စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့်ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)

 188

တင်ဇာ (NP News) - နိုဝင်ဘာ ၂၂

နိုင်ငံတစ်နိုင်ငံအနေဖြင့် ၎င်း၏အရင်းအမြစ်များကို စီးပွားရေးနှင့် နိုင်ငံရေးအမြတ်အစွန်းများ ရရှိအောင်အသုံး ချနိုင်မှ စစ်မှန်သောအင်အားကြီးမှုကို ပြသနိုင်မည်ဖြစ်သည်။ ဥပမာဆိုရလျှင် လောင်စာစွမ်း အင်ကဲ့သို့သော ကဏ္ဍ အတွက် နိုင်ငံခြားရင်းမြစ်များအပေါ် မှီခိုအားထားနေရခြင်းကြောင့် နိုင်ငံတစ်နိုင်ငံ အနေဖြင့် မူဝါဒရွေး ချယ်ခွင့်တွင် အကန့်အသတ်များ ရှိလာနိုင်ပြီး နိုင်ငံတော်အာဏာကိုပျိုးထောင်ရာတွင် အဟန့်အတားများဖြစ်လာနိုင်သည်။ စွမ်းအင် ဈေးကွက်များတွင် ရုတ်တရက်ဖြစ်ပေါ်တတ်သောအပြောင်းအလဲများနှင့် ပြည်ပနိုင်ငံရေးမတည်ငြိမ်မှုများ ကြောင့် နိုင်ငံခြားစွမ်းအင်ရင်းမြစ်များရရှိနိုင်ရန် ခက်ခဲသွားတတ်ခြင်း သို့မဟုတ် စွမ်းအင်တင်သွင်းမှုကုန်ကျ စရိတ်များ သိသိ သာသာတိုးမြင့်လာခြင်းတို့နှင့် ကြုံရတတ်သည်။ ထို့ပြင် အမျိုးသားရည်မှန်းချက်များကို အကောင်အထည် ဖော်ရန် သွင်းကုန်ကိုအမှီပြုနေရ သောနိုင်ငံများအနေဖြင့် ထိခိုက်မှု ပိုမိုမြင့်မားနိုင်သည်။

စွမ်းအင်လိုအပ်ချက်မြင့်မားသော တရုတ်
ဆယ်စုနှစ်များစွာ လျင်မြန်သော စီးပွားရေးတိုး တက်မှုသည် တရုတ်နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို သိသိ သာသာတိုးပွားလာစေသည်။ တရုတ်နိုင်ငံ၏ စက်မှုကဏ္ဍသည် နိုင်ငံ၏ စုစုပေါင်းစွမ်းအင်သုံးစွဲမှု၏ သုံးပုံနှစ်ပုံဖြစ် နေသည်။ အထူးသဖြင့် ကုန်ထုတ်လုပ်မှုသည် တရုတ်နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ပိုမိုကြီးမားအောင် တွန်းအားပေးနေသည်။

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး စွမ်းအင်သုံး စွဲသူဖြစ်သလို တင်သွင်းသူလည်းဖြစ်ပြီး စွမ်းအင်နှင့် အခြား ဆက်စပ်ကုန်ပစ္စည်းများကို အဓိကထုတ်လုပ် သူလည်းဖြစ်သည်။ ထို့ကြောင့် ကမ္ဘာလုံးဆိုင်ရာ စွမ်း အင်ဈေးကွက်နှင့် ကုန်သွယ်မှုအပေါ် ၎င်း၏ ဩဇာလွှမ်းမိုးမှုမှာ ကြီးမားလှသည်။ (၂၀၂၂) ခုနှစ် အချက်အလက်များအရ ကမ္ဘာလုံး ဆိုင်ရာသုံးစွဲမှု၏ လေးပုံတစ်ပုံကျော်ကို တရုတ်တစ်နိုင်ငံတည်းကပင် သုံးစွဲနေကြောင်းသိရသည်။ ၎င်းသည် လောင်စာဆီ၊ သဘာဝ ဓာတ်ငွေ့၊ ကျောက်မီးသွေး၊ နျူကလီးယားဓာတ်အား၊ ရေအားလျှပ်စစ်၊ လေနှင့် နေရောင်ခြည် စွမ်းအင်ကို အများဆုံးအသုံးပြုသည့် ထိပ်တန်းစာရင်းတွင် အစဉ် အမြဲရပ်တည်နေသည်။

လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း တရုတ်နိုင်ငံ၌ စွမ်းအင်သုံးစွဲမှုအရှိန်အဟုန်သည် ကမ္ဘာ့သတ်မှတ် စံနှုန်းထက် သိသိသာသာကျော်လွန်သွားခဲ့သည်။ တရုတ်သည် စွမ်းအင်အဓိက ထုတ်လုပ်သူ(ကမ္ဘာ့အကြီးဆုံး ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့တွင် စတုတ္ထမြောက် အကြီးဆုံးနှင့် ဆဋ္ဌမမြောက် လောင်စာဆီ ထုတ်လုပ်သူ) ဖြစ်သော်လည်း တရုတ်၏ ပြည်တွင်းသုံးစွဲမှုနှုန်းသည် ပြည်တွင်းထုတ်လုပ်နိုင်မှုနှုန်းထက် ကျော်လွန်နေခြင်းကြောင့် ပြည်ပသွင်းကုန်များ အပေါ် များစွာမှီခိုနေရသည်။

