CIA ဆိုတာ ဘာကြောင့် ဖြစ်လာရတာလဲ?

 1221

ဝတီ (NP News) - စက်တင်ဘာ ၁၉

စီအိုင်အေဆိုတဲ့စကားလုံးဟာ ရုပ်ရှင်တွေ၊ ဗီဒီယိုဂိမ်းတွေ၊ စာအုပ်တွေမှာ မကြာခဏပါလေ့ရှိတဲ့ စကားလုံးဖြစ်လို့ ဒီအဖွဲ့အစည်းနာမည်ကို လူအတော်များများကြားဖူးနေကြပါတယ်။

စီအိုင်အေ (CIA)ဆိုတဲ့ အတိုကောက်နာမည်နဲ့ သတင်းကြီးလှတဲ့ ဗဟိုစုံစမ်းထောက် လှမ်းရေး အေဂျင်စီဟာ အမေရိကန်ဗဟိုအစိုးရလက်အောက်ခံ နိုင်ငံရပ်ခြားစုံစမ်းထောက်လှမ်းရေးအဖွဲ့ပဲ ဖြစ်ပါတယ်။

စီအိုင်အေဟာ နိုင်ငံရပ်ခြားမှာ လျှို့ဝှက်သူလျှိုတွေ ဖြန့်ကျက်ထားပြီးသတင်းတွေ လျှို့ ဝှက်စုဆောင်းပါတယ်။ သူလျှိုတွေ ပေးပို့လာတဲ့နိုင်ငံတော်လုံခြုံရေးဆိုင်ရာ သတင်းအ ချက်အလက်တွေကို စီအိုင်အေရုံးချုပ်က စိစစ်သုံးသပ် ခွဲခြမ်းစိတ်ဖြာပါတယ်။

IC လို့ခေါ်တဲ့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ချုပ်ကြီး (United States Intelligence Community) မှာ စီအိုင်အေက ပင်မအဖွဲ့ဝင်ဖြစ်လို့ သူက နိုင်ငံလုံးဆိုင်ရာ ထောက် လှမ်းရေးဒါရိုက်တာ (Director of National Intelligence)ဆီ အစီရင်ခံရပါတယ်။Central Intelligence Agency လို့ခေါ်တဲ့ စီအိုင်အေရဲ့ အဓိကတာဝန်ကတော့ အမေရိကန်သမ္မတနဲ့ ဝန်ကြီးအဖွဲ့အတွက် ထောက်လှမ်းရေးသတင်းအချက်အလက်တွေ ပေးပို့တာပါပဲ။ သမ္မတ ဟယ်ရီအက်စ်ထရူးမန်း (Harry S. Truman) က Central Intelligence Group ဆိုတဲ့အဖွဲ့ကို ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်မှာ စတင်တည် ထောင်ခဲ့တာဖြစ်ပြီး အဲဒီအဖွဲ့ဟာ နောက်ပိုင်းမှာတော့ စီအိုင်အေ ဖြစ်လာတာပါ။
ဒါကြောင့် စီအိုင်အေရဲ့ သက်တမ်းဟာ ၇၆ နှစ်ဝန်းကျင်ရှိနေပါပြီ။ စီအိုင်အေရုံးချုပ်က ဗာဂျီးနီးယားပြည်နယ်မှာ တည်ရှိပါတယ်။

စီအိုင်အေရဲ့ ဝန်ထမ်းအင်အားကတော့ ၂၁၅၇၅ ယောက်လောက် ရှိပါသတဲ့။ ၂ဝ၁၃ ခုနှစ်မှာ စီအိုင်အေရတဲ့ တစ်နှစ်စာ ဘတ်ဂျက်ကတော့ ဒေါ်လာ (၁၅)ဘီလျံလောက် ရှိပါတယ်။ အမေရိကန်အစိုးရရဲ့ထောက်လှမ်းရေးအသုံးစရိတ်ဘတ်ဂျက် အသေးစိတ်ဟာ လျှို့ဝှက်ထားတဲ့အရာပါ။ ၂ဝ၁၃ ခုနှစ်မှာ စီအိုင်အေရဲ့သတင်းအချက်အလက်တွေ အ ကြီးအကျယ် ပေါက်ကြားသွားတဲ့အခါကျမှသာ စီအိုင်အေရဲ့တစ်နှစ်တာ အသုံးစရိတ် အဲဒီလောက်ရှိတယ်ဆိုတာ လူသိရှင်ကြား ဖြစ်သွားရတာပါ။

