နိုင်ငံတကာရာဇဝတ်တရားရုံးက အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုကို ဖမ်းဝရမ်းထုတ်

 320

Pika (NP News) - နိုဝင်ဘာ ၂၂

ဂါဇာပဋိပက္ခနှင့်ဆက်နွယ်နေသော စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သည့်ရာဇဝတ်မှုများနှင့်ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုနှင့် ကာကွယ်ရေးဝန်ကြီး Yoav Gallant တို့ကို ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း နိုင်ငံတကာရာဇဝတ်တရားရုံး(ICC) က နိုဝင်ဘာလ(၂၁)ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် ဟားမက်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် Mohammed Deif ကိုလည်း အလားတူစွဲချက်များ နှင့်အတူ ဖမ်းဝရမ်းထုတ်ထားကြောင်း ICC က ပြောခဲ့သည်။ နေတန်ရာဟု နှင့် Yoav Gallant တို့သည် အစားအစာ၊ ရေ နှင့် ဆေးဝါးတို့အပြင် ဂါဇာကမ်းမြောင်ဒေသရှိ အရပ်သားပြည်သူများအတွက် မရှိမဖြစ်လိုအပ်သော ထောက်ပံ့ရေးပစ္စည်းများကို ဖြတ်တောက်ခြင်းဖြင့် ငတ်မွတ်ခေါင်းပါးမှုကို စစ်ပွဲဆင်နွှဲသည့်နည်းလမ်းအဖြစ် အသုံးပြုခဲ့သည်ဟု ICC က စွပ်စွဲပြောဆိုထားသည်။
အဆိုပါဖမ်းဝရမ်းနှင့်အတူ နေတန်ရာဟုနှင့် Yoav Gallant တို့သည် ICC အဖွဲ့ဝင်နိုင်ငံပေါင်း(၁၂၃)နိုင်ငံသို့ သွားရောက်လည်ပတ်မည်ဆိုပါက ဖမ်းဆီးခြင်းကို ခံရမည်လည်းဖြစ်သည်။ ဟားမက်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် Mohammed Deif ကို လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း အောင်မြင်စွာသတ်ပစ်နိုင်ခဲ့ကြောင်း အစ္စရေးဘက်က ထုတ်ပြန်ပြောဆိုထားသော်လည်း ၎င်း၏သေဆုံးမှုကို ဟားမက်လက်နက်ကိုင်အဖွဲ့ဘက်က အတည်ပြုခြင်းမျိုးမရှိသေးကြောင်းလည်း သိရသည်။

ICCက နေတန်ရာဟု နှင့် Yoav Gallant တို့ကို ဖမ်းဝရမ်းထုတ်ခဲ့ပြီးနောက် အဆိုပါလှုပ်ရှားမှုကို ပြစ်တင်ဝေဖန်မှုများ ချက်ချင်းထွက်ပေါ်လာခဲ့ကြောင်းလည်း သိရသည်။ ICC ၏ ဖမ်းဝရမ်းသည် ရှက်စရာလုပ်ရပ်တစ်ခုဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ဟောင်း နက်ဖ်တာလီဘန်းနက်က ပြောဆိုခဲ့ပြီး အတိုက်အခံခေါင်းဆောင် Yair Lapid က အဆိုပါဆုံးဖြတ်ချက်မှာ အကြမ်းဖက်မှုအတွက် ဆုလာဘ်တစ်ခုဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။
အစ္စရေးအစိုးရသည် စစ်ရာဇဝတ်မှုကျူးလွန်နေသည်ဆိုသည့်အချက်ကို အမြဲတမ်းငြင်းဆိုခဲ့ပြီး ICC ၏ တရားစီရင်ပိုင်ခွင့်ကို ငြင်းဆန်ပယ်ချခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် အမေရိကန် နှင့် ရုရှားတို့အပါအဝင် အခြားနိုင်ငံများကလည်း ICC ကို အသိအမှတ်ပြုခြင်းမျိုးမရှိကြကြောင်း သိရသည်။

Zawgyi Version;
ႏိုင္ငံတကာရာဇဝတ္တရား႐ုံးက အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုကို ဖမ္းဝရမ္းထုတ္
Pika (NP News) - ႏိုဝင္ဘာ ၂၂