တရုတ်နိုင်ငံ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုနှင့် စွမ်းအင်သုံးစွဲမှုနှစ်ခုစလုံးအတွက် ကျောက်မီးသွေးကို အဓိကမှီခို အားထားနေရသောကြောင့် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှု အမြင့်မားဆုံးလည်းဖြစ်နေ သည်။ ထို့ကြောင့် တရုတ်နိုင်ငံ သည် ကမ္ဘာ့ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှုစုစုပေါင်း၏ (၃၇)ရာခိုင်နှုန်းကျော်ဖြင့် အမြင့်မားဆုံးနိုင်ငံ ဖြစ်လာပြီး နောက်ထပ် အဆိုးဆုံးထုတ်လွှတ်သည့်နိုင်ငံဖြစ်သော အမေရိကန်၏(၁၄) ရာခိုင်နှုန်းထက် နှစ်ဆကျော်ဖြစ်နေသည်။

ပြည်ပစွမ်းအင်များအပေါ် မှီခိုနေရ
တရုတ်နိုင်ငံသည် ကိုဗစ်-(၁၉) ကပ်ရောဂါ ဖြစ်ပွားချိန်တွင် ၎င်း၏နယ်စပ်ကို ပထမဆုံး ပိတ်ခဲ့ သည့်နိုင်ငံ ဖြစ်သည်။ နှစ်အတော်ကြာအောင် Zero-Covid မူဝါဒကိုလိုက်နာပြီး အချိန်အတော်ကြာမှသာ နယ်စပ်ဂိတ်ကို ပြန်ဖွင့်ခဲ့ သည်။ စီးပွားရေးနှင့်လူမှုရေးရာ အကြီးအကျယ် ဆုံးရှုံးနစ်နာမှုများကြောင့် ၎င်း၏ ရည်မှန်းချက်များ အောင်မြင်ရန် ခက်ခဲလာသည့်အတွက် (၂၀၂၂)ခုနှစ် ဒီဇင်ဘာလရောက်မှသာ တရုတ်သည် Zero-Covid မူဝါဒကို စွန့်လွှတ်ခဲ့သည်။ ယင်း မူဝါဒသည်နိုင်ငံ၏ စွမ်းအင်သုံးကုန်ပစ္စည်းများ၏ ဝယ်လိုအားအပေါ်ထိခိုက်စေပြီး ကမ္ဘာ့ကုန်သွယ်မှုနှင့် ဈေးနှုန်း များအပေါ်လည်း သွယ်ဝိုက်ရိုက်ခတ်မှုများရှိနေသည်။

ရုရှား-ယူကရိန်းပဋိပက္ခသည် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ကုန်သွယ်မှုစီးဆင်းမှု အထူးသဖြင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့တို့အပေါ် များစွာရိုက်ခတ်ခဲ့ခြင်းကြောင့် တရုတ်အနေဖြင့် ၎င်း၏စွမ်းအင်တင်သွင်း ခြင်းဈေးကွက်ကို ဖြန့်ကြက်ဖို့စဉ်းစားစရာဖြစ်လာသည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များကို ပိုမိုအားကိုးရန် ကြိုးပမ်းမှုရှိသော်လည်း တရုတ်နိုင်ငံ၏ စွမ်းအင် တင်ပို့မှု အများစုကို ပဋိပက္ခဖြစ်ပွားနေသောနိုင်ငံများထံမှ မှီခိုနေရသည်။ တရုတ်နိုင်ငံ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုး တက်ရေးအတွက် နိုင်ငံခြား စွမ်းအင်အရင်းအမြစ်များကို အာမခံချက်ရှိရှိ သုံးစွဲခွင့်ရရှိရေးသည် အရေးကြီးနေသည်။

(၂၀၂၂) ခုနှစ်တွင် တရုတ်သည် ရုရှား၊ ဘရာဇီးနှင့် အမေရိကန်တို့ထံမှ လောင်စာဝယ်ယူမှု လျှော့ချ လိုက်ခြင်းကြောင့် အရှေ့အလယ်ပိုင်းမှ ရေနံစိမ်းများ အပေါ် တရုတ်နိုင်ငံ၏ မှီခိုအားထားမှုသည် (၂၀၂၂) ခုနှစ် ပထမလေးလပတ်တွင် သိသိသာသာတိုးလာကြောင်း တွေ့ရသည်။ ရုရှားထံမှ ရေနံစိမ်းဈေးနှုန်းများ သက်သာ သော်လည်း တရုတ်နိုင်ငံသည် ရုရှား-ယူကရိန်း ပဋိပက္ခကြောင့် သင်္ဘောတင်ပို့မှုနှောင့်နှေး မှုအန္တရာယ်ကိုစိုးရိမ် သည့်အတွက် ရုရှားထံမှ တင်သွင်းမှုကိုလျှော့ချခဲ့ခြင်းဖြစ်သည်။

