အမေရိကန်၊ ကာရေဘီယံကျွန်းစု ပွာတိုရီကိုမှာ ဟာရီကိန်းမုန်တိုင်း ဖီအိုနာ တိုက်ခတ်မှုဖြစ်ပွား

 510

ရောင်နီ (NP News) - စက်တင်ဘာ ၁၉

ဟာရီကိန်းမုန်တိုင်း ဖီအိုနာဟာ အမျိုးအစား ၁ မုန်တိုင်းအဖြစ် ပွာတိုရီကို ကုန်းတွင်းပိုင်းကို စက်တင်ဘာလ ၁၈ ရက်၊ တနင်္ဂနွေနေ့က ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် လျှပ်စစ်ဓာတ်အားပြတ်တောက်ကာ အကြီးအကျယ် ရေလွှမ်းမိုးမယ့်အန္တရာယ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဟာရီကိန်းမုန်တိုင်းဟာ အမေရိကန်ကျွန်းစုပိုင်နက် အနောက်တောင်ဘက် ကမ်းရိုးတန်း ပန်တာတိုကွန်အနီးကို ညနေ ၃ နာရီ ၂ဝ မိနစ်ခန့်က ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း US National Hurricane Center (NHC) က တွစ်တာမှာ ပြောကြားခဲ့ပါတယ်။ မုန်တိုင်းဟာ အမြင့်ဆုံးလေတိုက်နှုန်း ၁ နာရီ ၈၅ မိုင်နှုန်းနဲ့ တိုက်ခတ်သွားခဲ့ ပေမယ့် Saffir-Simpson စကေးမှာတော့ အနိမ့်ဆုံးအဆင့်ဖြစ်တယ်လို့ သိရပါတယ်။

မုန်တိုင်းဒဏ်သင့်ဒေသများမှာ မိုးရေချိန် ၂၅ လက်မ (၆၄ စင်တီမီတာ) အထိ ရွာသွန်းနိုင်ပြီး မြေပြိုမှုများနဲ့ ရေကြီး ရေလျှံမှုတွေဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ NHC ရဲ့ အစောပိုင်းပြောကြားချက်မှာ ဟာရီကိန်းဟာ ပွာတိုရီကို အရှေ့ဘက်နဲ့ တောင်ပိုင်းကမ်းရိုးတန်းတစ်လျှောက်မှာ မြေပြင်အထက် တစ်ပေမှ သုံးပေအထိ ရေလျှံမှု တွေဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။

အမျိုးသားမိုးလေဝသဌာန San Juan ရုံးမှလည်း ချောင်းများ၊ အဝေးပြေးလမ်းများနဲ့ လမ်းများအပြင် မြို့ပြ၊ မြေနိမ့်ပိုင်းနဲ့ ရေနုတ်မြောင်းနေရာများမှာ အသက်အန္တရာယ်ရှိနိုင်တဲ့လျှပ်တစ်ပြက်ရေလျှံမှုများ ဖြစ်လာနိုင်ကြောင်း သတိပေးထားပါတယ်။ စက်တင်ဘာလ ၁၈ ရက်၊ တနင်္ဂနွေနေ့က ပွာတိုရီကိုကျွန်းအတွက် မုန်တိုင်းသတိပေးချက် အရေးပေါ်အခြေအနေကြေညာခဲ့ကာ ပွာတိုရီကို အုပ်ချုပ်ရေးမှူး ပက်ဒရို ပါလူစီ က မြေပြိုမှုနဲ့ ရေကြီးရေလျှံမှု ဖြစ်ပွားနိုင်တဲ့ဒေသများမှာ နေထိုင်သူဒေသခံတွေကို ၎င်းတို့နေအိမ်များမှ အမြန်ထွက်ခွာဖို့နဲ့ ဘေးလွတ်ရာမှာ ခိုလှုံ ဖို့ တောင်းဆိုခဲ့ပါတယ်။

နှစ်ပေါင်းများစွာ ကြီးမားတဲ့အခြေခံအဆောက်အအုံဆိုင်ရာပြဿနာတွေကိုခံစားခဲ့ရတဲ့ အဆိုပါကျွန်းဟာ ၂ဝ၁၇ ခုနှစ်က ဟာရီကိန်း အိုင်မာနဲ့ မာရီယာ ရဲ့တိုက်ခတ်မှုကြောင့် ၎င်းရဲ့လျှပ်စစ်ဓာတ်အားလိုင်းများ ပျက်စီးစေခဲ့ပါ တယ်။ ဖီအိုနာ ဟာရီကိန်းမုန်တိုင်း မဝင်ရောက်မီကပင် ပွာတိုရီကိုမှာ လူပေါင်း ၃၈၈ဝဝဝ ကျော် လျှပ်စစ်မီး ပြတ်တောက်နေခဲ့ပါတယ်။ အမေရိကန်ဟာ ပွာတိုရီကို ကို ဟာရီကိန်းမာရီယာမုန်တိုင်း တိုက်ခတ်ပြီးနောက် ပျက်စီးမှုတွေအတွက် ဖက်ဒရယ် အကူအညီ လုံလောက်စွာမပေးနိုင်ခဲ့ဘူးလို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္၊ ကာေရဘီယံကြၽန္းစု ပြာတိုရီကိုမွာ ဟာရီကိန္းမုန္တိုင္း ဖီအိုနာ တိုက္ခတ္မႈျဖစ္ပြား
ေရာင္နီ (NP News) - စက္တင္ဘာ ၁၉

