အင်ဒိုနီးရှားမှာ အခမဲ့ကျောင်းနေ့လည်စာကို စားသုံးပြီး ကျောင်းသား ၆၆ဝ ခန့် အစာအဆိပ်သင့်

 275

ရောင်နီ (NP News) - အောက်တိုဘာ ၃၁

အင်ဒိုနီးရှားနိုင်ငံ၊ ယော့ဂျကာတာမြို့၊ ဂန်နန်ဒီဒူလ်ဒေသရှိ စာသင်ကျောင်းနှစ်ကျောင်းမှ ကျောင်းသား ၆၆၀ ခန့်ဟာ အစိုးရကထောက်ပံ့တဲ့ အခမဲ့ကျောင်းနေ့လည်စာကို စားသုံးပြီး အစာအဆိပ်သင့်ကာ ဖျားနာခဲ့တယ် လို့ သိရပါတယ်။ ဒီအတွက် အစိုးရက စုံစမ်းစစ်ဆေးနေတယ်လို့အရာရှိတစ်ဦးက ပြောကြားပါတယ်။
သမ္မတ ပရာဘိုဝို ဆူဘီယန်တိုရဲ့အခမဲ့ကျောင်းနေ့လည်စာ အစီအစဉ်အောက် ပြင်ဆင်ထားတဲ့ အစားအစာ တွေကို ကျောင်းသားတွေက စားသုံးပြီးနောက် အခုလိုဖြစ်ရပ်ဖြစ်ခဲ့တယ်လို့ အရာရှိတစ်ဦးက ပြောကြားပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလက စတင်ခဲ့တဲ့ ကျောင်းနေ့လည်စာအစီအစဉ်ဟာ မစ္စတာ ပရာဘိုဝိုရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးဘကတိကဝတ်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီနေ့လည်စာ အစီအစဉ်ကြောင့်ပဲ ယခုနှစ် အောက်တိုဘာ ၂၉ ရက်အထိအတွင်းမှာ ကလေးဦးရေ ၁၅၀၀၀ လောက် အစာအဆိပ်သင့်ဖျားနာမှု ရှိခဲ့တယ်လို့ ဒေသတွင်း JPPI အဖြစ် လူသိများတဲ့ အစိုးရမဟုတ်သောအဖွဲ့အစည်းမှ အချက်အလက်များအရ သိရပါတယ်။
အစားအစာတွေကို သိုလှောင်မှုညံ့ဖျင်းခြင်း၊ ချက်ပြုတ်ထားတဲ့အစားအစာတွေကို နောက်ကျမှ ပို့ဆောင် ခြင်းတို့ကြောင့် အစာအဆိပ်သင့်မှုဖြစ်ပွားလေ့ရှိတယ်လို့ အာဏာပိုင်တွေက ပြောကြားပါတယ်။ အဖြစ်အပျက် အတွက် စုံစမ်းစစ်ဆေးနေပြီး မြို့ရှိ မီးဖိုချောင်တွေကို ယာယီပိတ်ထားတယ်လို့ အခမဲ့နေ့လည်စာ အစီအစဉ်ကို စီမံခန့်ခွဲတဲ့ ဒေသတွင်း BGN အဖြစ် လူသိများတဲ့ အမျိုးသားအာဟာရအေဂျင်စီအကြီးအကဲ မစ္စတာ ဒါဒန်ဟင်ဒါရာနာ က ပြောကြားပါတယ်။

Zawgyi Version:
အင္ဒိုနီးရွားမွာ အခမဲ့ေက်ာင္းေန႔လည္စာကို စားသုံးၿပီး ေက်ာင္းသား ၆၆ဝ ခန႔္ အစာအဆိပ္သင့္
ေရာင္နီ (NP News) - ေအာက္တိုဘာ ၃၁
အင္ဒိုနီးရွားႏိုင္ငံ၊ ေယာ့ဂ်ကာတာၿမိဳ႕၊ ဂန္နန္ဒီဒူလ္ေဒသရွိ စာသင္ေက်ာင္းႏွစ္ေက်ာင္းမွ ေက်ာင္းသား ၆၆၀ ခန႔္ဟာ အစိုးရကေထာက္ပံ့တဲ့ အခမဲ့ေက်ာင္းေန႔လည္စာကို စားသုံးၿပီး အစာအဆိပ္သင့္ကာ ဖ်ားနာခဲ့တယ္ လို႔ သိရပါတယ္။ ဒီအတြက္ အစိုးရက စုံစမ္းစစ္ေဆးေနတယ္လို႔အရာရွိတစ္ဦးက ေျပာၾကားပါတယ္။
သမၼတ ပရာဘိုဝို ဆူဘီယန္တိုရဲ႕အခမဲ့ေက်ာင္းေန႔လည္စာ အစီအစဥ္ေအာက္ ျပင္ဆင္ထားတဲ့ အစားအစာ ေတြကို ေက်ာင္းသားေတြက စားသုံးၿပီးေနာက္ အခုလိုျဖစ္ရပ္ျဖစ္ခဲ့တယ္လို႔ အရာရွိတစ္ဦးက ေျပာၾကားပါတယ္။ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလက စတင္ခဲ့တဲ့ ေက်ာင္းေန႔လည္စာအစီအစဥ္ဟာ မစၥတာ ပရာဘိုဝိုရဲ႕ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရးဘကတိကဝတ္တစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒီေန႔လည္စာ အစီအစဥ္ေၾကာင့္ပဲ ယခုႏွစ္ ေအာက္တိုဘာ ၂၉ ရက္အထိအတြင္းမွာ ကေလးဦးေရ ၁၅၀၀၀ ေလာက္ အစာအဆိပ္သင့္ဖ်ားနာမႈ ရွိခဲ့တယ္လို႔ ေဒသတြင္း JPPI အျဖစ္ လူသိမ်ားတဲ့ အစိုးရမဟုတ္ေသာအဖြဲ႕အစည္းမွ အခ်က္အလက္မ်ားအရ သိရပါတယ္။
အစားအစာေတြကို သိုေလွာင္မႈညံ့ဖ်င္းျခင္း၊ ခ်က္ျပဳတ္ထားတဲ့အစားအစာေတြကို ေနာက္က်မွ ပို႔ေဆာင္ ျခင္းတို႔ေၾကာင့္ အစာအဆိပ္သင့္မႈျဖစ္ပြားေလ့ရွိတယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားပါတယ္။ အျဖစ္အပ်က္ အတြက္ စုံစမ္းစစ္ေဆးေနၿပီး ၿမိဳ႕ရွိ မီးဖိုေခ်ာင္ေတြကို ယာယီပိတ္ထားတယ္လို႔ အခမဲ့ေန႔လည္စာ အစီအစဥ္ကို စီမံခန႔္ခြဲတဲ့ ေဒသတြင္း BGN အျဖစ္ လူသိမ်ားတဲ့ အမ်ိဳးသားအာဟာရေအဂ်င္စီအႀကီးအကဲ မစၥတာ ဒါဒန္ဟင္ဒါရာနာ က ေျပာၾကားပါတယ္။

Related news

© 2021. All rights reserved.