ထို့ပြင် (၂၀၂၂) ခုနှစ်တွင် တရုတ်သမ္မတ ရှီ ကျင့်ဖျင်သည် ဆော်ဒီအာရေဗျသို့ ပထမဆုံးအကြိမ် အဖြစ် နှစ်နိုင်ငံ စွမ်းအင်ဆက်ဆံရေးကို ခိုင်မာစေရန် အတွက် သွားရောက်ခဲ့သည်။ ရှီသည် ခရီးစဉ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးတစ်ရပ်ကိုထူထောင်ခဲ့ပြီး ၎င်း၏ ရေနံ တင်သွင်းမှုအနာဂတ်ကို ဆွေးနွေးရန် အတွက် အခြားသော အရှေ့အလယ်ပိုင်းခေါင်းဆောင်များနှင့်လည်း တွေ့ဆုံခဲ့သည်။ ဤခရီးစဉ်တွင် တရုတ်နိုင်ငံသည် ၎င်း၏ စွမ်းအင်လုံခြုံရေးကိုသေချာစေရန် ဆော်ဒီ အာရေဗျနှင့် နီးကပ်သောဆက်ဆံရေးကိုထူထောင် ကြောင်း ဖော်ပြနေသည်။

သို့သော် (၂၀၂၃) ခုနှစ်တွင် ရုရှားသည် ဆော်ဒီ အာရေဗျကိုကျော်လွန်ကာ တရုတ်နိုင်ငံ၏ အကြီးဆုံး ရေနံရောင်းချသူဖြစ်လာခဲ့သည်။ (၂၀၂၂)ခုနှစ်နှင့် နှိုင်းစာလျှင် (၂၀၂၃)ခုနှစ်တွင် တရုတ်နိုင်ငံသို့တင်ပို့ သည့် ရုရှား ရေနံစိမ်းပမာဏသည် မက်ထရစ်တန် ချိန် (၁၀၇ ဒသမ ဝ၂) သန်းရှိခဲ့ပြီး (၂၄) ရာခိုင်နှုန်း ခုန်တက်ခဲ့ကြောင်း အချက် အလက်များအရသိရသည်။

ယခုအခါ တရုတ်နိုင်ငံသို့ ရေနံတင်သွင်းမှု၏ (၁၉)ရာခိုင်နှုန်းကို ရုရှားကတာဝန်ယူထားပြီး ဆော်ဒီ အာရေဗျနိုင်ငံမှ (၁၅) ရာခိုင်နှုန်းခန့် တင်သွင်းလျက်ရှိ သည်။ ယမန်နှစ်က ရုရှားရေနံစိမ်းအတွက် တရုတ်၏ စုစုပေါင်းအသုံးစရိတ်သည် ဒေါ်လာ (၆၀ ဒသမ ၆၄) ဘီလျံအထိရောက်ရှိခဲ့သည်။ CNN ၏ တွက်ချက်မှု အရ ၎င်းသည် မက်ထရစ်တန် တစ်တန်လျှင် ပျမ်းမျှ သွင်းကုန်ဈေးနှုန်း (၅၆၆ ဒသမ ၆၄) ဒေါ်လာဖြစ်သည်။ ထို့ကြောင့် မက်ထရစ် တစ်တန်လျှင် ကန်ဒေါ်လာ (၆၂၆ ဒသမ ၈၆) ရှိသော ဆော်ဒီရေနံစိမ်းထက် (၁၀)ရာခိုင်နှုန်းခန့်သက်သာခဲ့သည်။ ထို့ပြင် တရုတ် နိုင်ငံ၏ နောက်ထပ်အကြီးဆုံးရေနံ ထောက်ပံ့ရေးဒေသမှာ ဥရောပဖြစ်ပြီး ၎င်း၏ နောက်တွင် အာဖရိက၊ တောင်အမေရိက၊ အာရှပစိဖိတ်နှင့် မြောက်အမေရိက တို့ဖြစ်သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် တရုတ် သည် စွမ်းအင်အတွက် တစ်နိုင်ငံတည်း၊ ဒေသတစ်ခု တည်းကိုမှီခိုခြင်းမဟုတ်ဘဲ ဖြန့်ကြက်ကုန်သွယ်ရေး မူဝါဒကိုကျင့်သုံး နေကြောင်းတွေ့နိုင်သည်။

ယခင်က တရုတ်သည် လောင်စာသွင်းကုန်အတွက် ဒေသတစ်ခု၊ နိုင်ငံတစ်ခုအပေါ် ကြီးမားစွာ မှီခိုနေရခြင်း ကြောင့် တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှု အပေါ် များစွာထိခိုက်နိုင်သကဲ့သို့ တရုတ်၏ ဩဇာဖြန့် ကြက်နိုင်မှုအပေါ်လည်း သက်ရောက်မှုရှိနိုင်သည့် အတွက် စိုးရိမ်မှုများမြင့်တက်ခဲ့သည်။ ရေနံတင်ပို့ သည့်နိုင်ငံများက ကန့်သတ်ချက်များ၊ ပို့ကုန်လျှော့ ချခြင်းများပြုလုပ်တိုင်း တရုတ်၏ ရေနံတင်သွင်းကုန် များအပေါ် မှီခိုအားထားခြင်းကို ထိခိုက်လာနိုင်သည်။

