ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးခဲ့သည့် အလေးချိန်(၂၃၄၆)ပေါင်ရှိသော ရွှေဖရုံသီး

 68

Pika (NP News) - အောက်တိုဘာ ၂၇

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် Half Moon Bay မြို့တွင်ကျင်းပသော (၂၀၂၅)ခုနှစ် Safeway World Championship Pumpkin Weigh-off ပြိုင်ပွဲတွင် ကယ်လီဖိုးနီးယား စိုက်ပျိုးသူ တစ် ဦး၏ အလေးချိန်(၂၃၄၆)ပေါင်ရှိသော ရွှေဖရုံသီးသည် ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးခဲ့ကြောင်း သိရသည်။ Santa Rosa မြို့တွင် နေထိုင်သည့် ဘရန်ဒန်ဒွန်ဆန်သည် (၂၀၂၄)ခုနှစ်က ကျင်းပခဲ့သော World Cham- pionship Pumpkin Weigh-off ပြိုင်ပွဲတွင်လည်း အလေးချိန်(၂၄၆၅)ပေါင်ရှိသော ရွှေဖရုံသီးဖြင့် ဒုတိယနေရာကို ရယူနိုင်ခဲ့ကြောင်းသိရသည်။
(၂၀၂၄)ခုနှစ်ကကျင်းပခဲ့သော World Championship Pumpkin Weigh-off ပြိုင်ပွဲတွင် ထရား ဗစ်ဂျင်ဂျာဆိုသည့်အမျိုးသား၏ အလေးချိန် (၂၄၇၁) ပေါင်ရှိသော ရွှေဖရုံသီးက နံပါတ်တစ်နေရာကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထို့ပြင် (၂၀၂၅)ခုနှစ် Safeway World Championship Pumpkin Weigh-off ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် ရွှေဖရုံသီးကို စိုက်ပျိုးခဲ့သော်လည်း ယခု ရာသီအစောပိုင်းတွင် ရွှေဖရုံသီးမှာ ကွဲထွက်သွားခဲ့ခြင်းကြောင့် ပါဝင်ယှဉ်ပြိုင်နိုင်ခြင်းမျိုး မရှိတော့ ကြောင်း ထရားဗစ်ဂျင်ဂျာက ထုတ်ဖော်ပြောဆိုခဲ့သည်။
(၂၀၂၅)ခုနှစ် Safeway World Championship Pumpkin Weigh-off ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင် နိုင်ခြင်းမျိုးမရှိတော့သော်လည်း သူငယ်ချင်းဖြစ်သူများကို အားပေးရန်အတွက် အဆို ပါပြိုင်ပွဲကို တက် ရောက်ခဲ့ကြောင်း ထရားဗစ်ဂျင်ဂျာက ပြောကြားခဲ့သည်။ ဘရန်ဒန်ဒွန်ဆန်၏ ရွှေဖရုံသီးသည် တစ်ပေါင် လျှင် အမေရိကန်ဒေါ်လာ(၉)ဒေါ်လာဖြင့် ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ် လာ(၂၁၁၁၄)ဒေါ်လာကို ရရှိ ခဲ့ကြောင်းသိရသည်။ ထို့ပြင် ဘရန်ဒန်ဒွန်ဆန်၏ ရွှေဖရုံသီးသည် ကမ္ဘာ့ဂင်း နစ်စံချိန်ကို ချိုးဖျက်နိုင် မည်ဆိုပါက ဘောနပ်စ်အဖြစ် အမေရိကန်ဒေါ်လာ (၃၀ဝဝဝ) ကို ထပ်မံရရှိသွားမည်ဖြစ် ကြောင်းလည်း သိရသည်။