FBI လို့ လူသိများတဲ့ ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့ကတော့ ပြည်တွင်းလုံခြုံရေးအဖွဲ့ဖြစ်ပြီး စီအိုင်အေက အက်ဖ်ဘီအိုင်လို မှုခင်းတားဆီးရေးလုပ်ငန်းဆောင်တာတွေ မလုပ် ဆောင်ရပါဘူး။ စီအိုင်အေက ပြည်ပမှာ ထောက်လှမ်းရေးသတင်းတွေ စုဆောင်းတဲ့
အလုပ်ကိုပဲ အဓိကလုပ်ရတာဖြစ်ပြီး ပြည်တွင်းမှာ ထောက်လှမ်းရေးသတင်း စုဆောင်းတာတွေ သိပ်မလုပ်ရပါဘူး။ IC လို့ခေါ်တဲ့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ချုပ်ကြီး လက်အောက်မှာရှိတဲ့ သူလျှိုတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို စီအိုင်အေက စီမံခန့်ခွဲပါတယ်။

စီအိုင်အေဟာ လျှို့ဝှက်လှုပ်ရှားမှုကို သမ္မတအမိန့်အရ တရားဝင်ဆောင်ရွက်ကြီးကြပ်ပိုင်ခွင့်ရှိတဲ့ တစ်ခုတည်းသော အေဂျင်စီပါ။ ဒါ့ပြင် စီအိုင်အေဟာ သူ့လက်အောက်မှာရှိတဲ့ဌာနခွဲတွေကနေတစ်ဆင့် နိုင်ငံရပ်ခြားက နိုင်ငံရေးကိစ္စတွေအပေါ် သြဇာလွှမ်းမိုးပါတယ်။ ပြီးတော့ အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံအများစုမှာ ထောက်လှမ်းရေးအဖွဲ့တွေ တည်ထောင်နိုင်ရေး ကိစ္စရပ်မှာလည်း စီအိုင်အေက အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ နိုင်ငံခြားက နိုင်ငံရေးအဖွဲ့တွေနဲ့ နိုင်ငံခြားအစိုးရအဖွဲ့အ စည်းတွေကိုလည်း နည်းပညာအထောက်အကူတွေ ပေးပါတယ်။ အစိုးရအဖွဲ့အပြောင်း အလဲ ဖြစ်တဲ့ကိစ္စတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ နိုင်ငံခြားခေါင်းဆောင်တွေကို လုပ်ကြံရေး အစီအစဉ်တွေမှာ စီအိုင်အေ ပါဝင်ပတ်သက်နေတယ်လို့ ဝီကီပီးဒီးယားမှာ ရေးသားထားပါတယ်။

စီအိုင်အေဟာ ၂ဝဝ၄ ခုနှစ်ကစလို့ နိုင်ငံလုံးဆိုင်ရာ ထောက်လှမ်းရေးဒါရိုက်တာ (Director of National Intelligence) လက်အောက်ရောက်သွားခဲ့ပါတယ်။ နိုင်ငံလုံးဆိုင်ရာ ထောက်လှမ်းရေး ဒါရိုက်တာလက်အောက်ကို ရောက်သွားပြီး လုပ်ပိုင်ခွင့်အာ ဏာတချို့ကို ဒါရိုက်တာလက်ထဲ လွှဲပေးလိုက်ရပေမယ့် စက်တင်ဘာလ ၁၁ ရက်တိုက်
ခိုက်မှုတွေ (September 11 attacks)ကြောင့် စီအိုင်အေမှာ ဝန်ထမ်းတွေ ပိုများလာပြီး စီအိုင်အေရဲ့ အရွယ်အစားလည်းကြီးသထက် ပိုကြီးလာပါတယ်။ IC လို့ခေါ်တဲ့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့ချုပ်ကြီးဟာ စီအိုင်အေ အပါအဝင်တခြားထောက်လှမ်းရေးအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတာပါ။

