ကင်ညာနိုင်ငံမှာ လေယာဉ်ငယ်တစ်စီးပျက်ကျခဲ့ပြီး လိုက်ပါသွားသူအားလုံးသေဆုံး

 82

Pika (NP News)-အောက်တိုဘာ ၃၀
ကင်ညာနိုင်ငံ ကမ်းရိုးတန်းကနေ ပျံသန်းလာတဲ့ လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့ရာ နိုင်ငံခြားသားတွေအပါအဝင် လေယာဉ်ပေါ်ပါ လူ(၁၁)ဦးစလုံးသေဆုံးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။အဲ့ဒီလေယာဉ်ငယ်ဟာ ခရီးသွားတွေအတွက် ရေပန်းစားတဲ့နေရာတစ်ခုဖြစ်တဲ့ Dianiကမ်းခြေကနေ Kichwa Temboအပန်းဖြေစခန်းကို ထွက်ခွါလာစဉ်အချိန်အတွင်း လမ်းမှာပျက်ကျသွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။အဲ့ဒီလေယာဉ်ငယ်ပျက်ကျမှုကို Mombasa Air Safariလေကြောင်းလိုင်းဥက္ကဋ္ဌ John Cleaveက အတည်ပြုခဲ့ပြီး လေယာဉ်ပေါ်မှာ ဟန်ဂေရီနိုင်ငံသား(၈)ဦး၊ဂျာမနီနိုင်ငံသား(၂)ဦးနဲ့ ကင်ညာနိုင်ငံသားလေယာဉ်မှူးတို့ လိုက်ပါလာခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ John Cleaveက”ကံမကောင်းစွာနဲ့ပဲ ဒီလေယာဉ်ငယ်ပျက်ကျမှုအတွင်းမှာ အသက်ရှင်ကျန်ရစ်သူမရှိခဲ့ပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေဟာ ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဆောင်ပြီး အခင်းဖြစ်ပွားရာနေရာကို ရှင်းလင်းမှုတွေလုပ်ဆောင်နေတယ်လို့လည်း John Cleaveက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ John Cleaveက”ဒီလိုဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်အတွင်း အသက်ဆုံးရှုံးခဲ့ရသူအားလုံးအတွက် တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ကင္ညာႏိုင္ငံမွာ ေလယာဥ္ငယ္တစ္စီးပ်က္က်ခဲ့ၿပီး လိုက္ပါသြားသူအားလုံးေသဆုံး
Pika (NP News)-ေအာက္တိုဘာ ၃၀
ကင္ညာႏိုင္ငံ ကမ္း႐ိုးတန္းကေန ပ်ံသန္းလာတဲ့ ေလယာဥ္ငယ္တစ္စီး ပ်က္က်ခဲ့ရာ ႏိုင္ငံျခားသားေတြအပါအဝင္ ေလယာဥ္ေပၚပါ လူ(၁၁)ဦးစလုံးေသဆုံးသြားခဲ့တယ္လို႔ တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။အဲ့ဒီေလယာဥ္ငယ္ဟာ ခရီးသြားေတြအတြက္ ေရပန္းစားတဲ့ေနရာတစ္ခုျဖစ္တဲ့ Dianiကမ္းေျခကေန Kichwa Temboအပန္းေျဖစခန္းကို ထြက္ခြါလာစဥ္အခ်ိန္အတြင္း လမ္းမွာပ်က္က်သြားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။အဲ့ဒီေလယာဥ္ငယ္ပ်က္က်မႈကို Mombasa Air Safariေလေၾကာင္းလိုင္းဥကၠ႒ John Cleaveက အတည္ျပဳခဲ့ၿပီး ေလယာဥ္ေပၚမွာ ဟန္ေဂရီႏိုင္ငံသား(၈)ဦး၊ဂ်ာမနီႏိုင္ငံသား(၂)ဦးနဲ႔ ကင္ညာႏိုင္ငံသားေလယာဥ္မႉးတို႔ လိုက္ပါလာခဲ့တာျဖစ္တယ္လို႔ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ John Cleaveက”ကံမေကာင္းစြာနဲ႔ပဲ ဒီေလယာဥ္ငယ္ပ်က္က်မႈအတြင္းမွာ အသက္ရွင္က်န္ရစ္သူမရွိခဲ့ပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ အေရးေပၚတုံ႔ျပန္ေရးအဖြဲ႕ေတြဟာ ေဒသဆိုင္ရာအာဏာပိုင္ေတြနဲ႔အတူ ပူးေပါင္းေဆာင္႐ြက္မႈေတြလုပ္ေဆာင္ၿပီး အခင္းျဖစ္ပြားရာေနရာကို ရွင္းလင္းမႈေတြလုပ္ေဆာင္ေနတယ္လို႔လည္း John Cleaveက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ John Cleaveက”ဒီလိုဝမ္းနည္းစရာေကာင္းတဲ့ ျဖစ္ရပ္အတြင္း အသက္ဆုံးရႈံးခဲ့ရသူအားလုံးအတြက္ တကယ္ကို စိတ္မေကာင္းျဖစ္မိပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.