ဂျော်ဒန်နိုင်ငံ၊ မြို့တော်အာမန်မှာ အဆောက်အအုံပြိုကျမှုဖြစ်ပွား၊ လူ ၅ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ

 717

ရောင်နီ (NP News) - စက်တင်ဘာ ၁၄

ဂျော်ဒန်နိုင်ငံ မြို့တော်အာမန်မှာ လေးထပ်အဆောက်အအုံတစ်ခုပြိုကျမှုကြောင့် လူ ၅ ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားပါတယ်။

အဆောက်အဦး ပြိုကျမှုဟာ မြို့တော်ရဲ့ ဂျာဘဲလ် အဲလ်ဝေါ့ဒက်ခရိုင်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူ ၅ ဦးအထိ မြင့်တက်လာကာ ၁၄ ဦး ဒဏ်ရာရခဲ့ကြောင်း လုံခြုံရေး ပြောရေးဆိုခွင့် ရှိသူ အမာအဲလ် ဆာတာဝီ က စက်တင်ဘာလ ၁၃ ရက်၊ အင်္ဂါနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒေသဆိုင်ရာ လုံခြုံရေးကွပ်ကဲမှုအဖွဲ့နဲ့ ရဲတပ်ဖွဲတို့က အရပ်ဘက် ကာကွယ်ရေးတပ်ဖွဲ့များကို ကူညီပံ့ပိုးပေးထားကြောင်း အစောပိုင်းက နိုင်ငံပိုင်ရုပ်မြင်သံကြားကို ပြောကြားခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ပြောကြားပါတယ်။

ရပ်ကွက်ဟာ ၎င်းရဲ့ကော်ဖီဆိုင်များ၊ ဘားများနဲ့ အနုပညာနေရာများကြောင့် လူသိများပြီး ပြည်ပရောက်သူများနဲ့ ဒေသခံများကြားမှာ ရေပန်းစားတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ အရပ်ဘက်ကာကွယ်ရေးဌာနမှရရှိတဲ့ သတင်းရင်းမြစ်တစ်ခုအရ အရေအတွက် အတိအကျ
မသိရသေးပေမယ့် ပြိုကျနေတဲ့အဆောက်အအုံထဲမှာ ပိတ်မိနေသူ အများအပြား ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

အဆိုပါအဆောက်အအုံ ဘာ့ကြောင့် ပြိုကျခဲ့တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။ ပြိုကျရတဲ့အကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့ ဝန်ကြီးချုပ် ဘက်ရှာ အဲလ် ခက်ဆာနက် က အာဏာပိုင်များကို ညွှန်ကြားခဲ့ပါတယ်။

တွစ်တာပေါ်မှာတင်ထားတဲ့ဗီဒီယိုများမှာ ပြိုကျနေတဲ့အဆောက်အအုံနဲ့အပျက်အစီးများကို မြင်တွေ့ရပြီး ခက်ဆာနက် နဲ့ အစိုးရအကြီးတန်းအဖွဲ့ဝင်တွေဟာ အပျက်အစီးတွေအောက်က ပိတ်မိနေသူတွေကိုကယ်ဆယ်ဖို့အတွက် အဓိက ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေတာကို မြင်တွေ့ရပါတယ်။

Zawgyi Version;
ေဂ်ာ္ဒန္ႏိုင္ငံ၊ ၿမိဳ႕ေတာ္အာမန္မွာ အေဆာက္အအုံၿပိဳက်မႈျဖစ္ပြား၊ လူ ၅ ဦး ေသဆုံးၿပီး ၁၄ ဦး ဒဏ္ရာရ
ေရာင္နီ (NP News) - စက္တင္ဘာ ၁၄

ေဂ်ာ္ဒန္ႏိုင္ငံ ၿမိဳ႕ေတာ္အာမန္မွာ ေလးထပ္အေဆာက္အအုံတစ္ခုၿပိဳက်မႈေၾကာင့္ လူ ၅ ဦး ေသဆုံးၿပီး ၁၄ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း တာဝန္ရွိသူမ်ားက ေျပာၾကားပါတယ္။