Zawgyi Version:
ကမာၻ႔ခ်န္ပီယံဆုကို ဆြတ္ခူးခဲ့သည့္ အေလးခ်ိန္(၂၃၄၆)ေပါင္ရွိေသာ ေ႐ႊဖ႐ုံသီး
Pika (NP News) - ေအာက္တိုဘာ ၂၇
အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္ Half Moon Bay ၿမိဳ႕တြင္က်င္းပေသာ (၂၀၂၅)ခုႏွစ္ Safeway World Championship Pumpkin Weigh-off ၿပိဳင္ပြဲတြင္ ကယ္လီဖိုးနီးယား စိုက္ပ်ိဳးသူ တစ္ ဦး၏ အေလးခ်ိန္(၂၃၄၆)ေပါင္ရွိေသာ ေ႐ႊဖ႐ုံသီးသည္ ကမာၻ႔ခ်န္ပီယံဆုကို ဆြတ္ခူးခဲ့ေၾကာင္း သိရသည္။ Santa Rosa ၿမိဳ႕တြင္ ေနထိုင္သည့္ ဘရန္ဒန္ဒြန္ဆန္သည္ (၂၀၂၄)ခုႏွစ္က က်င္းပခဲ့ေသာ World Cham- pionship Pumpkin Weigh-off ၿပိဳင္ပြဲတြင္လည္း အေလးခ်ိန္(၂၄၆၅)ေပါင္ရွိေသာ ေ႐ႊဖ႐ုံသီးျဖင့္ ဒုတိယေနရာကို ရယူႏိုင္ခဲ့ေၾကာင္းသိရသည္။
(၂၀၂၄)ခုႏွစ္ကက်င္းပခဲ့ေသာ World Championship Pumpkin Weigh-off ၿပိဳင္ပြဲတြင္ ထရား ဗစ္ဂ်င္ဂ်ာဆိုသည့္အမ်ိဳးသား၏ အေလးခ်ိန္ (၂၄၇၁) ေပါင္ရွိေသာ ေ႐ႊဖ႐ုံသီးက နံပါတ္တစ္ေနရာကို ဆြတ္ခူးႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ထို႔ျပင္ (၂၀၂၅)ခုႏွစ္ Safeway World Championship Pumpkin Weigh-off ၿပိဳင္ပြဲတြင္ ပါဝင္ယွဥ္ၿပိဳင္ရန္အတြက္ ေ႐ႊဖ႐ုံသီးကို စိုက္ပ်ိဳးခဲ့ေသာ္လည္း ယခု ရာသီအေစာပိုင္းတြင္ ေ႐ႊဖ႐ုံသီးမွာ ကြဲထြက္သြားခဲ့ျခင္းေၾကာင့္ ပါဝင္ယွဥ္ၿပိဳင္ႏိုင္ျခင္းမ်ိဳး မရွိေတာ့ ေၾကာင္း ထရားဗစ္ဂ်င္ဂ်ာက ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
(၂၀၂၅)ခုႏွစ္ Safeway World Championship Pumpkin Weigh-off ၿပိဳင္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ ႏိုင္ျခင္းမ်ိဳးမရွိေတာ့ေသာ္လည္း သူငယ္ခ်င္းျဖစ္သူမ်ားကို အားေပးရန္အတြက္ အဆို ပါၿပိဳင္ပြဲကို တက္ ေရာက္ခဲ့ေၾကာင္း ထရားဗစ္ဂ်င္ဂ်ာက ေျပာၾကားခဲ့သည္။ ဘရန္ဒန္ဒြန္ဆန္၏ ေ႐ႊဖ႐ုံသီးသည္ တစ္ေပါင္ လွ်င္ အေမရိကန္ေဒၚလာ(၉)ေဒၚလာျဖင့္ ဆုေၾကးေငြအျဖစ္ အေမရိကန္ေဒၚ လာ(၂၁၁၁၄)ေဒၚလာကို ရရွိ ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ ဘရန္ဒန္ဒြန္ဆန္၏ ေ႐ႊဖ႐ုံသီးသည္ ကမာၻ႔ဂင္း နစ္စံခ်ိန္ကို ခ်ိဳးဖ်က္ႏိုင္ မည္ဆိုပါက ေဘာနပ္စ္အျဖစ္ အေမရိကန္ေဒၚလာ (၃၀ဝဝဝ) ကို ထပ္မံရရွိသြားမည္ျဖစ္ ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.