ဒါပေမဲ့ IC လက်အောက်ခံ ထောက်လှမ်းရေးအဖွဲ့တွေထဲမှာ စီအိုင်အေက ၂ဝ၁ဝ ခုနှစ်မှာ ဘတ်ဂျက် အများဆုံးရတယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာကြီးက ၂ဝ၁၃ ခုနှစ်မှာ သတင်းရေးသားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ စီအိုင်အေဟာ အကူတပ်ဖွဲ့တွေနဲ့ ခြေရာဖျောက် စစ်ဆင်ရေးတွေပါ လုပ်ဆောင်လာပါတယ်။ စီအိုင်အေ လက်အောက်ခံ အဖွဲ့ခွဲတွေထဲမှာ အကြီးဆုံးထဲပါတဲ့ သတင်းအချက်အလက်စစ်ဆင်ရေးစင်တာ (IOC) ဟာဆိုရင် အရင်လို အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး မလုပ်တော့ဘဲ ဆိုက်ဘာစစ် ဆင်ရေးကိုပဲ အဓိကထား လုပ်ဆောင်နေပါပြီ။ စီအိုင်အေနဲ့ ပတ်သက်လို့မကောင်းသ တင်းတွေ ထွက်လေ့ရှိတယ်လို့ ဝီကီပီးဒီယားမှာရေးသားထားပါတယ်။

ဥပမာအားဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဂျာနယ်လစ်တွေ ဖုန်းပြောတာကို ခိုးနားထောင်တာတွေ၊ ဝါဒဖြန့်တာတွေပါ။ ဒါ့ပြင် စီအိုင်အေဟာ မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့လည်း စွပ်စွဲခံခဲ့ရဖူးတယ်လို့ ဝီကီပီးဒီယားမှာ ရေးသားထားပါသေးတယ်။

zawgyi version
CIA ဆိုတာ ဘာေၾကာင့္ ျဖစ္လာရတာလဲ?
ဝတီ (NP News) - စက္တင္ဘာ ၁၉

စီအိုင္ေအဆိုတဲ့စကားလုံးဟာ ႐ုပ္ရွင္ေတြ၊ ဗီဒီယိုဂိမ္းေတြ၊ စာအုပ္ေတြမွာ မၾကာခဏပါေလ့ရွိတဲ့ စကားလုံးျဖစ္လို႔ ဒီအဖြဲ႕အစည္းနာမည္ကို လူအေတာ္မ်ားမ်ားၾကားဖူးေနၾကပါတယ္။

စီအိုင္ေအ (CIA)ဆိုတဲ့ အတိုေကာက္နာမည္နဲ႔ သတင္းႀကီးလွတဲ့ ဗဟိုစုံစမ္းေထာက္ လွမ္းေရး ေအဂ်င္စီဟာ အေမရိကန္ဗဟိုအစိုးရလက္ေအာက္ခံ ႏိုင္ငံရပ္ျခားစုံစမ္းေထာက္လွမ္းေရးအဖြဲ႕ပဲ ျဖစ္ပါတယ္။

စီအိုင္ေအဟာ ႏိုင္ငံရပ္ျခားမွာ လွ်ိဳ႕ဝွက္သူလွ်ိဳေတြ ျဖန႔္က်က္ထားၿပီးသတင္းေတြ လွ်ိဳ႕ ဝွက္စုေဆာင္းပါတယ္။ သူလွ်ိဳေတြ ေပးပို႔လာတဲ့ႏိုင္ငံေတာ္လုံၿခဳံေရးဆိုင္ရာ သတင္းအ ခ်က္အလက္ေတြကို စီအိုင္ေအ႐ုံးခ်ဳပ္က စိစစ္သုံးသပ္ ခြဲျခမ္းစိတ္ျဖာပါတယ္။

IC လို႔ေခၚတဲ့ အေမရိကန္ေထာက္လွမ္းေရးအဖြဲ႕ခ်ဳပ္ႀကီး (United States Intelligence Community) မွာ စီအိုင္ေအက ပင္မအဖြဲ႕ဝင္ျဖစ္လို႔ သူက ႏိုင္ငံလုံးဆိုင္ရာ ေထာက္ လွမ္းေရးဒါ႐ိုက္တာ (Director of National Intelligence)ဆီ အစီရင္ခံရပါတယ္။Central Intelligence Agency လို႔ေခၚတဲ့ စီအိုင္ေအရဲ႕ အဓိကတာဝန္ကေတာ့ အေမရိကန္သမၼတနဲ႔ ဝန္ႀကီးအဖြဲ႕အတြက္ ေထာက္လွမ္းေရးသတင္းအခ်က္အလက္ေတြ ေပးပို႔တာပါပဲ။ သမၼတ ဟယ္ရီအက္စ္ထ႐ူးမန္း (Harry S. Truman) က Central Intelligence Group ဆိုတဲ့အဖြဲ႕ကို ၁၉၄၆ ခုႏွစ္၊ ဇန္နဝါရီလ ၂၂ ရက္မွာ စတင္တည္ ေထာင္ခဲ့တာျဖစ္ၿပီး အဲဒီအဖြဲ႕ဟာ ေနာက္ပိုင္းမွာေတာ့ စီအိုင္ေအ ျဖစ္လာတာပါ။
ဒါေၾကာင့္ စီအိုင္ေအရဲ႕ သက္တမ္းဟာ ၇၆ ႏွစ္ဝန္းက်င္ရွိေနပါၿပီ။ စီအိုင္ေအ႐ုံးခ်ဳပ္က ဗာဂ်ီးနီးယားျပည္နယ္မွာ တည္ရွိပါတယ္။

