နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)

 462

မောင်မောင်ဟိန်း (UCMS) (NP News) - နိုဝင်ဘာ ၂၂

မည်သည့်လုပ်ငန်းဌာနတွင်မဆို လုပ်ငန်းခွင်တွင် အပေါ်အောက်၊ ဘေးတိုက်ထိတွေ့ ဆက်ဆံကြရသည်။ နေ့စဉ် လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ရှောင်လွှဲ၍မရနိုင်သော လုပ်ငန်းခွင်ဆက်ဆံ ရေးသည် မလွဲမသွေ ကြုံတွေ့ နေရမည်ဖြစ်သည်။ ဆိုင်ရာဌာန အဖွဲ့အစည်း၏ ရည်မှန်းချက်တာဝန်များ အောင်မြင်ရေးအတွက် အထက်အဆင့်၊ ရာထူးတူ အဆင့်များနှင့် ရာထူးငယ်သော လုပ်ဖော်ကိုင်ဖက်များ အပြန်အလှန် အလုပ်သဘောအရ ထိတွေ့ဆက်ဆံမှု ချောမွေ့ရန်လိုအပ်သည်။ ဆက်ဆံမှုအဆင်မပြေ ခြင်းမှသည် လုပ်ငန်းခွင်တွင် ပျော်ရွှင်မှုများဆိတ် သုဉ်းသွားတတ်သည်။ လုပ်ငန်းခွင်ပျော်ရွှင်မှုမရှိပါက မည်သို့မျှ အဆင်ပြေချောမွေ့နေသည့် အဖွဲ့အစည်း တစ်ရပ်မဖြစ်နိုင်ပါ။ စာရေးသူ အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့ အစည်းများတွင် အများဆုံးဖြစ်နေ တတ်သော တွေ့ရှိ ချက်များကို မည်သို့ပြုပြင်ရန်လိုအပ်ကြောင်း အကြံပြုရေးသားလိုသည်။

တာဝန်နှင့်လုပ်ပိုင်ခွင့်
ဌာနဆိုင်ရာတွင် ဖွဲ့စည်းပုံအရ ရာထူးအဆင့် ဆင့်ပါရှိသည်။ ရာထူးအလိုက် ထမ်းဆောင်ရမည့် တာဝန်များ သတ်မှတ်ထားရှိသည်။ ထမ်းဆောင်ရမည့် တာဝန်အပေါ်မူတည်၍ လုပ်ပိုင်ခွင့်ရှိကြသည်။ တစ်နည်းအားဖြင့် လုပ်ပိုင်ခွင့်ဆိုသည်မှာ နိုင်ငံ့ဝန်ထမ်း တစ်ဦးထမ်းဆောင်ရသည့်တာဝန်အပေါ်မူတည်၍ လုပ်ငန်းသဘောသဘာဝအရ အပ်နှင်းထားခြင်းပင်ဖြစ်သည်။ တာဝန်အရ လုပ်ပိုင်ခွင့်ရှိခြင်းအပေါ် အလွဲသုံးစားမပြုမိရန် အထူးလိုအပ်သည်။ လုပ်သင့်သည် ကို မလုပ်ခြင်း၊ မလုပ်သင့်သည်ကို လုပ်ခြင်းသည် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်းဖြစ်သည်။ ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူးမှစ၍ ဌာန၊ ဌာနခွဲ၊ ဌာနစု စသည်ဖြင့် ဖွဲ့စည်းပုံအရ ရာထူး အဆင့်ရရှိထားကြသူ များသည် အဖွဲ့အစည်းတွင် သူ့နေရာနှင့်သူ အရေးပါ ကြသူများဖြစ်သည်။ အဆင့်အလိုက် လုပ်ပိုင်ခွင့်များ ရှိကြသည်။ ဝန်ထမ်း အဖွဲ့အစည်းများတွင် ရုံးလုပ် ငန်းဆောင်ရွက်ရာ၌ အမိန့်နှင့်ညွှန်ကြားချက်များသည် အထက်မှအောက်သို့ စီးဆင်းသည်။ ဆိုလိုသည်မှာ အထက်အဆင့်ဆင့်၏လုပ်ပိုင်ခွင့်သည် ပို၍ပို၍ အဆင့်အလိုက်ရရှိထားကြပြီးဖြစ်သည်။ သို့ပါ၍ အထက် အဆင့်ဆင့်တာဝန်ရှိသူများသည် တာဝန်ယူမှု တာဝန်ခံမှုရှိရန် အထူးလိုအပ်သည်။ လက်အောက်အဆင့် ဆင့်အပေါ် ခွဲခြားဆက်ဆံခြင်း၊ လိုတစ်မျိုး မလိုတစ် မျိုးဆက်ဆံခြင်း၊ လုပ်ငန်းဆောင်ရွက်နိုင်မှုနှင့် အရည်အချင်းကိုလျစ်လျူရှုပြီး ကိုယ်ရေးကိုယ်တာ အဆင်ပြေခြင်း၊ မပြေခြင်းကိုသာ ဦးတည်ဆောင်ရွက်ခြင်းတို့လုပ်ဆောင်ပါက လုပ်ငန်းခွင်ပျော်ရွှင်မှု နှင့် ကင်းဝေးနေမည်သာဖြစ်သည်။ လက်အောက် ဝန်ထမ်းများသည် အလုပ်လုပ်ရမည်ကို ဝန်မလေးဘဲ ဆက်ဆံရေး အဆင်မပြေမည်ကို ဝန်လေးတတ်ကြ သည်။ လူအပင်ပန်းခံလုပ်နိုင်သော်လည်း စိတ်အပင်ပန်းခံ၊ စိတ်ဆင်းရဲစွာ လုပ်ဆောင်နေရပါက မည်သူမျှ လုပ်ငန်းခွင်ပျော်ရွှင်နိုင်မည်မဟုတ်ပါ။ လက်အောက်သို့ လုပ်ငန်းတာဝန်များ ခွဲဝေရာ တွင်လည်း မျှတရန် လိုအပ်သလို တာဝန်ပေးအပ်ထားသူက လုပ်ငန်းနှင့် စပ်လျဉ်းသည့်ကိစ္စများကို တာဝန်ခံပေးရန် လည်းလို အပ်သည်။ လုပ်ပိုင်ခွင့်ယူထားပြီး တာဝန်မယူသည့် တာဝန်မခံသည့် အထက်အဆင့်ဆင့် အရာထမ်းဆိုးများ ကင်းစင်ပပျောက်ရေးသည် နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတွင် မလွဲမသွေလိုအပ်သည်။

