ကိုဗစ်ကြောင့် လူသေဆုံးမှုတွေရှိနေပေမယ့် ကူးစက်ရောဂါ ပြီးဆုံးသွားပြီဖြစ်ကြောင်း ဘိုင်ဒမ်ပြောကြား

 445

ရောင်နီ (NP News) - စက်တင်ဘာ ၂ဝ

အမေရိကန်ပြည်ထောင်စုမှာ နေ့စဉ်နိုင်ငံသား ရာပေါင်းများစွာသေဆုံးစေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများနဲ့အတူ ဆက်လက်ရုန်းကန်နေရဆဲ ဖြစ်ပေမယ့်လည်း နိုင်ငံအမေရိကန်သမ္မတဂျိုးဘိုင်ဒမ် က "ကူးစက်ရောဂါဟာ ပြီးသွားပြီ ဖြစ်တယ်" လို့ စက်တင်ဘာလ ၁၈ ရက်၊ တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

"ကူးစက်ရောဂါပြီးသွားပြီ" လို့ CBS ရဲ့ မိနစ် ၆ဝ အစီအစဉ်အင်တာဗျူးတစ်ခုမှာ မစ္စတာဘိုင်ဒမ် က ပြောကြား ခဲ့တာပါ။ "COVID ကူးစက်မှုတွေ ရှိနေတုန်းပဲ၊ ကျွန်တော်တို့ အများကြီးလုပ်နေရတုန်းပဲ။ ဒါပေမဲ့ ကပ်ရောဂါက ပြီးသွားပြီ၊ မင်းသတိထားမိရင် ဘယ်သူမှ နှာခေါင်းစည်း မဝတ်ထားတော့ဘူး။ အားလုံးက အခြေအနေ ကောင်းနေ ပုံ ရတယ်။ ဒါကြောင့် ပြောင်းလဲနေပြီလို့ ထင်တယ်" လို့ သူကပြောပါတယ်။

ပိုမိုကောင်းမွန်တဲ့စောင့်ရှောက်မှု၊ ဆေးဝါးများနဲ့ ကာကွယ်ဆေးများ ပိုမိုကျယ်ပြန့်စွာရရှိလာတာကြောင့် ကိုဗစ်ကူးစက်မှု သိသိသာသာလျော့နည်းလာခဲ့ပါတယ်။ သို့ပေမယ့် အမေရိကန်မှာ Covid-19 ကြောင့် တစ်ရက်ကို လူ ၄ဝဝ နီးပါး သေဆုံးနေရဆဲဖြစ်ကြောင်း ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာနမှ ဖော်ပြချက်အရ သိရပါ တယ်။

မစ္စတာဘိုင်ဒင်ဟာလည်း ဇူလိုင်လက ၂ ကြိမ်မြောက် ကိုဗစ်ကူးစက်ခံရပြီးနောက် အိမ်ဖြူတော်မှာ သီတင်းနှစ်ပတ် ကျော်ကြာ ကွာရန်တင်း ဝင်ခဲ့ရပါတယ်။ ဘိုင်ဒမ်ဟာ ကူးစက်မှု အပျော့စားလက္ခဏာတွေသာ ခံစားခဲ့ရပြီး ဒါဟာ ၎င်းရဲ့သမ္မတသက်တမ်းအတွင်း ပြုစုစောင့်ရှောက်မှု တိုးတက်မှုအတွက် သက်သေပြချက်တစ်ခုဖြစ်တယ်လို့ ဆိုခဲ့ပါ တယ်။ ဒါ့အပြင် ကိုဗစ်ကူးစက်မှုကြောင့် ဖြစ်နိုင်ချေရှိတဲ့ ပြိုလဲမှုဖြစ်စဉ်အတွက်လည်း ကြိုတင်ပြင်ဆင်ရန် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ ဘီလျံ ကွန်ဂရက်သို့ တောင်းခံထားတယ်လို့ သိရပါတယ်။

Zawgyi Version;
ကိုဗစ္ေၾကာင့္ လူေသဆုံးမႈေတြရွိေနေပမယ့္ ကူးစက္ေရာဂါ ၿပီးဆုံးသြားၿပီျဖစ္ေၾကာင္း ဘိုင္ဒမ္ေျပာၾကား
ေရာင္နီ (NP News) - စက္တင္ဘာ ၂ဝ

