နောင်ချိုတွင် ခံစစ်ပြင်နေသော TNLA တို့ ဖွဲ့စည်းပုံပျက်သည်အထိဖြစ်နေ

 1216

သန့်ဇင် (NP News) - ဇူလိုင် ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း နောင်ချိုမြို့တွင် တပ်မတော်၏ ထိုးစစ်ကြောင့် ခံစစ်ပြင်နေသော TNLA တို့ ဖွဲ့စည်းပုံ ပျက်သည်အထိဖြစ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးထံ NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
တပ်မတော်စစ်ကြောင်းများသည် နောင်ချိုမြို့အနီးသို့ရောက်ရှိနေပြီဖြစ်ပြီး ဇူလိုင်လ(၁၀) ရက်က မြို့အနီးပွိုင့် (၁၁၁၈) တောင်ကြောတစ်လျှောက်တွင် ခံစစ်ပြုလုပ်ထားသော TNLA အဖွဲ့ ၏ စခန်းကုန်း(၃)ခုကို တပ်မတော် က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် တပ်မတော်စစ်ကြောင်းများက နောင်ချိုမြို့သို့ (၃၆၀)ဒီဂရီ ဝန်းရံပိတ်ဆို့တိုက်ခိုက်ရန် ပြင်ဆင်နေ လျက်ရှိပြီး TNLA နှင့် ပူးပေါင်းအဖွဲ့ကလည်း ဖွဲ့စည်းပုံပျက်သည်အထိခုခံနေရကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ဆိုသည်။
"အခုက ရန်သူကတော့ ဖွဲ့စည်းပုံပျက်ပေါ့။ ဖွဲ့စည်းပုံပျက်တယ်။ သူတို့လည်း မရှိ/ရှိတာနဲ့ ဖျစ်ညှစ်ပြီးတော့ ကြိုးစားပမ်းစားနဲ့ ကျွန်တော်တို့ကို ပြန်တိုက်နေတာပဲ။ ရန်သူကတော့ သူ့လူတွေကို စု။ သူ့လူတွေကထွက်ပြေး။ ထွက်ပြေးတဲ့လူတွေကို ဆဲဆို။ နွားအုပ်ကြီးလို ပြန်သွင်းပြီး ပြန်တိုက်ပေါ့နော်" ဟု ၎င်းက ပြောသည်။ လက်ရှိတွင်လည်း တပ်မတော်က စစ်ရေးအသာရနေကာ နောင်ချိုမြို့အ တွင်းရှိ TNLA ကလည်း ဓနု PDF များကို ခံစစ်ပြင်ကာကွယ်ခိုင်းနေခြင်းများရှိကြောင်း သိရသည်။ တပ်ကတော့ သာတယ်။ သာလို့ပဲ မြို့နားထိကပ်တာပေါ့။ မြို့ထဲကိုတော့ မဝင်နိုင်သေးဘူး” ဟု အထက်ပါသတင်းရင်းမြစ် က ပြောသည်။
ထို့ပြင် TNLA အနေဖြင့်လည်း တပ်မတော်ထိုးစစ်များကြောင့် နောင်ချိုမြို့နှင့် ကျောက်မဲမြို့ အကြားရှိ ဂုတ်တွင်း လမ်းပိုင်းကို ဇူလိုင်လ (၁၀) ရက်၊ နံနက်ပိုင်းမှစတင်၍ ပိတ်ထားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် မန္တလေး-လားရှိုး သွားလာနေသောကားများအနေဖြင့် အခက်အခဲများစွာဖြစ်ပေါ်ခဲ့ပြီး လက်ရှိတွင် လားရှိုး-မိုင်းရယ်-ကျေးသီး-လဲချား-ပင်လုံ-တောင်ကြီး-ရွာငံ-မန္တလေးလမ်းပိုင်းမှ ပတ်၍သွားလာနေကြရကြောင်း သိရသည်။

