လွှတ်တော် ရွေးကောက်ပွဲမှာ (LDP)ပါတီ ရှုံးနိမ့်ခဲ့ပေမယ့် ဝန်ကြီးချုပ်အဖြစ် ဆက်ရှိမယ်လို့ ဂျပန်ဝန်ကြီးချုပ် ပြော

 253

ဂျန်ဇက် (NP News) - ဇူလိုင် ၂၁
ဂျပန်ဝန်ကြီးချုပ် အိုင်ရှီဘာဟာ လက်ရှိအချိန်မှာ ဝန်ကြီးချုပ်အဖြစ် ဆက်ရှိဖို့ ဖိအားများစွာရင်ဆိုင်နေရပေမယ့် ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူဖို့ ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။ အိုင်ရှီဘာ ဦးဆောင်နေတဲ့ ဂျပန်အာဏာရပါတီဖြစ်တဲ့ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ ဂျပန် အထက်လွှတ်တော်ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ပြီးနောက် အိုင်ရှီဘာဟာ ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူဖို့ ဖိအားများစွာရင်ဆိုင်နေရပါတယ်။
(LDP)ပါတီနဲ့ ၎င်းရဲ့မဟာမိတ် ကိုမီတို ပါတီတို့ဟာ အထက်လွှတ်တော်ရွေးကောက်ပွဲအတွင်း နေရာအများစု ရယူနိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ် ၅၀ ရရှိဖို့ လိုအပ်ပေမယ့် ၄၇ နေရာသာရရှိခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ပြီးနောက် အိုင်ရှီဘာဟာ ပါတီထိပ်တန်းခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပြီး အိုင်ရှိဘာဟာ ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူဖို့ တင်ပြခဲ့ပါတယ်။
အိုင်ရှီဘာဟာ အာဏာရပါတီခေါင်းဆောင်အဖြစ်တာဝန်ယူချိန်အတွင်း ၎င်းရဲ့ပါတီဟာ ရွေးကောက်ပွဲသုံးခုမှာ ရှုံးနိမ့်ခဲ့ရာ ဖိအာများနဲ့ ရင်ဆိုင်နေရပါတယ်။ (LDP)ပါတီဟာပြီးခဲ့တဲ့နှစ်အောက်တိုဘာလကကျင်းပခဲ့တဲ့ အောက်တိုဘာလ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့သလို ဇွန်လအတွင်း ကျင်းပတဲ့ တိုကျိုမြို့ရွေးကောက်ပွဲမှာလည်း ရှုံးနိမ့်ခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက ကျင်းပခဲ့တဲ့ အထက်လွှတ်တော် ရွေးကောက်ပွဲမှာလည်း ထပ်မံ ရှုံးနိမ့်ခဲ့ပါတယ်။ အိုင်ရှီဘာက ဂျပန်လွှတ်တော်နှစ်ခုပေါင်းမှာ (LDP) ပါတီက အကြီးမားဆုံးပါတီအဖြစ် ဆက်လက်ရှိနေမှာဖြစ် တယ်လို့ ဆိုပါတယ်။ (LDP) ပါတီဟာ လွှတ်တော် ရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်ခဲ့ပေမယ့် ပါတီခေါင်းဆောင်ဖြစ်တဲ့ အိုင်ရှီဘာက ဝန်ကြီးချုပ်အဖြစ် ဆက်ရှိမယ်လို့ ဆိုပါတယ်။