ဌာနတွင်းအုပ်စုဖွဲ့ခြင်း
ဌာနဆိုင်ရာအဖွဲ့အစည်းတို့မည်သည်မှာ ရည်မှန်းချက်တာဝန်များ အောင်မြင်ရေးအတွက် အတူတကွ ပူးပေါင်း ဆောင်ရွက်ကြရပေသည်။ သို့သော်လည်း အချို့အဖွဲ့အစည်းများတွင် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးကစ၍ အဆင်ပြေသူ၊ အလျဉ်းသင့်သူ၊ မကင်းရာမကင်းကြောင်းရှိသူများကို လုပ်ငန်းစွမ်း ဆောင်ရည်အပေါ်ထားရှိ ရမည့်စံနှုန်း များကို လျစ်လျူရှုပြီး ပစားပေးထားတတ်ကြသည်။ အမှန်တကယ် လုပ်ငန်းစွမ်းဆောင်ရည်ရှိသူ၊ ပေးအပ်သည့်တာဝန် ကို ကျေပွန်စွာဆောင်ရွက်နိုင်သည့် ဝန်ထမ်းများကို အသိအမှတ်ပြုရန်၊ ထိုက်တန်သည့် အခွင့်အရေး ပေးရန် လိုအပ် သော်လည်း အထက်အရာထမ်းအဆင့် အဆင့်နှင့် လုပ်ပိုင်ခွင့်ရှိသူက ယင်းတို့နှင့် ဆက်ဆံ ရေးအဆင်မပြေပါက အငြိုးအတေးထားတတ်သည်များလည်း ရှိတတ်ကြသည်။ အချို့ဝန်ထမ်းများသည် လုပ်ငန်းကိစ္စများ ကျေပွန်အောင် မဆောင်ရွက်ဘဲ အထက်အရာထမ်းများအား ကပ်ဖား၊ ရပ်ဖားလုပ်ကာ အနားပြာလုပ်တတ်ကြသည်။ ယင်းသို့ အနားပြာများကို အဟုတ်မှတ်ကာ နေရာပေးတတ်သော ရာထူးကြီး သူများလည်းရှိသည်။ ဌာနဆိုင်ရာအဖွဲ့အစည်းများ တွင် မလိုလားအပ်သော အုပ်စုဖွဲ့ခြင်း၊ သာတူညီမျှမှု မရှိခြင်း၊ လိုတစ်မျိုး မလိုတစ်မျိုး လုပ်ပိုင်ခွင့်ကို အလွဲ သုံးခြင်း၊ တာဝန်ရှိသူများကိုယ်တိုင်က အတင်းအဖျင်း ပြောခြင်းများကို လက်ခံခြင်းရှိနေပါက လုပ်ငန်းခွင် ပျော်ရွှင်မှု ဆိတ်သုဉ်းနေမည်သာဖြစ်သည်။ ဌာနတွင်း မလိုလားအပ်သောအုပ်စုဖွဲ့ခြင်းသည် ဌာန၏ ရည်မှန်းချက်တာဝန်များ အကောင်အထည်ဖော်ရာတွင် များစွာအဟန့်အတားဖြစ်စေရုံသာမက ဌာနတွင်း စည်းလုံးညီညွတ်မှု ပျက်ပြားစေနိုင် သကဲ့သို့ နိုင်ငံ တော်နှင့်ပြည်သူများအတွက် များစွာအကျိုးမဲ့စေမည် ဖြစ်သည်။

