစျာပနအခမ်းနားကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန် နှင့် သမ္မတကတော်၊ ကနေဒါဝန်ကြီးချုပ်၊ သြစတြေးလျဝန်ကြီးချုပ်၊ နယူးဇီလန်ဝန်ကြီးချုပ်တို့လည်း တက်ရောက်ဖွယ်ရှိနေကြောင်း သိရသည်။ အဆိုပါဗြိတိန်ဘုရင်မကြီးစျာပနာပွဲသည် ဗြိတိန်နိုင်ငံတွင် ကမ္ဘာတဝန်းမှ သံတမန်များ စုရုံးမည့်ပွဲ ဖြစ်လာဖွယ်ရှိနေကြောင်းသိရသည်။
ဗြိတိန်ဘုရင်မကြီးသည် ပြီးခဲ့သည့်ရက်ပိုင်းတွင် နတ်ရွာစံသွားခဲ့ရာ ဗြိတိန်နန်းအရိုက်အရာကို ဘုရင်မကြီး ၏ သားအကြီးဆုံးဖြစ်သည့် ချားလ်မင်းသားက ဆက်ခံခဲ့ကြောင်းသိရသည်။
Zawgyi Version;
မြန်မာ၊ ရုရှားနှင့် ဘီလာရုစ့်နိုင်ငံတို့ကို ဗြိတိန်ဘုရင်မကြီး၏ ဈာပနပွဲတက်ရောက်ရန် ဖိတ်ကြားဖွယ်မရှိ ဟု ဆို
ဗြိတိန်အစိုးရသည် နတ်ရွာစံသွားခဲ့သည့် ဗြိတိန်ဘုရင်မကြီး အဲလီစဘတ် ၏ဈာပနအခမ်းအနားသို့တက်ရောက်ရန် မြန်မာ၊ ရုရှား နှင့် ဘီလာရုစ့်နိုင်ငံတို့မှ ကိုယ်စားလှယ်များကို ဖိတ်ကြားခြင်းမရှိခဲ့ကြောင်း Whitehall သတင်းအရင်းမြစ် က ဆိုကြောင်း todayonline သတင်းတွင် ဖော်ပြထားသည်။
ဗြိတိန်ဘုရင်မကြီး အဲလီစဘတ်၏ဈာပနကို လာမည့် စက်တင်ဘာလ ၁၉ ရက်၊ တနင်္လာနေ့တွင် ကျင်းပမည်ဖြစ်ရာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အပါအဝင် ကမ္ဘာတဝန်းမှ ခေါင်းဆောင်များ တက်ရောက်ဖွယ်ရှိနေကြောင်းသိရသည်။
အဆိုပါဈာပနအခမ်းနားကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန် နှင့် သမ္မတကတော်၊ ကနေဒါဝန်ကြီးချုပ်၊ သြစတြေးလျဝန်ကြီးချုပ်၊ နယူးဇီလန်ဝန်ကြီးချုပ်တို့လည်း တက်ရောက်ဖွယ်ရှိနေကြောင်း သိရသည်။ အဆိုပါဗြိတိန်ဘုရင်မကြီးဈာပနာပွဲသည် ဗြိတိန်နိုင်ငံတွင် ကမ္ဘာတဝန်းမှ သံတမန်များ စုရုံးမည့်ပွဲ ဖြစ်လာဖွယ်ရှိနေကြောင်းသိရသည်။
Picture
Ko Moe
13/09/2022 23:25
ဓါးမြက သူကောင်းလုပ်လို့ကွာ 😂😂😂 လူလည်ဓါးမြ ဂိုဏ်းချူပ်ကို အာဖရိကကပဲလား 1952 မှာ ဘုရင်မဖြစ်တာဆိုပေမဲ့ မြန်မာပြည် ပြည်တွင်းစစ် ဘာသာရေး ပဋိပက္ခနဲ့ လူမျိူးပဋိပက္ခကို ဖယောင်း‌‌တိုင်ထွန်းပြီး မီးရှိူ့တာ ပြည်တွင်းစစ်မှာ သေ ကြသူတွေ 88 ရော 2020 အခုအထိပါဆိုရင် လူပေါင်း သောင်းထပ် မက သေကြ ဖွယ်ရှိ ပြီး လူပေါင်းသန်းချီ ခွေးပြေးဝက်ပြေး ‌‌ကြရဒဏ်ရ ရကြ ပြည်သူအချင်းချင်း တောင် မယုံကြည်ကြပဲ သွေးကွဲနေကြရတာဟာ ဓါးမြဂိုဏ်းချူပ် ဗြိတိသျှ လူသတ်အဖွဲ့ချူပ်ကြောင့်ပါဆိုတာ သစ္စာဆိုရင်တောင် ရနိုင်ချေသေးပါ၏။
Picture
Ye Htun
14/09/2022 08:10
အသုဘ မဖိတ်တာ ဝမ်းနည်းရအုံးမှာလား..😂😂😂🤣🤣 မြန်မာပြည်မှာ...ပဒက်တွေ အသုဘနဲ့တောင်တိုင်ပတ်နေတာ...
Picture
Htun Aung Kyaw
13/09/2022 21:43
ဒီ အင်္ဂလိပ်ဓါးပြတွေရဲ့ ဂိုဏ်းခေါင်းဆောင် အဘွားကြီးမသာအခမ်းအနား SAC ကလံ တက်ဖို့ စိတ်ကူးတောင်ရှိမှာ မဟုတ်ပါဘူးလေ။ သူတို့ဟာသူတို့ အရှက်ပြေ ထုတ်ပြန်ချက်တွေသာ လျှောက်ထုတ်နေတာ။ အင်္ဂလန်နိုင်ငံနဲ့ အင်္ဂလိပ်လူမျိုးတွေသိထားဖို့က နေမ၀င်အင်ပါယာဆိုပီး နာမည်တပ်လို့ရတဲ့ ခေတ်မဟုတ်တော့ဘူးဆိုတာပဲ။
Picture
Taw Ka
13/09/2022 21:29
သူများနိုင်ငံတွေကတော့ စိန်တွေတောင်းနေပြီ မြန်မာကရော မတောင်းရဲတာလား နိုင်ငံခြားရေးဝန်ကြီးက ယခင်ကပြောရဲဆိုရဲမှတ်တာ ခုတော့ ကုတ်နေတာဘဲ ဘယ်နိုင်ငံကိုမှပြတ်ပြတ်သားသားမပြောရဲဘူး
Picture
Moe Zaw Hlaing
13/09/2022 22:44
အင်္ဂလန်ဘုရင်မ အသုဘပွဲမှာ လူစုံမှာပဲ အခုချိန်မှာ ရုရှားလိုမျိုး တာဝေးပစ် ဒုံးပျံရှိ့ရင်ကောင်းမယ် ရောက်မေရာက် စမ်းပြစ်ကြည့်ရအောင်လို့
Related news
© 2021. All rights reserved.