အေဆာက္အဦး ၿပိဳက်မႈဟာ ၿမိဳ႕ေတာ္ရဲ႕ ဂ်ာဘဲလ္ အဲလ္ေဝါ့ဒက္ခ႐ိုင္မွာ ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ေသဆုံးသူ ၅ ဦးအထိ ျမင့္တက္လာကာ ၁၄ ဦး ဒဏ္ရာရခဲ့ေၾကာင္း လုံၿခဳံေရး ေျပာေရးဆိုခြင့္ ရွိသူ အမာအဲလ္ ဆာတာဝီ က စက္တင္ဘာလ ၁၃ ရက္၊ အဂၤါေန႔က ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

ေဒသဆိုင္ရာ လုံၿခဳံေရးကြပ္ကဲမႈအဖြဲ႕နဲ႔ ရဲတပ္ဖြဲတို႔က အရပ္ဘက္ ကာကြယ္ေရးတပ္ဖြဲ႕မ်ားကို ကူညီပံ့ပိုးေပးထားေၾကာင္း အေစာပိုင္းက ႏိုင္ငံပိုင္႐ုပ္ျမင္သံၾကားကို ေျပာၾကားခဲ့ၿပီး ကယ္ဆယ္ေရးလုပ္ငန္းမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း ၎က ေျပာၾကားပါတယ္။

ရပ္ကြက္ဟာ ၎ရဲ႕ေကာ္ဖီဆိုင္မ်ား၊ ဘားမ်ားနဲ႔ အႏုပညာေနရာမ်ားေၾကာင့္ လူသိမ်ားၿပီး ျပည္ပေရာက္သူမ်ားနဲ႔ ေဒသခံမ်ားၾကားမွာ ေရပန္းစားတဲ့ေနရာတစ္ခုလည္းျဖစ္ပါတယ္။ အရပ္ဘက္ကာကြယ္ေရးဌာနမွရရွိတဲ့ သတင္းရင္းျမစ္တစ္ခုအရ အေရအတြက္ အတိအက်
မသိရေသးေပမယ့္ ၿပိဳက်ေနတဲ့အေဆာက္အအုံထဲမွာ ပိတ္မိေနသူ အမ်ားအျပား က်န္ရွိေနေသးတယ္လို႔ သိရပါတယ္။

အဆိုပါအေဆာက္အအုံ ဘာ့ေၾကာင့္ ၿပိဳက်ခဲ့တယ္ဆိုတာကို ရွင္းရွင္းလင္းလင္း မသိရေသးဘူးလို႔ ဆိုပါတယ္။ ၿပိဳက်ရတဲ့အေၾကာင္းရင္းကို စုံစမ္းစစ္ေဆးဖို႔ ဝန္ႀကီးခ်ဳပ္ ဘက္ရွာ အဲလ္ ခက္ဆာနက္ က အာဏာပိုင္မ်ားကို ၫႊန္ၾကားခဲ့ပါတယ္။

တြစ္တာေပၚမွာတင္ထားတဲ့ဗီဒီယိုမ်ားမွာ ၿပိဳက်ေနတဲ့အေဆာက္အအုံနဲ႔အပ်က္အစီးမ်ားကို ျမင္ေတြ႕ရၿပီး ခက္ဆာနက္ နဲ႔ အစိုးရအႀကီးတန္းအဖြဲ႕ဝင္ေတြဟာ အပ်က္အစီးေတြေအာက္က ပိတ္မိေနသူေတြကိုကယ္ဆယ္ဖို႔အတြက္ အဓိက ကယ္ဆယ္ေရးလုပ္ငန္းေတြ လုပ္ေဆာင္ေနတာကို ျမင္ေတြ႕ရပါတယ္။

Related news

© 2021. All rights reserved.