MTube ကို တရားဝင်မှတ်ပုံတင်ထားပြီးဖြစ်ကာ တုပသုံးစွဲမှုများရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဟုဆို

 1294

NP News - စက်တင်ဘာ ၁၈

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် MTube အမည်ရှိ ဆိုရှယ်ပလပ်ဖောင်းတစ်ခုကို တရားဝင်မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း ယနေ့ (စက်တင်ဘာလ ၁၈ ရက်)ထုတ် နိုင်ငံပိုင်သတင်းစာများတွင် တရားဝင်ထည့်သွင်းကြေညာထားသည်ကို တွေ့ရသည်။

Youtube ကဲ့သို့ အသုံးပြုနိုင်သော Mtube ကို ရေးဆွဲဆောင်ရွက်ပြီးဖြစ်ကာ မြန်မာနိုင်ငံသားပညာရှင်များဖြင့် ရေးဆွဲဆောင်ရွက်ထားခြင်းဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်က အသိပေး ပြောကြားခဲ့သည်။

MTube ကုန်အမှတ်တံဆိပ်အမည် အမှတ်အသားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကိုယ်စား ညွှန်ကြားရေးမှူး ဦးအောင်မျိုးသန့်က နေပြည်တော် စာချုပ် စာတမ်းများမှတ်ပုံတင်ရုံးတွင် စာချုပ်စာတမ်း မှတ်ပုံတင်အမှတ် ၆၈၈/၂ဝ၂၂ ဖြင့် စက် တင်ဘာလ ၉ ရက်တွင် တရားဝင်မှတ်ပုံတင်သွင်းထားကြောင်းသိရသည်။

အဆိုပါ အမှတ်တံဆိပ်အမည်ကိုအသုံးပြုပြီး ဆက်သွယ်ရေးကွန်ရက်နှင့်ချိတ်ဆက်၍ Video Live Streaming Platform အဖြစ် ထုတ်လွှင့်ပြသခြင်းလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် အဆိုပါ ကုန်အမှတ်တံဆိပ်ကို အသုံးပြု၍ အင်တာနက်နှင့် လူမှုကွန်ရက်များတွင်လည်း ထုတ်လွှင့်ပြသအသုံးပြုဖော်ပြ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြန်ကြားရေးဝန်ကြီးဦးမောင်မောင်အုန်းက " ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းတွေကို ကန့်သတ် ခြင်း၊ ဖြုတ်ချခြင်းဖြင့် နည်းပညာအားကိုးကာ အနိုင်ကျင့်ဆောင်ရွက်လျက်ရှိသည်ကို ကြုံတွေ့နေရပါတယ်။ ဒါကြောင့် Youtube ကဲ့သို့ အသုံးပြုနိုင်သော Mtube Live Streaming Platform တစ်ခုကို တီထွင်ဆောင်ရွက်ခြင်းပင်ဖြစ်ပါတယ်"ဟု ယခုလ အစောပိုင်းက ပြောကြားခဲ့ဖူးသည်။

အထက်ပါ mTube ကုန်အမှတ်တံဆိပ် အမည်အမှတ်အသားနှင့်ပတ်သက်၍ အခြားမည်သူတစ်ဦးတစ်ယောက်မျှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ တုပအသုံးပြုခြင်း၊ အဆိုပါတံဆိပ်အမှတ်အသား တစ်ခုလုံးကိုဖြစ်စေ၊ တစ်စိတ် တစ်ဒေသကိုဖြစ်စေ၊ ဆင် တူယိုးမှား ထင်ယောင်ထင်မှားဖြစ်အောင် အသုံးပြုခြင်းများအား မပြုလုပ်ရန် နှင့် တုပသုံးစွဲနေသည်ကို တွေ့မြင်ကြားသိရပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးကြေညာထားသည်ကို တွေ့ရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်ကလည်း Mtube ပေါ်တွင် ညစ်ညမ်းဗီဒီယိုဖိုင်များ ပြသထားမှုများရှိကြောင်း သတင်းများထွက်ပေါ်လာခဲ့သေးသည်။

ထို့ကြောင့် အဆိုပါသတင်းမှာ သတင်းအမှားသာဖြစ်ပြီး Mtube platform အား စမ်း သပ်လုပ်ဆောင်ဆဲ အဆင့်တွင်သာရှိသေးကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်း ဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေရှင်းခဲ့သည်။

zawgyi version
MTube ကို တရားဝင္မွတ္ပုံတင္ထားၿပီးျဖစ္ကာ တုပသုံးစြဲမႈမ်ားရွိပါက တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ဟုဆို
NP News - စက္တင္ဘာ ၁၈

ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနမွ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိသည့္ MTube အမည္ရွိ ဆိုရွယ္ပလပ္ေဖာင္းတစ္ခုကို တရားဝင္မွတ္ပုံတင္ထားၿပီးျဖစ္ေၾကာင္း ယေန႔ (စက္တင္ဘာလ ၁၈ ရက္)ထုတ္ ႏိုင္ငံပိုင္သတင္းစာမ်ားတြင္ တရားဝင္ထည့္သြင္းေၾကညာထားသည္ကို ေတြ႕ရသည္။

