ဗီယက်နမ်နိုင်ငံမှာ ခရီးသွားသင်္ဘောတစ်စီးတိမ်းမှောက်ခဲ့ပြီး အနည်းဆုံးလူ(၁၈)ဦး သေဆုံး

 128

Pika (NP News) - ဇူလိုင် ၂၁
ဗီယက်နမ်နိုင်ငံ Ha Long ပင်လယ်အော်မှာ လူ(၅၀)ဦးကျော်တင်ဆောင်လာတဲ့ ခရီးသွားသင်္ဘောတစ်စီး တိမ်းမှောက်ခဲ့ပြီးနောက် အနည်းဆုံးလူ(၁၈)ဦးသေဆုံးပြီး အခြားလူဒါဇင်ချီ ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူ တွေက ပြောကြားခဲ့ပါတယ်။
ခရီးသည်(၄၈)ဦးနဲ့ အမှုထမ်း(၅)ဦးတို့ လိုက်ပါလာတဲ့ အဲဒီခရီးသွားသင်္ဘောဟာ ယူနက်စကိုကမ္ဘာ့အမွေအနှစ် နေရာတစ်ခုကို သွားရောက်လည်ပတ်စဉ်အချိန်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ တိမ်းမှောက်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ တာဝန်ရှိသူတစ်ဦးက “နယ်ခြားစောင့်တပ်ဖွဲ့တွေဟာ လူ(၁၂)ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး လူ(၁၈)ဦးရဲ့ရုပ်အလောင်းတွေကို ပြန်လည်ဆယ်ယူနိုင်ခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် သင်္ဘောပေါ်မှာလိုက်ပါလာတဲ့လူအများစုဟာ ဟနွိုင်းမြို့ကနေ လာရောက်လည်ပတ်ကြတဲ့မိသားစုတွေ ဖြစ်ပြီး ခရီးသည်တွေထဲမှာ ကလေးငယ်(၂၀)ဦးကျော် ပါဝင်တယ်လို့လည်း သိရပါတယ်။
Ha Long ပင်လယ်အော်ဟာ ဗီယက်နမ်နိုင်ငံရဲ့ရေပန်းအစားဆုံးခရီးသွားနေရာတွေထဲကတစ်ခုဖြစ်ပြီး နှစ်စဉ် လူသန်းပေါင်းများစွာဟာ ၎င်းရဲ့စိမ်းပြာပြာရေပြင်နဲ့ မိုးသစ်တောတွေမှာရှိတဲ့ ထုံးကျောက်ကျွန်းတွေကို လာရောက် လည်ပတ်လေ့ရှိကြတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ဗီယက္နမ္ႏိုင္ငံမွာ ခရီးသြားသေဘၤာတစ္စီးတိမ္းေမွာက္ခဲ့ၿပီး အနည္းဆုံးလူ(၁၈)ဦး ေသဆုံး
Pika (NP News) - ဇူလိုင္ ၂၁
ဗီယက္နမ္ႏိုင္ငံ Ha Long ပင္လယ္ေအာ္မွာ လူ(၅၀)ဦးေက်ာ္တင္ေဆာင္လာတဲ့ ခရီးသြားသေဘၤာတစ္စီး တိမ္းေမွာက္ခဲ့ၿပီးေနာက္ အနည္းဆုံးလူ(၁၈)ဦးေသဆုံးၿပီး အျခားလူဒါဇင္ခ်ီ ေပ်ာက္ဆုံးေနတယ္လို႔ တာဝန္ရွိသူ ေတြက ေျပာၾကားခဲ့ပါတယ္။
ခရီးသည္(၄၈)ဦးနဲ႔ အမႈထမ္း(၅)ဦးတို႔ လိုက္ပါလာတဲ့ အဲဒီခရီးသြားသေဘၤာဟာ ယူနက္စကိုကမာၻ႔အေမြအႏွစ္ ေနရာတစ္ခုကို သြားေရာက္လည္ပတ္စဥ္အခ်ိန္အတြင္း မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ တိမ္းေမွာက္သြားခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။ တာဝန္ရွိသူတစ္ဦးက “နယ္ျခားေစာင့္တပ္ဖြဲ႕ေတြဟာ လူ(၁၂)ဦးကို ကယ္ဆယ္ႏိုင္ခဲ့ၿပီး လူ(၁၈)ဦးရဲ႕႐ုပ္အေလာင္းေတြကို ျပန္လည္ဆယ္ယူႏိုင္ခဲ့ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ သေဘၤာေပၚမွာလိုက္ပါလာတဲ့လူအမ်ားစုဟာ ဟႏြိဳင္းၿမိဳ႕ကေန လာေရာက္လည္ပတ္ၾကတဲ့မိသားစုေတြ ျဖစ္ၿပီး ခရီးသည္ေတြထဲမွာ ကေလးငယ္(၂၀)ဦးေက်ာ္ ပါဝင္တယ္လို႔လည္း သိရပါတယ္။
Ha Long ပင္လယ္ေအာ္ဟာ ဗီယက္နမ္ႏိုင္ငံရဲ႕ေရပန္းအစားဆုံးခရီးသြားေနရာေတြထဲကတစ္ခုျဖစ္ၿပီး ႏွစ္စဥ္ လူသန္းေပါင္းမ်ားစြာဟာ ၎ရဲ႕စိမ္းျပာျပာေရျပင္နဲ႔ မိုးသစ္ေတာေတြမွာရွိတဲ့ ထုံးေက်ာက္ကြၽန္းေတြကို လာေရာက္ လည္ပတ္ေလ့ရွိၾကတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.