Zawgyi Version:
ေနာင္ခ်ိဳတြင္ ခံစစ္ျပင္ေနေသာ TNLA တို႔ ဖြဲ႕စည္းပုံပ်က္သည္အထိျဖစ္ေန
သန႔္ဇင္ (NP News) - ဇူလိုင္ ၁၂
ရွမ္းျပည္နယ္ေတာင္ပိုင္း ေနာင္ခ်ိဳၿမိဳ႕တြင္ တပ္မေတာ္၏ ထိုးစစ္ေၾကာင့္ ခံစစ္ျပင္ေနေသာ TNLA တို႔ ဖြဲ႕စည္းပုံ ပ်က္သည္အထိျဖစ္ေနေၾကာင္း စစ္ေရးသတင္းရင္းျမစ္တစ္ဦးထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
တပ္မေတာ္စစ္ေၾကာင္းမ်ားသည္ ေနာင္ခ်ိဳၿမိဳ႕အနီးသို႔ေရာက္ရွိေနၿပီျဖစ္ၿပီး ဇူလိုင္လ(၁၀) ရက္က ၿမိဳ႕အနီးပြိဳင့္ (၁၁၁၈) ေတာင္ေၾကာတစ္ေလွ်ာက္တြင္ ခံစစ္ျပဳလုပ္ထားေသာ TNLA အဖြဲ႕ ၏ စခန္းကုန္း(၃)ခုကို တပ္မေတာ္ က သိမ္းပိုက္ႏိုင္ခဲ့ေၾကာင္း သိရသည္။
လက္ရွိတြင္ တပ္မေတာ္စစ္ေၾကာင္းမ်ားက ေနာင္ခ်ိဳၿမိဳ႕သို႔ (၃၆၀)ဒီဂရီ ဝန္းရံပိတ္ဆို႔တိုက္ခိုက္ရန္ ျပင္ဆင္ေန လ်က္ရွိၿပီး TNLA ႏွင့္ ပူးေပါင္းအဖြဲ႕ကလည္း ဖြဲ႕စည္းပုံပ်က္သည္အထိခုခံေနရေၾကာင္း စစ္ေရးသတင္းရင္းျမစ္ တစ္ဦးက ဆိုသည္။
"အခုက ရန္သူကေတာ့ ဖြဲ႕စည္းပုံပ်က္ေပါ့။ ဖြဲ႕စည္းပုံပ်က္တယ္။ သူတို႔လည္း မရွိ/ရွိတာနဲ႔ ဖ်စ္ညႇစ္ၿပီးေတာ့ ႀကိဳးစားပမ္းစားနဲ႔ ကြၽန္ေတာ္တို႔ကို ျပန္တိုက္ေနတာပဲ။ ရန္သူကေတာ့ သူ႔လူေတြကို စု။ သူ႔လူေတြကထြက္ေျပး။ ထြက္ေျပးတဲ့လူေတြကို ဆဲဆို။ ႏြားအုပ္ႀကီးလို ျပန္သြင္းၿပီး ျပန္တိုက္ေပါ့ေနာ္" ဟု ၎က ေျပာသည္။ လက္ရွိတြင္လည္း တပ္မေတာ္က စစ္ေရးအသာရေနကာ ေနာင္ခ်ိဳၿမိဳ႕အ တြင္းရွိ TNLA ကလည္း ဓႏု PDF မ်ားကို ခံစစ္ျပင္ကာကြယ္ခိုင္းေနျခင္းမ်ားရွိေၾကာင္း သိရသည္။ တပ္ကေတာ့ သာတယ္။ သာလို႔ပဲ ၿမိဳ႕နားထိကပ္တာေပါ့။ ၿမိဳ႕ထဲကိုေတာ့ မဝင္ႏိုင္ေသးဘူး” ဟု အထက္ပါသတင္းရင္းျမစ္ က ေျပာသည္။
ထို႔ျပင္ TNLA အေနျဖင့္လည္း တပ္မေတာ္ထိုးစစ္မ်ားေၾကာင့္ ေနာင္ခ်ိဳၿမိဳ႕ႏွင့္ ေက်ာက္မဲၿမိဳ႕ အၾကားရွိ ဂုတ္တြင္း လမ္းပိုင္းကို ဇူလိုင္လ (၁၀) ရက္၊ နံနက္ပိုင္းမွစတင္၍ ပိတ္ထားခဲ့ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ မႏၲေလး-လားရႈိး သြားလာေနေသာကားမ်ားအေနျဖင့္ အခက္အခဲမ်ားစြာျဖစ္ေပၚခဲ့ၿပီး လက္ရွိတြင္ လားရႈိး-မိုင္းရယ္-ေက်းသီး-လဲခ်ား-ပင္လုံ-ေတာင္ႀကီး-႐ြာငံ-မႏၲေလးလမ္းပိုင္းမွ ပတ္၍သြားလာေနၾကရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.