စီအိုင္ေအရဲ႕ ဝန္ထမ္းအင္အားကေတာ့ ၂၁၅၇၅ ေယာက္ေလာက္ ရွိပါသတဲ့။ ၂ဝ၁၃ ခုႏွစ္မွာ စီအိုင္ေအရတဲ့ တစ္ႏွစ္စာ ဘတ္ဂ်က္ကေတာ့ ေဒၚလာ (၁၅)ဘီလ်ံေလာက္ ရွိပါတယ္။ အေမရိကန္အစိုးရရဲ႕ေထာက္လွမ္းေရးအသုံးစရိတ္ဘတ္ဂ်က္ အေသးစိတ္ဟာ လွ်ိဳ႕ဝွက္ထားတဲ့အရာပါ။ ၂ဝ၁၃ ခုႏွစ္မွာ စီအိုင္ေအရဲ႕သတင္းအခ်က္အလက္ေတြ အ ႀကီးအက်ယ္ ေပါက္ၾကားသြားတဲ့အခါက်မွသာ စီအိုင္ေအရဲ႕တစ္ႏွစ္တာ အသုံးစရိတ္ အဲဒီေလာက္ရွိတယ္ဆိုတာ လူသိရွင္ၾကား ျဖစ္သြားရတာပါ။

FBI လို႔ လူသိမ်ားတဲ့ ဗဟိုစုံစမ္းစစ္ေဆးေရးအဖြဲ႕ကေတာ့ ျပည္တြင္းလုံၿခဳံေရးအဖြဲ႕ျဖစ္ၿပီး စီအိုင္ေအက အက္ဖ္ဘီအိုင္လို မႈခင္းတားဆီးေရးလုပ္ငန္းေဆာင္တာေတြ မလုပ္ ေဆာင္ရပါဘူး။ စီအိုင္ေအက ျပည္ပမွာ ေထာက္လွမ္းေရးသတင္းေတြ စုေဆာင္းတဲ့
အလုပ္ကိုပဲ အဓိကလုပ္ရတာျဖစ္ၿပီး ျပည္တြင္းမွာ ေထာက္လွမ္းေရးသတင္း စုေဆာင္းတာေတြ သိပ္မလုပ္ရပါဘူး။ IC လို႔ေခၚတဲ့ အေမရိကန္ေထာက္လွမ္းေရးအဖြဲ႕ခ်ဳပ္ႀကီး လက္ေအာက္မွာရွိတဲ့ သူလွ်ိဳေတြရဲ႕ ပူးေပါင္းေဆာင္႐ြက္မႈေတြကို စီအိုင္ေအက စီမံခန႔္ခြဲပါတယ္။

စီအိုင္ေအဟာ လွ်ိဳ႕ဝွက္လႈပ္ရွားမႈကို သမၼတအမိန႔္အရ တရားဝင္ေဆာင္႐ြက္ႀကီးၾကပ္ပိုင္ခြင့္ရွိတဲ့ တစ္ခုတည္းေသာ ေအဂ်င္စီပါ။ ဒါ့ျပင္ စီအိုင္ေအဟာ သူ႔လက္ေအာက္မွာရွိတဲ့ဌာနခြဲေတြကေနတစ္ဆင့္ ႏိုင္ငံရပ္ျခားက ႏိုင္ငံေရးကိစၥေတြအေပၚ ၾသဇာလႊမ္းမိုးပါတယ္။ ၿပီးေတာ့ အေမရိကန္ရဲ႕ မဟာမိတ္ႏိုင္ငံအမ်ားစုမွာ ေထာက္လွမ္းေရးအဖြဲ႕ေတြ တည္ေထာင္ႏိုင္ေရး ကိစၥရပ္မွာလည္း စီအိုင္ေအက အဓိကက်တဲ့ အခန္းက႑ကေန ပါဝင္ေဆာင္႐ြက္ခဲ့ပါတယ္။ ႏိုင္ငံျခားက ႏိုင္ငံေရးအဖြဲ႕ေတြနဲ႔ ႏိုင္ငံျခားအစိုးရအဖြဲ႕အ စည္းေတြကိုလည္း နည္းပညာအေထာက္အကူေတြ ေပးပါတယ္။ အစိုးရအဖြဲ႕အေျပာင္း အလဲ ျဖစ္တဲ့ကိစၥေတြ၊ အၾကမ္းဖက္တိုက္ခိုက္မႈေတြနဲ႔ ႏိုင္ငံျခားေခါင္းေဆာင္ေတြကို လုပ္ႀကံေရး အစီအစဥ္ေတြမွာ စီအိုင္ေအ ပါဝင္ပတ္သက္ေနတယ္လို႔ ဝီကီပီးဒီးယားမွာ ေရးသားထားပါတယ္။