သမာသမတ်ကျသော ရာထူးတိုးမြှင့်ရေး
နိုင်ငံ့ဝန်ထမ်းတစ်ဦးစီတိုင်းတွင် ရာထူးတိုးခံစား ခွင့်ရှိသည်။ ရာထူးအဆင့်အလိုက်ဆိုင်ရာ ဌာန၏ သတ်မှတ် ထားသော အနိမ့်ဆုံးပညာအရည်အချင်း သတ်မှတ်ချက်၊ ကျွမ်းကျင်မှု အရည်အချင်းသတ် မှတ်ချက်များရှိပြီး ဖြစ်သည်။ ရာထူးတိုးမြှင့်ခံစားခွင့် ရရှိရေးအတွက် သတ်မှတ်အရည်အချင်းများ ကိုက် ညီရန်လိုအပ်သကဲ့သို့ သတ်မှတ်ရာထူးလည်း ပြည့်မီရန်လိုအပ်သည်။ ထို့ပြင် ဌာနဆိုင်ရာအမှုများ ကင်းရှင်းရန်လည်းလိုသည်။ လစာနှုန်းထားအပေါ် မူတည်ပြီး ရာထူးအဆင့်အလိုက် ရေးဖြေ/ နှုတ်ဖြေ၊ လူတွေ့စစ်ဆေးခြင်း၊ အကဲဖြတ်အမှတ်ပေးခြင်း၊ လုပ်သက်ရမှတ် တွက်ချက် ခြင်းတို့အခြေခံ၍ ဌာနဆိုင်ရာ ရာထူးတိုးမြှင့်နိုင်ရေးအတွက် အရည်အချင်း စစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ စနစ်တကျ ဆောင်ရွက်ကြရသည်။ ထိုသို့ ရာထူးတိုးလုပ်ငန်းစဉ် ဆောင်ရွက်ရာတွင် သမာသမတ်ကျရန် အထူးလိုအပ်သည်။ မလိုလား အပ်သောပယောဂများမပါရှိရန် တာဝန်ရှိသူများ ကိုယ်တိုင်က လိုက်နာစောင့်ထိန်းအပ်သောကျင့်ဝတ် ကို လေးစားလိုက်နာကြရန် လိုသည်။ လက်သင့်ရာ စားတော်ခေါ်ခြင်း၊ ပယောဂတစ်ခုခုကြောင့် မလျော်မ ကန်ပြုမူခြင်း၊ အဂတိတရား မကင်းရှင်းခြင်းများရှိပါက ရာထူးတိုးမြှင့်ရေးကိစ္စ သမာသမတ်ကျရန် အကြောင်း မရှိပါ။ တရားမျှတမှုမရှိဘဲ ရာထူးတိုးရရှိခြင်း၊ ရရှိသင့် သူများမရရှိခြင်းသည် ဌာနဆိုင်ရာအဖွဲ့အစည်းအ တွင်း အက်ကြောင်းများ ဖြစ်ပေါ်စေမည်ဖြစ်သည်။ ရာထူးတိုးရရှိရေးအတွက် ဂါရဝပြုရခြင်းများရှိနေပါက ဩကာသရာထူးတိုးများ ဖြစ်ပေါ် လာမည်ဖြစ်သည်။ အရေးကြီးဆုံးနှင့် အလိုအပ်ဆုံးမှာ တာဝန်ရှိသူ များက တရားမျှတစွာ၊ သမာသမတ်ကျစွာဖြင့် ရာထူး တိုးမြှင့်ရေးကိစ္စများကို ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ပေးခြင်းမရှိပါက ဝန်ထမ်းများ လုပ်ငန်းခွင် ပျော်ရွှင်နိုင်မည် မဟုတ်ပါ။ ဝန်ထမ်းတိုင်းသည် ယင်းတို့ရရှိသင့်သောအချိန်ကာလတွင် ရာထူးတိုးရယူလိုကြသည်။ ထိုက်တန်သောဝန်ထမ်းများ ရာထူးတိုးမရရှိခြင်းသည် ဝန်ထမ်း၏စွမ်းဆောင် ရည်ကျဆင်းစေမည်ဖြစ်သည်။ မထိုက် တန်သော ဝန်ထမ်းများ ရာထူးတိုးရရှိခြင်းသည် ဌာနနှင့်နိုင်ငံ တော်အတွက် အကျိုးယုတ်စေမည်သာဖြစ်သည်။ သမာသမတ်ကျသော ရာထူးတိုးမြှင့်ရေးဆောင်ရွက်ပေးရန် နိုင်ငံဝန်ထမ်းအဖွဲ့အစည်းများအားလုံးက မဖြစ်မနေ ဆောင်ရွက်ပေးကြရန် အထူးလိုအပ်သည်။ သို့မှသာ နိုင်ငံဝန်ထမ်းများ လုပ်ငန်းခွင်တွင် ပျော်ရွှင် နိုင်မည်ဖြစ်သည်။

နိုင်ငံ့ဝန်ထမ်းနှင့်လစာစရိတ်
နိုင်ငံ့ဝန်ထမ်းများ အဆင့်နှင့်လျော်ညီသော လစာစရိတ် ခံစားခွင့်ရရှိကြသည်။ နိုင်ငံ့ဝန်ထမ်း တာဝန် မဖြစ်မနေထမ်းဆောင်ရမည်ဆိုသော ဥပဒေ သတ်မှတ်ထားခြင်းမရှိပါ။ နိုင်ငံ့ဝန်ထမ်းတာဝန် ထမ်းဆောင်လိုသူများသည် သတ်မှတ် အရည်အချင်း များပြည့်စုံပါက ယှဉ်ပြိုင်အရွေးခံရသည့်စနစ်ဖြင့် ယှဉ်ပြိုင်အရွေးခံပြီး ရွေးချယ်ခံရမှသာ နိုင်ငံ့ဝန်ထမ်း ဖြစ်ခွင့်ရရှိကြသူများဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းတာဝန် ထမ်းဆောင်ပြီးမှ လစာလုံလောက်မှုမရှိသောကြောင့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာ မထမ်းဆောင်ခြင်း၊ လာဘ်လာဘ ရှာဖွေခြင်းများပြုလုပ်ခြင်း မပြုသင့်ပါ။ မိမိတို့၏သဘောဆန္ဒအရ နိုင်ငံ့ဝန်ထမ်းဘဝကို ခံယူကြသူများဖြစ်၍ မိမိတို့ ထမ်းဆောင်ရမည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရမည်သာဖြစ်သည်။ သို့သော်လည်း နိုင်ငံ့ဝန်ထမ်းများ၏ အခြေခံလိုအပ်ချက်များကို ခေတ် စနစ်နှင့်အညီ လိုက်လျော ညီထွေမှုရှိစေရေး စီမံဆောင်ရွက်ပေးရန် တည်ဆဲ အစိုးရများတွင်တာဝန်ရှိသည်။ အူမ မတောင့်က မည်သူမျှ ရေရှည်သီလစောင့်နိုင်မည်မဟုတ်ပါ။ သို့ပါ၍ ဝန်ထမ်းနှင့် ပြည်သူများ မလိုလားအပ်သော ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေးအတွက် လစာစရိတ်များကို ခေတ်နှင့်အညီ ခံစားခွင့်ပေးနိုင်ရန်လိုအပ်သည်။ သို့မှသာ နိုင်ငံဝန်ထမ်းများသည် လုပ်ငန်းတာဝန်များကို ပိုမိုကျေပွန်စွာထမ်းဆောင်နိုင်ပြီး လုပ်ငန်း ခွင်ပျော်ရွှင်မှု ရရှိစေနိုင် မည်ဖြစ်သည်။