တရုတ်နိုင်ငံအတွက် နောက်ထပ်အားနည်းချက် တစ်ခုမှာ ပိုက်လိုင်းအခြေခံအဆောက်အအုံများ ချို့တဲ့ခြင်း ကြောင့် ရေနံတင်သင်္ဘောများကို အဓိက အားကိုးကာ အရှေ့အလယ်ပိုင်းမှရေနံများကို သယ် ယူသည့်နည်းလမ်းဖြစ် သည်။ ထိုင်ဝမ်တွင် တရုတ်၏ လုပ်ရပ်များသည် ကမ္ဘာ့အင်အားကြီး နိုင်ငံအများ အပြားမှဆန့်ကျင်မှုကို ဖြစ်ပေါ်စေခဲ့ သည်။ ထိုအတောအတွင်း ၎င်း၏ ရေနံတင်သင်္ဘောများသည် မလက္ကာ ရေလက်ကြားကိုဖြတ်၍ အိန္ဒိယသမုဒ္ဒရာမှ တစ်ဆင့် တောင်တရုတ်ပင်လယ်အထိ ဖြတ်သန်းသယ်ဆောင် ခဲ့ရသည်။ တရုတ်ကုန်တင်သင်္ဘောများကို ပိတ်ဆို့ အရေးယူခြင်းများ သို့မဟုတ် တားဆီးခြင်းများသည် တရုတ်နိုင်ငံအတွက် စွမ်းအင်ထောက်ပံ့မှုကို ခြိမ်း ခြောက်လာနိုင် သည်။

ထို့ကြောင့် တရုတ်၏ စွမ်းအင်မူဝါဒသည် တစ်နိုင်ငံတည်း၊ ဒေသတစ်ခုတည်းကို မှီခိုအားထားခြင်း ထက် လိုအပ်သောလောင်စာများကို ဖြန့်ကြက်၍ တင်သွင်းခြင်းသို့ ပြောင်းလဲခဲ့ခြင်းဖြစ်သည်။ ကမ္ဘာလုံးဆိုင် ရာစွမ်းအင် ဈေးကွက်နှင့် ကုန်သွယ်မှုတွင် တရုတ်နိုင်ငံ၏ ခြေကုပ်ရယူနိုင်မှုသည် သိသာထင်ရှားလှသည်။ တရုတ်နိုင်ငံသည် လာမည့်နှစ်များအတွင်း စွမ်းအင်လိုအပ်ချက်များဖြစ်လာနိုင်မည်ဟု မျှော်လင့်ထား သောကြောင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ တင်ပို့သူ အကြီးစားများနှင့် မဟာဗျူဟာမြောက်ဆက် ဆံရေးကို ဆက်လက်ထိန်း သိမ်းထားသည်။ တရုတ်အနေဖြင့် မတူကွဲပြားသော ရေနံတင်သွင်းသူများနှင့် မိတ်ဖက်ဆက်ဆံရေးကို ထိန်းသိမ်း ထားခြင်းဖြင့် ၎င်း ၏ နိုင်ငံရေးအရ ဩဇာလွှမ်းမိုးမှုကိုထိန်းထားနိုင် သကဲ့သို့ ရေနံဈေးနှုန်းများကိုလည်း ချိန်ညှိ၍ အကျိုးအမြတ်ဖြစ်ထွန်းမည့် အရောင်းအဝယ်ကို ပြုလုပ်လျက် ရှိနေသည်။ ထို့ကြောင့် တရုတ်အနေဖြင့် စွမ်းအင်လို အပ်ချက်များရှိနေသော်လည်း ပြည်ပ ဖောက်သည်များကို အများအပြား ဖြန့်ကြက် ထားခြင်းကြောင့် ၎င်း၏ စွမ်းအင် လုံခြုံရေးအတွက် အာမခံချက်က ရှိနေဦးမည်ဖြစ်ပါကြောင်း။

zawgyi version
စြမ္းအင္လိုအပ္ခ်က္ျမင့္မားေသာ္လည္း ျပည္ပစြမ္းအင္မ်ားအေပၚ ျဖန႔္ ၾကက္မွီခိုတတ္ေသာ တ႐ုတ္၏မူဝါဒ (ဘာသာျပန္ေဆာင္းပါး)
တင္ဇာ (NP News) - ႏိုဝင္ဘာ ၂၂

ႏိုင္ငံတစ္ႏိုင္ငံအေနျဖင့္ ၎၏အရင္းအျမစ္မ်ားကို စီးပြားေရးႏွင့္ ႏိုင္ငံေရးအျမတ္အစြန္းမ်ား ရရွိေအာင္အသုံး ခ်ႏိုင္မွ စစ္မွန္ေသာအင္အားႀကီးမႈကို ျပသႏိုင္မည္ျဖစ္သည္။ ဥပမာဆိုရလွ်င္ ေလာင္စာစြမ္း အင္ကဲ့သို႔ေသာ က႑ အတြက္ ႏိုင္ငံျခားရင္းျမစ္မ်ားအေပၚ မွီခိုအားထားေနရျခင္းေၾကာင့္ ႏိုင္ငံတစ္ႏိုင္ငံ အေနျဖင့္ မူဝါဒေ႐ြး ခ်ယ္ခြင့္တြင္ အကန႔္အသတ္မ်ား ရွိလာႏိုင္ၿပီး ႏိုင္ငံေတာ္အာဏာကိုပ်ိဳးေထာင္ရာတြင္ အဟန႔္အတားမ်ားျဖစ္လာႏိုင္သည္။ စြမ္းအင္ ေဈးကြက္မ်ားတြင္ ႐ုတ္တရက္ျဖစ္ေပၚတတ္ေသာအေျပာင္းအလဲမ်ားႏွင့္ ျပည္ပႏိုင္ငံေရးမတည္ၿငိမ္မႈမ်ား ေၾကာင့္ ႏိုင္ငံျခားစြမ္းအင္ရင္းျမစ္မ်ားရရွိႏိုင္ရန္ ခက္ခဲသြားတတ္ျခင္း သို႔မဟုတ္ စြမ္းအင္တင္သြင္းမႈကုန္က် စရိတ္မ်ား သိသိ သာသာတိုးျမင့္လာျခင္းတို႔ႏွင့္ ႀကဳံရတတ္သည္။ ထို႔ျပင္ အမ်ိဳးသားရည္မွန္းခ်က္မ်ားကို အေကာင္အထည္ ေဖာ္ရန္ သြင္းကုန္ကိုအမွီျပဳေနရ ေသာႏိုင္ငံမ်ားအေနျဖင့္ ထိခိုက္မႈ ပိုမိုျမင့္မားႏိုင္သည္။