ဂါဇာပဋိပကၡႏွင့္ဆက္ႏြယ္ေနေသာ စစ္ရာဇဝတ္မႈမ်ားႏွင့္ လူသားမ်ိဳးႏြယ္အေပၚ က်ဴးလြန္ခဲ့သည့္ရာဇဝတ္မႈမ်ားႏွင့္ပတ္သက္ၿပီး အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုႏွင့္ ကာကြယ္ေရးဝန္ႀကီး Yoav Gallant တို႔ကို ဖမ္းဝရမ္းထုတ္ခဲ့ေၾကာင္း ႏိုင္ငံတကာရာဇဝတ္တရား႐ုံး(ICC) က ႏိုဝင္ဘာလ(၂၁)ရက္တြင္ ထုတ္ျပန္ေၾကညာခဲ့သည္။

ထို႔ျပင္ ဟားမက္လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ Mohammed Deif ကိုလည္း အလားတူစြဲခ်က္မ်ား ႏွင့္အတူ ဖမ္းဝရမ္းထုတ္ထားေၾကာင္း ICC က ေျပာခဲ့သည္။ ေနတန္ရာဟု ႏွင့္ Yoav Gallant တို႔သည္ အစားအစာ၊ ေရ ႏွင့္ ေဆးဝါးတို႔အျပင္ ဂါဇာကမ္းေျမာင္ေဒသရွိ အရပ္သားျပည္သူမ်ားအတြက္ မရွိမျဖစ္လိုအပ္ေသာ ေထာက္ပံ့ေရးပစၥည္းမ်ားကို ျဖတ္ေတာက္ျခင္းျဖင့္ ငတ္မြတ္ေခါင္းပါးမႈကို စစ္ပြဲဆင္ႏႊဲသည့္နည္းလမ္းအျဖစ္ အသုံးျပဳခဲ့သည္ဟု ICC က စြပ္စြဲေျပာဆိုထားသည္။
အဆိုပါဖမ္းဝရမ္းႏွင့္အတူ ေနတန္ရာဟုႏွင့္ Yoav Gallant တို႔သည္ ICC အဖြဲ႕ဝင္ႏိုင္ငံေပါင္း(၁၂၃)ႏိုင္ငံသို႔ သြားေရာက္လည္ပတ္မည္ဆိုပါက ဖမ္းဆီးျခင္းကို ခံရမည္လည္းျဖစ္သည္။ ဟားမက္လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ Mohammed Deif ကို ေလေၾကာင္းတိုက္ခိုက္မႈတစ္ခုအတြင္း ေအာင္ျမင္စြာသတ္ပစ္ႏိုင္ခဲ့ေၾကာင္း အစၥေရးဘက္က ထုတ္ျပန္ေျပာဆိုထားေသာ္လည္း ၎၏ေသဆုံးမႈကို ဟားမက္လက္နက္ကိုင္အဖြဲ႕ဘက္က အတည္ျပဳျခင္းမ်ိဳးမရွိေသးေၾကာင္းလည္း သိရသည္။

ICCက ေနတန္ရာဟု ႏွင့္ Yoav Gallant တို႔ကို ဖမ္းဝရမ္းထုတ္ခဲ့ၿပီးေနာက္ အဆိုပါလႈပ္ရွားမႈကို ျပစ္တင္ေဝဖန္မႈမ်ား ခ်က္ခ်င္းထြက္ေပၚလာခဲ့ေၾကာင္းလည္း သိရသည္။ ICC ၏ ဖမ္းဝရမ္းသည္ ရွက္စရာလုပ္ရပ္တစ္ခုျဖစ္ေၾကာင္း အစၥေရးဝန္ႀကီးခ်ဳပ္ေဟာင္း နက္ဖ္တာလီဘန္းနက္က ေျပာဆိုခဲ့ၿပီး အတိုက္အခံေခါင္းေဆာင္ Yair Lapid က အဆိုပါဆုံးျဖတ္ခ်က္မွာ အၾကမ္းဖက္မႈအတြက္ ဆုလာဘ္တစ္ခုျဖစ္ေၾကာင္း ေဝဖန္ေျပာဆိုခဲ့သည္။
အစၥေရးအစိုးရသည္ စစ္ရာဇဝတ္မႈက်ဴးလြန္ေနသည္ဆိုသည့္အခ်က္ကို အၿမဲတမ္းျငင္းဆိုခဲ့ၿပီး ICC ၏ တရားစီရင္ပိုင္ခြင့္ကို ျငင္းဆန္ပယ္ခ်ခဲ့ေၾကာင္းလည္း သိရသည္။ ထို႔ျပင္ အေမရိကန္ ႏွင့္ ႐ုရွားတို႔အပါအဝင္ အျခားႏိုင္ငံမ်ားကလည္း ICC ကို အသိအမွတ္ျပဳျခင္းမ်ိဳးမရွိၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.