ခိုင်မာအားကောင်းသော ဌာနဆိုင်ရာအဖွဲ့အ စည်းများသည် နိုင်ငံတိုင်းတွင် မရှိမဖြစ်လိုအပ်သော ကြောင့် နိုင်ငံ့ဝန်ထမ်းဆိုင်ရာဌာနအဖွဲ့အစည်းများကို စနစ်တကျတီထွင်ဖွဲ့စည်းထားကြသည်။ ထိုသို့ ခိုင်မာအားကောင်း သောအဖွဲ့အစည်းများ ဖွဲ့စည်းကာ ဆိုင်ရာကဏ္ဍအလိုက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ တရားဥပဒစိုးမိုးရေး၊ ကာကွယ်ရေး၊ လုံခြုံရေးစသည့် နိုင်ငံတော်၏အရေးအရာများကို ဆောင်ရွက် ကြသည်။ အဖွဲ့အစည်း၏ သဘောသဘာဝအရ ဆင့်ကဲဆင့်ကဲတာဝန်ယူ၊ တာဝန်ခံ၍ ရည်မှန်းချက်တာဝန်များ ပြီးပြည့်စုံစေရန် ဆောင်ရွက်ကြရ သည်။ ထိုသို့ ဆောင်ရွက်ကြရသည့်လုပ်ငန်းစဉ်တွင် ပါရှိကြသော နိုင်ငံ့ဝန်ထမ်းများ၏ လုပ်ငန်းခွင်ပျော်ရွှင်ကျေနပ်မှု ရရှိစေရေးသည် အဖွဲ့အစည်းတိုင်းအတွက် အရေးပါသော မရှိမဖြစ်လိုအပ်ချက်တစ်ရပ်ဖြစ်သည်။ သို့ပါ၍ ဝန်ထမ်း အဖွဲ့အစည်းအကြီးအမှူးမှစ၍ တာဝန်ရှိသူ အဆင့်ဆင့်က မိမိတို့၏ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်း များကို အဂတိ တရားရှင်းစွာ ပြုမူဆက်ဆံကြရန်၊ သမာသမတ်ကျကျ စီမံဆောင်ရွက်ရန်၊ တာဝန်ယူမှု တာဝန်ခံမှုရှိရန်၊ ခံစားပိုင်ခွင့်များ အပြည့်အဝ ရရှိနိုင်ရေး စီမံဆောင်ရွက်ပေးရန်လိုအပ်သကဲ့သို့ ဝန်ထမ်း စည်းမျဉ်းစည်းကမ်းအရ အရေးယူရန်ရှိပါက လည်း ကျောသားရင်သားမခွဲခြားဘဲ ဥပဒေနှင့်အညီ ဆောင်ရွက်ရန် အထူးလိုအပ်သည်။ သို့မှသာ နိုင်ငံတော်နှင့် ပြည်သူများအတွက် အားကိုးအားထားပြုရာရောက်မည့် နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများအဖြစ် ရပ်တည် နိုင်မည်ဖြစ်သည်။

zawgyi version
ႏိုင္ငံ့ဝန္ထမ္းမ်ား လုပ္ငန္းခြင္ေပ်ာ္႐ႊင္ေရး
ေမာင္ေမာင္ဟိန္း (UCMS) (NP News) - ႏိုဝင္ဘာ ၂၂

မည္သည့္လုပ္ငန္းဌာနတြင္မဆို လုပ္ငန္းခြင္တြင္ အေပၚေအာက္၊ ေဘးတိုက္ထိေတြ႕ ဆက္ဆံၾကရသည္။ ေန႔စဥ္ လုပ္ငန္းတာဝန္မ်ား ေဆာင္႐ြက္ရာတြင္ ေရွာင္လႊဲ၍မရႏိုင္ေသာ လုပ္ငန္းခြင္ဆက္ဆံ ေရးသည္ မလြဲမေသြ ႀကဳံေတြ႕ ေနရမည္ျဖစ္သည္။ ဆိုင္ရာဌာန အဖြဲ႕အစည္း၏ ရည္မွန္းခ်က္တာဝန္မ်ား ေအာင္ျမင္ေရးအတြက္ အထက္အဆင့္၊ ရာထူးတူ အဆင့္မ်ားႏွင့္ ရာထူးငယ္ေသာ လုပ္ေဖာ္ကိုင္ဖက္မ်ား အျပန္အလွန္ အလုပ္သေဘာအရ ထိေတြ႕ဆက္ဆံမႈ ေခ်ာေမြ႕ရန္လိုအပ္သည္။ ဆက္ဆံမႈအဆင္မေျပ ျခင္းမွသည္ လုပ္ငန္းခြင္တြင္ ေပ်ာ္႐ႊင္မႈမ်ားဆိတ္ သုဥ္းသြားတတ္သည္။ လုပ္ငန္းခြင္ေပ်ာ္႐ႊင္မႈမရွိပါက မည္သို႔မွ် အဆင္ေျပေခ်ာေမြ႕ေနသည့္ အဖြဲ႕အစည္း တစ္ရပ္မျဖစ္ႏိုင္ပါ။ စာေရးသူ အေနျဖင့္ ႏိုင္ငံ့ဝန္ထမ္းမ်ား လုပ္ငန္းခြင္ေပ်ာ္႐ႊင္ေရးအတြက္ ဌာနဆိုင္ရာအဖြဲ႕ အစည္းမ်ားတြင္ အမ်ားဆုံးျဖစ္ေန တတ္ေသာ ေတြ႕ရွိ ခ်က္မ်ားကို မည္သို႔ျပဳျပင္ရန္လိုအပ္ေၾကာင္း အႀကံျပဳေရးသားလိုသည္။