အေမရိကန္ျပည္ေထာင္စုမွာ ေန႔စဥ္ႏိုင္ငံသား ရာေပါင္းမ်ားစြာေသဆုံးေစတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈမ်ားနဲ႔အတူ ဆက္လက္႐ုန္းကန္ေနရဆဲ ျဖစ္ေပမယ့္လည္း ႏိုင္ငံအေမရိကန္သမၼတဂ်ိဳးဘိုင္ဒမ္ က "ကူးစက္ေရာဂါဟာ ၿပီးသြားၿပီ ျဖစ္တယ္" လို႔ စက္တင္ဘာလ ၁၈ ရက္၊ တနဂၤေႏြေန႔မွာ ေျပာၾကားခဲ့ပါတယ္။

"ကူးစက္ေရာဂါၿပီးသြားၿပီ" လို႔ CBS ရဲ႕ မိနစ္ ၆ဝ အစီအစဥ္အင္တာဗ်ဴးတစ္ခုမွာ မစၥတာဘိုင္ဒမ္ က ေျပာၾကား ခဲ့တာပါ။ "COVID ကူးစက္မႈေတြ ရွိေနတုန္းပဲ၊ ကြၽန္ေတာ္တို႔ အမ်ားႀကီးလုပ္ေနရတုန္းပဲ။ ဒါေပမဲ့ ကပ္ေရာဂါက ၿပီးသြားၿပီ၊ မင္းသတိထားမိရင္ ဘယ္သူမွ ႏွာေခါင္းစည္း မဝတ္ထားေတာ့ဘူး။ အားလုံးက အေျခအေန ေကာင္းေန ပုံ ရတယ္။ ဒါေၾကာင့္ ေျပာင္းလဲေနၿပီလို႔ ထင္တယ္" လို႔ သူကေျပာပါတယ္။

ပိုမိုေကာင္းမြန္တဲ့ေစာင့္ေရွာက္မႈ၊ ေဆးဝါးမ်ားနဲ႔ ကာကြယ္ေဆးမ်ား ပိုမိုက်ယ္ျပန႔္စြာရရွိလာတာေၾကာင့္ ကိုဗစ္ကူးစက္မႈ သိသိသာသာေလ်ာ့နည္းလာခဲ့ပါတယ္။ သို႔ေပမယ့္ အေမရိကန္မွာ Covid-19 ေၾကာင့္ တစ္ရက္ကို လူ ၄ဝဝ နီးပါး ေသဆုံးေနရဆဲျဖစ္ေၾကာင္း ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးဗဟိုဌာနမွ ေဖာ္ျပခ်က္အရ သိရပါ တယ္။

မစၥတာဘိုင္ဒင္ဟာလည္း ဇူလိုင္လက ၂ ႀကိမ္ေျမာက္ ကိုဗစ္ကူးစက္ခံရၿပီးေနာက္ အိမ္ျဖဴေတာ္မွာ သီတင္းႏွစ္ပတ္ ေက်ာ္ၾကာ ကြာရန္တင္း ဝင္ခဲ့ရပါတယ္။ ဘိုင္ဒမ္ဟာ ကူးစက္မႈ အေပ်ာ့စားလကၡဏာေတြသာ ခံစားခဲ့ရၿပီး ဒါဟာ ၎ရဲ႕သမၼတသက္တမ္းအတြင္း ျပဳစုေစာင့္ေရွာက္မႈ တိုးတက္မႈအတြက္ သက္ေသျပခ်က္တစ္ခုျဖစ္တယ္လို႔ ဆိုခဲ့ပါ တယ္။ ဒါ့အျပင္ ကိုဗစ္ကူးစက္မႈေၾကာင့္ ျဖစ္ႏိုင္ေခ်ရွိတဲ့ ၿပိဳလဲမႈျဖစ္စဥ္အတြက္လည္း ႀကိဳတင္ျပင္ဆင္ရန္ ရန္ပုံေငြ အေမရိကန္ေဒၚလာ ၂၂ ဒသမ ၄ ဘီလ်ံ ကြန္ဂရက္သို႔ ေတာင္းခံထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.