နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာသော လမ်းစဉ်မှာ လုံးဝမရှိတော့၍ တိုက်ပွဲဖြစ်ရတော့မည်ဟု ရှမ်းလက်နက်ကိုင်အဖွဲ့ SSPP/SSA ကြေညာ

 1519

မြူနစ် (NP News) - မေ ၄
နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာသော လမ်းစဉ်မှာ လုံးဝမရှိတော့၍ တိုက်ပွဲဖြစ်ရတော့မည်ဟု ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် SSPP/SSA ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးစဝ်ခွန်ဆိုင်က ထုတ်ဖော်ကြေညာလိုက်သည်။

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၏ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သော SSA မှ ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးစဝ်ခွန်ဆိုင်က ပြီးခဲ့သောရက်ပိုင်းအတွင်း၌ ကျင်းပခဲ့သော SSA တည်ထောင်ခြင်းနှစ်(၆၀)ပြည့်အခမ်းအနားတွင် အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ချုပ်ဆိုခဲ့ဖူးသော ပင်လုံစာချုပ်ကို လစ်လျူရှု့ပစ်ပယ်ကာ တစ်ပြည်ထောင်စနစ်ကို တည်ဆောက်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းဖြစ်ကြောင်းလည်း SSPP/SSA ဒုဥက္ကဋ္ဌစဝ်ခွန်ဆိုင်က ဆိုသည်။

နိုင်ငံရေးကို နိုင်ငံရေးလမ်းစဉ်ဖြင့် စားပွဲဝိုင်းပေါ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်မှာ ပင်လုံစာချုပ် စတင်ချုပ်ဆိုချိန်မှစ၍ လက်ရှိအထိ နှစ်ပေါင်း (၇၇)နှစ် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း SSPP/SSA က အသိပေးထားသည်။

ထို့ပြင် တပ်မတော်က နိုင်ငံတော်အာဏာရယူပြီးနောက်ပိုင်းတွင်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည် စားပွဲဝိုင်း ပေါ်တွင် ဆွေးနွေးညှိနှိုင်းအဖြေရှာရန် လုံးဝမဖြစ်နိုင်တော့သည့်အနေအထားမျိုးဖြစ်ခဲ့ကြောင်း စဝ်ခွန်ဆိုင်က ဆက်လက်ပြောသည်။

“တွေဝေနေလို့ မဖြစ်တော့ပါဘူး ၊ အခု ကျနော်တို့ ဖြစ်ချင်တာက နိုင်ငံရေး ပြ ဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အဖြေရှာဖို့ လမ်း စဉ်ဟာ လုံးဝ မရှိတော့ပါဘူး။ ဒါ့ကြောင့် တိုက်ပွဲ ဖြစ်ရပါတော့မယ်။ မနက်ဖန် စစ်မဖြစ်ချင်ရင် ဒီနေ့ စစ်ဖြစ်ရပါမယ်။ မနက်ဖန် အခက်မကြုံဖို့ အတွက် ဒီနေ့ ရုန်းကန်ရပါမယ်” ဟု SSPP/SSA ဒုဥက္ကဋ္ဌက ပြောကြားထားသည်။

ရှမ်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော SSPP/SSA သည် NCA စာချုပ်ကို လက်မှတ်ရေးထိုးထားခြင်းမရှိသော်လည်း သမ္မ တဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် ပဏာမအပစ်ရပ်စာချုပ်များကို လက်မှတ်ရေးထိုးခဲ့သော အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။

သို့သော် ၂၀၁၅ ခုနှစ်မှစ၍ ၂၀၁၇ ခုနှစ်အတွင်း၌ SSPP/SSA ဌာနချုပ်ရှိရာ ဝမ်ဟိုင်းအနီးတွင် တပ်မတော်နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ဖူးကြောင်း သိရသည်။

SSPP/SSA အဖွဲ့သည် လက်ရှိနစကအစိုးရလက်ထက်အတွင်း၌ နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံ ဆွေးနွေးမှုများရှိခဲ့ဖူးသည်။

Zawgyi Version

ႏိုင္ငံေရးနည္းလမ္းျဖင့္ အေျဖရွာေသာ လမ္းစဥ္မွာ လုံးဝမရွိေတာ့၍ တိုက္ပြဲျဖစ္ရေတာ့မည္ဟု ရွမ္းလက္နက္ကိုင္အဖြဲ႕ SSPP/SSA ေၾကညာ

ျမဴနစ္ (NP News) - ေမ ၄
ႏိုင္ငံေရးနည္းလမ္းျဖင့္ အေျဖရွာေသာ လမ္းစဥ္မွာ လုံးဝမရွိေတာ့၍ တိုက္ပြဲျဖစ္ရေတာ့မည္ဟု ရွမ္းလက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္သည့္ SSPP/SSA ဒုဥကၠ႒ ဒုဗိုလ္ခ်ဳပ္ႀကီးစဝ္ခြန္ဆိုင္က ထုတ္ေဖာ္ေၾကညာလိုက္သည္။