Zawgyi Version:
လႊတ္ေတာ္ ေ႐ြးေကာက္ပြဲမွာ (LDP)ပါတီ ရႈံးနိမ့္ခဲ့ေပမယ့္ ဝန္ႀကီးခ်ဳပ္အျဖစ္ ဆက္ရွိမယ္လို႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၂၁
ဂ်ပန္ဝန္ႀကီးခ်ဳပ္ အိုင္ရွီဘာဟာ လက္ရွိအခ်ိန္မွာ ဝန္ႀကီးခ်ဳပ္အျဖစ္ ဆက္ရွိဖို႔ ဖိအားမ်ားစြာရင္ဆိုင္ေနရေပမယ့္ ဝန္ႀကီးခ်ဳပ္အျဖစ္ ဆက္လက္တာဝန္ယူဖို႔ ႀကိဳးပမ္းသြားမယ္လို႔ ေျပာပါတယ္။ အိုင္ရွီဘာ ဦးေဆာင္ေနတဲ့ ဂ်ပန္အာဏာရပါတီျဖစ္တဲ့ လစ္ဘရယ္ဒီမိုကရက္တစ္ပါတီ (LDP) ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက က်င္းပခဲ့တဲ့ ဂ်ပန္ အထက္လႊတ္ေတာ္ေ႐ြးေကာက္ပြဲမွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ အိုင္ရွီဘာဟာ ဝန္ႀကီးခ်ဳပ္အျဖစ္ ဆက္လက္တာဝန္ယူဖို႔ ဖိအားမ်ားစြာရင္ဆိုင္ေနရပါတယ္။
(LDP)ပါတီနဲ႔ ၎ရဲ႕မဟာမိတ္ ကိုမီတို ပါတီတို႔ဟာ အထက္လႊတ္ေတာ္ေ႐ြးေကာက္ပြဲအတြင္း ေနရာအမ်ားစု ရယူႏိုင္ဖို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ၅၀ ရရွိဖို႔ လိုအပ္ေပမယ့္ ၄၇ ေနရာသာရရွိခဲ့ပါတယ္။ ေ႐ြးေကာက္ပြဲမွာ ရႈံးနိမ့္ၿပီးေနာက္ အိုင္ရွီဘာဟာ ပါတီထိပ္တန္းေခါင္းေဆာင္ေတြနဲ႔ ေဆြးေႏြးခဲ့ၿပီး အိုင္ရွိဘာဟာ ဝန္ႀကီးခ်ဳပ္အျဖစ္ ဆက္လက္တာဝန္ယူဖို႔ တင္ျပခဲ့ပါတယ္။
အိုင္ရွီဘာဟာ အာဏာရပါတီေခါင္းေဆာင္အျဖစ္တာဝန္ယူခ်ိန္အတြင္း ၎ရဲ႕ပါတီဟာ ေ႐ြးေကာက္ပြဲသုံးခုမွာ ရႈံးနိမ့္ခဲ့ရာ ဖိအာမ်ားနဲ႔ ရင္ဆိုင္ေနရပါတယ္။ (LDP)ပါတီဟာၿပီးခဲ့တဲ့ႏွစ္ေအာက္တိုဘာလကက်င္းပခဲ့တဲ့ ေအာက္တိုဘာလ ေ႐ြးေကာက္ပြဲမွာ ရႈံးနိမ့္ခဲ့သလို ဇြန္လအတြင္း က်င္းပတဲ့ တိုက်ိဳၿမိဳ႕ေ႐ြးေကာက္ပြဲမွာလည္း ရႈံးနိမ့္ခဲ့ပါတယ္။
ဒါ့အျပင္ ၿပီးခဲ့တဲ့ရက္ပိုင္းက က်င္းပခဲ့တဲ့ အထက္လႊတ္ေတာ္ ေ႐ြးေကာက္ပြဲမွာလည္း ထပ္မံ ရႈံးနိမ့္ခဲ့ပါတယ္။ အိုင္ရွီဘာက ဂ်ပန္လႊတ္ေတာ္ႏွစ္ခုေပါင္းမွာ (LDP) ပါတီက အႀကီးမားဆုံးပါတီအျဖစ္ ဆက္လက္ရွိေနမွာျဖစ္ တယ္လို႔ ဆိုပါတယ္။ (LDP) ပါတီဟာ လႊတ္ေတာ္ ေ႐ြးေကာက္ပြဲေတြမွာ ရႈံးနိမ့္ခဲ့ေပမယ့္ ပါတီေခါင္းေဆာင္ျဖစ္တဲ့ အိုင္ရွီဘာက ဝန္ႀကီးခ်ဳပ္အျဖစ္ ဆက္ရွိမယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.