ယူကရိန်းနဲ့ ဆီးရီးယားအရေးတို့ကို ရုရှားနဲ့ တူရကီသမ္မတတို့ ဆွေးနွေး

 142

Pika (NP News) - ဇူလိုင် ၂ဝ
ရုရှားသမ္မတပူတင်နဲ့ တူရကီသမ္မတအာဒိုဂန်တို့ဟာ ယူကရိန်းပဋိပက္ခနဲ့ဆီးရီးယားအရေးတို့ကို ဖုန်းနဲ့ဆွေးနွေးခဲ့ကြ တယ်လို့လည်း သိရပါတယ်။ ထုတ်ပြန်ချက်အရ ပူတင်နဲ့အာဒိုဂန်တို့ဟာ အစ္စတန်ဘူလ်မြို့မှာ သုံးကြိမ်မြောက် ရုရှား-ယူကရိန်းဆွေးနွေးပွဲ ကျင်းပနိုင်ခြေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
ရုရှား နဲ့ ယူကရိန်းတို့ဟာ ယခုနှစ်အစောပိုင်းမှာ တူရကီနိုင်ငံမှာ တိုက်ရိုက်ဆွေးနွေးပွဲတွေကို နှစ်ကြိမ်တိတိ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါပေမယ့်လည်း ဆွေးနွေးပွဲတွေအတွင်း သိသာထင်ရှားတဲ့သဘောတူညီချက်တွေ ရရှိခဲ့တာမျိုးမရှိခဲ့ဘဲ အကျဉ်းသားအပြန်အလှန်လဲလှယ်ရေးသဘောတူညီချက်တွေသာ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် နောက်ထပ်ဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့အတွက် အဆင်သင့်ရှိတယ်လို့လည်း ရုရှားဘက်က အကြိမ်ကြိမ် အတည်ပြုခဲ့ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားတာဟာ အချိန်(၃)နှစ်ကျော်ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက သိသာထင်ရှားတဲ့သဘောတူညီချက်တွေ ရယူနိုင်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version:
ယူကရိန္းနဲ႔ ဆီးရီးယားအေရးတို႔ကို ႐ုရွားနဲ႔ တူရကီသမၼတတို႔ ေဆြးေႏြး
Pika (NP News) - ဇူလိုင္ ၂ဝ
႐ုရွားသမၼတပူတင္နဲ႔ တူရကီသမၼတအာဒိုဂန္တို႔ဟာ ယူကရိန္းပဋိပကၡနဲ႔ဆီးရီးယားအေရးတို႔ကို ဖုန္းနဲ႔ေဆြးေႏြးခဲ့ၾက တယ္လို႔လည္း သိရပါတယ္။ ထုတ္ျပန္ခ်က္အရ ပူတင္နဲ႔အာဒိုဂန္တို႔ဟာ အစၥတန္ဘူလ္ၿမိဳ႕မွာ သုံးႀကိမ္ေျမာက္ ႐ုရွား-ယူကရိန္းေဆြးေႏြးပြဲ က်င္းပႏိုင္ေျခကို ေဆြးေႏြးခဲ့ၾကတယ္လို႔လည္း သိရပါတယ္။
႐ုရွား နဲ႔ ယူကရိန္းတို႔ဟာ ယခုႏွစ္အေစာပိုင္းမွာ တူရကီႏိုင္ငံမွာ တိုက္႐ိုက္ေဆြးေႏြးပြဲေတြကို ႏွစ္ႀကိမ္တိတိ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။
ဒါေပမယ့္လည္း ေဆြးေႏြးပြဲေတြအတြင္း သိသာထင္ရွားတဲ့သေဘာတူညီခ်က္ေတြ ရရွိခဲ့တာမ်ိဳးမရွိခဲ့ဘဲ အက်ဥ္းသားအျပန္အလွန္လဲလွယ္ေရးသေဘာတူညီခ်က္ေတြသာ ရရွိခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ေနာက္ထပ္ေဆြးေႏြးပြဲေတြ လုပ္ေဆာင္ဖို႔အတြက္ အဆင္သင့္ရွိတယ္လို႔လည္း ႐ုရွားဘက္က အႀကိမ္ႀကိမ္ အတည္ျပဳခဲ့ပါတယ္။
႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားတာဟာ အခ်ိန္(၃)ႏွစ္ေက်ာ္ၾကာျမင့္ေနၿပီျဖစ္ေပမယ့္လည္း လက္ရွိအခ်ိန္အထိ ႏွစ္ဖက္စလုံးက သိသာထင္ရွားတဲ့သေဘာတူညီခ်က္ေတြ ရယူႏိုင္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.