ရွမ္းျပည္တိုးတက္ေရးပါတီ(SSPP)၏ လက္နက္ကိုင္အဖြဲ႕အစည္းျဖစ္ေသာ SSA မွ ဒုတိယဥကၠ႒ ဒုဗိုလ္ခ်ဳပ္ႀကီးစဝ္ခြန္ဆိုင္က ၿပီးခဲ့ေသာရက္ပိုင္းအတြင္း၌ က်င္းပခဲ့ေသာ SSA တည္ေထာင္ျခင္းႏွစ္(၆၀)ျပည့္အခမ္းအနားတြင္ အထက္ပါကဲ့သို႔ ေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ခ်ဳပ္ဆိုခဲ့ဖူးေသာ ပင္လုံစာခ်ဳပ္ကို လစ္လ်ဴရႈ႕ပစ္ပယ္ကာ တစ္ျပည္ေထာင္စနစ္ကို တည္ေဆာက္ခဲ့ျခင္းေၾကာင့္ ယခုကဲ့သို႔ ဆုံးျဖတ္ရျခင္းျဖစ္ေၾကာင္းလည္း SSPP/SSA ဒုဥကၠ႒စဝ္ခြန္ဆိုင္က ဆိုသည္။

ႏိုင္ငံေရးကို ႏိုင္ငံေရးလမ္းစဥ္ျဖင့္ စားပြဲဝိုင္းေပၚတြင္ ေတြ႕ဆုံေဆြးေႏြးခဲ့သည္မွာ ပင္လုံစာခ်ဳပ္ စတင္ခ်ဳပ္ဆိုခ်ိန္မွစ၍ လက္ရွိအထိ ႏွစ္ေပါင္း (၇၇)ႏွစ္ ၾကာျမင့္ခဲ့ၿပီျဖစ္ေၾကာင္း SSPP/SSA က အသိေပးထားသည္။

ထို႔ျပင္ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူၿပီးေနာက္ပိုင္းတြင္လည္း ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးအေျခအေနသည္ စားပြဲဝိုင္း ေပၚတြင္ ေဆြးေႏြးညႇိႏႈိင္းအေျဖရွာရန္ လုံးဝမျဖစ္ႏိုင္ေတာ့သည့္အေနအထားမ်ိဳးျဖစ္ခဲ့ေၾကာင္း စဝ္ခြန္ဆိုင္က ဆက္လက္ေျပာသည္။

“ေတြေဝေနလို႔ မျဖစ္ေတာ့ပါဘူး ၊ အခု က်ေနာ္တို႔ ျဖစ္ခ်င္တာက ႏိုင္ငံေရး ျပ ႆနာကို ႏိုင္ငံေရး နည္းလမ္းနဲ႔ ေတြ႕ဆုံ ေဆြးေႏြး အေျဖရွာတာ ျဖစ္ပါတယ္။ အခုခ်ိန္မွာေတာ့ အေျဖရွာဖို႔ လမ္း စဥ္ဟာ လုံးဝ မရွိေတာ့ပါဘူး။ ဒါ့ေၾကာင့္ တိုက္ပြဲ ျဖစ္ရပါေတာ့မယ္။ မနက္ဖန္ စစ္မျဖစ္ခ်င္ရင္ ဒီေန႔ စစ္ျဖစ္ရပါမယ္။ မနက္ဖန္ အခက္မႀကဳံဖို႔ အတြက္ ဒီေန႔ ႐ုန္းကန္ရပါမယ္” ဟု SSPP/SSA ဒုဥကၠ႒က ေျပာၾကားထားသည္။

ရွမ္းလက္နက္ကိုင္အဖြဲ႕တစ္ခုျဖစ္ေသာ SSPP/SSA သည္ NCA စာခ်ဳပ္ကို လက္မွတ္ေရးထိုးထားျခင္းမရွိေသာ္လည္း သမၼ တဦးသိန္းစိန္အစိုးရလက္ထက္တြင္ ျပည္နယ္အဆင့္ႏွင့္ ျပည္ေထာင္စုအဆင့္ ပဏာမအပစ္ရပ္စာခ်ဳပ္မ်ားကို လက္မွတ္ေရးထိုးခဲ့ေသာ အဖြဲ႕အစည္းတစ္ခုလည္း ျဖစ္သည္။

သို႔ေသာ္ ၂၀၁၅ ခုႏွစ္မွစ၍ ၂၀၁၇ ခုႏွစ္အတြင္း၌ SSPP/SSA ဌာနခ်ဳပ္ရွိရာ ဝမ္ဟိုင္းအနီးတြင္ တပ္မေတာ္ႏွင့္ တိုက္ပြဲအျပင္းအထန္ျဖစ္ပြားခဲ့ဖူးေၾကာင္း သိရသည္။

SSPP/SSA အဖြဲ႕သည္ လက္ရွိနစကအစိုးရလက္ထက္အတြင္း၌ နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ေတြ႕ဆုံ ေဆြးေႏြးမႈမ်ားရွိခဲ့ဖူးသည္။

Picture

My Mine

04/05/2024 20:31

လူလည်ကျရင်လည်း...နေရာမရှိပါဘူး

Picture

My Mine

04/05/2024 22:15

ချွန်တွန်းက သူတို့ကအစစ်

Picture

My Mine

04/05/2024 20:14

အလကား ဘိန်းသူဌေးတွေ

Picture

Htoo Myat Thu

04/05/2024 13:12

ကလေးတွေကိုရှင်သန်ခွင့်ပြုလိုက်ပါ ကိုစစ်ခေါ်ရယ် :D သေခါနီးအကုသိုလ်ယူပြီးရှမ်းတိုင်းရင်းသားတွေအမျိုးဖြုတ်မလို့ကြံစည်နေတဲ့ SSPP လက်နက်ကိုင်ခေါင်းရှောင်

Picture

My Mine

04/05/2024 20:29

လူပါးဝတဲ့ သူတွေအတွက် နေရာမရှိဘူး...

Related news

© 2021. All rights reserved.