BRICS အဖွဲ့အတွက် ခြိမ်းခြောက်မှုတစ်ခုကို ဒေါ်နယ်ထရမ့် ထုတ်ပြန်

489

Pika (NP News) - ဇူလိုင် ၂၁
BRICS အဖွဲ့ဟာ အမေရိကန်နိုင်ငံရဲ့ပြိုင်ဖက်မဟုတ်ကြောင်းနဲ့ပြိုင်ဆိုင်မှုတွေ လုပ်ဆောင်လာခဲ့မယ်ဆိုရင် လျင်လျင်မြန်မြန်ပဲ ပျောက်ကွယ်သွားလိမ့်မယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပါ တယ်။ အမေရိကန်ဒေါ်လာကိုစိန်ခေါ်ဖို့ကြိုးပမ်းတဲ့ BRICS အဖွဲ့ရဲ့ကြိုးပမ်းမှုတွေတိုင်းဟာ ပြင်းထန်တဲ့စီးပွားရေး လက်တုံ့ပြန်မှုတွေကို ကြုံတွေ့ရလိမ့်မယ်လို့လည်း ဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ဒေါ်နယ်ထရမ့်ဟာ အမေရိကန်ဒေါ်လာကို အားနည်းစေဖို့ BRICS အဖွဲ့ရဲ့ကြိုးပမ်းမှုတွေကို ပြစ်တင်ရှုတ်ချ ခဲ့တယ်လို့လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က “သူတို့က အမေရိကန်ဒေါ်လာကို လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစားချင်ကြပါတယ်။ အဲဒီလိုလုပ်မယ်ဆိုရင်တော့ BRICS အဖွဲ့မှာရှိတဲ့ ဘယ်နိုင်ငံကိုမဆို အကောက်ခွန်(၁၀) ရာခိုင်နှုန်း ကောက်ခံသွားမှာပါ” လို့ ပြောခဲ့ပါတယ်။
အမေရိကန်ဒေါ်လာရဲ့လွှမ်းမိုးမှုတွေကို ထိန်းသိမ်းဖို့ အမေရိကန်က ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က “အရန်ငွေကြေးက အရေးကြီးပါတယ်။ အဲဒါကို ကျွန်တော်တို့ ဆုံးရှုံးရတာက ကမ္ဘာစစ်ကြီးကို ရှုံးရသလိုမျိုးပါပဲ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
BRICS အဖြဲ႕အတြက္ ၿခိမ္းေျခာက္မႈတစ္ခုကို ေဒၚနယ္ထရမ့္ ထုတ္ျပန္
Pika (NP News) - ဇူလိုင္ ၂၁
BRICS အဖြဲ႕ဟာ အေမရိကန္ႏိုင္ငံရဲ႕ၿပိဳင္ဖက္မဟုတ္ေၾကာင္းနဲ႔ၿပိဳင္ဆိုင္မႈေတြ လုပ္ေဆာင္လာခဲ့မယ္ဆိုရင္ လ်င္လ်င္ျမန္ျမန္ပဲ ေပ်ာက္ကြယ္သြားလိမ့္မယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့ပါ တယ္။ အေမရိကန္ေဒၚလာကိုစိန္ေခၚဖို႔ႀကိဳးပမ္းတဲ့ BRICS အဖြဲ႕ရဲ႕ႀကိဳးပမ္းမႈေတြတိုင္းဟာ ျပင္းထန္တဲ့စီးပြားေရး လက္တုံ႔ျပန္မႈေတြကို ႀကဳံေတြ႕ရလိမ့္မယ္လို႔လည္း ေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ ေဒၚနယ္ထရမ့္ဟာ အေမရိကန္ေဒၚလာကို အားနည္းေစဖို႔ BRICS အဖြဲ႕ရဲ႕ႀကိဳးပမ္းမႈေတြကို ျပစ္တင္ရႈတ္ခ် ခဲ့တယ္လို႔လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္က “သူတို႔က အေမရိကန္ေဒၚလာကို လႊမ္းမိုးခ်ဳပ္ကိုင္ဖို႔ ႀကိဳးစားခ်င္ၾကပါတယ္။ အဲဒီလိုလုပ္မယ္ဆိုရင္ေတာ့ BRICS အဖြဲ႕မွာရွိတဲ့ ဘယ္ႏိုင္ငံကိုမဆို အေကာက္ခြန္(၁၀) ရာခိုင္ႏႈန္း ေကာက္ခံသြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
အေမရိကန္ေဒၚလာရဲ႕လႊမ္းမိုးမႈေတြကို ထိန္းသိမ္းဖို႔ အေမရိကန္က ဆက္လက္ႀကိဳးပမ္းသြားမယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က “အရန္ေငြေၾကးက အေရးႀကီးပါတယ္။ အဲဒါကို ကြၽန္ေတာ္တို႔ ဆုံးရႈံးရတာက ကမာၻစစ္ႀကီးကို ရႈံးရသလိုမ်ိဳးပါပဲ” လို႔ ေျပာခဲ့ပါတယ္။