Youtube ကဲ့သို႔ အသုံးျပဳႏိုင္ေသာ Mtube ကို ေရးဆြဲေဆာင္႐ြက္ၿပီးျဖစ္ကာ ျမန္မာႏိုင္ငံသားပညာရွင္မ်ားျဖင့္ ေရးဆြဲေဆာင္႐ြက္ထားျခင္းျဖစ္ေၾကာင္း နစက သတင္းထုတ္ျပန္ေရးအဖြဲ႕က ၿပီးခဲ့သည့္ စက္တင္ဘာလ ၂ ရက္က အသိေပး ေျပာၾကားခဲ့သည္။

MTube ကုန္အမွတ္တံဆိပ္အမည္ အမွတ္အသားကို ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန ကိုယ္စား ၫႊန္ၾကားေရးမႉး ဦးေအာင္မ်ိဳးသန႔္က ေနျပည္ေတာ္ စာခ်ဳပ္ စာတမ္းမ်ားမွတ္ပုံတင္႐ုံးတြင္ စာခ်ဳပ္စာတမ္း မွတ္ပုံတင္အမွတ္ ၆၈၈/၂ဝ၂၂ ျဖင့္ စက္ တင္ဘာလ ၉ ရက္တြင္ တရားဝင္မွတ္ပုံတင္သြင္းထားေၾကာင္းသိရသည္။

အဆိုပါ အမွတ္တံဆိပ္အမည္ကိုအသုံးျပဳၿပီး ဆက္သြယ္ေရးကြန္ရက္ႏွင့္ခ်ိတ္ဆက္၍ Video Live Streaming Platform အျဖစ္ ထုတ္လႊင့္ျပသျခင္းလုပ္ငန္းမ်ားကို လုပ္ကိုင္ေဆာင္႐ြက္သြားမည္ျဖစ္သည့္အျပင္ အဆိုပါ ကုန္အမွတ္တံဆိပ္ကို အသုံးျပဳ၍ အင္တာနက္ႏွင့္ လူမႈကြန္ရက္မ်ားတြင္လည္း ထုတ္လႊင့္ျပသအသုံးျပဳေဖာ္ျပ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ျပန္ၾကားေရးဝန္ႀကီးဦးေမာင္ေမာင္အုန္းက " ျပန္ၾကားေရးဝန္ႀကီးဌာနက ထုတ္ျပန္တဲ့ သတင္းေတြကို ကန႔္သတ္ ျခင္း၊ ျဖဳတ္ခ်ျခင္းျဖင့္ နည္းပညာအားကိုးကာ အႏိုင္က်င့္ေဆာင္႐ြက္လ်က္ရွိသည္ကို ႀကဳံေတြ႕ေနရပါတယ္။ ဒါေၾကာင့္ Youtube ကဲ့သို႔ အသုံးျပဳႏိုင္ေသာ Mtube Live Streaming Platform တစ္ခုကို တီထြင္ေဆာင္႐ြက္ျခင္းပင္ျဖစ္ပါတယ္"ဟု ယခုလ အေစာပိုင္းက ေျပာၾကားခဲ့ဖူးသည္။

အထက္ပါ mTube ကုန္အမွတ္တံဆိပ္ အမည္အမွတ္အသားႏွင့္ပတ္သက္၍ အျခားမည္သူတစ္ဦးတစ္ေယာက္မွ် တိုက္႐ိုက္ျဖစ္ေစ၊ သြယ္ဝိုက္၍ျဖစ္ေစ၊ တုပအသုံးျပဳျခင္း၊ အဆိုပါတံဆိပ္အမွတ္အသား တစ္ခုလုံးကိုျဖစ္ေစ၊ တစ္စိတ္ တစ္ေဒသကိုျဖစ္ေစ၊ ဆင္ တူယိုးမွား ထင္ေယာင္ထင္မွားျဖစ္ေအာင္ အသုံးျပဳျခင္းမ်ားအား မျပဳလုပ္ရန္ ႏွင့္ တုပသုံးစြဲေနသည္ကို ေတြ႕ျမင္ၾကားသိရပါက တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူေဆာင္ ႐ြက္သြားမည္ျဖစ္ေၾကာင္းလည္း အသိေပးေၾကညာထားသည္ကို ေတြ႕ရသည္။

ၿပီးခဲ့သည့္ စက္တင္ဘာလ ၁၆ ရက္ကလည္း Mtube ေပၚတြင္ ညစ္ညမ္းဗီဒီယိုဖိုင္မ်ား ျပသထားမႈမ်ားရွိေၾကာင္း သတင္းမ်ားထြက္ေပၚလာခဲ့ေသးသည္။

ထို႔ေၾကာင့္ အဆိုပါသတင္းမွာ သတင္းအမွားသာျဖစ္ၿပီး Mtube platform အား စမ္း သပ္လုပ္ေဆာင္ဆဲ အဆင့္တြင္သာရွိေသးေၾကာင္း သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္း ေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ျပန္လည္ေျဖရွင္းခဲ့သည္။

Related news

© 2021. All rights reserved.