စီအိုင္ေအဟာ ၂ဝဝ၄ ခုႏွစ္ကစလို႔ ႏိုင္ငံလုံးဆိုင္ရာ ေထာက္လွမ္းေရးဒါ႐ိုက္တာ (Director of National Intelligence) လက္ေအာက္ေရာက္သြားခဲ့ပါတယ္။ ႏိုင္ငံလုံးဆိုင္ရာ ေထာက္လွမ္းေရး ဒါ႐ိုက္တာလက္ေအာက္ကို ေရာက္သြားၿပီး လုပ္ပိုင္ခြင့္အာ ဏာတခ်ိဳ႕ကို ဒါ႐ိုက္တာလက္ထဲ လႊဲေပးလိုက္ရေပမယ့္ စက္တင္ဘာလ ၁၁ ရက္တိုက္
ခိုက္မႈေတြ (September 11 attacks)ေၾကာင့္ စီအိုင္ေအမွာ ဝန္ထမ္းေတြ ပိုမ်ားလာၿပီး စီအိုင္ေအရဲ႕ အ႐ြယ္အစားလည္းႀကီးသထက္ ပိုႀကီးလာပါတယ္။ IC လို႔ေခၚတဲ့ အေမရိကန္ေထာက္လွမ္းေရးအဖြဲ႕ခ်ဳပ္ႀကီးဟာ စီအိုင္ေအ အပါအဝင္တျခားေထာက္လွမ္းေရးအဖြဲ႕ေတြနဲ႔ ဖြဲ႕စည္းထားတာပါ။

ဒါေပမဲ့ IC လက္ေအာက္ခံ ေထာက္လွမ္းေရးအဖြဲ႕ေတြထဲမွာ စီအိုင္ေအက ၂ဝ၁ဝ ခုႏွစ္မွာ ဘတ္ဂ်က္ အမ်ားဆုံးရတယ္လို႔ ဝါရွင္တန္ပို႔စ္သတင္းစာႀကီးက ၂ဝ၁၃ ခုႏွစ္မွာ သတင္းေရးသားခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ စီအိုင္ေအဟာ အကူတပ္ဖြဲ႕ေတြနဲ႔ ေျခရာေဖ်ာက္ စစ္ဆင္ေရးေတြပါ လုပ္ေဆာင္လာပါတယ္။ စီအိုင္ေအ လက္ေအာက္ခံ အဖြဲ႕ခြဲေတြထဲမွာ အႀကီးဆုံးထဲပါတဲ့ သတင္းအခ်က္အလက္စစ္ဆင္ေရးစင္တာ (IOC) ဟာဆိုရင္ အရင္လို အၾကမ္းဖက္မႈတန္ျပန္တိုက္ဖ်က္ေရး မလုပ္ေတာ့ဘဲ ဆိုက္ဘာစစ္ ဆင္ေရးကိုပဲ အဓိကထား လုပ္ေဆာင္ေနပါၿပီ။ စီအိုင္ေအနဲ႔ ပတ္သက္လို႔မေကာင္းသ တင္းေတြ ထြက္ေလ့ရွိတယ္လို႔ ဝီကီပီးဒီယားမွာေရးသားထားပါတယ္။

ဥပမာအားျဖင့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ၊ ဂ်ာနယ္လစ္ေတြ ဖုန္းေျပာတာကို ခိုးနားေထာင္တာေတြ၊ ဝါဒျဖန႔္တာေတြပါ။ ဒါ့ျပင္ စီအိုင္ေအဟာ မူးယစ္ေဆးဝါးေမွာင္ခိုမႈနဲ႔လည္း စြပ္စြဲခံခဲ့ရဖူးတယ္လို႔ ဝီကီပီးဒီယားမွာ ေရးသားထားပါေသးတယ္။

Related news

© 2021. All rights reserved.