စြမ္းအင္လိုအပ္ခ်က္ျမင့္မားေသာ တ႐ုတ္
ဆယ္စုႏွစ္မ်ားစြာ လ်င္ျမန္ေသာ စီးပြားေရးတိုး တက္မႈသည္ တ႐ုတ္ႏိုင္ငံ၏ စြမ္းအင္လိုအပ္ခ်က္ကို သိသိ သာသာတိုးပြားလာေစသည္။ တ႐ုတ္ႏိုင္ငံ၏ စက္မႈက႑သည္ ႏိုင္ငံ၏ စုစုေပါင္းစြမ္းအင္သုံးစြဲမႈ၏ သုံးပုံႏွစ္ပုံျဖစ္ ေနသည္။ အထူးသျဖင့္ ကုန္ထုတ္လုပ္မႈသည္ တ႐ုတ္ႏိုင္ငံ၏ စြမ္းအင္လိုအပ္ခ်က္ကို ပိုမိုႀကီးမားေအာင္ တြန္းအားေပးေနသည္။

တ႐ုတ္ႏိုင္ငံသည္ ကမာၻ႔အႀကီးဆုံး စြမ္းအင္သုံး စြဲသူျဖစ္သလို တင္သြင္းသူလည္းျဖစ္ၿပီး စြမ္းအင္ႏွင့္ အျခား ဆက္စပ္ကုန္ပစၥည္းမ်ားကို အဓိကထုတ္လုပ္ သူလည္းျဖစ္သည္။ ထို႔ေၾကာင့္ ကမာၻလုံးဆိုင္ရာ စြမ္း အင္ေဈးကြက္ႏွင့္ ကုန္သြယ္မႈအေပၚ ၎၏ ဩဇာလႊမ္းမိုးမႈမွာ ႀကီးမားလွသည္။ (၂၀၂၂) ခုႏွစ္ အခ်က္အလက္မ်ားအရ ကမာၻလုံး ဆိုင္ရာသုံးစြဲမႈ၏ ေလးပုံတစ္ပုံေက်ာ္ကို တ႐ုတ္တစ္ႏိုင္ငံတည္းကပင္ သုံးစြဲေနေၾကာင္းသိရသည္။ ၎သည္ ေလာင္စာဆီ၊ သဘာဝ ဓာတ္ေငြ႕၊ ေက်ာက္မီးေသြး၊ န်ဴကလီးယားဓာတ္အား၊ ေရအားလွ်ပ္စစ္၊ ေလႏွင့္ ေနေရာင္ျခည္ စြမ္းအင္ကို အမ်ားဆုံးအသုံးျပဳသည့္ ထိပ္တန္းစာရင္းတြင္ အစဥ္ အၿမဲရပ္တည္ေနသည္။

လြန္ခဲ့သည့္ဆယ္စုႏွစ္မ်ားအတြင္း တ႐ုတ္ႏိုင္ငံ၌ စြမ္းအင္သုံးစြဲမႈအရွိန္အဟုန္သည္ ကမာၻ႔သတ္မွတ္ စံႏႈန္းထက္ သိသိသာသာေက်ာ္လြန္သြားခဲ့သည္။ တ႐ုတ္သည္ စြမ္းအင္အဓိက ထုတ္လုပ္သူ(ကမာၻ႔အႀကီးဆုံး ေက်ာက္မီးေသြး၊ သဘာဝဓာတ္ေငြ႕တြင္ စတုတၳေျမာက္ အႀကီးဆုံးႏွင့္ ဆ႒မေျမာက္ ေလာင္စာဆီ ထုတ္လုပ္သူ) ျဖစ္ေသာ္လည္း တ႐ုတ္၏ ျပည္တြင္းသုံးစြဲမႈႏႈန္းသည္ ျပည္တြင္းထုတ္လုပ္ႏိုင္မႈႏႈန္းထက္ ေက်ာ္လြန္ေနျခင္းေၾကာင့္ ျပည္ပသြင္းကုန္မ်ား အေပၚ မ်ားစြာမွီခိုေနရသည္။

တ႐ုတ္ႏိုင္ငံ၏ လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈႏွင့္ စြမ္းအင္သုံးစြဲမႈႏွစ္ခုစလုံးအတြက္ ေက်ာက္မီးေသြးကို အဓိကမွီခို အားထားေနရေသာေၾကာင့္ ဖန္လုံအိမ္ ဓာတ္ေငြ႕ထုတ္လႊတ္မႈ အျမင့္မားဆုံးလည္းျဖစ္ေန သည္။ ထို႔ေၾကာင့္ တ႐ုတ္ႏိုင္ငံ သည္ ကမာၻ႔ကာဗြန္ဒိုင္ ေအာက္ဆိုက္ဓာတ္ေငြ႕ ထုတ္လႊတ္မႈစုစုေပါင္း၏ (၃၇)ရာခိုင္ႏႈန္းေက်ာ္ျဖင့္ အျမင့္မားဆုံးႏိုင္ငံ ျဖစ္လာၿပီး ေနာက္ထပ္ အဆိုးဆုံးထုတ္လႊတ္သည့္ႏိုင္ငံျဖစ္ေသာ အေမရိကန္၏(၁၄) ရာခိုင္ႏႈန္းထက္ ႏွစ္ဆေက်ာ္ျဖစ္ေနသည္။