တာဝန္ႏွင့္လုပ္ပိုင္ခြင့္
ဌာနဆိုင္ရာတြင္ ဖြဲ႕စည္းပုံအရ ရာထူးအဆင့္ ဆင့္ပါရွိသည္။ ရာထူးအလိုက္ ထမ္းေဆာင္ရမည့္ တာဝန္မ်ား သတ္မွတ္ထားရွိသည္။ ထမ္းေဆာင္ရမည့္ တာဝန္အေပၚမူတည္၍ လုပ္ပိုင္ခြင့္ရွိၾကသည္။ တစ္နည္းအားျဖင့္ လုပ္ပိုင္ခြင့္ဆိုသည္မွာ ႏိုင္ငံ့ဝန္ထမ္း တစ္ဦးထမ္းေဆာင္ရသည့္တာဝန္အေပၚမူတည္၍ လုပ္ငန္းသေဘာသဘာဝအရ အပ္ႏွင္းထားျခင္းပင္ျဖစ္သည္။ တာဝန္အရ လုပ္ပိုင္ခြင့္ရွိျခင္းအေပၚ အလြဲသုံးစားမျပဳမိရန္ အထူးလိုအပ္သည္။ လုပ္သင့္သည္ ကို မလုပ္ျခင္း၊ မလုပ္သင့္သည္ကို လုပ္ျခင္းသည္ လုပ္ပိုင္ခြင့္ကို အလြဲသုံးစားျပဳျခင္းျဖစ္သည္။ ဝန္ထမ္း အဖြဲ႕အစည္း အႀကီးအမႉးမွစ၍ ဌာန၊ ဌာနခြဲ၊ ဌာနစု စသည္ျဖင့္ ဖြဲ႕စည္းပုံအရ ရာထူး အဆင့္ရရွိထားၾကသူ မ်ားသည္ အဖြဲ႕အစည္းတြင္ သူ႔ေနရာႏွင့္သူ အေရးပါ ၾကသူမ်ားျဖစ္သည္။ အဆင့္အလိုက္ လုပ္ပိုင္ခြင့္မ်ား ရွိၾကသည္။ ဝန္ထမ္း အဖြဲ႕အစည္းမ်ားတြင္ ႐ုံးလုပ္ ငန္းေဆာင္႐ြက္ရာ၌ အမိန႔္ႏွင့္ၫႊန္ၾကားခ်က္မ်ားသည္ အထက္မွေအာက္သို႔ စီးဆင္းသည္။ ဆိုလိုသည္မွာ အထက္အဆင့္ဆင့္၏လုပ္ပိုင္ခြင့္သည္ ပို၍ပို၍ အဆင့္အလိုက္ရရွိထားၾကၿပီးျဖစ္သည္။ သို႔ပါ၍ အထက္ အဆင့္ဆင့္တာဝန္ရွိသူမ်ားသည္ တာဝန္ယူမႈ တာဝန္ခံမႈရွိရန္ အထူးလိုအပ္သည္။ လက္ေအာက္အဆင့္ ဆင့္အေပၚ ခြဲျခားဆက္ဆံျခင္း၊ လိုတစ္မ်ိဳး မလိုတစ္ မ်ိဳးဆက္ဆံျခင္း၊ လုပ္ငန္းေဆာင္႐ြက္ႏိုင္မႈႏွင့္ အရည္အခ်င္းကိုလ်စ္လ်ဴရႈၿပီး ကိုယ္ေရးကိုယ္တာ အဆင္ေျပျခင္း၊ မေျပျခင္းကိုသာ ဦးတည္ေဆာင္႐ြက္ျခင္းတို႔လုပ္ေဆာင္ပါက လုပ္ငန္းခြင္ေပ်ာ္႐ႊင္မႈ ႏွင့္ ကင္းေဝးေနမည္သာျဖစ္သည္။ လက္ေအာက္ ဝန္ထမ္းမ်ားသည္ အလုပ္လုပ္ရမည္ကို ဝန္မေလးဘဲ ဆက္ဆံေရး အဆင္မေျပမည္ကို ဝန္ေလးတတ္ၾက သည္။ လူအပင္ပန္းခံလုပ္ႏိုင္ေသာ္လည္း စိတ္အပင္ပန္းခံ၊ စိတ္ဆင္းရဲစြာ လုပ္ေဆာင္ေနရပါက မည္သူမွ် လုပ္ငန္းခြင္ေပ်ာ္႐ႊင္ႏိုင္မည္မဟုတ္ပါ။ လက္ေအာက္သို႔ လုပ္ငန္းတာဝန္မ်ား ခြဲေဝရာ တြင္လည္း မွ်တရန္ လိုအပ္သလို တာဝန္ေပးအပ္ထားသူက လုပ္ငန္းႏွင့္ စပ္လ်ဥ္းသည့္ကိစၥမ်ားကို တာဝန္ခံေပးရန္ လည္းလို အပ္သည္။ လုပ္ပိုင္ခြင့္ယူထားၿပီး တာဝန္မယူသည့္ တာဝန္မခံသည့္ အထက္အဆင့္ဆင့္ အရာထမ္းဆိုးမ်ား ကင္းစင္ပေပ်ာက္ေရးသည္ ႏိုင္ငံ့ဝန္ထမ္းအဖြဲ႕အစည္းတြင္ မလြဲမေသြလိုအပ္သည္။