ဟာရီကိန္းမုန္တိုင္း ဖီအိုနာဟာ အမ်ိဳးအစား ၁ မုန္တိုင္းအျဖစ္ ပြာတိုရီကို ကုန္းတြင္းပိုင္းကို စက္တင္ဘာလ ၁၈ ရက္၊ တနဂၤေႏြေန႔က ဝင္ေရာက္တိုက္ခတ္ခဲ့တာေၾကာင့္ လွ်ပ္စစ္ဓာတ္အားျပတ္ေတာက္ကာ အႀကီးအက်ယ္ ေရလႊမ္းမိုးမယ့္အႏၲရာယ္နဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။

ဟာရီကိန္းမုန္တိုင္းဟာ အေမရိကန္ကြၽန္းစုပိုင္နက္ အေနာက္ေတာင္ဘက္ ကမ္း႐ိုးတန္း ပန္တာတိုကြန္အနီးကို ညေန ၃ နာရီ ၂ဝ မိနစ္ခန္႔က ဝင္ေရာက္တိုက္ခတ္ခဲ့ေၾကာင္း US National Hurricane Center (NHC) က တြစ္တာမွာ ေျပာၾကားခဲ့ပါတယ္။ မုန္တိုင္းဟာ အျမင့္ဆုံးေလတိုက္ႏႈန္း ၁ နာရီ ၈၅ မိုင္ႏႈန္းနဲ႔ တိုက္ခတ္သြားခဲ့ ေပမယ့္ Saffir-Simpson စေကးမွာေတာ့ အနိမ့္ဆုံးအဆင့္ျဖစ္တယ္လို႔ သိရပါတယ္။

မုန္တိုင္းဒဏ္သင့္ေဒသမ်ားမွာ မိုးေရခ်ိန္ ၂၅ လက္မ (၆၄ စင္တီမီတာ) အထိ ႐ြာသြန္းႏိုင္ၿပီး ေျမၿပိဳမႈမ်ားနဲ႔ ေရႀကီး ေရလွ်ံမႈေတြျဖစ္လာႏိုင္တယ္လို႔ ခန႔္မွန္းထားပါတယ္။ NHC ရဲ႕ အေစာပိုင္းေျပာၾကားခ်က္မွာ ဟာရီကိန္းဟာ ပြာတိုရီကို အေရွ႕ဘက္နဲ႔ ေတာင္ပိုင္းကမ္း႐ိုးတန္းတစ္ေလွ်ာက္မွာ ေျမျပင္အထက္ တစ္ေပမွ သုံးေပအထိ ေရလွ်ံမႈ ေတြျဖစ္ေပၚႏိုင္တယ္လို႔ ဆိုပါတယ္။

အမ်ိဳးသားမိုးေလဝသဌာန San Juan ႐ုံးမွလည္း ေခ်ာင္းမ်ား၊ အေဝးေျပးလမ္းမ်ားနဲ႔ လမ္းမ်ားအျပင္ ၿမိဳ႕ျပ၊ ေျမနိမ့္ပိုင္းနဲ႔ ေရႏုတ္ေျမာင္းေနရာမ်ားမွာ အသက္အႏၲရာယ္ရွိႏိုင္တဲ့လွ်ပ္တစ္ျပက္ေရလွ်ံမႈမ်ား ျဖစ္လာႏိုင္ေၾကာင္း သတိေပးထားပါတယ္။ စက္တင္ဘာလ ၁၈ ရက္၊ တနဂၤေႏြေန႔က ပြာတိုရီကိုကြၽန္းအတြက္ မုန္တိုင္းသတိေပးခ်က္ အေရးေပၚအေျခအေနေၾကညာခဲ့ကာ ပြာတိုရီကို အုပ္ခ်ဳပ္ေရးမႉး ပက္ဒ႐ို ပါလူစီ က ေျမၿပိဳမႈနဲ႔ ေရႀကီးေရလွ်ံမႈ ျဖစ္ပြားႏိုင္တဲ့ေဒသမ်ားမွာ ေနထိုင္သူေဒသခံေတြကို ၎တို႔ေနအိမ္မ်ားမွ အျမန္ထြက္ခြာဖို႔နဲ႔ ေဘးလြတ္ရာမွာ ခိုလႈံ ဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ႏွစ္ေပါင္းမ်ားစြာ ႀကီးမားတဲ့အေျခခံအေဆာက္အအုံဆိုင္ရာျပႆနာေတြကိုခံစားခဲ့ရတဲ့ အဆိုပါကြၽန္းဟာ ၂ဝ၁၇ ခုႏွစ္က ဟာရီကိန္း အိုင္မာနဲ႔ မာရီယာ ရဲ႕တိုက္ခတ္မႈေၾကာင့္ ၎ရဲ႕လွ်ပ္စစ္ဓာတ္အားလိုင္းမ်ား ပ်က္စီးေစခဲ့ပါ တယ္။ ဖီအိုနာ ဟာရီကိန္းမုန္တိုင္း မဝင္ေရာက္မီကပင္ ပြာတိုရီကိုမွာ လူေပါင္း ၃၈၈ဝဝဝ ေက်ာ္ လွ်ပ္စစ္မီး ျပတ္ေတာက္ေနခဲ့ပါတယ္။ အေမရိကန္ဟာ ပြာတိုရီကို ကို ဟာရီကိန္းမာရီယာမုန္တိုင္း တိုက္ခတ္ၿပီးေနာက္ ပ်က္စီးမႈေတြအတြက္ ဖက္ဒရယ္ အကူအညီ လုံေလာက္စြာမေပးႏိုင္ခဲ့ဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.