ျပည္ပစြမ္းအင္မ်ားအေပၚ မွီခိုေနရ
တ႐ုတ္ႏိုင္ငံသည္ ကိုဗစ္-(၁၉) ကပ္ေရာဂါ ျဖစ္ပြားခ်ိန္တြင္ ၎၏နယ္စပ္ကို ပထမဆုံး ပိတ္ခဲ့ သည့္ႏိုင္ငံ ျဖစ္သည္။ ႏွစ္အေတာ္ၾကာေအာင္ Zero-Covid မူဝါဒကိုလိုက္နာၿပီး အခ်ိန္အေတာ္ၾကာမွသာ နယ္စပ္ဂိတ္ကို ျပန္ဖြင့္ခဲ့ သည္။ စီးပြားေရးႏွင့္လူမႈေရးရာ အႀကီးအက်ယ္ ဆုံးရႈံးနစ္နာမႈမ်ားေၾကာင့္ ၎၏ ရည္မွန္းခ်က္မ်ား ေအာင္ျမင္ရန္ ခက္ခဲလာသည့္အတြက္ (၂၀၂၂)ခုႏွစ္ ဒီဇင္ဘာလေရာက္မွသာ တ႐ုတ္သည္ Zero-Covid မူဝါဒကို စြန႔္လႊတ္ခဲ့သည္။ ယင္း မူဝါဒသည္ႏိုင္ငံ၏ စြမ္းအင္သုံးကုန္ပစၥည္းမ်ား၏ ဝယ္လိုအားအေပၚထိခိုက္ေစၿပီး ကမာၻ႔ကုန္သြယ္မႈႏွင့္ ေဈးႏႈန္း မ်ားအေပၚလည္း သြယ္ဝိုက္႐ိုက္ခတ္မႈမ်ားရွိေနသည္။

႐ုရွား-ယူကရိန္းပဋိပကၡသည္ ကမာၻလုံးဆိုင္ရာ စြမ္းအင္ကုန္သြယ္မႈစီးဆင္းမႈ အထူးသျဖင့္ ေရနံႏွင့္ သဘာဝ ဓာတ္ေငြ႕တို႔အေပၚ မ်ားစြာ႐ိုက္ခတ္ခဲ့ျခင္းေၾကာင့္ တ႐ုတ္အေနျဖင့္ ၎၏စြမ္းအင္တင္သြင္း ျခင္းေဈးကြက္ကို ျဖန႔္ၾကက္ဖို႔စဥ္းစားစရာျဖစ္လာသည္။

ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္မ်ားကို ပိုမိုအားကိုးရန္ ႀကိဳးပမ္းမႈရွိေသာ္လည္း တ႐ုတ္ႏိုင္ငံ၏ စြမ္းအင္ တင္ပို႔မႈ အမ်ားစုကို ပဋိပကၡျဖစ္ပြားေနေသာႏိုင္ငံမ်ားထံမွ မွီခိုေနရသည္။ တ႐ုတ္ႏိုင္ငံ၏ စဥ္ဆက္မျပတ္ ဖြံ႕ၿဖိဳးတိုး တက္ေရးအတြက္ ႏိုင္ငံျခား စြမ္းအင္အရင္းအျမစ္မ်ားကို အာမခံခ်က္ရွိရွိ သုံးစြဲခြင့္ရရွိေရးသည္ အေရးႀကီးေနသည္။

(၂၀၂၂) ခုႏွစ္တြင္ တ႐ုတ္သည္ ႐ုရွား၊ ဘရာဇီးႏွင့္ အေမရိကန္တို႔ထံမွ ေလာင္စာဝယ္ယူမႈ ေလွ်ာ့ခ် လိုက္ျခင္းေၾကာင့္ အေရွ႕အလယ္ပိုင္းမွ ေရနံစိမ္းမ်ား အေပၚ တ႐ုတ္ႏိုင္ငံ၏ မွီခိုအားထားမႈသည္ (၂၀၂၂) ခုႏွစ္ ပထမေလးလပတ္တြင္ သိသိသာသာတိုးလာေၾကာင္း ေတြ႕ရသည္။ ႐ုရွားထံမွ ေရနံစိမ္းေဈးႏႈန္းမ်ား သက္သာ ေသာ္လည္း တ႐ုတ္ႏိုင္ငံသည္ ႐ုရွား-ယူကရိန္း ပဋိပကၡေၾကာင့္ သေဘၤာတင္ပို႔မႈေႏွာင့္ေႏွး မႈအႏၲရာယ္ကိုစိုးရိမ္ သည့္အတြက္ ႐ုရွားထံမွ တင္သြင္းမႈကိုေလွ်ာ့ခ်ခဲ့ျခင္းျဖစ္သည္။