ဌာနတြင္းအုပ္စုဖြဲ႕ျခင္း
ဌာနဆိုင္ရာအဖြဲ႕အစည္းတို႔မည္သည္မွာ ရည္မွန္းခ်က္တာဝန္မ်ား ေအာင္ျမင္ေရးအတြက္ အတူတကြ ပူးေပါင္း ေဆာင္႐ြက္ၾကရေပသည္။ သို႔ေသာ္လည္း အခ်ိဳ႕အဖြဲ႕အစည္းမ်ားတြင္ ဝန္ထမ္းအဖြဲ႕အစည္း အႀကီးအမႉးကစ၍ အဆင္ေျပသူ၊ အလ်ဥ္းသင့္သူ၊ မကင္းရာမကင္းေၾကာင္းရွိသူမ်ားကို လုပ္ငန္းစြမ္း ေဆာင္ရည္အေပၚထားရွိ ရမည့္စံႏႈန္း မ်ားကို လ်စ္လ်ဴရႈၿပီး ပစားေပးထားတတ္ၾကသည္။ အမွန္တကယ္ လုပ္ငန္းစြမ္းေဆာင္ရည္ရွိသူ၊ ေပးအပ္သည့္တာဝန္ ကို ေက်ပြန္စြာေဆာင္႐ြက္ႏိုင္သည့္ ဝန္ထမ္းမ်ားကို အသိအမွတ္ျပဳရန္၊ ထိုက္တန္သည့္ အခြင့္အေရး ေပးရန္ လိုအပ္ ေသာ္လည္း အထက္အရာထမ္းအဆင့္ အဆင့္ႏွင့္ လုပ္ပိုင္ခြင့္ရွိသူက ယင္းတို႔ႏွင့္ ဆက္ဆံ ေရးအဆင္မေျပပါက အၿငိဳးအေတးထားတတ္သည္မ်ားလည္း ရွိတတ္ၾကသည္။ အခ်ိဳ႕ဝန္ထမ္းမ်ားသည္ လုပ္ငန္းကိစၥမ်ား ေက်ပြန္ေအာင္ မေဆာင္႐ြက္ဘဲ အထက္အရာထမ္းမ်ားအား ကပ္ဖား၊ ရပ္ဖားလုပ္ကာ အနားျပာလုပ္တတ္ၾကသည္။ ယင္းသို႔ အနားျပာမ်ားကို အဟုတ္မွတ္ကာ ေနရာေပးတတ္ေသာ ရာထူးႀကီး သူမ်ားလည္းရွိသည္။ ဌာနဆိုင္ရာအဖြဲ႕အစည္းမ်ား တြင္ မလိုလားအပ္ေသာ အုပ္စုဖြဲ႕ျခင္း၊ သာတူညီမွ်မႈ မရွိျခင္း၊ လိုတစ္မ်ိဳး မလိုတစ္မ်ိဳး လုပ္ပိုင္ခြင့္ကို အလြဲ သုံးျခင္း၊ တာဝန္ရွိသူမ်ားကိုယ္တိုင္က အတင္းအဖ်င္း ေျပာျခင္းမ်ားကို လက္ခံျခင္းရွိေနပါက လုပ္ငန္းခြင္ ေပ်ာ္႐ႊင္မႈ ဆိတ္သုဥ္းေနမည္သာျဖစ္သည္။ ဌာနတြင္း မလိုလားအပ္ေသာအုပ္စုဖြဲ႕ျခင္းသည္ ဌာန၏ ရည္မွန္းခ်က္တာဝန္မ်ား အေကာင္အထည္ေဖာ္ရာတြင္ မ်ားစြာအဟန႔္အတားျဖစ္ေစ႐ုံသာမက ဌာနတြင္း စည္းလုံးညီၫြတ္မႈ ပ်က္ျပားေစႏိုင္ သကဲ့သို႔ ႏိုင္ငံ ေတာ္ႏွင့္ျပည္သူမ်ားအတြက္ မ်ားစြာအက်ိဳးမဲ့ေစမည္ ျဖစ္သည္။