ထို႔ျပင္ (၂၀၂၂) ခုႏွစ္တြင္ တ႐ုတ္သမၼတ ရွီ က်င့္ဖ်င္သည္ ေဆာ္ဒီအာေရဗ်သို႔ ပထမဆုံးအႀကိမ္ အျဖစ္ ႏွစ္ႏိုင္ငံ စြမ္းအင္ဆက္ဆံေရးကို ခိုင္မာေစရန္ အတြက္ သြားေရာက္ခဲ့သည္။ ရွီသည္ ခရီးစဥ္အတြင္း က်ယ္က်ယ္ျပန႔္ျပန႔္ မဟာဗ်ဴဟာေျမာက္ မိတ္ဖက္ ဆက္ဆံေရးတစ္ရပ္ကိုထူေထာင္ခဲ့ၿပီး ၎၏ ေရနံ တင္သြင္းမႈအနာဂတ္ကို ေဆြးေႏြးရန္ အတြက္ အျခားေသာ အေရွ႕အလယ္ပိုင္းေခါင္းေဆာင္မ်ားႏွင့္လည္း ေတြ႕ဆုံခဲ့သည္။ ဤခရီးစဥ္တြင္ တ႐ုတ္ႏိုင္ငံသည္ ၎၏ စြမ္းအင္လုံၿခဳံေရးကိုေသခ်ာေစရန္ ေဆာ္ဒီ အာေရဗ်ႏွင့္ နီးကပ္ေသာဆက္ဆံေရးကိုထူေထာင္ ေၾကာင္း ေဖာ္ျပေနသည္။

သို႔ေသာ္ (၂၀၂၃) ခုႏွစ္တြင္ ႐ုရွားသည္ ေဆာ္ဒီ အာေရဗ်ကိုေက်ာ္လြန္ကာ တ႐ုတ္ႏိုင္ငံ၏ အႀကီးဆုံး ေရနံေရာင္းခ်သူျဖစ္လာခဲ့သည္။ (၂၀၂၂)ခုႏွစ္ႏွင့္ ႏႈိင္းစာလွ်င္ (၂၀၂၃)ခုႏွစ္တြင္ တ႐ုတ္ႏိုင္ငံသို႔တင္ပို႔ သည့္ ႐ုရွား ေရနံစိမ္းပမာဏသည္ မက္ထရစ္တန္ ခ်ိန္ (၁၀၇ ဒသမ ဝ၂) သန္းရွိခဲ့ၿပီး (၂၄) ရာခိုင္ႏႈန္း ခုန္တက္ခဲ့ေၾကာင္း အခ်က္ အလက္မ်ားအရသိရသည္။

ယခုအခါ တ႐ုတ္ႏိုင္ငံသို႔ ေရနံတင္သြင္းမႈ၏ (၁၉)ရာခိုင္ႏႈန္းကို ႐ုရွားကတာဝန္ယူထားၿပီး ေဆာ္ဒီ အာေရဗ်ႏိုင္ငံမွ (၁၅) ရာခိုင္ႏႈန္းခန႔္ တင္သြင္းလ်က္ရွိ သည္။ ယမန္ႏွစ္က ႐ုရွားေရနံစိမ္းအတြက္ တ႐ုတ္၏ စုစုေပါင္းအသုံးစရိတ္သည္ ေဒၚလာ (၆၀ ဒသမ ၆၄) ဘီလ်ံအထိေရာက္ရွိခဲ့သည္။ CNN ၏ တြက္ခ်က္မႈ အရ ၎သည္ မက္ထရစ္တန္ တစ္တန္လွ်င္ ပ်မ္းမွ် သြင္းကုန္ေဈးႏႈန္း (၅၆၆ ဒသမ ၆၄) ေဒၚလာျဖစ္သည္။ ထို႔ေၾကာင့္ မက္ထရစ္ တစ္တန္လွ်င္ ကန္ေဒၚလာ (၆၂၆ ဒသမ ၈၆) ရွိေသာ ေဆာ္ဒီေရနံစိမ္းထက္ (၁၀)ရာခိုင္ႏႈန္းခန႔္သက္သာခဲ့သည္။ ထို႔ျပင္ တ႐ုတ္ ႏိုင္ငံ၏ ေနာက္ထပ္အႀကီးဆုံးေရနံ ေထာက္ပံ့ေရးေဒသမွာ ဥေရာပျဖစ္ၿပီး ၎၏ ေနာက္တြင္ အာဖရိက၊ ေတာင္အေမရိက၊ အာရွပစိဖိတ္ႏွင့္ ေျမာက္အေမရိက တို႔ျဖစ္သည္။ ဤသည္ကိုၾကည့္ျခင္းအားျဖင့္ တ႐ုတ္ သည္ စြမ္းအင္အတြက္ တစ္ႏိုင္ငံတည္း၊ ေဒသတစ္ခု တည္းကိုမွီခိုျခင္းမဟုတ္ဘဲ ျဖန႔္ၾကက္ကုန္သြယ္ေရး မူဝါဒကိုက်င့္သုံး ေနေၾကာင္းေတြ႕ႏိုင္သည္။

ယခင္က တ႐ုတ္သည္ ေလာင္စာသြင္းကုန္အတြက္ ေဒသတစ္ခု၊ ႏိုင္ငံတစ္ခုအေပၚ ႀကီးမားစြာ မွီခိုေနရျခင္း ေၾကာင့္ တ႐ုတ္ႏိုင္ငံ၏ ကုန္ထုတ္လုပ္မႈ အေပၚ မ်ားစြာထိခိုက္ႏိုင္သကဲ့သို႔ တ႐ုတ္၏ ဩဇာျဖန႔္ ၾကက္ႏိုင္မႈအေပၚလည္း သက္ေရာက္မႈရွိႏိုင္သည့္ အတြက္ စိုးရိမ္မႈမ်ားျမင့္တက္ခဲ့သည္။ ေရနံတင္ပို႔ သည့္ႏိုင္ငံမ်ားက ကန႔္သတ္ခ်က္မ်ား၊ ပို႔ကုန္ေလွ်ာ့ ခ်ျခင္းမ်ားျပဳလုပ္တိုင္း တ႐ုတ္၏ ေရနံတင္သြင္းကုန္ မ်ားအေပၚ မွီခိုအားထားျခင္းကို ထိခိုက္လာႏိုင္သည္။

တ႐ုတ္ႏိုင္ငံအတြက္ ေနာက္ထပ္အားနည္းခ်က္ တစ္ခုမွာ ပိုက္လိုင္းအေျခခံအေဆာက္အအုံမ်ား ခ်ိဳ႕တဲ့ျခင္း ေၾကာင့္ ေရနံတင္သေဘၤာမ်ားကို အဓိက အားကိုးကာ အေရွ႕အလယ္ပိုင္းမွေရနံမ်ားကို သယ္ ယူသည့္နည္းလမ္းျဖစ္ သည္။ ထိုင္ဝမ္တြင္ တ႐ုတ္၏ လုပ္ရပ္မ်ားသည္ ကမာၻ႔အင္အားႀကီး ႏိုင္ငံအမ်ား အျပားမွဆန႔္က်င္မႈကို ျဖစ္ေပၚေစခဲ့ သည္။ ထိုအေတာအတြင္း ၎၏ ေရနံတင္သေဘၤာမ်ားသည္ မလကၠာ ေရလက္ၾကားကိုျဖတ္၍ အိႏၵိယသမုဒၵရာမွ တစ္ဆင့္ ေတာင္တ႐ုတ္ပင္လယ္အထိ ျဖတ္သန္းသယ္ေဆာင္ ခဲ့ရသည္။ တ႐ုတ္ကုန္တင္သေဘၤာမ်ားကို ပိတ္ဆို႔ အေရးယူျခင္းမ်ား သို႔မဟုတ္ တားဆီးျခင္းမ်ားသည္ တ႐ုတ္ႏိုင္ငံအတြက္ စြမ္းအင္ေထာက္ပံ့မႈကို ၿခိမ္း ေျခာက္လာႏိုင္ သည္။

ထို႔ေၾကာင့္ တ႐ုတ္၏ စြမ္းအင္မူဝါဒသည္ တစ္ႏိုင္ငံတည္း၊ ေဒသတစ္ခုတည္းကို မွီခိုအားထားျခင္း ထက္ လိုအပ္ေသာေလာင္စာမ်ားကို ျဖန႔္ၾကက္၍ တင္သြင္းျခင္းသို႔ ေျပာင္းလဲခဲ့ျခင္းျဖစ္သည္။ ကမာၻလုံးဆိုင္ ရာစြမ္းအင္ ေဈးကြက္ႏွင့္ ကုန္သြယ္မႈတြင္ တ႐ုတ္ႏိုင္ငံ၏ ေျခကုပ္ရယူႏိုင္မႈသည္ သိသာထင္ရွားလွသည္။ တ႐ုတ္ႏိုင္ငံသည္ လာမည့္ႏွစ္မ်ားအတြင္း စြမ္းအင္လိုအပ္ခ်က္မ်ားျဖစ္လာႏိုင္မည္ဟု ေမွ်ာ္လင့္ထား ေသာေၾကာင့္ ေရနံႏွင့္ သဘာဝဓာတ္ေငြ႕ဆိုင္ရာ တင္ပို႔သူ အႀကီးစားမ်ားႏွင့္ မဟာဗ်ဴဟာေျမာက္ဆက္ ဆံေရးကို ဆက္လက္ထိန္း သိမ္းထားသည္။ တ႐ုတ္အေနျဖင့္ မတူကြဲျပားေသာ ေရနံတင္သြင္းသူမ်ားႏွင့္ မိတ္ဖက္ဆက္ဆံေရးကို ထိန္းသိမ္း ထားျခင္းျဖင့္ ၎ ၏ ႏိုင္ငံေရးအရ ဩဇာလႊမ္းမိုးမႈကိုထိန္းထားႏိုင္ သကဲ့သို႔ ေရနံေဈးႏႈန္းမ်ားကိုလည္း ခ်ိန္ညႇိ၍ အက်ိဳးအျမတ္ျဖစ္ထြန္းမည့္ အေရာင္းအဝယ္ကို ျပဳလုပ္လ်က္ ရွိေနသည္။ ထို႔ေၾကာင့္ တ႐ုတ္အေနျဖင့္ စြမ္းအင္လို အပ္ခ်က္မ်ားရွိေနေသာ္လည္း ျပည္ပ ေဖာက္သည္မ်ားကို အမ်ားအျပား ျဖန႔္ၾကက္ ထားျခင္းေၾကာင့္ ၎၏ စြမ္းအင္ လုံၿခဳံေရးအတြက္ အာမခံခ်က္က ရွိေနဦးမည္ျဖစ္ပါေၾကာင္း။

Related news

© 2021. All rights reserved.