သမာသမတ္က်ေသာ ရာထူးတိုးျမႇင့္ေရး
ႏိုင္ငံ့ဝန္ထမ္းတစ္ဦးစီတိုင္းတြင္ ရာထူးတိုးခံစား ခြင့္ရွိသည္။ ရာထူးအဆင့္အလိုက္ဆိုင္ရာ ဌာန၏ သတ္မွတ္ ထားေသာ အနိမ့္ဆုံးပညာအရည္အခ်င္း သတ္မွတ္ခ်က္၊ ကြၽမ္းက်င္မႈ အရည္အခ်င္းသတ္ မွတ္ခ်က္မ်ားရွိၿပီး ျဖစ္သည္။ ရာထူးတိုးျမႇင့္ခံစားခြင့္ ရရွိေရးအတြက္ သတ္မွတ္အရည္အခ်င္းမ်ား ကိုက္ ညီရန္လိုအပ္သကဲ့သို႔ သတ္မွတ္ရာထူးလည္း ျပည့္မီရန္လိုအပ္သည္။ ထို႔ျပင္ ဌာနဆိုင္ရာအမႈမ်ား ကင္းရွင္းရန္လည္းလိုသည္။ လစာႏႈန္းထားအေပၚ မူတည္ၿပီး ရာထူးအဆင့္အလိုက္ ေရးေျဖ/ ႏႈတ္ေျဖ၊ လူေတြ႕စစ္ေဆးျခင္း၊ အကဲျဖတ္အမွတ္ေပးျခင္း၊ လုပ္သက္ရမွတ္ တြက္ခ်က္ ျခင္းတို႔အေျခခံ၍ ဌာနဆိုင္ရာ ရာထူးတိုးျမႇင့္ႏိုင္ေရးအတြက္ အရည္အခ်င္း စစ္ေဆးေရးအဖြဲ႕ ဖြဲ႕ကာ စနစ္တက် ေဆာင္႐ြက္ၾကရသည္။ ထိုသို႔ ရာထူးတိုးလုပ္ငန္းစဥ္ ေဆာင္႐ြက္ရာတြင္ သမာသမတ္က်ရန္ အထူးလိုအပ္သည္။ မလိုလား အပ္ေသာပေယာဂမ်ားမပါရွိရန္ တာဝန္ရွိသူမ်ား ကိုယ္တိုင္က လိုက္နာေစာင့္ထိန္းအပ္ေသာက်င့္ဝတ္ ကို ေလးစားလိုက္နာၾကရန္ လိုသည္။ လက္သင့္ရာ စားေတာ္ေခၚျခင္း၊ ပေယာဂတစ္ခုခုေၾကာင့္ မေလ်ာ္မ ကန္ျပဳမူျခင္း၊ အဂတိတရား မကင္းရွင္းျခင္းမ်ားရွိပါက ရာထူးတိုးျမႇင့္ေရးကိစၥ သမာသမတ္က်ရန္ အေၾကာင္း မရွိပါ။ တရားမွ်တမႈမရွိဘဲ ရာထူးတိုးရရွိျခင္း၊ ရရွိသင့္ သူမ်ားမရရွိျခင္းသည္ ဌာနဆိုင္ရာအဖြဲ႕အစည္းအ တြင္း အက္ေၾကာင္းမ်ား ျဖစ္ေပၚေစမည္ျဖစ္သည္။ ရာထူးတိုးရရွိေရးအတြက္ ဂါရဝျပဳရျခင္းမ်ားရွိေနပါက ဩကာသရာထူးတိုးမ်ား ျဖစ္ေပၚ လာမည္ျဖစ္သည္။ အေရးႀကီးဆုံးႏွင့္ အလိုအပ္ဆုံးမွာ တာဝန္ရွိသူ မ်ားက တရားမွ်တစြာ၊ သမာသမတ္က်စြာျဖင့္ ရာထူး တိုးျမႇင့္ေရးကိစၥမ်ားကို ေဆာင္႐ြက္ၾကရမည္ျဖစ္သည္။ ထိုသို႔ေဆာင္႐ြက္ေပးျခင္းမရွိပါက ဝန္ထမ္းမ်ား လုပ္ငန္းခြင္ ေပ်ာ္႐ႊင္ႏိုင္မည္ မဟုတ္ပါ။ ဝန္ထမ္းတိုင္းသည္ ယင္းတို႔ရရွိသင့္ေသာအခ်ိန္ကာလတြင္ ရာထူးတိုးရယူလိုၾကသည္။ ထိုက္တန္ေသာဝန္ထမ္းမ်ား ရာထူးတိုးမရရွိျခင္းသည္ ဝန္ထမ္း၏စြမ္းေဆာင္ ရည္က်ဆင္းေစမည္ျဖစ္သည္။ မထိုက္ တန္ေသာ ဝန္ထမ္းမ်ား ရာထူးတိုးရရွိျခင္းသည္ ဌာနႏွင့္ႏိုင္ငံ ေတာ္အတြက္ အက်ိဳးယုတ္ေစမည္သာျဖစ္သည္။ သမာသမတ္က်ေသာ ရာထူးတိုးျမႇင့္ေရးေဆာင္႐ြက္ေပးရန္ ႏိုင္ငံဝန္ထမ္းအဖြဲ႕အစည္းမ်ားအားလုံးက မျဖစ္မေန ေဆာင္႐ြက္ေပးၾကရန္ အထူးလိုအပ္သည္။ သို႔မွသာ ႏိုင္ငံဝန္ထမ္းမ်ား လုပ္ငန္းခြင္တြင္ ေပ်ာ္႐ႊင္ ႏိုင္မည္ျဖစ္သည္။

ႏိုင္ငံ့ဝန္ထမ္းႏွင့္လစာစရိတ္
ႏိုင္ငံ့ဝန္ထမ္းမ်ား အဆင့္ႏွင့္ေလ်ာ္ညီေသာ လစာစရိတ္ ခံစားခြင့္ရရွိၾကသည္။ ႏိုင္ငံ့ဝန္ထမ္း တာဝန္ မျဖစ္မေနထမ္းေဆာင္ရမည္ဆိုေသာ ဥပေဒ သတ္မွတ္ထားျခင္းမရွိပါ။ ႏိုင္ငံ့ဝန္ထမ္းတာဝန္ ထမ္းေဆာင္လိုသူမ်ားသည္ သတ္မွတ္ အရည္အခ်င္း မ်ားျပည့္စုံပါက ယွဥ္ၿပိဳင္အေ႐ြးခံရသည့္စနစ္ျဖင့္ ယွဥ္ၿပိဳင္အေ႐ြးခံၿပီး ေ႐ြးခ်ယ္ခံရမွသာ ႏိုင္ငံ့ဝန္ထမ္း ျဖစ္ခြင့္ရရွိၾကသူမ်ားျဖစ္သည္။ ႏိုင္ငံ့ဝန္ထမ္းတာဝန္ ထမ္းေဆာင္ၿပီးမွ လစာလုံေလာက္မႈမရွိေသာေၾကာင့္ လုပ္ငန္းတာဝန္မ်ားကို ေက်ပြန္စြာ မထမ္းေဆာင္ျခင္း၊ လာဘ္လာဘ ရွာေဖြျခင္းမ်ားျပဳလုပ္ျခင္း မျပဳသင့္ပါ။ မိမိတို႔၏သေဘာဆႏၵအရ ႏိုင္ငံ့ဝန္ထမ္းဘဝကို ခံယူၾကသူမ်ားျဖစ္၍ မိမိတို႔ ထမ္းေဆာင္ရမည့္တာဝန္မ်ားကို ေက်ပြန္စြာထမ္းေဆာင္ၾကရမည္သာျဖစ္သည္။ သို႔ေသာ္လည္း ႏိုင္ငံ့ဝန္ထမ္းမ်ား၏ အေျခခံလိုအပ္ခ်က္မ်ားကို ေခတ္ စနစ္ႏွင့္အညီ လိုက္ေလ်ာ ညီေထြမႈရွိေစေရး စီမံေဆာင္႐ြက္ေပးရန္ တည္ဆဲ အစိုးရမ်ားတြင္တာဝန္ရွိသည္။ အူမ မေတာင့္က မည္သူမွ် ေရရွည္သီလေစာင့္ႏိုင္မည္မဟုတ္ပါ။ သို႔ပါ၍ ဝန္ထမ္းႏွင့္ ျပည္သူမ်ား မလိုလားအပ္ေသာ ဝန္ထုပ္ဝန္ပိုးမျဖစ္ေစေရးအတြက္ လစာစရိတ္မ်ားကို ေခတ္ႏွင့္အညီ ခံစားခြင့္ေပးႏိုင္ရန္လိုအပ္သည္။ သို႔မွသာ ႏိုင္ငံဝန္ထမ္းမ်ားသည္ လုပ္ငန္းတာဝန္မ်ားကို ပိုမိုေက်ပြန္စြာထမ္းေဆာင္ႏိုင္ၿပီး လုပ္ငန္း ခြင္ေပ်ာ္႐ႊင္မႈ ရရွိေစႏိုင္ မည္ျဖစ္သည္။

ခိုင္မာအားေကာင္းေသာ ဌာနဆိုင္ရာအဖြဲ႕အ စည္းမ်ားသည္ ႏိုင္ငံတိုင္းတြင္ မရွိမျဖစ္လိုအပ္ေသာ ေၾကာင့္ ႏိုင္ငံ့ဝန္ထမ္းဆိုင္ရာဌာနအဖြဲ႕အစည္းမ်ားကို စနစ္တက်တီထြင္ဖြဲ႕စည္းထားၾကသည္။ ထိုသို႔ ခိုင္မာအားေကာင္း ေသာအဖြဲ႕အစည္းမ်ား ဖြဲ႕စည္းကာ ဆိုင္ရာက႑အလိုက္ ပညာေရး၊ က်န္းမာေရး၊ စီးပြားေရး၊ တရားဥပဒစိုးမိုးေရး၊ ကာကြယ္ေရး၊ လုံၿခဳံေရးစသည့္ ႏိုင္ငံေတာ္၏အေရးအရာမ်ားကို ေဆာင္႐ြက္ ၾကသည္။ အဖြဲ႕အစည္း၏ သေဘာသဘာဝအရ ဆင့္ကဲဆင့္ကဲတာဝန္ယူ၊ တာဝန္ခံ၍ ရည္မွန္းခ်က္တာဝန္မ်ား ၿပီးျပည့္စုံေစရန္ ေဆာင္႐ြက္ၾကရ သည္။ ထိုသို႔ ေဆာင္႐ြက္ၾကရသည့္လုပ္ငန္းစဥ္တြင္ ပါရွိၾကေသာ ႏိုင္ငံ့ဝန္ထမ္းမ်ား၏ လုပ္ငန္းခြင္ေပ်ာ္႐ႊင္ေက်နပ္မႈ ရရွိေစေရးသည္ အဖြဲ႕အစည္းတိုင္းအတြက္ အေရးပါေသာ မရွိမျဖစ္လိုအပ္ခ်က္တစ္ရပ္ျဖစ္သည္။ သို႔ပါ၍ ဝန္ထမ္း အဖြဲ႕အစည္းအႀကီးအမႉးမွစ၍ တာဝန္ရွိသူ အဆင့္ဆင့္က မိမိတို႔၏ လုပ္ေဖာ္ကိုင္ဖက္ဝန္ထမ္း မ်ားကို အဂတိ တရားရွင္းစြာ ျပဳမူဆက္ဆံၾကရန္၊ သမာသမတ္က်က် စီမံေဆာင္႐ြက္ရန္၊ တာဝန္ယူမႈ တာဝန္ခံမႈရွိရန္၊ ခံစားပိုင္ခြင့္မ်ား အျပည့္အဝ ရရွိႏိုင္ေရး စီမံေဆာင္႐ြက္ေပးရန္လိုအပ္သကဲ့သို႔ ဝန္ထမ္း စည္းမ်ဥ္းစည္းကမ္းအရ အေရးယူရန္ရွိပါက လည္း ေက်ာသားရင္သားမခြဲျခားဘဲ ဥပေဒႏွင့္အညီ ေဆာင္႐ြက္ရန္ အထူးလိုအပ္သည္။ သို႔မွသာ ႏိုင္ငံေတာ္ႏွင့္ ျပည္သူမ်ားအတြက္ အားကိုးအားထားျပဳရာေရာက္မည့္ ႏိုင္ငံ့ဝန္ထမ္းအဖြဲ႕အစည္းမ်ားအျဖစ္ ရပ္တည္ ႏိုင္မည္ျဖစ္သည္။

Related news

© 2021. All rights reserved.